< Wahebrania 11 >
1 Kuwa na imani ni kuwa na hakika ya mambo tunayotumainia; kusadiki kabisa mambo tusiyoyaona.
၁ယုံကြည် ခြင်းသည် မြော်လင့် သောအရာတို့ကို မျက်မှောက် ပြု ခြင်းဖြစ် ၏။ မ မြင် သေးသော အရာ တို့ကို သိမှတ် စွဲလမ်းခြင်းအကြောင်းဖြစ်၏
2 Maana wazee wa kale walipata kibali cha Mungu kwa sababu ya imani yao.
၂ထို ပါရမီကြောင့် ၊ ရှေး လူဟောင်းတို့သည် ချီးမွမ်းတော်မူခြင်းကို ခံရကြ၏
3 Kwa imani sisi tunafahamu kwamba ulimwengu uliumbwa kwa neno la Mungu; vitu vinavyoonekana kutoka vitu visivyoonekana. (aiōn )
၃ယခုမြင် ရသောအရာ တို့သည်၊ အရင်ထင်ရှား သော အရာထဲက မ ဖြစ် ဘဲ၊ လောက ဓါတ်တို့သည် ဘုရားသခင် ၏အမိန့် တော်ကြောင့်သာ တည် သည်ကို ငါတို့သည် ယုံကြည် ခြင်းအားဖြင့်သိကြ ၏ (aiōn )
4 Kwa imani Abeli alimtolea Mungu dhabihu iliyokuwa bora zaidi kuliko ile ya Kaini. Kwa imani yake alikubaliwa na Mungu kuwa mwadilifu; Mungu mwenyewe alizikubali sadaka zake. Kwa imani yake ingawa amekufa, bado ananena.
၄အာဗေလ သည်၊ ကာဣန ပူဇော် သော ယဇ်ထက် သာ၍ မြတ်သောယဇ်ကို၊ ယုံကြည် ခြင်းအားဖြင့်ဘုရားသခင် အားပူဇော် ၏။ ထိုသို့သောယဇ်ကိုပူဇော်၍၊ မိမိဖြောင့်မတ် သည်ဟု သက်သေခံ တော်မူခြင်းကို ရ လေ၏။ အဘယ်သို့နည်းဟူမူကား၊ သူ လှူသောအလှူ ကို ဘုရားသခင် သည် လက်ခံ တော်မူ၏။ သို့ဖြစ်၍ ၊ အာဗေလသည် သေ လွန်သော်လည်း ယခုပင်တရားဟော သေး ၏
5 Kwa imani Henoki alichukuliwa na Mungu, asipate kufa. Hakuonekana tena kwa sababu Mungu alikuwa amemchukua. Maandiko yasema kwamba kabla ya kuchukuliwa kwake, yeye alikuwa amempendeza Mungu.
၅ဧနောက် သည် ယုံကြည် ခြင်းအားဖြင့်သေ ခြင်းနှင့်လွတ် ၍ ဘဝပြောင်း ရ၏။ ဘုရားသခင် သည် သူ့ ကို ဘဝပြောင်း စေတော်မူသောကြောင့် ၊ သူသည် နောက်တစ်ဖန်မ ပေါ် မရှိ။ သူသည်ဘဝမ ပြောင်း မှီ ဘုရားသခင် ၏ စိတ်တော်နှင့်တွေ့ သောသူဖြစ်သည်ဟု သက်သေခံ ခြင်းကို ရလေ၏
6 Basi, pasipo imani haiwezekani kumpendeza Mungu. Kwa maana kila mtu anayemwendea Mungu ni lazima aamini kwamba Mungu yuko, na kwamba huwatuza wale wanaomtafuta.
၆ယုံကြည် ခြင်းမ ရှိလျှင်၊ ဘုရားသခင်၏ စိတ် တော်နှင့်မ တွေ့နိုင်။ အကြောင်းမူကား ၊ ဘုရားသခင့် အထံတော်သို့ ချဉ်းကပ် သောသူ သည်၊ ဘုရားသခင်ရှိ တော်မူသည်ကို၎င်း ၊ ကိုယ်တော် ကို ရှာ သောသူ အား အကျိုးပေး တော်မူသည်ကို၎င်း၊ ယုံကြည် ရ မည်
7 Kwa imani Noa alionywa na Mungu juu ya mambo ya baadaye ambayo hakuweza kuyaona bado. Alimtii Mungu, akajenga ile safina ambamo aliokolewa yeye pamoja na jamaa yake. Kutokana na hayo ulimwengu ulihukumiwa, naye Noa akapokea uadilifu unaotokana na imani.
