< Zekaria 8 >

1 Neno la Yahwe wa majeshi likanijia kusema,
တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ဆီသို့ ရောက် လာ၍၊
2 “Yahwe wa majeshi asema hivi: Nina huzuni kwa ajili ya Sayuni kwa wivu mkuu na ninamaumivu kwa hasira nyingi!
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါသည် ဇိအုန် တောင်အဘို့ အလွန် စိတ် အားကြီးပြီ။ အလွန် အမျက် ထွက်၍ သူ့ အဘို့ စိတ် အားကြီးပြီ။
3 Yahwe wa majeshi asema hivi: Nitairudia Sayuni nami nitakaa kati ya Yerusalemu, kwa kuwa Yerusalemu itaitwa mji wa kweli na mlima wa Yahwe wa majeshi utaitwa Mlima Mtakatifu!
ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဇိအုန် တောင်သို့ ငါပြန် လာပြီ။ ယေရုရှလင် မြို့ထဲမှာ နေ မည်။ ယေရုရှလင် မြို့ ကို သမ္မာ မြို့ဟူ၍၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား ၏ တောင် တော်ကို သန့်ရှင်း သောတောင် ဟူ၍၎င်း သမုတ် ကြ လိမ့်မည်။
4 Yahwe wa majeshi asema hivi: Kwa mara nyingine tena kutakuwa na vikongwe katika mitaa ya Yerusalemu, na kila mtu ataitaji mkongojo mkononi mwake kwa vile alivyo mzee.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ အို သော ယောက်ျားမိန်းမ၊ အသက်ကြီး၍ တောင်ဝေး ကိုင် သောသူ အပေါင်း တို့သည် ယေရုရှလင် မြို့လမ်း တို့၌ နေ ကြလေဦးမည်။
5 Pia mitaa ya mji itajazwa na vijana wa kiume na kike wachezao.
မြို့ လမ်း တို့သည်လည်း ကစား သော သူငယ် ယောက်ျားမိန်းမ တို့နှင့် အပြည့်ရှိကြလိမ့်မည်။
6 Yahwe wa majeshi asema hivi: ikiwa jambo laonekana haliwezekani katika macho ya masalia ya watu hawa katika siku hizo, je haliwezekani pia machoni pangu? - asema Yahwe.
တဖန် မိန့်တော်မူသည်ကား၊ ထို အမှုသည် ယခု ကာလ တွင် ကျန်ကြွင်း သော ဤ လူ တို့ မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်သော်လည်း ၊ ငါ့မျက်မှောက် ၌ အံ့ဩဘွယ် ဖြစ်ရာသလောဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။
7 Yahwe wa majeshi asema hivi: Tazama, nipo tayari kuwaokoa watu wangu kutoka nchi ya mawio na ya machweo ya jua!
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ ၏လူ တို့ကို အရှေ့ ပြည် မှ ၎င်း ၊ အနောက် ပြည် မှ ၎င်း ငါ ကယ်တင် ၍ ၊
8 Kwa maana nitawarudisha tena, nao wataishi ndani ya Yerusalemu, hivyo watakuwa watu wangu tena, nami nitakuwa Mungu wao katika kweli na utakatifu!
ဆောင် ခဲ့သဖြင့် သူ တို့သည် ယေရုရှလင် မြို့ထဲမှာ နေ ရကြလိမ့်မည်။ သစ္စာ တရားနှင့် ဖြောင့်မတ် ခြင်း တရားအားဖြင့် ၊ သူတို့သည် ငါ ၏ လူ ဖြစ် ၍ ငါ သည်လည်း သူ တို့၏ဘုရား သခင်ဖြစ် လိမ့်မည်။
9 Yahwe wa majeshi asema hivi: Ninyi mnaoendelea kusikia maneno yaleyale yaliyotoka katika vinywa vya manabii msingi wa nyumba yangu ulipowekwa - hii nyumba yangu, Yahwe wa majeshi: Itieni nguvu mikono yenu ili hekalu lijengwe.
ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ဗိမာန် တော်ကို တည်ဆောက် ခြင်းငှါ ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ အိမ် တော် တိုက်မြစ် ကို ချသောကာလ ၌ရှိသောပရောဖက် တို့ ဟောပြော သော ဤ စကား ကို ယခု ကာလ၌ ကြား သောသူတို့ ၊ သင် တို့လက် ကို အားကြီး စေကြလော့။
10 Kwani kabla ya siku hizo hakuna mazao yaliyokusanywa na yeyote ndani yake, hakukuwa na faida siyo kwa mtu hata mnyama, na hakukuwa na amani kutoka kwa adui kwa kila aliyekwenda au kuja. Nilimfanya kila mtu kuwa kinyume cha mwenzake.
၁၀ထို ကာလ အထက် ၌ လူ ခံရသောအကျိုး မ ရှိ ။ တိရစ္ဆာန် ခံရသောအကျိုး မ ရှိ။ ထွက် ဝင် သော သူတို့ သည် ရန်သူ ရှိသောကြောင့် ချမ်းသာ မ ရကြ။ ငါသည် လူ အပေါင်း တို့ကို တယောက် နှင့်တယောက် ရန်ဘက် ဖြစ်စေ ၏။
11 Lakini sasa haitakuwa kama mwanzo, nitakuwa pamoja na masalia ya watu hawa - asema Yahwe wa majeshi.
၁၁ယခု မူကား ၊ ကျန်ကြွင်း သော ဤ လူ တို့၌ ငါ သည် အရင် ကဲ့သို့ မ ပြုဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
12 Kwani mbegu za amani zitapandwa; mzabibu unaokua utatoa matunda yake na nchi itatoa mazao yake; anga zitatoa umande, kwa maana nitawapa masalia ya watu hawa kumilki haya yote.
၁၂မျိုးစေ့ ကို ငြိမ်ဝပ် စွာ ကြဲ ရလိမ့်မည်။ စပျစ် ပင် သည် အသီး ကို၎င်း ၊ မြေ သည် မိမိ စီးပွား ကို၎င်း၊ မိုဃ်းကောင်းကင် သည် နှင်း ရည်ကို၎င်း ၊ ပေး ရ လိမ့်မည်။ ကျန်ကြွင်း သော ဤ လူ တို့သည် ဤ အရာအလုံးစုံ တို့ကို ရ တတ်စေခြင်းငှါ ငါပြုမည်။
13 Ulikuwa mfano wa laana kwa mataifa mengine, enyi nyumba ya Yuda na nyumba ya Israeli. Hivyo nitawaokoa nanyi mtakuwa baraka. Msiogope; haya mikono yenu itiwe nguvu!
၁၃အိုယုဒ အမျိုး နှင့် ဣသရေလ အမျိုး တို့၊ သင်တို့သည် တပါး အမျိုးတို့တွင် ကျိန်ဆဲ ရာဖြစ် ဘူးသကဲ့သို့ ၊ ကောင်းကြီး ခံရာဖြစ် စေခြင်းငှါငါကယ်တင် မည်။ မ စိုးရိမ် ဘဲ လက် အားကြီး ကြလော့။
14 Kwa maana Yahwe wa majeshi asema hivi: Kama nilivyopanga kuwatenda mabaya babu zenu walipochokoza hasira yangu - asema Yahwe wa majeshi - na wala sikujuta,
၁၄ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ သင် တို့၏ ဘိုးဘေး တို့သည် ငါ့ အမျက် ကို နှိုးဆော်ကြသောအခါအပြစ် ပြုမည်ဟု ငါသည် နောင်တ မ ရဘဲ ကြံ သကဲ့သို့ ၊
15 ndivyo nitakavyoazimia kuutenda mema tena Yerusalemu na nyumba ya Yuda katika siku hizi! Msiogope!
၁၅တဖန် ယခု ကာလ ၌ ယေရုရှလင် မြို့နှင့် ယုဒ အမျိုး ကို ကျေးဇူး ပြုမည်ဟု ငါကြံ ပြန် ၏။ မ စိုးရိမ် ကြနှင့်ဟု ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
16 Haya ndiyo mambo mnayopaswa kufanya: Kasemeni kweli, kila mtu na jirani yake. Hukumuni kwa haki, usawa na amani katika malango yenu.
