< 5 Mosebok 19 >
1 När Herren din Gud hafver utrotat folket, hvilkets land Herren din Gud dig gifva skall, att du dem intager, och bor i deras städer och husom;
၁သင်၏ဘုရားသခင် ထာဝရဘုရား ပေးတော်မူ သော ပြည်၌နေသော လူမျိုးတို့ကို သင်၏ဘုရားသခင် ထာဝရဘုရား ပယ်ဖြတ်တော်မူသဖြင့်၊ သင်သည် သူတို့ အရာ၌ ဝင်စား၍၊ သူတို့မြို့၊ သူတို့အိမ်၌ နေသောအခါ၊
2 Så skall du afskilja dig tre städer i landena, som Herren din Gud dig gifva skall till att intaga;
၂သင်၏ဘုရားသခင် ထာဝရဘုရားသည် အပိုင် ပေးတော်မူသော ထိုပြည်အတွင်း၌ မြို့သုံးမြို့တို့ကို ခွဲထား ရမည်။
3 Och skall utvälja belägna rum, och skifta dins lands gränsor, som Herren din Gud dig utdelandes varder, i tre delar; att dit må fly den som ett mandråp gjort hafver.
၃လူအသက်ကို သတ်မိသောသူအပေါင်းတို့သည် ထိုမြို့သို့ ပြေးနိုင်မည်အကြောင်း၊ သင့်အမွေခံစရာဘို့ သင်၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသော ပြည် ကို သုံးပိုင်းပိုင်း၍ လမ်းခရီးကိုလည်း ပြင်ဆင်ရမည်။
4 Och det skall vara saken, att dit skall fly den som ett mandråp gjort hafver, att han må lefva. Om någor slår sina nästa icke med vilja, och hafver tillförene intet hat haft till honom;
၄လူအသက်ကို သတ်မိ၍၊ ကိုယ်အသက် ချမ်းသာ စေခြင်းငှာ၊ ထိုမြို့သို့ပြေးရသော သူ၏အမှုဟူကား၊
5 Utan såsom någor ginge med sin nästa i skogen till att hugga ved, och hofve med handene yxena upp till att hugga veden och jernet fölle af skaftet, och råkade hans nästa, så att han blefve död; den skall uti en af dessa städerna fly, och få lefva;
၅လူ သည် ထင်းခုတ်ခြင်းငှာ အဘော်နှင့် တောသို့သွား၍ သစ်ပင်ကို ခုတ်လှဲစဉ်အခါ၊ ပုဆိန်သည် အရိုးကျွတ်၍ အဘော်ကို ထိသောကြောင့်၊ မိမိအဘော်သေအောင် ပြုမိ သောသူနှင့်တူ၍၊ ရန်ငြိုးဖွဲ့ခြင်းမရှိဘဲ မိမိအဘော်ကို အမှတ်တမဲ့ သတ်မိသောသူသည်၊ ထိုမြို့တစုံတမြို့သို့ ပြေး၍ အသက်ချမ်းသာရလိမ့်မည်။
6 På det blodhämnaren icke skall fara efter dråparen, medan hans hjerta förbittradt är, och få fatt på honom, om vägen är lång, och slå hans själ; ändock han till döds icke brutit hafver, efter han tillförene intet hat till honom haft hade.
၆သို့မဟုတ် သေစားသေစေသောသူသည် စိတ် မာန်ထစဉ်အခါ၊ လူသတ်ကို လိုက်လျက် ခရီးဝေးသော ကြောင့် မှီ၍ သတ်လိမ့်မည်။ ထိုသို့ မသတ်သင့်။ အကြောင်းမူကား၊ ထိုသူသည် မိမိအဘော်ကို ရန်ငြိုးဖွဲ့ ခြင်း မရှိသောကြောင့် အသေသတ်ခြင်းကို မခံထိုက်။
7 Derföre bjuder jag dig, att du afskiljer tre städer.
၇ထိုကြောင့် မြို့သုံးမြို့ကို ခွဲထားရမည်ဟု ငါမှာ ထား၏။
8 Och om Herren din Gud dina landsändar utvidgandes varder, såsom han dina fäder svorit hafver, och gifver dig allt det landet, som han dina fäder lofvat hafver att gifva;
၈ယနေ့ ငါမှာထားသမျှသော ဤပညတ်တော် တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရား ကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင် ၎င်း၊
9 Om du annars håller all dessa buden, att du gör derefter, som jag dig bjuder i denna dag, att du älskar Herran din Gud, och vandrar i hans vägar i dina lifsdagar, så skall du ännu tre städer lägga till dessa tre städer;
၉သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အား ပေးခြင်းငှာ ဂတိထားသော ပြည်ရှိသမျှ ကို သင့်အား ပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေ တော်မူလျှင်၎င်း၊
10 På det oskyldigt blod icke skall utgjutet varda i dino lande, som Herren din Gud dig till arfs gifva skall, och blodskulder komma öfver dig.
