< 1 Krönikeboken 23 >
1 Alltså gjorde David Salomo, sin son, till Konung öfver Israel, då han gammal, och af lefvande mätt var.
၁ဒါဝိဒ်သည်ကြီးရင့်အိုမင်းသောအခါ သား တော်ရှောလမုန်ကိုထီးနန်းလွှဲအပ်တော်မူ၏။
2 Och David församlade alla öfverstar i Israel, och Presterna och Leviterna,
၂ဒါဝိဒ်မင်းသည်ဣသရေလအမျိုးသား ခေါင်းဆောင်ရှိသမျှတို့နှင့် ယဇ်ပုရောဟိတ် များနှင့်လေဝိအနွယ်ဝင်အပေါင်းတို့ကို စုရုံးစေတော်မူ၏။-
3 Att man skulle räkna Leviterna, ifrå tretio år och derutöfver; och deras tal var, ifrå hufvud till hufvud, det starke män voro, åtta och tretio tusend;
၃အသက်သုံးဆယ်နှင့်အထက်ရှိသောလေဝိ အနွယ်ဝင်အမျိုးသားတို့ကိုစာရင်းကောက် ယူရာ စုစုပေါင်းသုံးသောင်းရှစ်ထောင်ရှိ သတည်း။-
4 Af hvilkom voro fyra och tjugu tusend, som drefvo arbetet på Herrans hus; och sextusend ämbetsmän och domare;
၄မင်းကြီးသည်ထိုသူတို့အနက်လူပေါင်း နှစ်သောင်းလေးထောင်တို့အား ဗိမာန်တော် တွင်ဝတ်ကြီးဝတ်ငယ်တို့ကိုဆောင်ရွက်ရန် စီစဉ်သတ်မှတ်၍ပေးတော်မူ၏။ လူခြောက် ထောင်တို့အားစာရင်းအင်းများကိုထိန်း သိမ်းစေ၍တရားသူကြီးများအဖြစ် ဖြင့်ဆောင်ရွက်စေတော်မူ၏။-
5 Och fyratusend dörravaktare; och fyratusend lofsångare Herranom med strängaspel, som jag till lofsång gjort hade.
၅လူလေးထောင်တို့အားတံခါးစောင့်တာဝန်ကို အပ်နှင်းလျက် အခြားလေးထောင်တို့ကိုမင်း ကြီးပေးအပ်ထားသည့်တူရိယာများဖြင့် ထာဝရဘုရားအားထောမနာပြုကြရန် ခွဲခန့်သတ်မှတ်၍ပေးတော်မူ၏။
6 Och David gjorde en ordning ibland Levi barn, nämliga ibland Gerson, Kehath och Merari.
၆ဒါဝိဒ်သည်လေဝိအနွယ်ဝင်တို့အားမိမိတို့ သားချင်းစုများအလိုက်ဂေရရှုံ၊ ကောဟတ် နှင့်မေရာရိဟူ၍အစုသုံးစုခွဲတော်မူ၏။
7 Då Gersoniter voro: Laedan och Simei.
၇ဂေရရှုံတွင်လာဒန်နှင့်ရှိမိဟူသောသား နှစ်ယောက်ရှိ၏။-
8 Laedans barn: Den förste Jehiel, Setam och Joel, de tre.
၈လာဒန်တွင်ယေဟေလ၊ ဇေသံနှင့်ယောလ ဟူသောသားသုံးယောက်ရှိ၏။-
9 Men Simei barn voro: Selomith, Hasiel och Haran, de tre. Desse voro de ypperste ibland fäderna af Laedan.
၉သူတို့သည်ယာဒန်မှဆင်းသက်လာသော ဆွေမျိုးသားချင်းစုဦးစီးများဖြစ်ကြ၏။ (ရှိမိတွင်ရှေလောမိတ်၊ ဟာဇေလနှင့်ဟာရန် ဟူသောသားသုံးယောက်ရှိ၏။-)