၁၆သင်တို့ကျင့် ရမည်အကျင့် ဟူမူကား ၊ သင် တို့ရှိသမျှသည် တယောက် နှင့်တယောက်မှန် သော စကားကို ပြော ကြလော့။ မြို့တံခါးဝ မှာ ဖြောင့်မတ် စွာ စီရင်၍ ၊ တရား တွေ့သည့်အမှုကို ငြိမ်း စေခြင်းငှါဆုံးဖြတ် ကြလော့ ။
17 Na asiwepo miongoni mwenu anayeazimu uovu moyoni mwake dhidi ya jirani yake, wala kuvutwa na viapo vya uongo; kwani haya yote ndiyo mambo ninayoyachukia! - asema Yahwe.”
၁၇တယောက် ကိုတယောက်အဘယ်သူမျှမ ကောင်းသောအကြံကို မ ကြံ ကြနှင့်။ မ မှန်သော ကျိန်ဆို ခြင်းကို မ နှစ်သက် ကြနှင့်။ ထိုသို့ သော အမှု ရှိသမျှ တို့ကို ငါမုန်း သည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
18 Kisha neno la Yahwe wa majeshi likanijia kusema,
၁၈တဖန် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
19 “Yahwe wa majeshi asema hivi: Mifungo ya mwezi wa nne, mwezi wa tano, mwezi wa saba na mwezi wa kumi itakuwa nyakati za furaha ya kila aina, kwa nyumba ya Yuda! Kwa hiyo pendeni kweli na amani!
၁၉ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ စတုတ္ထ လတွင် အစာရှောင် ခြင်း၊ ပဉ္စမ လတွင် အစာရှောင် ခြင်း၊ သတ္တမ လတွင် အစာရှောင် ခြင်း၊ ဒသမ လတွင် အစာရှောင် ခြင်းတို့သည် ယုဒ အမျိုး ဝမ်းမြောက် ရွှင်လန်း ၍ ပွဲ လုပ်ရာ ကာလဖြစ် ကြလိမ့်မည်။ ဖြောင့်မတ် ခြင်းတရား၊ ငြိမ်ဝပ် ခြင်းတရားကို နှစ်သက် ကြလော့။
20 Yahwe wa majeshi asema hivi: Watu watakuja tena, hata wanaoishi miji mingine.
၂၀ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား ၊ များစွာ သော မြို့ သူရွာသား၊ လူ အမျိုးမျိုးတို့သည် လာ ကြလိမ့်မည်။
21 Watu wa mji mmoja watakwenda mji mwingine na kusema, “Haya twendeni haraka mbele ya Yahwe tukaombe na kumtafuta Yahwe wa majeshi! Sisi wenyewe tunakwenda pia.
၂၁မြို့တမြို့ ၌နေ သောသူသည် အခြား မြို့တမြို့၌ နေသောသူတို့ ဆီသို့ သွား ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ ၎င်း ၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ရှာ ခြင်းငှါ ၎င်း ဧကန် အမှန် သွား ကြကုန်အံ့။ ငါလည်း သွား မည်ဟု ခေါ် ကြလိမ့်မည်။
22 Watu wengi na mataifa yenye nguvu yatakuja kumtafuta Yahwe wa majeshi huko Yerusalemu na kuomba upendeleo kwa Yahwe!
၂၂ကြီး သော တိုင်း နိုင်ငံသား၊ လူ အမျိုးမျိုး တို့သည် ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ကို ယေရုရှလင် မြို့၌ ရှာ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ ဆုတောင်း ခြင်းငှါ လာ ကြလိမ့်မည်။
23 Yahwe wa majeshi asema hivi: Katika siku hizo watu kumi kutoka katika kila lugha na taifa watashika upindo wa kanzu zenu na kusema, “Haya sisi nasi tutakwenda pamoja nanyi, kwani tumesikia kwamba Mungu yu pamoja nayi!”
၂၃ထိုကာလ ၌ ဘာသာ အသီး အသီးကို ပြော တတ် သော လူ အမျိုးမျိုးတို့တွင် တကျိပ် သော လူ တို့သည်။ ယုဒ လူဖြစ်သောသူ ၏အဝတ်စွန်း ကို ကိုင် လျက် ၊ ဘုရား သခင်သည် သင် နှင့်အတူ ရှိတော်မူသည်ဟု အကျွန်ုပ်တို့သည် ကြားသိ ၍ ၊ သင် တို့နှင့်အတူ လိုက် ပါမည်ဟု ဆို ကြလိမ့်မည်ဟု ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ၏။

< Zekaria 8 >