၇နောဧ သည်မ မြင် သေးသော အမှုအရာ တို့ကို ဖော်ပြ သော ဗျာဒိတ် တော်ကိုခံရပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်ကြောက်ရွံ့ လာသောစိတ်ရှိ၍၊ မိမိ အိမ်သူ အိမ်သားတို့ကို ကယ်တင် ခြင်းငှာ သင်္ဘော ကိုတည် လေ၏ ထိုယုံကြည်ခြင်းအားဖြင့် လောကီသား တို့ကို အပြစ်တင် ၍ ယုံကြည် ခြင်းနှင့် ယှဉ် သော ဖြောင့်မတ် ခြင်းကိုလည်း အမွေ ခံရ၏
8 Kwa imani Abrahamu alimtii Mungu alipoitwa aende katika nchi ambayo Mungu angempa iwe yake. Ingawa hakujua alikokuwa anakwenda, Abrahamu alihama.
၈အာဗြဟံ သည် အမွေ ခံရ လတံ့သောပြည် သို့ ထွက်သွား မည်အကြောင်း၊ ဘုရားသခင်ခေါ် တော်မူသောအခါ၊ သူသည်အဘယ် အရပ်သို့သွားသည် ကို ကိုယ်တိုင်မ သိ ဘဲလျက်၊ ယုံကြည် ခြင်းအားဖြင့်နားထောင် ၍ ထွက်သွား လေ၏
9 Kwa imani aliishi kama mgeni katika nchi aliyoahidiwa na Mungu. Aliishi huko katika hema kama walivyoishi Isaka na Yakobo, ambao pia walishiriki ahadi ileile.
၉သူတစ်ပါး ပိုင်သောပြည်၌ ဧည့်သည်နေသကဲ့သို့ ၊ ဂတိ တော်နှင့် စပ်ဆိုင်သော ပြည် ၌ယုံကြည် ခြင်းအားဖြင့်ဧည့်သည် ဖြစ်၍နေ၏။ ထိုဂတိ တော်ကို အမွေ ခံရသော အဖော်အဖက်တည်းဟူသောဣဇာက် ၊ ယာကုပ် တို့နှင့်အတူ တဲ ၌ နေ လေ၏
10 Maana Abrahamu alikuwa akingojea mji wenye misingi imara, mji ambao Mungu mwenyewe ndiye fundi aliyeubuni na kuujenga.
၁၀အကြောင်းမူကား ၊ ဘုရားသခင် တည်ထောင် ပြုစု တော်မူသော၊ ခိုင်ခံ့မြဲမြံသောမြို့ ကိုမြော်လင့် သတည်း
11 Kwa imani hata Sara aliamini kwamba Mungu hutimiza ahadi zake, kwa hiyo akajaliwa kuchukua mimba ingawaje alikuwa amepita umri.
၁၁သူ ၏ခင်ပွန်းစာရာ သည်လည်း အရွယ် လွန် သောအခါ ၊ ပဋိသန္ဓေ ယူ နိုင်သော အခွင့် တန်ခိုးကို ယုံကြည် ခြင်းအားဖြင့်ခံရလေ၏။ အကြောင်းမူကား ၊ ဂတိ ထားတော်မူသောသူ သည် သစ္စာရှိ သည်ဟု စိတ် စွဲလမ်းခြင်းရှိ၏
12 Kwa hiyo, kutoka katika mtu huyo mmoja, Abrahamu, ambaye alikuwa kama amekufa, walitokea watu wengi wasiohesabika kama vile nyota za mbinguni na mchanga wa pwani.
