< 1 Korinthierbrevet 12 >

1 Om de andeliga gåfvor vill jag, käre bröder, icke fördölja eder.
ညီအစ်ကိုတို့၊ သင်တို့သည် ဝိညာဉ်ဆုကျေးဇူး အကြောင်း များကို မသိဘဲနေစေခြင်းငှါ ငါအလိုမရှိ။
2 I veten, att I hafven varit Hedningar, och gått till de stumma afgudar, efter som I förförde voren.
သင်တို့သည် အထက်ကသာသနာပလူဖြစ်၍၊ သူတပါး သွေးဆောင်သဖြင့်၊ စကားမပြောနိုင်သော ရုပ်တုရှိရာသို့ ပါသွားသော သူဖြစ်ကြောင်းကို သင်တို့ သိကြ၏။
3 Derföre gör jag eder vetterligit, att ingen förbannar Jesum, som genom Guds Anda talar; och ingen kan kalla Jesum en Herra, utan genom den Helga Anda.
ထိုကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားဖြင့် ဟောပြော၍ အဘယ်သူမျှယေရှုကို မကျိန်ဆဲ နိုင်သည်ကို၎င်း၊ ယေရှုသည် သခင်ဘုရား ဖြစ်တော်မူ၏ဟု သန့်ရှင်းသောဝိညာဉ်တော်ကို အမှီမပြုလျှင်၊ အဘယ်သူမျှ မပြောနိုင်သည်ကို၎င်း၊ သင်တို့သည် သိနားလည် စေခြင်းငှါ ငါသတိပေး၏။
4 Gåfvorna äro mångahanda; men Anden är en.
ဆုကျေးဇူးတော် အထူးထူးအထွေထွေ ရှိငြားသော်လည်း ဝိညာဉ်တော်တပါးတည်း ရှိ၏။
5 Och ämbeten äro mångahanda; men Herren är en.
ဓမ္မဆရာအမှု အထူးထူးအထွေထွေရှိငြားသော်လည်း သခင်တပါးတည်းရှိ၏။
6 Och krafterna äro mångahanda; men Gud är en, som allt verkar i allom.
ပြုပြင်ခြင်းအမှု အထူးထူးအထွေထွေရှိငြားသော်လည်း၊ ခပ်သိမ်းသော သူတို့၌ ပြုပြင်သမျှကို ပြုပြင် တော်မူသော ဘုရားသခင်တပါးတည်းရှိ၏။
7 Uti hvarjom och enom bevisa sig Andans gåfvor till gagns.
ကောင်းသောအကျိုးအလိုငှါသာ ဝိညာဉ်တော်ကို လူအသီးအသီးတို့အား ထင်ရှားစွာ ပေးတော်မူလျက် ရှိ၏။
8 Dem ena varder gifvet af Andanom tala om visdom; dem andra tala om förstånd, af samma Andanom;
အဘယ်သို့နည်းဟူမူကား၊ ဝိညာဉ်တော်အားဖြင့် တယောက်သောသူအား ပညာတရားကို ပေးတော်မူ၏။ ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ထိုးထွင်းခြင်းတရားကို ပေးတော်မူ၏။
9 Enom androm tron, af samma Andanom; enom androm helbregda gåfva, af samma Andanom;
ထိုဝိညာဉ်တော်အားဖြင့် တယောက်သော သူအား ယုံကြည်ခြင်းကို ပေးတော်မူ၏။ ထိုဝိညာဉ်တော် အားဖြင့် တယောက်သောသူအား အနာရောဂါကို ငြိမ်းစေနိုင်သောအခွင့်ကို ပေးတော်မူ၏။
10 Enom androm underlig ting göra; enom androm prophetia; enom androm åtskilja andar; enom androm mångahanda tungomål; enom androm tungomåls uttydelse.
၁၀တယောက်သောသူအား၊ တန်ခိုးကိုပြနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား ပရောဖက်ပြုနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား စိတ်ဝိညာဉ် တို့ကို ပိုင်းခြား၍သိနိုင်သော အခွင့်ကို၎င်း၊ တယောက်သောသူအား အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်သော အခွင့်ကို၎င်း တယောက်သောသူအား ထိုဘာသာ စကား၏အနက်ကို ဖော်ပြနိုင်သော အခွင့်ကို၎င်း ပေးတော်မူ၏။
11 Men allt detta verkar den samme ene Anden, delandes hvarjom sitt, såsom honom täckes.
၁၁ဤအခွင့်ရှိသမျှတို့ကို တပါးတည်းသော ဝိညာဉ်တော်သည် ပြုပြင်၍ လူအသီးအသီးတို့အား အသီးအသီး ခံရသောအခွင့်ကို အလိုတော်ရှိသည်အတိုင်း ဝေငှ၍ ပေးတော်မူ၏။
12 Ty såsom en lekamen är, och hafver dock många lemmar; men alle lemmar af en lekamen, ändock de äro månge, äro de dock en lekamen; sammalunda ock Christus.