၁၀သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဘို့ ပေးတော်မူသောပြည်၌ အသေမခံ ထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သော အပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။
11 Men om någor hafver hat emot sin nästa, och vaktar efter honom, och han går åstad, och slår honom hans själ ihjäl, och flyr uti en af dessa städer;
၁၁တနည်းကား၊ မိမိအဘော်ကို ရန်ငြိုးဖွဲ့သဖြင့် ချောင်းမြောင်း၍ သေအောင်တိုက်သောသူသည် ထိုမြို့ တစုံတမြို့သို့ ပြေး၍ ရောက်သော်လည်း၊
12 Så skola de äldste i hans stad sända dit, och låta hemta honom dädan, och få honom i blodhämnarens händer, att han skall dräpas.
၁၂သူ့နေရာမြို့၌ အသက်ကြီးသူတို့သည် လူကို စေလွှတ်၍ ထိုသူကို ဆောင်ခဲ့သဖြင့်၊ သေစေခြင်းငှာ သေစားသေစေသောသူ၏ လက်၌ အပ်လိုက်ရကြမည်။
13 Din ögon skola intet skona honom, och skall borttaga oskyldigt blod af Israel, på det att dig må väl gå.
၁၃သင်၏မျက်စိသည် သူ့ကို မသနားရ၊ သင်သည် ချမ်းသာရမည်အကြောင်း၊ လူ့အသက်သတ်ခြင်းအပြစ်ကို ဣသရေလအမျိုးမှ ပယ်ရှင်းရမည်။
14 Du skall icke dins nästas råmärke flytta, hvilka förfäderna satt hafva i dinom arfvedel, den du ärfver i landena, som Herren din Gud dig gifvit hafver att intaga.
၁၄သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အား အပိုင်ပေးတော်မူသောပြည်မှာ အမွေခံရာ မြေ၌ ရှေးလူဟောင်းတို့သည် စိုက်ထားနှင့်သော အိမ်နီး ချင်း၏ မြေမှတ်တိုင်ကို မရွှေ့ရ။
15 Intet vittne skall ensamt framträda emot någon om någor missgerning eller synd, ehvad missgerning det är som man göra kan; utan i tvegge eller tregge vittnes mun skola alla saker stå.
၁၅လူသည် ပြုမိသော ဒုစရိုက်၊ ပြစ်မှားမိသော အပြစ်ကို စစ်ကြောသောအခါ၊ သက်သေခံတဦးတည်း ရှိလျှင် သူ၏စကားမတည်ရ။ သက်သေခံနှစ်ဦး၊ သုံးဦး အားဖြင့် စကားရှိသမျှတို့သည် တည်ရလိမ့်မည်။
16 Om ett vrångt vittne går fram emot någon, till att vittna öfver honom någon öfverträdning;
၁၆မမှန်သော သက်သေခံတယောက်သည်၊ သူတပါးတဘက်၌ မမှန်သောသက်သေကို ခံလျှင်၊
17 Så skola de både männerna, som saken på gäller, stå för Herranom framför Presterna och domarena, som på den tiden äro;
၁၇တရားတွေ့သောသူနှစ်ယောက်တို့သည် ထာဝရ ဘုရားရှေ့တော်သို့၎င်း၊ ထိုကာလ၌ရှိသော ယဇ်ပုရောဟိတ်၊ တရားသူကြီးရှေ့သို့၎င်း လာသဖြင့်၊
18 Och domarena skola väl ransakat. Och om det falska vittnet hafver burit falskt vittnesbörd emot sin broder;
၁၈တရားသူကြီးတို့သည် စေ့စေ့စစ်ကြော၍ ထိုသက်သေခံသောသူသည် မိမိအဘော်တဘက်၌ မမှန် သောသက်သေကို ခံပြီးလျှင်၊
19 Så skolen I göra honom, såsom han hade aktat göra sinom broder; på det att du skall skilja den onda ifrå dig;
၁၉မိမိအဘော်၌ ပြုမည်ဟု အကြံရှိသည်အတိုင်း သူ၌ ပြုရမည်။ ဒုစရိုက်အပြစ်ကို သင်တို့အထဲက ထိုသို့ ပယ်ရှားရမည်။
20 Och andre skola det höra och rädas, och icke mer taga sig före sådana ondt stycke göra ibland dig.
၂၀ကြွင်းသောသူတို့သည်လည်း ထိုသိတင်းကို ကြား၍ ကြောက်သောကြောင့်၊ နောက်တဖန် ထိုသို့သော ဒုစရိုက်ကို မပြုဘဲနေကြလိမ့်မည်။
21 Ditt öga skall icke skona honom: själ för själ, öga för öga, tand för tand, hand för hand, fot för fot.
၂၁သင်၏မျက်စိသည် မသနားရ။ အသက် အတွက် အသက်ကို၎င်း၊ မျက်စိအတွက် မျက်စိကို၎င်း၊ သွားအတွက် သွားကို၎င်း၊ လက်အတွက် လက်ကို၎င်း၊ ခြေအတွက် ခြေကို၎င်း ဒဏ်ပေးရမည်။