< 1 Timotheosbrevet 1 >

1 Paulus, Jesu Christi Apostel, efter Guds vår Frälsares och Herrans Jesu Christi befallning, den vårt hopp är,
ငါတို့ကိုကယ်တင်တော်မူသော အရှင်ဘုရားသခင်နှင့်၊ ငါတို့မြော်လင့်ခြင်းအကြောင်းဖြစ်သော ယေရှု ခရစ်၏ ပညတ်တော်အားဖြင့်၊ ထိုသခင်၏ တမန်တော်ဖြစ်သော ငါပေါလုသည်၊
2 Timotheo, minom rättsinniga son i trone: Nåd, barmhertighet, frid af Gudi vårom Fader, och af Jesu Christo vårom Herra.
ယုံကြည်ခြင်းအားဖြင့် ငါသားစစ်ဖြစ်သော တိမောသေကို ကြားလိုက်ပါ၏။ ငါတို့သခင် ယေရှုခရစ် နှင့် ငါတို့အဘတည်းဟူသော ဘုရားသခင့်အထံတော်က ကျေးဇူး၊ ကရုဏာ၊ ငြိမ်သက်ခြင်းရှိပါစေသော။
3 Såsom jag bad dig, att du skulle blifva qvar i Epheso, då jag for in i Macedonien, så gör ock; att du må bjuda somligom, att de ingen annan lärdom efterfölja;
ခြားနားသော အယူဝါဒသစ်ကို မသွန်သင်ကြနှင့်ဟူ၍၎င်း၊ ဒဏ္ဍာရီစကားကို နားမထောင်နှင့်ဟူ၍၎င်း၊ ယုံကြည်ခြင်း၌တည်သော ဘုရားသခင်၏ သာသနာတော်ကို ပြုစုသည်ထက်၊ အချင်းချင်းငြင်းခုံခြင်းကိုသာ၍ ပြုစုတတ်သော၊ ပြင်ဆင်၍ မကုန်နိုင်သော ဆွေစဉ်မျိုးဆက်စာရင်းများကို ပမာဏမပြုကြနှင့်ဟူ၍၎င်း၊ သင် သည် အချို့သော သူတို့ကို ပညတ်ထား၍၊
4 Och ingen akt gifva på fabler och slägtregister, de ingen ända hafva, och åstadkomma spörsmål, mer än förbättring till Gud, i trone.
ဧဖက်မြို့၌ နေရစ်စေခြင်းငှါ၊ ငါသည် မာကေဒေါနိပြည်သို့ သွား သောအခါ၊ တောင်းပန်သည်အတိုင်း နေရစ်လော့။
5 Ty hufvudsumman af budet är kärleken af ett rent hjerta, och af ett godt samvete, och af en oskrymtad tro;
ထိုသို့ပညတ်ထားခြင်း၏အချုပ်အခြာမူကား၊ စင်ကြယ်သော စိတ်နှလုံးနှင့်၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းနှင့်၎င်း၊ မှန်သောယုံကြည်ခြင်းနှင့်၎င်း၊ စပ်ဆိုင်သော ချစ်ခြင်းမေတ္တာဖြစ်သတည်း။
6 Ifrå hvilken somlige hafva farit ville, och äro omvände till onyttigt sqvaller;
ထိုသို့သောအကျင့်ကိုလူအချို့တို့သည် အမြဲမကျင့်၊ အချည်းနှီးသောစကားပြောခြင်းသို့ လွှဲသွားကြပြီ။ ထိုသူတို့သည် မိမိတို့ပြောသောအရာကို နားမလည်။
7 Och vilja vara mästare i Skriften, och förstå icke hvad de säga, eller hvad de hålla.
အဘယ်သို့သောတရားဘက်၌ မိမိတို့ခိုင်မာစွာ နေသည်ကို မသိဘဲလျက်၊ နိဿရည်းဆရာလုပ်ချင်ကြ သည်တကား။
