< Warumi 5 >
1 Sasa, kwa vile tumekubaliwa kuwa wadilifu kwa imani, basi, tunayo amani na Mungu kwa ajili ya Bwana wetu Yesu Kristo.
၁ထိုကြောင့် ၊ ငါတို့သည် ယုံကြည် ခြင်းရှိ၍ ဖြောင့်မတ် ရာသို့ရောက်လျှင်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ဘုရားသခင့် ရှေ့ တော်၌ ငြိမ်သက် ခြင်းကို ခံစား ကြ၏။
2 Kwa imani yetu, yeye ametuleta katika hali hii ya neema ya Mungu ambamo sasa tunaishi. Basi, tunajivunia tumaini tulilo nalo la kushiriki utukufu wa Mungu.
၂ထို ကျေးဇူး တော်ကို ခံစား ရသည်အကြောင်း မှာ ယုံကြည် ခြင်းရှိ၍၊ ထိုသခင် အားဖြင့် သာခံစားသော အခွင့် ကို ရ ကြ၏။ သို့ဖြစ်၍ ဘုရားသခင် ၏ဘုန်း တော်ကို မြော်လင့် ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
3 Naam, si hayo tu, bali tunafurahi pia katika taabu tukijua kwamba taabu huleta saburi,
၃ထိုမျှမက ၊ ဒုက္ခဆင်းရဲ ခြင်းကိုခံ၍ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။ အကြောင်းမူကား ၊ ဒုက္ခ ဆင်းရဲ ခြင်းသည် သည်းခံ ခြင်းကို ပြုစု တတ်၏။
4 nayo saburi huleta uthabiti, na uthabiti huleta tumaini.
၄သည်းခံ ခြင်းသည်လည်း သက်သေ ထင်ရှားခြင်းကို ပြုစုတတ်၏။ သက်သေ ထင်ရှားခြင်းသည်လည်း မြော်လင့် ခြင်းကို ပြုစုတတ်၏။
5 Tumaini hilo haliwezi kutuhadaa, maana Mungu amekwisha miminia mioyoni mwetu upendo wake kwa njia ya Roho Mtakatifu aliyetujalia.
၅ထို မြော်လင့် ခြင်းသည် ရှက်ကြောက် စရာ အကြောင်းနှင့် ကင်းလွတ် ၏။ အဘယ်ကြောင့် နည်းဟူမူကား၊ ငါ တို့အားပေး တော်မူသောသန့်ရှင်း သော ဝိညာဉ် တော်သည် ဘုရားသခင် ၏မေတ္တာ တော်ကို ငါ တို့ စိတ် နှလုံးထဲသို့ ညွှန်းလောင်း တော်မူ၏။
6 Tulipokuwa bado wanyonge, Kristo, wakati ulipotimia, alikufa kwa ajili yetu sisi waovu.
၆ငါ တို့သည် အကျိုးနည်း ရှိ စဉ် တွင်အချိန်တန် မှ ခရစ်တော် သည် မတရား သောသူတို့အတွက် ကြောင့် အသေခံ တော်မူ၏။
7 Si rahisi mtu kufa kwa ajili ya mtu mwadilifu; labda mtu anaweza kuthubutu kufa kwa ajili ya mtu mwema.
၇ဖြောင့်မတ် သောသူအတွက် ကြောင့် အသေခံ မည့်သူ ရှိခဲ ၏။ သူတော်ကောင်း အတွက် ကြောင့် အသေခံ ဝံ့ သောသူ ရှိ ကောင်းရှိလိမ့်မည်မှန်စေတော့။
8 Lakini Mungu amethibitisha kwamba anatupenda, maana wakati tulipokuwa bado wenye dhambi, Kristo alikufa kwa ajili yetu.
၈ငါ တို့သည် အပြစ် ရှိ စဉ် ပင်၊ ခရစ်တော် သည် ငါ တို့အတွက် ကြောင့် အသေခံ တော်မူသည်ဖြစ်၍၊ ဘုရားသခင် သည် ငါတို့ကို အဘယ်မျှလောက်ချစ် တော်မူသည်ကို ငါ တို့အား ထင်ရှားစွာပြ တော်မူ၏။
9 Kwa kuwa sasa tumekubaliwa kuwa waadilifu kwa damu ya Kristo, ni dhahiri zaidi kwamba atatuokoa katika ghadhabu ya Mungu.