၁၂သို့ဖြစ်၍ ၊ ထိုအမှုအရာ၌ လူသေ နှင့်တူသော သူတစ်ယောက်သည်၊ အရေအတွက်အားဖြင့်ကောင်းကင် ကြယ် ကဲ့သို့ ၎င်း ၊ သမုဒ္ဒရာ ကမ်း နား၌မ ရေတွက်နိုင်သောသဲလုံး ကဲ့သို့ ၎င်း၊ များစွာ သောသူတို့၏ အဘ ဖြစ် သတည်း
13 Watu hawa wote walikufa wakiwa na imani. Walikufa kabla ya kupokea mambo ambayo Mungu alikuwa ameahidi, lakini kwa mbali waliyaona, wakashangilia, na kukiri wazi kwamba wao walikuwa wageni na wakimbizi duniani.
၁၃ယခုဆိုခဲ့ပြီးသောသူ အပေါင်း တို့သည်၊ ဂတိ တော်နှင့်စပ်ဆိုင်သော အကျိုးကျေးဇူးကိုမ ခံရ ဘဲ၊ အဝေး ကမြော်မြင် လျက်၊ စိတ်နှလုံးနှင့် ဖက်ယမ်း လျက်၊ မိမိတို့သည် မြေကြီး ပေါ်မှာ တစ်ကျွန်း သူတစ်နိုင်ငံသား၊ ဧည့်သည် အာဂန္တုဖြစ်သည် ကို ထင်ရှားစွာဝန်ခံ လျက်၊ ယုံကြည် ခြင်းစိတ်နှင့်သေ လွန်ကြ၏
14 Watu wanaosema mambo kama hayo, huonyesha wazi kwamba wanaitafuta nchi yao wenyewe.
၁၄ထိုသို့ ဝန်ခံသောသူတို့သည် မိမိတို့အဘ ပြည်ကို ရှာ ကြသည်ဟု အတည့်အလင်း ပြောဆို ကြ၏
15 Kama wangalikuwa wanaifikiria nchi walikotoka zamani, wangalipata nafasi ya kurudi huko.
၁၅ထိုသူတို့သည် အထက်ကထွက်သွား သော ပြည် ကို အောက်မေ့ သည်မှန် လျှင် ၊ ထိုပြည်သို့ ပြန် ရသော အခွင့် ရှိ ကြ၏
16 Lakini sasa wanataka nchi iliyo bora zaidi, yaani nchi ya mbinguni. Ndiyo maana Mungu haoni haya wakimwita yeye Mungu wao, kwa sababu yeye mwenyewe amekwisha watayarishia mji.
၁၆ထိုပြည်ကိုမအောက်မေ့ဘဲ၊ ကောင်းကင် ပြည် တည်းဟူသောသာ၍ မြတ်သောပြည်ကို တောင့်တ ခြင်း ရှိကြ၏။ ထိုကြောင့် ၊ ဘုရားသခင် သည် သူ တို့၏ ဘုရား ဟူ၍ခေါ်ဝေါ် ခြင်းကိုရှက် တော်မ မူ၊ သူ တို့နေစရာဘို့ မြို့ ကို တည်ထောင် တော်မူပြီ
17 Kwa imani, Abrahamu alimtoa mwanae Isaka sadaka wakati Mungu alipomjaribu. Huyo Abrahamu ndiye aliyekuwa amepokea ahadi ya Mungu, lakini, hata hivyo, alikubali kumtoa dhabihu mwanae wa pekee,
၁၇အာဗြဟံ သည် စုံစမ်း တော်မူခြင်းကို ခံရသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣဇာက် ကိုပူဇော် ၏
18 ingawa Mungu alikuwa amemwambia: “Wazawa wako watatokana na Isaka.”
၁၈ဣဇာက် ၌ သာသင် ၏ အမျိုး တည်လိမ့်မည်ဟူသောဗျာဒိတ် တော်မှစ၍ ဂတိ တော်များကို ခံရ သော သူ သည်၊ မိမိ၌ တစ်ယောက်တည်းသောထိုသားကို ပူဇော် ၏
19 Abrahamu aliamini kwamba Mungu anaweza kuwafufua wafu: na kwa namna fulani kweli Abrahamu alimpata tena mwanae kutoka wafu.
