< Ruth 4 >
1 Ndipo Boazi akaenda kwenye lango la Bethelehemu na kukaa chini. Muda mfupi tu akaja ndugu wa karibu ambaye Boazi alimuongelea. Boazi akamwambia, “Rafiki yangu, njoo hapa na uketi. Kisha mtu huyo akaja na kuketi.
၁ဗောဇသည်မြို့တံခါးဝရှိတရားစီရင်ရာ ဌာနသို့ သွား၍ထိုင်လျက်နေ၏။ ထိုအခါ ဧလိမလက်၏အရင်းအချာဆုံးသောဆွေ မျိုးသားချင်းဖြစ်သူသည် ရောက်ရှိလာလေ သည်။ ထိုသူကားယခင်ကဗောဇဖော်ပြခဲ့ သူပင်ဖြစ်၏။ ဗောဇကသူ့အား``မိတ်ဆွေ၊ ဤ နေရာသို့လာ၍ထိုင်ပါလော့'' ဟုဆိုသဖြင့် သူသည်လာ၍ထိုင်၏။-
2 Ndipo Boazi akakusanya viongozi kumi wa mji na kusema, “Katini hapa.” Hivyo wakaketi.
၂ထိုနောက်ဗောဇသည်အကြီးအကဲတစ်ကျိပ် ကိုလည်းပင့်ဖိတ်ပြီးလျှင် ထိုအရပ်တွင်ထိုင် စေ၏။ သူတို့ထိုင်ကြသောအခါ၊-
3 Boazi alimwambia yule jamaa wa karibu, “Naomi aliyerudi kutoka mji wa Moabu, anauza sehemu ya aridhi ambayo ilikuwa ni miliki ya kaka yetu Elimeleki.
၃သူသည်မိမိ၏သားချင်းအား``ယခုအခါ နောမိသည်မောဘပြည်မှပြန်လာပြီ။ သူ သည်ငါတို့သားချင်းဧလိမလက်ပိုင် သည့်လယ်မြေကိုရောင်းချလိုပါသည်။-
4 Nilifikiria kukujulisha na kukwambia, 'Inunue mbele ya hawa waliokaa hapa, na mbele ya viongozi wa watu wangu.' Ikiwa utapenda kuikomboa, ikomboe. Lakini ikiwa hauhitaji kuikomboa, uniambie, ili nijue, kwa kuwa hakuna mwingine wa kuikomboa isipokuwa wewe, na mimi ni mdogo wako.” Ndipo huyo mtu mwingine akasema, “Nitalikomboa.”
၄ဤအကြောင်းကိုသင်သိသင့်သည်ဟု ငါထင် မြင်ပါ၏။ အကယ်၍သင်ဝယ်လိုပါကယခု ထိုင်လျက်နေသည့်လူကြီးများ၏ရှေ့မှောက် တွင်ဝယ်ယူပါလော့။ သို့ရာတွင်မဝယ်လိုလျှင် မူကား မဝယ်လိုကြောင်းပြောပါလော့။ သင် မဝယ်မှငါဝယ်ယူနိုင်ခွင့်ရှိပါသည်'' ဟု ဆို၏။ ထိုသူကလည်း``ငါဝယ်ယူပါမည်'' ဟု ပြန်ပြော၏။
5 Kisha Boazi akasema, “Ile siku utakayonunua shamba kutoka mkononi mwa Naomi, yakupasa pia kumchukua Ruth Mmoabu, mjane wa mtoto wa Elimeleki, ili kuliinua jina la marehemu kama urithi wake.”
၅ဗောဇက``ထိုလယ်မြေကိုနောမိထံမှသင် ဝယ်ယူပါလျှင် ထိုလယ်မြေသည်သေလွန် သူ၏အိမ်ထောင်စုလက်ဝယ်ဆက်လက်တည် ရှိနေစေရန်မောဘအမျိုးသမီး၊ မုဆိုးမ ဖြစ်သူရုသကိုလည်းဝယ်ယူရပါမည်'' ဟုဆို၏။
6 Ndipo yule jamaa wa karibu akasema, “Mimi siwezi kuikomboa ardhi kwa ajili yangu bila kuleta athari kwenye urithi wangu binafsi. Nakupa wewe haki ya kuikomboa kwa ajili yako mwenyewe, kwa kuwa mimi sitoweza.”
၆ထိုသူက``ထိုသို့ဖြစ်ပါမူငါ့သားသမီး များက ထိုလယ်မြေကိုအမွေခံရကြလိမ့် မည်မဟုတ်သဖြင့် ဝယ်ယူပိုင်ခွင့်ကိုငါစွန့် လွှတ်လိုက်ပါပြီ။ ငါမဝယ်ယူလိုတော့ပါ။ သင်ပင်ဝယ်ယူပါလော့'' ဟုပြန်ပြော၏။
7 Hii ilikuwa ni desturi ya zamani ya Israeli kuhusu ukombozi na kubadilishana mazuri. Kudhibitisha mambo haya yote, mtu huyu alivua kiatu chake na kumpatia jirani yake; hii ilikuwa ni namna ya kufanya makubaliano ya kisheria katika Israeli.