8 Vi vete väl att lagen är god, då man henne rätteliga brukar.
ပညတ်တရားကို တရားသဖြင့် ကျင့်သောသူ အဘို့မထား၊ မတရားသဖြင့် ကျင့်သောသူ၊ နားမထောင် သောသူ၊ ဘုရားကို မကိုးကွယ်သောသူ၊ အပြစ်ထင်ရှားသောသူ၊ မသန့်ရှင်းသောသူ၊
9 Vetandes, att dem rättfärdiga är ingen lag satt; utan orättfärdigom, och olydigom, ogudaktigom, och syndarom, oheligom, och oandeligom, fadermördarom och modermördarom, mandråparom,
ဘုရားတရားကို မရိုမသေ ပြုသောသူ၊ မိဘကိုညှဉ်းဆဲသောသူ၊ လူအသက်ကို သတ်သောသူ၊ မတရားသောမေထုန်၌ မှီဝဲသောသူ၊ ယောက်ျားချင်းမေထုန်ကိုပြုသောသူ၊ လူကိုခိုးသွားသောသူ၊ မုသာစကားကိုသုံးသောသူ၊
10 Bolarom, drängaskändarom, menniskotjufvom, ljugarom, menedarom; och hvad annat sådant är, det en helsosam lärdom emot faller;
၁၀မဟုတ်မမှန်ဘဲ ကျန်ဆိုသောသူမှစ၍၊ စင်ကြယ်သောဩဝါဒနှင့် ဆန့်ကျင်ဘက်ဖြစ်သမျှတို့အဘို့ ပညတ်တရားကို ထားသည်ဟု သိမှတ်၍၊ ထိုတရားကိုတရားသဖြင့်သုံးသောသူ၌ ပညတ်တရားသည် အကျိုးကိုပေးတတ်သည်ဟု ငါတို့ သိကြ၏။
11 Efter dens saliga Guds härliga Evangelium, hvilket mig betrodt är.
၁၁ထိုသို့ဆိုသော်၊ မင်္ဂလာရှိတော်မူသော ဘုရားသခင်၏ဘုန်းကြီးသော ဧဝံဂေလိတရားနှင့်ညီသတည်း။
12 Och jag tackar vårom Herra Christo Jesu, som mig hafver gjort mägtig, och räknat mig trogen, och satt i det ämbetet;
၁၂ထိုတရားကို ငါ၌အပ်ပေးတော်မူသည်ဖြစ်၍၊ ငါ့ကိုခွန်အားနှင့် ပြည့်စုံစေတော်မူသော ငါတို့သခင် ယေရှုခရစ်၏ကျေးဇူးတော်ကို ငါချီးမွမ်း၏။
13 Jag, som tillförene var en försmädare, och en förföljare, och en våldsverkare; men mig är barmhertighet vederfaren; ty jag hafver det gjort ovetandes, i otro.
၁၃ငါသည်ကဲ့ရဲ့သောသူ၊ ညဉ်းဆဲသောသူ၊ ကြမ်းကြုတ်သောသူဖြစ်ဘူးသော်လည်း၊ သစ္စာရှိသောသူဟု ထိုသခင်သည် မှတ်၍၊ ဓမ္မဆရာအရာ၌ ခန့်ထားတော်မူ၏။ ထိုသို့ငါပြုသောအခါ ယုံခြင်းမရှိ၊ အမှန်မသိဘဲ ပြုသောကြောင့်၊ ကရုဏာတော်ကိုငါခံရပြီ။
14 Men vårs Herras nåd hafver dess mer öfverflödat, genom trona och kärleken, i Christo Jesu.
၁၄ငါတို့သခင်ဘုရား၏ ကျေးဇူးတော်သည်လည်း ယေရှုခရစ်၌ ယုံကြည်ခြင်း၊ ချစ်ခြင်းနှင့်တကွ၊ အတိုင်း ထက်အလွန် ကြွယ်ဝပြီ။
15 Det är ett fast ord, och i alla måtto väl värdt att man det anammar, att Christus Jesus är kommen i verldena, till att frälsa syndare; ibland hvilka jag är den förnämligaste.