10 Voro också desse Simei barn: Jahath, Sina, Jeus och Beria. Desse fyra voro ock Simei barn.
၁၀ရှိမိတွင်ယာဟတ်၊ ဇိဇ၊ ယုရှ၊ ဗေရိဟူ၍ကြီး စဉ်ငယ်လိုက်သားလေးယောက်ရှိ၏။ ယုရှနှင့် ဗေရိနှစ်ဦးတို့တွင်သားမြေးများစွာမရှိ သဖြင့် သူတို့အားတာဝန်ပေးအပ်ရာတွင် သားချင်းစုတစ်စုအဖြစ်ဖြင့်သတ်မှတ်၍ ထားသတည်း။
11 Jahath var den förste, Sisa den andre. Men Jeus och Beria hade icke mång barn; derföre vordo de räknade för ens faders hus.
၁၁
12 Kehaths barn voro: Amram, Jizear, Hebron och Ussiel, de fyra.
၁၂ကောဟတ်တွင်အာမရံ၊ ဣဇဟာ၊ ဟေဗြုန် နှင့်သြဇေလဟူ၍သားလေးယောက်ရှိ၏။-
13 Amrams barn voro: Aaron och Mose. Men Aaron vardt afskild, så att han vardt helgad till det aldrahelgasta, han och hans söner, till evig tid, till att röka för Herranom, och till att tjena och välsigna i Herrans Namn i evig tid;
၁၃သူ၏သားကြီးအာမရံသည်အာရုန်နှင့် မောရှေတို့၏အဖဖြစ်၏။ (အာရုန်နှင့်သူ ၏သားမြေးတို့သည်အမွန်အမြတ်ထား သည့်ပစ္စည်းအသုံးအဆောင်တို့ကိုအစဉ် အမြဲထိန်းသိမ်းရန် ထာဝရဘုရားအား ဝတ်ပြုကိုးကွယ်ရာ၌နံ့သာပေါင်းကို မီးရှို့ရန်၊ ကိုယ်တော်၏အမှုတော်ကိုဆောင် ရွက်ရန်နှင့်နာမတော်ကိုအမှီပြု၍ လူ တို့အားကောင်းချီးပေးရန်သီးသန့်တာဝန် ပေးအပ်ခြင်းကိုခံရကြ၏။-
14 Och Mose, den Guds mansens, barn vordo nämnde ibland de Leviters slägte.
၁၄သို့ရာတွင်ဘုရားသခင်၏လူမောရှေ၏ သားများသည် လေဝိအနွယ်ဝင်များအဖြစ် ဖြင့်စာရင်းသွင်းခြင်းကိုခံရကြ၏။-)
15 Mose barn voro: Gersom och Elieser.
၁၅မောရှေတွင်ဂေရရှုံနှင့်ဧလျေဇာဟူ သောသားနှစ်ယောက်ရှိ၏။-
16 Gersoms barn: Den förste var Sebuel.
၁၆ဂေရရှုံ၏သားတို့တွင်ရှေဗွေလသည် ခေါင်းဆောင်ဖြစ်၏။-
17 Eliesers barn: Den förste var Rehabia. Och Elieser hade inga annor barn; men Rehabia barn voro mycket flere.
၁၇ဧလျေဇာတွင်ရေဟဘိဟူသောသားတစ်ယောက် တည်းရှိ၏။ သို့ရာတွင်ရေဟဘိတွင်မူကား သားမြေးများစွာရှိသတည်း။
18 Jizears barn voro: Selomith den förste.
၁၈ကောဟတ်၏ဒုတိယသားဣဇဟာတွင် ရှေလောမိတ်ဟူသောသားတစ်ယောက်ရှိ၏။ သူသည်သားချင်းစုဦးစီးဖြစ်၏။-