၉သို့ဖြစ်၍ ယခု တွင် အသွေး တော်အားဖြင့် ဖြောင့်မတ် ရာသို့ ရောက်ပြီးမှ၊ ထိုသခင် အားဖြင့် အပြစ် ငရဲမှ ကယ်ချွတ်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
10 Maana, tulipokuwa bado adui zake, Mungu alitupatanisha naye kwa kifo cha Mwanae. Na kwa vile sasa tumepatanishwa naye, ni dhahiri zaidi kwamba tutaokolewa kwa uzima wa Kristo.
၁၀အကြောင်းမူကား ၊ ရန်သူ ဖြစ် လျက်ပင်ဘုရားသခင် ၏ သား တော်အသေခံ တော်မူခြင်းအားဖြင့် ၊ ငါတို့သည် ဘုရားသခင်နှင့် မိသ္သဟာယဖွဲ့ခြင်း ကျေးဇူးတော်ကိုခံရသည်မှန်လျှင် ၊ မိသ္သဟာယဖွဲ့ ပြီးမှ၊ အသက် တော် အားဖြင့် ကယ်တင်တော်မူခြင်းသို့ ရောက် မည်ဟုသာ၍ မြော်လင့်စရာရှိ၏။
11 Wala si hayo tu, ila tunafurahi pia katika Mungu kwa njia ya Bwana wetu Yesu Kristo ambaye ametupatanisha na Mungu.
၁၁ထိုမျှမက ၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် မိဿဟာယ ဖွဲ့ရာကျေးဇူးကိုယခု ခံ ပြီးလျှင်၊ ထို သခင်အားဖြင့် ဘုရားသခင် ၌ ဝါကြွား ဝမ်းမြောက်ခြင်းရှိကြ၏။
12 Kwa njia ya mtu mmoja dhambi iliingia ulimwenguni, nayo ikasababisha kifo. Hivyo kifo kimeenea katika jumuiya yote ya binadamu, kwa maana wote wametenda dhambi.
၁၂ဤ အကြောင်း အရာဟူမူကား၊ အပြစ် တရားသည် တစ် ယောက်သောသူ အားဖြင့် ဤ လောက သို့ ဝင် ၍ ၊ အပြစ် တရားအားဖြင့် သေ ခြင်း တရားဝင်သည်နှင့်အညီ ၊ လူ အပေါင်း တို့သည် အပြစ် ရှိသောကြောင့် သေ ခြင်းသို့ ရောက် ရကြ၏။
13 Kabla ya Sheria kuwako, dhambi ilikuwako ulimwenguni; lakini dhambi haiwekwi katika kumbukumbu bila sheria.
၁၃ပညတ် တရားကို မထားမှီတိုင်အောင် ဤလောက ၌ အပြစ် ရှိ ၏။ အဘယ်ပညတ် တရားကိုမျှ မ ရှိ လျှင် ၊ အပြစ် ရှိသည်ဟု မှတ် စရာမ ရှိ၊
14 Lakini tangu wakati wa Adamu mpaka wakati wa Mose, kifo kiliwatawala hata wale ambao hawakutenda dhambi kama ile ya Adamu, ya kumwasi Mungu. Adamu alikuwa kielelezo cha yule ambaye atakuja baadaye.
၁၄သို့သော်လည်း အာဒံ လက်ထက်မှစ၍ မောရှေ လက်ထက်တိုင်အောင် သေ ခြင်းတရားသည် အစိုးရ ၏။ အာဒံ ပြစ်မှား သည်နည်းတူ မ ပြစ်မှား သောသူ တို့ကို ပင်အစိုးရ ၏။ ထို အာဒံသည် နောက်လာ လတံ့သောသူ ၏ ပုံပမာ ဖြစ် သတည်း။
15 Lakini ipo tofauti: neema ya Mungu si kama dhambi ya Adamu. Maana, ingawa dhambi ya mtu mmoja ilisababisha kifo kwa wote, kwa fadhili ya mtu mmoja, yaani Yesu Kristo, Mungu amewazidishia wote neema na zawadi zake.
၁၅သို့သော်လည်း ၊ ပြစ်မှား ခြင်းသဘောနှင့် ကျေးဇူးတော် သဘောမ တူ ၊ အကြောင်းမူကား ၊ လူ တစ် ယောက်သည် ပြစ်မှား သောအားဖြင့်၊ လူ များတို့သည် သေ ခြင်းသို့ ရောက်ကြ၏။ တစ် ယောက်သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် ဘုရားသခင် ၏ ကျေးဇူး တော်နှင့် ကျေးဇူး တော်၏ အကျိုး သည်လူများ တို့၌ သာ၍ ကြွယ်ဝ ပြည့်စုံ၏။
16 Kuna tofauti baina ya zawadi ya Mungu, na dhambi ya mtu yule mmoja. Maana, baada ya kosa la mtu mmoja, Mungu alitoa hukumu; lakini baada ya makosa ya watu wengi, Mungu aliwapa zawadi yake kwa kuwasamehe.