၁၂ဥပမာကား၊ ကိုယ်တခုတည်း၌ အင်္ဂါအများရှိသည်ဖြစ်၍ ထိုတခုတည်းသောကိုယ်အင်္ဂါ အပေါင်းတို့ သည် များလျက်နှင့် ကိုယ်တခုတည်းဖြစ်သကဲ့သို့၊ ထိုနည်းတူ ခရစ်တော်ဖြစ်၏။
13 Ty vi äre uti enom Anda alle döpte till en lekamen, ehvad vi äre Judar eller Greker, tjenare eller frie; och hafve alle druckit till en Anda.
၁၃အကြောင်းမူကား၊ ယုဒလူဖြစ်စေ၊ ဟေလသလူဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ငါတို့ရှိသမျှသည် ဝိညာဉ်တော်တပါးတည်းအားဖြင့် တကိုယ်တည်းထဲသို့ ဗတ္တိဇံကိုခံကြ၏။ ငါတို့ရှိသမျှသည် တစိတ် တဝိညာဉ် တည်းထဲသို့လည်း သောက်ကြ၏။
14 Ty lekamen är icke en lem, utan månge,
၁၄ကိုယ်သည် အင်္ဂါတခုတည်းရှိသည်မဟုတ်၊ အများရှိသည်ဖြစ်၍၊
15 När nu foten ville säga: Jag är icke hand, derföre är jag icke af lekamenom; skulle han fördenskull icke vara af lekamenom?
၁၅ခြေက၊ ငါသည်လက်မဟုတ်သောကြောင့် ကိုယ်နှင့်မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ဆိုသောကြောင့် မစပ်ဆိုင်သည် မှန်သလော။
16 Och om örat ville säga: Jag är icke öga, derföre är jag icke af lekamenom; skulle det fördenskull icke vara af lekamenom?
၁၆နားကလည်း၊ ငါသည် မျက်စိမဟုတ်သောကြောင့် ကိုယ်နှင့် မစပ်ဆိုင်ဟုဆိုလျှင်၊ ထိုသို့ ဆိုသော ကြောင့် မစပ်ဆိုင်သည် မှန်သလော။
17 Om hele lekamen vore öga, hvar blefve då hörslen? Vore han aller hörsel, hvar blefve lukten?
၁၇တကိုယ်လုံးသည် မျက်စိဖြစ်လျှင် အဘယ်သို့ ကြားနိုင်မည်နည်း။ တကိုယ်လုံးသည် နားဖြစ်လျှင် အဘယ်သို့ နမ်းနိုင်မည်နည်း။
18 Men nu hafver Gud satt lemmarna hvar för sig särdeles uti lekamen, såsom han ville.
၁၈ယခုမူကား၊ ဘုရားသခင်သည် အလိုတော်ရှိ သည်အတိုင်း အင်္ဂါများအသီးသီးတို့ကို ကိုယ်၌စီရင် ခန့်ထားတော်မူ၏။
19 Om nu alle lemmar vore en lem, hvar blefve då lekamen?
၁၉ထိုမှတပါး၊ အင်္ဂါအပေါင်းတို့သည် အင်္ဂါတခုတည်းဖြစ်လျှင် ကိုယ်သည်အဘယ်မှာ ရှိလိမ့်မည်နည်း။
20 Men nu äro lemmarna månge, och lekamen är en.
၂၀ယခုတွင် အင်္ဂါအများရှိလျက်နှင့် ကိုယ်တခုတည်း ရှိ၏။
21 Ögat kan icke säga till handen: Jag behöfver dig intet; eller hufvudet till fötterna: Jag behöfver eder intet;
၂၁မျက်စီက၊ သင့်ကိုငါအလိုမရှိဟု လက်ကို မဆိုရ။ ထိုနည်းတူ၊ ဦးခေါင်းက၊ သင်တို့ကိုငါအလိုမရှိဟု ခြေတို့ကို မဆိုရ။ ထိုမျှမက အားနည်းဟန်ရှိသော အင်္ဂါတို့သည် သာ၍အသုံးဝင်ကြ၏။