19 Hebrons barn voro: Jeria den förste, Amaria den andre, Jahasiel den tredje, och Jekameam den fjerde.
၁၉ကောဟတ်၏တတိယသားဟေဗြုန်တွင်ယေရိ၊ အာမရိ၊ ယဟာဇေလနှင့်ယေကမံဟူသော သားလေးယောက်ရှိ၏။-
20 Ussiels barn voro: Micha den förste, och Jissija den andre.
၂၀ကောယတ်၏စတုတ္ထသားသြဇေလတွင် မိက္ခာနှင့်ယေရှိဟူ၍သားနှစ်ယောက်ရှိ၏။
21 Merari barn voro: Maheli och Musi. Maheli barn voro: Eleazar och Kis.
၂၁မေရာရိတွင်မဟာလိနှင့်မုရှိဟူသောသား နှစ်ယောက်ရှိ၏။ မဟာလိတွင်ဧလာဇာနှင့် ကိရှဟူသောသားနှစ်ယောက်ရှိ၏။-
22 Men Eleazar blef död, och hade inga söner, utan döttrar; och Kis barn, deras bröder, togo dem.
၂၂ဧလာဇာသည်သားများကိုမရ၊ သမီးများ ကိုသာလျှင်ရရှိ၏။ သူ၏သမီးများသည် မိမိတို့၏အစ်ကိုဝမ်းကွဲများနှင့်အိမ်ထောင် ပြုကြ၏။ ထိုသူတို့ကားကိရှ၏သားများ ဖြစ်သတည်း။-
23 Musi barn voro: Maheli, Eder och Jeremoth, de tre.
၂၃မေရာရိ၏ဒုတိယသားမုရှိတွင်မဟာလိ၊ ဧဒါနှင့်ယေရိမုတ်ဟူသောသားသုံးယောက် ရှိ၏။
24 Detta äro Levi barn i deras faders hus, och de ypperste af fäderna, som räknade vordo, efter namnens tal efter hufvuden, hvilke gjorde de sysslor i ämbeten i Herrans hus, ifrå tjugu år, och derutöfver.
၂၄ဤသူတို့ကားသားချင်းစုနှင့်အိမ်ထောင်စု အလိုက်ဖော်ပြသည့် လေဝိအဆက်အနွယ် များဖြစ်ကြ၏။ ထိုသူအပေါင်းတို့အားတစ် ဦးစီ၏နာမည်ကိုမှတ်ပုံတင်ထားလေသည်။ အသက်နှစ်ဆယ်နှင့်အထက်ရှိသူလေဝိ၏ သားမြေးတိုင်းပင်လျှင် ထာဝရဘုရား၏ ဗိမာန်တော်တွင်ပါဝင်၍အမှုတော်ထမ်း ဆောင်ရကြ၏။
