< Zekaria 5 >
1 Kisha nikageuka na kuinua macho yangu, nami nikaona, tazama, gombo lirukalo!
၁တဖန် ငါမျှော်ကြည့်၍၊ ပျံဝဲလျက်ရှိသော စာ စောင်ကို မြင်၏။
2 Malaika akaniuliza, “Unaona nini?” Nikajibu, “Ninaona gombo lirukalo, urefu wake dhiraa ishirini na upana wake dhiraa kumi.”
၂ကောင်းကင်တမန်ကလည်း၊ သင်သည် အဘယ် အရာကို မြင်သနည်းဟု မေးလျှင်၊ ပျံဝဲလျက်ရှိသော စာစောင်ကို မြင်ပါ၏။ အလျားအတောင်နှစ်ဆယ်၊ အနံ အတောင်တဆယ်ရှိပါသည်ဟု လျှောက်၏။
3 Ndipo aliponiambia, “Hii ni laana iendayo juu ya uso wa nchi yote, kwani tangu sasa kila mwivi ataondolewa kulingana na lisemavyo upande mmoja, wakati kila aapaye kiapo cha uongo ataondolewa kulingana na lisemavyo upande mwingine, kwa kadili ya maneno yake.
၃ကောင်းကင်တမန်ကလည်း၊ ထိုစာစောင်သည် တပြည်လုံးကို နှံ့ပြားသော ကျိန်ခြင်းဖြစ်၏။ ခိုးတတ်သော သူရှိသမျှတို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ်ဖြတ်ခြင်းကို ခံရကြမည်။ အကျိန်ရဲသော သူရှိသမျှ တို့သည်၊ ထိုစာစောင်တဘက်၌ ပါသည်အတိုင်း ပယ် ဖြတ်ခြင်းကို ခံရကြမည်။
4 “Nitalituma - asema Yahwe wa majeshi - hivyo litaingia nyumbani mwa mwivi na nyumbani mwa aapaye kwa uongo kwa jina langu. Litasalia nyumbani mwake na kuteketeza mbao na mawe yake.”
၄ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့် တော်မူသည်ကား၊ ထိုစာစောင်ကို ငါထုတ်ဘော်မည်။ ခိုး တတ်သော သူ၏အိမ်ထဲသို့၎င်း၊ ငါ့နာမကို တိုင်တည်၍ မမှန်သောကျိန်ဆိုခြင်းကို ပြုသောသူ၏ အိမ်ထဲသို့၎င်း ဝင်၍ နေရာကျသဖြင့်၊ သစ်သားများ၊ ကျောက်များနှင့် တကွ ထိုအိမ်ကိုစားလိမ့်မည်ဟု မိန့်တော်မူ၏။
5 Ndipo malaika aliyekuwa akisema nami alipoenda nje na kuniambia, “Inua macho yako uone kinachokuja!”
၅တဖန် ငါနှင့်ပြောဆိုသော ကောင်းကင်တမန် သည် ထွက်၍၊ ယခုထွက်လာသောအရာကို မျှော်ကြည့် လော့ဟု ငါ့အားဆိုလျှင်၊
6 Nikasema, “Ni nini hiki?” Akasema, “Hiki ni kikapu kilicho na efa ijayo. Huu ni uovu wao katika nchi yote.”
၆ထိုအရာကား အဘယ်အရာနည်းဟု ငါမေး သော်၊ ထိုအရာသည် ထွက်သွားသော ဧဖာဖြစ်သည်ဟူ၍ ၎င်း၊ ထိုအရာသည် တပြည်လုံး၌ သူတို့၏အကြံအစည်ဖြစ် သည်ဟူ၍၎င်း ဆို၏။
7 Kisha mfuniko wa risasi ukainuliwa kutoka ndani ya kikapu na kulikuwa na mwanamke chini yake amekaa ndani yake!
၇ခဲအခွက်တဆယ်ကိုလည်း အထက်သို့ ချီ မြှောက်၍ မိန်းမတယောက်သည် ဧဖာထဲ၌ ထိုင်သည်ကို ငါမြင်၏။
8 Malaika akasema, “Huu ni uovu!” na akamtupa tena kikapuni, na kurusha mfuniko wa risasi mlango pake.
၈ကောင်းကင်တမန်ကလည်း၊ ထိုမိန်းမသည် ဒုစရိုက်အပြစ်ဖြစ်၏ဟုဆိုလျက်၊ သူ့ကို ဧဖာထဲကို ချထား ၍ ဧဖာအဝပေါ်မှာ ခဲပြားကို တင်လေ၏။
9 Nilipoinua macho nikaona wanawake wawili wakija kwangu, na upepo ulikuwa ndani ya mabawa yao - walikuwa na mabawa kama mabawa ya korongo. Wakainua kikapu kati ya mbingu na nchi.
၉တဖန် ငါမျှော်ကြည့်၍၊ တောငန်း၏အတောင် ကဲ့သို့၊ အတောင်ရှိသော မိန်းမနှစ်ယောက်တို့သည်၊ အတောင်တို့၌ ဝိညာဉ်ပါလျက် ထွက်လာ၍၊ ထိုဧဖာကို မြေကြီးနှင့် မိုဃ်းကောင်းကင်စပ်ကြားသို့ ချီသွားကြ၏။
10 Hivyo nikamwuliza malaika aliyesema nami, “Wanapeleka wapi kikapu?”
၁၀ထိုဧဖာကို အဘယ်သို့ ချီသွားကြသနည်းဟု ငါနှင့် ပြောဆိုသော ကောင်းကင်တမန်အား ငါမေးသော်၊
11 Akaniambia, “Wanakwenda kujengea hekalu katika nchi ya Shinari kwa ajili yake, hekalu litakapokuwa tayari, kikapu kitawekwa kwenye msingi ulioandaliwa kwa ajili yake.”
၁၁ရှိနာပြည်၌ ဧဖာအဘို့ အိမ်ဆောက်ခြင်းငှါ ချီသွားကြ၏။ ထိုပြည်၌ သူ၏ခုံပေါ်မှာ တင်ထား၍ နေရာချကြလိမ့်မည်ဟု ဆို၏။