< Ufunuo 3 >
1 “Kwa malaika wa kanisa la Sarde andika hivi: “Huu ndio ujumbe kutoka kwake yeye aliye na roho saba za Mungu na nyota saba. Nayajua mambo yako yote; najua unajulikana kuwa na uhai kumbe umekufa!
၁သာဒိမြို့၌ရှိသောအသင်းတော်၏ တမန်ကို ဤသို့ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝိညာဉ် ခုနစ်ပါးနှင့်ကြယ်ခုနစ်လုံး ရှိသောသူ၏အမိန့်တော်ကား၊ သင်၏အကျင့်ကိုငါသိ၏။ သင်သည် အသက်ရှင်ဟန်ရှိ သော်လည်း သေလျက်နေသည်ကို ငါသိ၏။
2 Amka! Imarisha chochote chema kilichokubakia kabla nacho hakijatoweka kabisa. Maana, mpaka sasa, sijayaona matendo yako kuwa ni makamilifu mbele ya Mungu wangu.
၂မအိပ်ဘဲစောင့်၍နေလော့။ ကျန်ရစ်၍ သေလုသောအရာတို့ ကို ပြုစုလော့။ သင်၏အကျင့်သည် ငါ၏ဘုရားသခင်ရှေ့၌မစုံ မလင်ရှိသည်ကိုငါတွေ့ပြီ။
3 Kumbuka, basi, yale uliyofundishwa na jinsi ulivyoyasikia, uyatii na ubadili nia yako mbaya. Usipokesha nitakujia ghafla kama mwizi, na wala hutaijua saa nitakapokujia.
၃ထိုကြောင့်၊ သင်သည်ခံယူ၍ နားထောင်ပြီးသည်အရာကို အောက်မေ့၍ စောင့်ရှောက်လော။ နောင်တရလော့။ စောင့်၍ မနေလျှင် သူခိုးကဲ့သို့ သင်ရှိရာသို့ ငါလာမည်။ လာမည့်အချိန်နာရီကိုလည်း သင်မသိရ။
4 Lakini wako wachache huko Sarde ambao hawakuyachafua mavazi yao. Hao wanastahili kutembea pamoja nami wakiwa wamevaa mavazi meupe.
၄သို့သော်လည်း၊ သာဒိမြို့၌ပင် သင်တို့တွင် ကိုယ်အဝတ်ကို မညစ်ညူးစေသော သူနည်းနည်းရှိသေး ၏။ ထိုသူတို့သည် ထိုက်တန်သောသူဖြစ်၍၊ အဖြူ ဝတ်လျက် ငါနှင့်အတူသွားလာကြလိမ့်မည်။ အောင်မြင် သော သူသည် ဖြူသောအဝတ်ကို ဝတ်ဆင်လိမ့်မည်။
5 “Wale wanaoshinda, watavikwa mavazi meupe kama hao. Nami sitayafuta majina yao kutoka katika kitabu cha uzima; tena nitawakiri kwamba ni wangu mbele ya Baba yangu na mbele ya malaika wake.
၅ထိုသူ၏နာမကို အသက်စာစောင်မှ ငါသည် အလျှင်းမချေ။ ငါ့ခမည်းတော်ရှေ့၌၎င်း၊ ကောင်းကင် တမန်တော်တို့၌၎င်း သူ၏နာမကို ငါဝန်ခံမည်။
6 “Aliye na masikio, basi, na ayasikie yale Roho anayoyaambia makanisa!
၆ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူမည်သည် ကား ကြားပါစေ။
7 “Kwa malaika wa kanisa la Filadelfia andika hivi: “Huu ndio ujumbe kutoka kwake yeye aliye mtakatifu na wa kweli, ambaye anao ule ufunguo wa Daudi, na ambaye hufungua na hakuna mtu awezaye kufungua.
၇ဖိလဒေလဖိမြို့၌ရှိသော အသင်းတော်၏ တမန်ကိုဤသို့ရေး၍ မှာလိုက်လော့။ သန့်ရှင်းသောသူ၊ ဟုတ်မှန်သောသူ၊ ဒါဝိဒ်မင်း၏ တံခါးသော့ကို ကိုင်သော သူ၊ အဘယ်သူမျှ မပိတ်နိုင်အောင် ဖွင့်၍၊ အဘယ်သူမျှ မဖွင့်နိုင်အောင် ပိတ်သောသူ၏ အမိန့်တော်ကား။
8 Nayajua mambo yako yote! Sasa, nimefungua mbele yako mlango ambao hakuna mtu awezaye kuufunga; najua kwamba ingawa huna nguvu sana, hata hivyo, umezishika amri zangu, umelitii neno langu wala hukulikana jina langu.