၁၉ထိုသို့ပူဇော်သောအခါသေ ခြင်းမှ ထမြောက် စေခြင်းငှာ ၊ ဘုရားသခင် တတ်နိုင် တော်မူသည်ကို သူသည် အောက်မေ့ ၏။ ထိုသား ကို ပုံ စကားအားဖြင့် သေခြင်းထဲက ရ ၏
20 Kwa imani Isaka aliwabariki Yakobo na Esau, wapate baraka zitakazokuja baadaye.
၂၀ဣဇာက် သည်လည်း၊ ယုံကြည် ခြင်းအားဖြင့်အနာဂတ် အရာတို့ ကိုအမှတ် ပြု၍ ယာကုပ် နှင့် ဧသော ကို ကောင်းကြီး ပေး၏
21 Kwa imani Yakobo alipokuwa karibu kufa, aliwabariki kila mmoja wa wana wa Yosefu, akamwabudu Mungu akiegemea ile fimbo yake.
၂၁ယာကုပ် သည်လည်း၊ သေ ချိန်နီးသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ယောသပ် ၏ သား နှစ်ယောက်ကို ကောင်းကြီး ပေး၍ ၊ တောင်ဝေး ထိပ် အပေါ်မှာ ကိုးကွယ် လေ၏
22 Kwa imani Yosefu alipokuwa karibu kufa, alinena juu ya kutoka kwa Waisraeli katika nchi ya Misri, na pia akawaachia maagizo kuhusu mifupa yake.
၂၂ယောသပ် သည်သေ ဆဲရှိသောအခါ၊ ယုံကြည် ခြင်းအားဖြင့်ဣသရေလ အမျိုးသား တို့၏ ထွက်မြောက် ခြင်းအရာ ကိုပြ ၍ ၊ မိမိ အရိုး တို့၏ အကြောင်း ကိုမှာထား လေ၏
23 Kwa imani wazazi wa Mose walimficha huyo mtoto kwa muda wa miezi mitatu baada ya kuzaliwa kwake. Walimwona kuwa ni mtoto mzuri, wala hawakuiogopa amri ya mfalme.
၂၃မောရှေ ကို ဘွားမြင် ပြီးမှအဆင်းလှ သော သူငယ် ဖြစ်သည်ကို မိဘတို့သည်မြင် လျှင်၊ ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမိန့် တော်ကို မ ကြောက် ဘဲ သုံး လပတ်လုံးသူ့ကို ဝှက်ထား လေ၏
24 Kwa imani Mose alipokuwa mtu mzima, alikataa kuitwa mwana wa binti Farao.
၂၄မောရှေ သည် အသက်အရွယ်ကြီး သောအခါအပြစ် ရှိသော ကာမဂုဏ် ကို ခဏ ခံစား ခြင်းထက် ၊ ဘုရားသခင် ၏လူ တို့နှင့်အတူညှဉ်းဆဲ ခံရခြင်းကိုသာ၍ အလိုရှိသဖြင့်၎င်း၊
25 Aliona ni afadhali kuteseka pamoja na watu wa Mungu kuliko kufurahia raha ya dhambi kwa kitambo kidogo.
၂၅အဲဂုတ္တု ပြည်၏ စည်းစိမ်ထက် ခရစ်တော် ကြောင့် ကဲ့ရဲ့ ခြင်းဒုက္ခသည် သာ၍ မြတ်သော စည်းစိမ် ဖြစ်သည်ကို စိတ်ထင် သဖြင့်၎င်း၊ ယုံကြည် ခြင်းစိတ်ရှိ၍ ဖာရော ဘုရင်သမီး ၏သား ဟူ၍ခေါ်ဝေါ် ခြင်းအခွင့်ကိုပယ် ၏
26 Alitambua kwamba kuteseka kwa ajili ya Masiha kuna faida kubwa zaidi kuliko utajiri wote wa nchi ya Misri, maana alikuwa anatazamia tuzo la baadaye.
၂၆အကြောင်းမူကား ၊ နောက် ရလတံ့သောအကျိုး ကို ထောက်စာ မြော်လင့်လျက်နေ၏
27 Kwa imani Mose alihama kutoka nchi ya Misri bila kuogopa hasira ya mfalme; na wala hakurudi nyuma, kwani alikuwa kama mtu aliyemwona yule Mungu asiyeonekana.