၁၆ထိုမှတစ်ပါး၊ လူ တစ်ယောက်ပြစ်မှား သောအရာနှင့် ကျေးဇူးတော် အရာမ တူ ။ အကြောင်းမူကား ၊ တရား စီရင် သောအရာမှာ၊ အပြစ်တစ်ခု ကြောင့် ဒဏ်ခံစေဟု စီရင် ၏။ ကျေးဇူးတော်အရာမှာ၊ အပြစ် များ လျက်ပင် လွှတ်စေဟုစီရင် ၏။
17 Kweli, kwa dhambi ya mtu mmoja kifo kilianza kutawala kwa sababu ya huyo mtu mmoja; lakini, ni dhahiri zaidi kwamba alichokifanya yule mtu mmoja, yaani Yesu Kristo, ni bora zaidi. Wote wanaopokea neema na zawadi hiyo ya kukubaliwa kuwa waadilifu, watatawala katika uzima kwa njia ya huyo mmoja, yaani Yesu Kristo.
၁၇ထိုမှတစ်ပါး၊ လူတစ်ယောက် သည် ပြစ်မှား သောကြောင့် ၊ ထိုတစ်ယောက် သောသူ အားဖြင့် သေ ခြင်းတရား သည် အစိုးရ ၏။ ကျေးဇူး တော်၏ကြွယ်ဝ ခြင်းကို၎င်း၊ ဖြောင့်မတ် ရာသို့သွင်းပေး တော်မူခြင်းကို၎င်း ခံရသော သူတို့သည် တစ်ယောက် သောသူ တည်းဟူသောယေရှု ခရစ် အားဖြင့် အသက် ရှင်လျက် သာ၍ စိုးစံ ရကြလတံ့။
18 Basi, kama vile kosa la mtu mmoja lilivyoleta hukumu kwa binadamu wote, kadhalika kitendo kimoja kiadilifu kinawapa uhuru na uzima.
၁၈ထိုကြောင့် ၊ တစ် ယောက်သောသူ၏ပြစ်မှား ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အပြစ်စီရင် ခြင်းနှင့် တွေ့ကြုံရကြသည်နည်းတူ ၊ တစ် ယောက်သောသူ၏ ဖြောင့်မတ် ခြင်းအားဖြင့် ၊ လူ အပေါင်း တို့သည် အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ ရောက်ခြင်းအခွင့်ကို ရကြ၏။
19 Na kama kwa kutotii kwa mtu mmoja watu wengi walifanywa wenye dhambi, kadhalika kutii kwa mtu mmoja kutawafanya wengi wakubaliwe kuwa waadilifu.
၁၉အကြောင်းမူကား ၊ တစ် ယောက်သောသူ သည် နား မထောင်သောအားဖြင့် ၊ လူ များတို့သည် အပြစ် ရောက် သည်နည်းတူ ၊ တစ်ယောက်သောသူသည် နားထောင် သောအားဖြင့် ၊ လူ များတို့သည် ဖြောင့်မတ် ရာသို့ ရောက် ရကြ၏။
20 Sheria ilitokea, ikasababisha kuongezeka kwa uhalifu; lakini pale dhambi ilipoongezeka, neema iliongezeka zaidi.
၂၀ထိုမှတပါး ၊ ပညတ် တရားသည် တစ်ဖန်ဝင် သဖြင့် ပြစ်မှား သောအပြစ်ပွားများ ၏။ သို့သော်လည်း အပြစ် ပွားများ သည် အရာမှာ ကျေးဇူး တော်သာ၍ ကြွယ်ဝ၏။
21 Kama vile dhambi ilivyotawala kwa kifo, kadhalika neema inatawala kwa njia ya uadilifu, na kuleta uzima wa milele kwa njia ya Yesu Kristo Bwana wetu. (aiōnios )
၂၁ထိုသို့ဖြစ်လျှင်၊ အပြစ် တရားသည်သေ ခြင်းအားဖြင့် အစိုးရ သည်နည်းတူ ၊ ငါ တို့သခင် ယေရှု ခရစ် ပြုစုတော်မူ၍ ကျေးဇူး တရားသည် ထာဝရ အသက် နှင့် ယှဉ်သော ဖြောင့်မတ် ရာသို့ သွင်းခြင်းအားဖြင့် အစိုးရ လေအံ့သတည်း။ (aiōnios )