၈သင်၏အကျင့်ကိုငါသိ၏။ အဘယ်သူမျှ မပိတ် နိုင်သောတံခါး ကို သင့်ရှေ့၌ငါဖွင့်ထားပြီ၊ အကြောင်း မူကား၊ သင်သည်အနည်း ငယ်သောခွန်အားရှိသည်နှင့်၊ ငါ၏နှုတ်ကပတ်ကို စောင့်ရှောက်ခဲ့ပြီ။
9 Sikiliza! Nitawapeleka kwako watu wa kundi lake Shetani, watu ambao hujisema kuwa ni Wayahudi, kumbe ni wadanganyifu. Naam, nitawapeleka kwako na kuwafanya wapige magoti mbele yako wapate kujua kwamba kweli nakupenda wewe.
၉ငါ၏နာမကိုလည်း မစွန့်မပယ်။ ယုဒလူ ဖြစ် ယောင်ဆောင်၍ အမှန်မဟုတ်ဘဲ ၊ မုသာစကားကိုပြော သောသူတည်းဟူသော၊ စာတန်၏ အပေါင်းအသင်းဝင်သူ အချို့တို့ကို သင်၌ငါအပ်ပေးမည်။ သူတို့သည်လာ၍ သင်၏ခြေရင်း၌ပြပ်ဝပ်စေခြင်းငှါ၎င်း၊ ငါသည်သင့်ကို ချစ်သည်ဟု သိစေရခြင်းငှါ၎င်း ငါပြုမည်။
10 Kwa kuwa wewe umezingatia agizo langu la kuwa na uvumilivu, nami pia nitakutegemeza salama wakati ule wa dhiki inayoujia ulimwengu mzima kuwajaribu wote wanaoishi duniani.
၁၀သင်သည် ငါ၏သည်းခံခြင်းနှင့်စပ်ဆိုင်သော နှုတ်ကပတ် တရားကိုစောင့်ရှောက်သောကြောင့်၊ မြေကြီး အပေါ်၌ နေသောသူတို့ကို စုံစမ်းစေခြင်းငှါ၊ လောကီ နိုင်ငံအရပ်ရပ်တို့ကို နှံ့ပြားလတံ့သော စုံစမ်းရာ ကာလတွင်၊ သင့်ကိုငါစောင့်ရှောက်မည်။
11 Naja kwako upesi! Linda, basi, ulicho nacho sasa, ili usije ukanyang'anywa na mtu yeyote taji yako ya ushindi.
၁၁ငါသည်အလျင်အမြန်လာမည်။ သင်၏ သရဖူကို အဘယ်သူ မျှမယူစေခြင်းငှါ၊ ရခဲ့ပြီးသော အရာကို စွဲကိုင်လော့။
12 “Wale wanaoshinda nitawafanya wawe minara katika Hekalu la Mungu wangu, na hawatatoka humo kamwe. Pia nitaandika juu yao jina la Mungu wangu na jina la mji wa Mungu wangu, yaani Yerusalemu mpya, mji ambao utashuka kutoka juu mbinguni kwa Mungu wangu. Tena nitaandika juu yao jina langu jipya.
၁၂အကြင်သူသည် အောင်မြင်၏။ ထိုသူကို ငါသည်ငါ၏ဘုရား သခင်ဗိမာန်တော်၌ တိုင်ဖြစ်စေမည်။ နောင်တဖန်သူသည်ပြင်သို့ မရွေ့ရ။ ငါ၏ ဘုရားသခင် နာမတော်ကို၎င်း၊ ငါ၏ဘုရားသခင့်အထံတော် မှထွက်၍၊ ကောင်းကင်ဘုံမှ ဆင်းသက်သောယေရှုရှလင်မြို့သစ် တည်းဟူသော၊ ငါ၏ဘုရားသခင်မြို့တော်၏ နာမကို၎င်း၊ ငါ၏နာမသစ်ကို၎င်း၊ ထိုသူအပေါ်၌ ငါသည် အက္ခရာတင်မည်။
13 “Aliye na masikio, basi, na ayasikie yale Roho anayoyaambia makanisa!
၁၃ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသော သူမည်သည် ကားကြားပါစေ။
14 “Kwa malaika wa kanisa la Laodikea andika hivi: “Huu ndio ujumbe kutoka kwake yeye aitwaye Amina. Yeye ni shahidi mwaminifu na wa kweli, ambaye ni chanzo cha viumbe vyote alivyoumba Mungu.