25 Ty David sade: Herren Israels Gud hafver gifvit sino folke ro, och skall bo i Jerusalem till evig tid.
၂၅ဒါဝိဒ်က``ဣသရေလအမျိုးသားတို့၏ ဘုရားသခင်ထာဝရဘုရားသည် မိမိ လူမျိုးတော်အားငြိမ်းချမ်းသာယာမှုကို ပေးတော်မူ၍ မိမိကိုယ်တော်တိုင်ယေရု ရှလင်မြို့တွင်ထာဝစဉ်ကိန်းဝပ်တော်မူ လိမ့်မည်။-
26 Leviterna behöfde ock icke bära tabernaklet, med all dess redskap, efter deras ämbete;
၂၆ယခုအခါလေဝိအနွယ်ဝင်တို့သည်တဲတော် ကိုလည်းကောင်း၊ ကိုးကွယ်ဝတ်ပြုရာ၌အသုံး ပြုသည့်ပစ္စည်းတန်ဆာပလာများကိုလည်း ကောင်းသယ်ဆောင်ကြရန်လိုတော့မည် မဟုတ်'' ဟုမိန့်တော်မူ၏။-
27 Utan, efter Davids yttersta ord, vordo Levi barn räknade ifrå tjugu år, och derutöfver;
၂၇ဒါဝိဒ်၏နောက်ဆုံးညွှန်ကြားချက်များအရ အသက်နှစ်ဆယ်ပြည့်သူ လေဝိအနွယ်ဝင် အပေါင်းတို့သည်အမှုဆောင်ရန်မှတ်ပုံတင် ရကြ၏။-
28 Att de skulle stå under Aarons barnas händer, till att tjena i Herrans hus, i gårdenom, och till kistorna, och till reningen, och till allahanda helgedom, och till alla ämbetens sysslor i Guds hus;
၂၈သူတို့၏အလုပ်ဝတ္တရားများမှာဗိမာန်တော် တွင် ဝတ်ပြုကိုးကွယ်မှု၌အာရုန်၏သားမြေး ယဇ်ပုရောဟိတ်တို့အားကူညီရန်၊ ဗိမာန် တော်ဝင်းနှင့်အခန်းများကိုကြည့်ရှုစောင့် ထိန်းရန်၊ အမွန်အမြတ်ထားသည့်အရာ ဟူသမျှကိုသန့်စင်စွာထားရှိရန်တို့ဖြစ်၏။-
29 Och till skådobröd, till semlomjöl, till spisoffer, till osyrade kakor, till pannor, till halster, och till all vigt och mått;
၂၉သူတို့သည်ဘုရားသခင်အားပူဇော်သည့်မုန့်၊ ပူဇော်သကာအဖြစ်အသုံးပြုသည့်မုန့်ညက်၊ တဆေးမဲ့မုန့်ပြားများ၊ မီးဖြင့်ထုတ်လုပ်သည့် ပူဇော်သကာများ၊ ဆီနှင့်ရောသောမုန့်ညက် တို့အတွက်တာဝန်ယူရကြ၏။ သူတို့သည် ဗိမာန်တော်ပူဇော်သကာများချိန်တွယ်မှု ကိုလည်းတာဝန်ယူရကြ၏။-
30 Och till att stå om morgonen, och tacka och lofva Herran; om aftonen desslikes;
၃၀သူတို့သည်နံနက်တိုင်းညနေတိုင်းဥပုသ် နေ့၊ လဆန်းပွဲတော်နေ့များတွင်ပူဇော် သကာဆက်သချိန်တိုင်း ထာဝရဘုရား ကိုထောမနာပြု၍ဘုန်းအသရေတော် ချီးကူးရကြ၏။ ဤအမှုကိုတစ်ကြိမ် လျှင်လေဝိအနွယ်ဝင်မည်မျှဆောင်ရွက် ရမည်ကိုသတ်မှတ်ထားသည့်နည်းဥပဒေ များရှိ၏။ လေဝိအနွယ်ဝင်တို့အစဉ်အမြဲ ထမ်းဆောင်ရကြသည့် တာဝန်ဝတ္တရားမှာ ထာဝရဘုရားအားရှိခိုးဝတ်ပြုကြ ရန်ပင်ဖြစ်ပေသည်။-
31 Och till att offra Herranom all bränneoffer på Sabbatherna, nymånadom och högtidom, efter talet och sättet, alltid för Herranom;
၃၁
32 Att de skulle taga vara på vaktena vid vittnesbördsens tabernakel, och helgedomens; och Aarons barnas, deras bröders, till att tjena i Herrans hus.
၃၂သူတို့သည်ထာဝရဘုရားကိန်းဝပ်တော်မူ ရာတဲတော်နှင့် ဗိမာန်တော်ကိုကြည့်ရှုစောင့် ရှောက်ကြရန်လည်းကောင်း၊ မိမိတို့၏ဆွေမျိုး များဖြစ်သောအာရုန်၏သားမြေးယဇ်ပုရော ဟိတ်တို့အား ဗိမာန်တော်တွင်ဝတ်ပြုကိုးကွယ် မှု၌ကူညီကြရန်လည်းကောင်းတာဝန်ယူရ ကြ၏။