< Wimbo wa Sulemani 7 >
1 Jinsi gani miguu yako ilivyo yaonekana mizuri kwenye viatu, binti wa mfalme! Mapaja yako ni kama mikufu, kama kazi ya mjenzi.
၁အိုမင်းသမီး ၊ ခြေနင်း စီးလျက် ၊ သင် ၏ခြေ တို့ သည် အလွန် တင့်တယ် ပါ၏။ သင် ၏ခါးဆစ် တို့သည် လိမ္မာ သောသူ ပြုပြင် သောကျောက်ကောင်းရတနာ ကဲ့သို့ ဖြစ်ကြပါ၏။
2 Kitovu chako ni kama duara la bakuli; kamwe kisikose mchanganyiko wa mvinyo. Tumbo lako ni kama ngano iliyo umuka na kuzungushiwa nyinyoro.
၂သင် ၏ခါး သည် အရည် နှင့်ပြည့် သော ဖလား လုံး ဖြစ်ပါ၏။ ဝမ်း သည်လည်း နှင်းပန်း စီချယ် သော စပါး ပုံ ဖြစ်ပါ၏။
3 Maziwa yako mawili ni kama watoto wawili wa ayala, mapacha wa ayala.
၃သင် ၏ရင်သား နှစ်ဘက် တို့သည် ဒရယ် သငယ် အမွှာ နှင့် တူကြပါ၏။
4 Shingo yako ni kama mnara wa pembe; macho yako ni kama maziwa ya Heshiboni kwenye lango la Bathi Rabimu. Pua yako ni kama mnara wa Lebanoni ambao watazama Damasko.
၄လည်ပင်း သည်ဆင်စွယ် ရဲတိုက် ကဲ့သို့ ၎င်း၊ မျက်စိ တို့သည် ဟေရှဘုန် မြို့၊ ဗာသရဗ္ဗိမ် တံခါး နား မှာ ရှိသောရေကန် ကဲ့သို့၎င်း၊ နှာခေါင်း သည် ဒမာသက် မြို့သို့ မျက်နှာ ပြုသော လေဗနုန် ရဲတိုက် ကဲ့သို့ ၎င်း ဖြစ်ပါ၏။
5 Kichwa chako ni kama Karmeli; nywele kichwani mwako ni za zambarau nyeusi. Mfalme amestaajabishwa na vifundo vyake vya nywele.
၅သင် ၏ဦခေါင်း သည် ကရမေလ တောင်နှင့် တူ ၍၊ ဆံပင် သည်လည်း နီမောင်း သော တန်ဆာဆင်ပါ ၏။ မင်းကြီး သည် ကျစ် သောဆံပင်နှင့် နှောင်ဖွဲ့ လျက် ရှိတော်မူ၏။
6 Jinsi gani ulivyo mzuri na wakupendeza, mpenzi, na mazuri yako.
၆ငါချစ် သောနှမ၊ ငါပျော်မွေ့ ဘို့ရာ သင်သည် အလွန် လှ ပေ၏။ အလွန် ချစ် ဘွယ်သော လက္ခဏာနှင့် ပြည့်စုံပေ၏။
7 Urefu wako ni wa kama mti wa mtende, na maziwa yako kama vifungu vya matunda.
၇သင် ၏အရပ် သည် စွန်ပလွံ ပင်ကဲ့သို့ဖြစ်၍၊ သင် ၏ရင်သား တို့လည်း စွန်ပလွံသီး ပြွတ်နှင့်တူ ကြ၏။
8 Niliwaza, “Ninataka kuupanda huo mti wa mtende; nitashika matawi yake.” Maziwa yako nayawe kama vifungu vya mizabibu, na harufu ya pua yako yawe kama mapera.
၈စွန်ပလွံ ပင်ကို ငါတက် မည်၊ အကိုင်း အခက် တို့ကို ကိုင် မည်ဟု ငါဆို သော် ၊ တဖန်သင် ၏ရင်သား တို့ သည် စပျစ်သီး ပြွတ် ကဲ့သို့ ၎င်း၊ သင် ရှူ သောအသက်အနံ့ သည် ရှောက်ချိုသီး အနံ့ကဲ့သို့ ၎င်း ၊
9 Mdomo wako na uwe kama mvinyo bora, ukishuka taratibu kwa mpenzi wangu, ukiteleza kwenye midomo yetu na meno. Mwanamke mdogo akizungumza mwenyewe
၉သင် ၏နှုတ် သည်လည်း အကောင်းဆုံး သော စပျစ်ရည် ကဲ့သို့ ၎င်း ဖြစ်၏။ ထိုစပျစ်ရည်သည် ငါ ချစ် ရာသခင်အဘို့ ဖြောင့် စွာ စီး တတ်ပါ၏။ အိပ်ပျော် သောသူတို့၏နှုတ်ခမ်း သို့ အမှတ်တမဲ့ရောက် တတ်ပါ၏။
10 Mimi ni wa mpenzi wangu, na ananitamani.
၁၀ငါ ချစ် ရာသခင်သည် ငါ့ ကိုဆိုင် တော်မူ၏။ ငါ့ အလို သို့လည်း လိုက်တော်မူတတ်၏။
11 Njoo, mpenzi wangu, twende nje ya mji; tu lala usiku kwenye vijiji.
၁၁ကြွလာ တော်မူပါ၊ ငါ ချစ် ရာသခင်။ ကြွလာတော်မူ ပါ။ တော အရပ်သို့ ထွက်သွား ၍ ရွာ တို့၌ ညဉ့် ကိုလွန်စေ ကြကုန်အံ့။
12 Tuamke mapema twende kwenye mashamba ya mizabibu; tuone kama mizabibu imemea, kama imechipua, na kama mikomamanga imetoa mau. Pale nitakupa penzi langu.
၁၂နံနက် စောစောထ၍ စပျစ် ဥယျာဉ်သို့ သွားကြကုန်အံ့။ စပျစ်နွယ်ပင် သန်သည်မသန်သည်ကို၎င်း၊ အပွင့်များသည် မများသည်ကို၎င်း၊ သလဲပင်ပွင့်သည် မပွင့်သည်ကို၎င်း၊ ကြည့်ရှု ကြကုန်အံ့။ ထို အရပ်၌ ကျွန်မ ၏ မေတ္တာ ကို ကိုယ်တော် ၌ အပ်ပေး ပါမည်။
13 Mitunguja ya toa harufu yake; katika mlango wa tunapoishi kuna kila aina ya matunda, mpya na ya kale, niliyo kuhifadhia, mpenzi wangu.
၁၃အနု ဆေးပင်တို့သည် မွှေးကြိုင် ကြပါ၏။ ငါ တို့ တံခါး နား မှာ ချို သောအသီးမျိုး အသစ် အဟောင်း တို့ကို ကိုယ်တော် ဘို့ ကျွန်မသိုထား ပါပြီ၊ ငါ ချစ် ရာသခင်။