၂၇ယုံကြည် ခြင်းအားဖြင့်ရှင်ဘုရင် အမျက် ကို မ ကြောက် ဘဲ၊ အဲဂုတ္တု ပြည်ကိုစွန့်သွား ၏။ အကြောင်းမူကား ၊ မျက်မြင် မရသော ဘုရားသခင်ကို မြင် ရဘိသကဲ့သို့ တည်ကြည် ခြင်းရှိ၏
28 Kwa imani aliadhimisha siku ya Pasaka, akaamuru damu inyunyizwe juu ya milango, ili yule Malaika Mwangamizi asiwaue wazaliwa wa kwanza wa Israeli.
၂၈သားဦး များကို ဖျက်ဆီး သောသူ သည် ဣသရေလ လူတို့ကို ဒဏ် မ ခတ်စေခြင်းငှာ ၊ ယုံကြည် ခြင်းအားဖြင့်ပသခါ ပွဲကို၎င်း ၊ အသွေး ဖြန်းဆွတ် ခြင်းကို၎င်း စောင့် လေ၏
29 Kwa imani watu wa Israeli walivuka bahari ya Shamu, kana kwamba ilikuwa nchi kavu; lakini Wamisri walipojaribu kufanya hivyo walikufa maji.
၂၉ဣသရေလလူတို့သည် ကုန်းကြောင်း သွား သကဲ့သို့ ၊ ယုံကြည် ခြင်းအားဖြင့်ဧဒုံ ပင်လယ် အလယ်၌ ရှောက်သွား ရကြ၏။ ထို သူတို့ နည်းတူအဲဂုတ္တု လူတို့သည် သွား မည်အားထုတ် သောအခါ နစ်မြုပ် ကြ၏
30 Kwa imani kuta za mji wa Yeriko zilianguka watu wa Israeli walipokwisha zunguka kwa muda wa siku saba.
၃၀ယေရိခေါ မြို့ကို ခုနစ် ရက် ပတ်လုံး ဝိုင်း ၍ လှည့်ပြီးမှ၊ ယုံကြည် ခြင်းအားဖြင့်မြို့ရိုး သည် ပြိုလဲ ၏
31 Kwa imani Rahabu aliyekuwa malaya hakuangamia pamoja na wale waliomwasi Mungu, kwa sababu aliwakaribisha wale wapelelezi.
၃၁ပြည်တန်ဆာ ရာခပ် သည် သူလျှို တို့ကို အဆွေ ဖွဲ့၍ လက်ခံ သောကြောင့်၊ မယုံကြည် သောသူ တို့နှင့်အတူမ ပျက်စီး ဘဲ၊ ယုံကြည် ခြင်းအားဖြင့်ချမ်းသာရ၏
32 Basi, niseme nini zaidi? Wakati hauniruhusu kueleza juu ya Gedeoni, Baraki, Samsoni, Yeftha, Daudi, Samweli na manabii.
၃၂ထိုမှတစ်ပါး ၊ အဘယ်သို့ ပြော စရာရှိသေး သနည်း။ ဂိဒေါင် ၊ ဗာရက် ၊ ရှံဆုန် ၊ ယေဖသ ၊ ဒါဝိဒ် ၊ ရှမွေလ မှစ၍ ပရောဖက် တို့အကြောင်း များကို ပြော ၍မကုန်နိုင်
33 Kwa imani hawa wote walipigana vita na wafalme, wakashinda. Walitenda mambo adili, wakapokea yale aliyoahidi Mungu. Walifunga vinywa vya simba,
၃၃ထိုသူ တို့သည် ယုံကြည် ခြင်းအားဖြင့် အခြားသောတိုင်း နိုင်ငံကိုအောင် ခြင်း၊ တရား သဖြင့် စီရင် ခြင်း၊ ဂတိ တော်ကိုဝင်စား ခြင်း၊ ခြင်္သေ့ နှုတ် ကိုပိတ် ခြင်း၊
34 Walizima mioto mikali, waliepuka kuuawa kwa upanga. Walikuwa dhaifu lakini walipata nguvu. Walikuwa hodari katika vita wakashinda majeshi ya kigeni.