22 Utan mycket mer de kroppsens lemmar, som synas svagast vara, äro oss mest af nöden.
၂၂အသရေနည်းဟန်ရှိသော အင်္ဂါတို့အားလည်း၊ သာ၍ကြီးသော အသရေကို ပေးတတ်၏။
23 Och de vi hålle blygeliga vara, dem lägge vi mästa äron uppå; och de oss snöpliga synas, dem pryde vi aldramest.
၂၃တင့်တယ်ခြင်းမရှိသော အင်္ဂါတို့သည် သာ၍ ကြီးသော တင့်တယ်ခြင်းကို ခံရကြ၏။
24 Ty de, som dägeliga äro, behöfva intet; men Gud hafver så tillhopamängt lekamenen, och de lemmar, som något fattades, dess mer prydelse tillagt;
၂၄တင့်တယ်လျက်ရှိသော အင်္ဂါတို့သည် အခြားသော တင့်တယ်ခြင်းကို မလိုကြ။
25 På det i lekamenen skall ingen skiljaktighet vara; utan alle lemmar skola den ene för den andra ens omsorg hafva.
၂၅ကိုယ်ခန္ဓာ၌ အချင်းချင်းကွဲပြားခြင်းမရှိဘဲ၊ အင်္ဂါများတို့သည် အချင်းချင်း သူ့ကို ကိုယ်နှင့်အမျှ သတိပြုစေခြင်းငှါ၊ ဘုရားသခင်သည် ကိုယ်ခန္ဓာကိုမျှစေ၍၊ ယုတ်သောအင်္ဂါအား သာ၍များသော အသရေကို ပေးတော်မူ၏။
26 Och om en lem lider något, så lida alle lemmarna med; och om en lem varder härliga hållen, så fröjda sig alle lemmarna med.
၂၆သို့ဖြစ်၍၊ အင်္ဂါတခုတည်း ဆင်းရဲခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူခံရကြ၏။ အင်္ဂါ တခုသည် ချီးမြှောက်ခြင်းကို ခံရလျှင်၊ အင်္ဂါအပေါင်းတို့သည် အတူဝမ်းမြောက်ရကြ၏။
27 Men I ären Christi lekamen och lemmar, hvar efter sin del.
၂၇သင်တို့သည် ခရစ်တော်၏ ကိုယ်ဖြစ်ကြ၏။ အသီးအသီး အင်္ဂါတော်ဖြစ်ကြ၏။
28 Och Gud hafver satt i församlingene först Apostlar, dernäst Propheter, sedan lärare, sedan kraftverkare, sedan helbregdo gåfvor, hjelpare, regerare, mångahanda tungomål.
၂၈ဘုရားသခင်သည်ပဌမအရာ၌ တမန်တော်တို့ကို၎င်း၊ ဒုတိယအရာ၌ ပရောဖက်တို့ကို၎င်း၊ တတိယ အရာ၌ ဆရာတို့ကို၎င်း၊ ထိုနောက် တန်ခိုးပြသော သူတို့ကို၎င်း၊ ထိုနောက်အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိသောသူတို့ကို၎င်း၊ သင်းထောက်တို့ကို၎င်း၊ စီရင် အုပ်စိုးသော သူတို့ကို၎င်း၊ အမျိုးမျိုးသော ဘာသာစကား ကိုပြောနိုင်သော သူတို့ကို၎င်း၊ အသင်းတော်၌ ခန့်ထားတော်မူ၏။
29 Äro de alle Apostlar? Äro de alle Propheter? Äro de alle lärare? Äro de alle kraftverkare?
၂၉သင်းဝင်သူ ရှိသမျှတို့သည် တမန်တော်ဖြစ်ကြ သလော။ ရှိသမျှတို့သည် ပရောဖက်ဖြစ်ကြသလော။ ရှိသမျှတို့သည် ဆရာဖြစ်ကြသလော။ ရှိသမျှတို့သည် ဘုန်းတန်ခိုးကို ပြနိုင်ကြသလော။
30 Hafva de alle helbregdo gåfvor? Tala de alle mång tungomål? Kunna de alle uttyda?
၃၀ရှိသမျှတို့သည် အနာရောဂါကို ငြိမ်းစေနိုင်သော အခွင့်ရှိကြသလော။ ရှိသမျှတို့သည် အမျိုးမျိုးသော ဘာသာစကားကို ပြောနိုင်ကြသလော။ ရှိသမျှတို့သည် ထိုဘာသာစကား၏ အနက်ကို ဘော်ပြနိုင်ကြသလော။
31 Men farer efter de yppersta gåfvorna; och jag vill ännu visa eder en kosteligare väg.
၃၁သင်တို့သည် အမြတ်ဆုံးသော ဆုကျေးဇူးတော်တို့ကို အလွန်အလိုရှိကြသည်တွင်၊ သာ၍မြတ်သော လမ်းကိုငါပြဦးမည်။

< 1 Korinthierbrevet 12 >