၁၄လောဒိကိမြို့၌ရှိသော အသင်းတော်၏ တမန် ကိုဤသို့ ရေး၍ မှာလိုက်လော့။ ဘုရားသခင်၏ ဝေနေယျသတ္တဝါတို့အထွဋ်၊ သစ္စာရှိ၍ ဟုတ်မှန်သော သက်သေခံ၊ အာမင်၏ အမိန့်တော်ကား၊
15 Nayajua mambo yako yote! Najua kwamba wewe si baridi wala si moto. Afadhali ungekuwa kimojawapo: baridi au moto.
၁၅သင်၏အကျင့်ကိုငါသိ၏။ သင်သည် အဧမဟုတ်၊ အပူမဟုတ်သည်ကို ငါသိ၏။ ဧခြင်းဖြစ်စေ။ ပူခြင်းဖြစ်စေ၊ တခုခုကို ငါအလိုရှိ၏။
16 Basi, kwa kuwa hali yako ni vuguvugu, si baridi wala si moto, nitakutapika!
၁၆ထိုသို့အဧမဟုတ်၊ အပူမဟုတ်၊ နွေးရုံရှိသောကြောင့် ငါ၏ခံတွင်းသည် သင့်ကိုထွေးလုပြီ။
17 Wewe unajisema, Mimi ni tajiri; ninajitosheleza, sina haja ya kitu chochote. Kumbe, hujui kwamba wewe ni mnyonge, unahitaji kuhurumiwa, maskini, kipofu tena uko uchi!
၁၇သင်ကလည်း၊ ငါသည်ဥစ္စာရတတ်၏။ ဘဏ္ဍာများကိုဆည်းဖူးပြီး။ တစုံတခုကိုမျှမလိုဟုပြောဆို၍ ကိုယ်တိုင်ပင်ပန်းခြင်း၊ သနားဘွယ်ဖြစ်ခြင်း၊ ဆင်းရဲခြင်း၊ မျက်စိကန်းခြင်း၊ အဝတ်အချည်းစည်းရှိခြင်း ဖြစ်သည်ကို မသိပါတကား။
18 Nakushauri ununue kwangu dhahabu iliyosafishwa kwa moto upate kuwa tajiri kweli. Tena afadhali ununue pia vazi jeupe, uvae na kufunika aibu ya uchi wako. Nunua pia mafuta ukapake machoni pako upate kuona.
၁၈သင်သည်ဥစ္စာရတတ်ခြင်းငှါ၊ မီးနှင့်ချွတ်ပြီးသောရွှေကို၎င်း၊ အဝတ်အချည်းစည်းရှိ၍၊ သူတပါး ရှေ့တွင် မရှက်စေခြင်းငှါ ခြုံစရာဘို့၊ ဖြူသောအဝတ်ကို၎င်း ငါ့ထံမှာဝယ်လော့။ သင်၏မျက်စိမြင်စေခြင်းငှါ၊ မျက်စိ၌မျက်စဉ်းခတ်လော့ဟု သင့်အားငါသည် အကြံပေး၏။
19 Mimi ndiye mwenye kumwonya na kumrudi yeyote ninayempenda. Kwa hiyo kaza moyo, achana na dhambi zako.
၁၉ငါချစ်သမျှသော သူတို့၏အပြစ်ကိုငါစစ်ဆေး၍ သူတို့ကိုဆုံး မတတ်၏။ ထိုကြောင့် ကိုယ်စိတ်ကို ကိုယ်နှိုးဆော်လော့။ နောင်တရလော့။
20 Sikiliza! Mimi nasimama mlangoni na kubisha hodi. Mtu akisikia sauti yangu na kufungua mlango, nitaingia nyumbani kwake na kula chakula pamoja naye, naye atakula pamoja nami.
၂၀ငါသည်တံခါးရှေ့မှာရပ်၍ ခေါက်လျက်နေ၏။ အကြင်သူသည် ငါ၏အသံကို ကြား၍တံခါးကိုဖွင့်အံ့၊ ထိုသူရှိရာသို့ငါဝင်၍ သူနှင့်အတူ စားသောက်မည်။ သူသည်လည်းငါနှင့်အတူ စားသောက်ရလိမ့်မည်။
21 “Wale wanaoshinda nitawaketisha pamoja nami juu ya kiti changu cha enzi, kama vile mimi mwenyewe nilivyoshinda nikaketi pamoja na Baba yangu juu ya kiti chake cha enzi.
၂၁ငါသည်အောင်မြင်၍ ငါ့ခမည်းတော်၏ ပလ္လင်တော်ပေါ်မှာ ခမည်းတော်နှင့်အတူထိုင်နေသကဲ့သို့၊ အောင်မြင်သော သူသည်ငါ၏ ပလ္လင်ပေါ်မှာ ငါနှင့်အတူ ထိုင်နေရသောအခွင့်ကိုငါပေးမည်။
22 “Aliye na masikio, basi, na ayasikie yale Roho anayoyaambia makanisa!”
၂၂ဝိညာဉ်တော်သည် အသင်းတော်တို့အား အဘယ်သို့ မိန့်တော်မူသည်ကို နားရှိသောသူ မည်သည် ကား ကြားပါစေဟုမိန့်တော်မူ၏။