၃၄မီး အရှိန် ကိုငြိမ်း စေခြင်း ဓား လက်နက်ဘေး နှင့်ကင်းလွတ် ခြင်း၊ အနာ မှ ထမြောက်၍ကျန်းမာ ခြင်း၊ စစ်တိုက် သောအခါ ခွန်အား နှင့်ပြည့်စုံ ခြင်း၊ တစ်ပါး အမျိုးသားတို့၏ တပ် များကို ဖျက်ဆီး ခြင်းအမှုများကို ပြုကြ၏
35 Na, wanawake walioamini walirudishiwa wafu wao wakiwa wamefufuliwa. Baadhi yao walikataa kufunguliwa, wakateswa mpaka kufa ili wapate kufufuliwa na kuingia katika maisha bora zaidi.
၃၅မိန်းမ တို့သည်လည်း၊ သေ ခြင်းမှ ထမြောက် သော မိမိ တို့သားကို ရ ပြန်ကြ၏။ အချို့ သောသူတို့သည်၊ သာ၍ မြတ်သော ထမြောက် ခြင်းသို့ ရောက် လိုသောငှာ၊ လွှတ် ခြင်းကိုမ ခံ မယူဘဲ ပြင်းစွာ သောညှဉ်းဆဲခြင်းကို ခံကြ၏
36 Wengine walidhihakiwa na kupigwa mijeledi, na wengine walifungwa minyororo na kutupwa gerezani.
၃၆အချို့ သောသူတို့သည် ကဲ့ရဲ့ ရိုက်ပုတ် ခြင်း၊ ချည်နှောင် ခြင်းကိုခံ၍ ထောင် ထဲမှာနေရသဖြင့်၊ စုံစမ်း ခြင်း ကို ခံရ ကြ၏
37 Walipigwa mawe, walipasuliwa vipandevipande, waliuawa kwa upanga. Walizungukazunguka wakiwa wamevaa ngozi za kondoo na ngozi za mbuzi, walikuwa watu maskini, walioteswa na kudhulumiwa.
၃၇ကျောက်ခဲ နှင့်ပစ်ခြင်း၊ လွှ နှင့်အပိုင်းပိုင်းတိုက်ဖြတ်ခြင်း၊ စုံစမ်း နှောင့်ရှက်ခြင်း၊ ဓား လက်နက်နှင့် ကွပ်မျက် ခြင်းခံရကြ၏။ အလွန်ဆင်းရဲ လျက် ညှဉ်းဆဲ နှိပ်စက်ခြင်းကိုခံလျက်၊ သိုးရေ ၊ ဆိတ် ရေ ကို ဝတ်၍ လှည့်လည် ရကြ၏
38 Ulimwengu haukustahili kuwa na watu hao. Walitangatanga jangwani na mlimani, wakaishi katika mashimo na mapango ya ardhi.
၃၈ဤလောက သည် ထိုသူ တို့နှင့် မ ထိုက် မတန်။ သူတို့သည် တော ကြိုတောင် ကြား၊ ဥမင် မြေ တွင်း ထဲမှာ အပြောင်းပြောင်း အလည်လည်နေရကြ၏
39 Watu hawa wote walionekana kuwa mashujaa kwa sababu ya imani yao. Hata hivyo, hawakupokea yale ambayo Mungu aliwaahidia,
၃၉ထိုသူ အပေါင်း တို့သည် ယုံကြည် ခြင်းအားဖြင့် ချီးမွမ်းခြင်းသို့ ရောက်သော်လည်း၊ ဂတိ တော်အတိုင်း အကျိုးကျေးဇူးကို မ ခံရ ကြ
40 maana Mungu alikuwa ameazimia mpango ulio bora zaidi kwa ajili yetu; yaani wao wangeufikia ukamilifu wakiwa pamoja nasi.
၄၀အဘယ်ကြောင့်နည်း ဟူမူကား၊ ထိုသူတို့သည် ငါ တို့မ ပါဘဲ စုံလင် ခြင်းသို့မ ရောက်ရမည်အကြောင်း ၊ ဘုရားသခင် သည် ငါ တို့အဘို့ အလိုငှာသာ၍ မြတ်သော ကျေးဇူး ကိုကြံစည် တော်မူ၏။