၁၅ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကို ကယ်တင်ခြင်းငှါ၊ ဤလောကသို့ကြွလာတော်မူသည် ဟူ သောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ် သောစကားလည်းဖြစ်၏။ အပြစ်ရှိသော သူတို့တွင် ငါသည် အကြီးဆုံးဖြစ်၏။
16 Men mig är vederfaren barmhertighet, på det Jesus Christus skulle på mig förnämligast bevisa alla långmodighet, dem till efterdöme, som på honom tro skulle till evinnerligit lif. (aiōnios g166)
၁၆သို့သော်လည်း၊ ထာဝရအသက်အလိုငှါ ယုံကြည်လတံ့သော သူတို့လိုက်စရာပုံသက်သေ ဖြစ်စေ ခြင်းငှါ၊ အကြီးဆုံးသောအပြစ်ရှိသော ငါ၌၊ ယေရှုခရစ်သည် ခပ်သိမ်းသောခန္တီတော်ကို ပြတော်မူမည် အ ကြောင်း၊ ငါ့ကိုသနားတော်မူပြီ။ (aiōnios g166)
17 Men Gudi, den eviga Konungenom, oförgängligom, osynligom, allena visom, vare pris och ära, i alla evighet. Amen. (aiōn g165)
၁၇လောကဓာတ်တို့၏ ဘုရင်တည်းဟူသော၊ ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းလွတ်တော်မူထသော၊ မျက်မြင်မရ၊ အရူပဖြစ်တော်မူထသော၊ တဆူတည်းသောဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဂုဏ်အသရေ၊ ဘုန်းအာနုဘော်ရှိတော်မူစေသတည်း။ အာမင်။ (aiōn g165)
18 Detta budet befaller jag dig, min son Timothee, efter de förra Prophetier om dig, att du brukar dig deruti som en god krigsman;
၁၈ငါ့သားတိမောသေ၊ သင့်ကိုရည်မှတ်၍ ဟောပြောခဲ့ပြီးသော အနာဂတ္တိစကားကို သင်သည်အမှီပြု၍၊ ယုံကြည်ခြင်းကို၎င်း၊ ကိုယ်ကိုကိုယ်သိသော စိတ်ကြည်လင်ခြင်းကို၎င်း စွဲလမ်း၍ ကောင်းသောစစ်ကို တိုက်စေ ခြင်းငှါ၊ ထားခဲ့ပြီးသော ထိုအနာဂတ္တိစကားနှင့်အညီ၊ အထက် ငါဆိုခဲ့ပြီးသော ပညတ်ထားခြင်းအခွင့်ကိုသင်၌ ငါအပ်ပေး၏။
19 Hafvandes trona, och godt samvet; hvilket somlige hafva bortdrifvit, och äro skeppsbrutne vordne i trone;
၁၉ထိုယုံကြည်ခြင်းမှ စသည်တို့ကို အချို့သောသူတို့သည် ပယ်ပြီးလျှင်၊ ယုံကြည်ခြင်းသင်္ဘောပျက်၍ ဆုံးရှုံးကြပြီ။
20 Af hvilkom är Hymeneus, och Alexander, hvilka jag Satane antvardat hafver; på det de skulle lära icke mer försmäda.
၂၀ထိုသူတို့တွင် ဟုမေနဲနှင့်အာလေဇန္ဒြုပါသတည်း။ ထိုသူတို့သည် ကဲ့ရဲ့သောစကားကို ကြဉ်ရှောင် ခြင်းငှါ သင်ရမည်အကြောင်း၊ စာတန်၏ လက်သို့ငါအပ်လိုက်ခဲ့ပြီ။

< 1 Timotheosbrevet 1 >