၇ထိုစဉ်အခါက အရောင်းအဝယ်ပြုလုပ်သည့် အခါ၌သော်လည်းကောင်း၊ ပစ္စည်းချင်းလဲလှယ် သည့်အခါ၌သော်လည်းကောင်း ရောင်းသူသည် မိမိဖိနပ်ကိုချွတ်၍ ဝယ်သူအားပေးရသည့် ဋ္ဌလေ့ထုံးစံရှိပေသည်။ ဤနည်းအားဖြင့် ဣသရေလအမျိုးသားတို့သည် အရောင်း အဝယ်ပြီးပြတ်သည့်အထိမ်းအမှတ်ကို ပြုကြ၏။
8 Kwa hiyo huyu jamaa wa karibu akamwambia Boazi, “Inunue mwenyewe.” Kisha akavua kiatu chake.
၈သို့ဖြစ်၍ထိုသူသည်ဗောဇအား``ထိုလယ် မြေကို သင်ပင်လျှင်ဝယ်ယူပါလော့'' ဟု ဆို၍မိမိဖိနပ်ကိုချွတ်ပေးလေသည်။-
9 Ndipo Boazi akawaambia viongozi na watu wote, “Ninyi ni mashaidi kuwa nimenunua kila kilichokuwa cha Elimeleki na kila kilichokuwa na Kileoni na Mahilon kutoka kwenye mikono ya Naomi.
၉ထိုအခါဗောဇကမြို့အကြီးအကဲများ နှင့် အခြားသူအပေါင်းတို့အား``ဧလိမလက်၊ ခိလျုန်နှင့်မဟာလုန်တို့ပိုင်သောဥစ္စာပစ္စည်း မှန်သမျှကို နောမိထံမှယနေ့ငါဝယ်ယူ ကြောင်းသင်တို့အသိသက်သေဖြစ်ကြ၏။-
10 Zaidi ya hayo kumhusu Ruth Mmoabu, mke wa Mahlon: nimempa kibali cha kuwa mke wangu, ili kuendeleza jina na urithi wa marehumu, ili kwamba jina lake lisipotee kati ya ndugu zake na lango la watu wake. Ninyi ni mashahidi leo.”
၁၀ထို့အပြင်မဟာလုန်၏မုဆိုးမ၊ မောဘ အမျိုးသမီးရုသသည် ငါ၏gen 1gဇနီးဖြစ် လာလေပြီ။ ဤနည်းအားဖြင့်ထိုပစ္စည်းဥစ္စာ များသည် သေလွန်သူ၏အိမ်ထောင်စုလက် ဝယ်တည်ရှိနေပါလိမ့်မည်။ သေသူ၏ဆွေ စဉ်မျိုးဆက်သည်လည်း သူ၏အမျိုးသား များနှင့်သူ၏နေရင်းမြို့တွင်မပြတ်ဘဲ ဆက်လက်ပွားလျက်နေပါလိမ့်မည်။ သင် တို့သည်ဤအမှုတွင်အသိသက်သေ ဖြစ်ကြ၏'' ဟုဆို၏။
11 Watu wote na viongozi waliokuwa katika lango, walisema, “Tu mashahidi. Yahweh amfanye mwanamke huyu ambaye amekuja nyumbani kwako kama Raheli na Leya, ambao wawili hawa wameijenga nyumba ya Israeli. Na ubarikiwe katika Efrata na kuwa mashuhuri katika Bethelehem.
၁၁မြို့အကြီးအကဲများနှင့်အခြားသူတို့ ကလည်း``ငါတို့သည်အသိသက်သေဖြစ် ကြပါ၏။ သင်၏ဇနီးအားယာကုပ်အတွက် သားသမီးအမြောက်အမြားမွေးဖွားပေး သည့်ရာခေလနှင့်လေအာတို့ကဲ့သို့ဖြစ် စေရန် ထာဝရဘုရားကူမတော်မူပါစေ သော။ သင်သည်လည်းဧဖရတ်သားချင်းစု တွင်ချမ်းသာကြွယ်ဝလျက် ဗက်လင်မြို့ ၌ထင်ပေါ်ကျော်စောပါစေသော။-
12 Na nyumba yako kama nyumba ya Peres, ambaye Tamari alimzalia yuda, kupitia uzao ambao Yahweh atakupatia pamoja na msichana huyu.”
၁၂ဤအမျိုးသမီးအားဖြင့် ထာဝရဘုရား ပေးတော်မူသောသားသမီးများသည် ယုဒ နှင့်တာမာတို့၏သားဖာရက်၏အိမ်ထောင် စုဝင်များကဲ့သို့ဖြစ်ကြပါစေသော'' ဟု ဆိုကြ၏။
13 Hivyo Boazi alimchukua Ruth, na akawa mke wake. Boazi alilala naye, na Yahweh alimruhusu kupata mimba, na alizaa mtoto wa kiume.
၁၃သို့ဖြစ်၍ဗောဇသည်ရုသအားမိမိ၏ ဇနီးအဖြစ်သိမ်းပိုက်ပြီးလျှင် အိမ်သို့ခေါ် ဆောင်သွားလေသည်။ ထာဝရဘုရားသည် ရုသအားကောင်းချီးပေးတော်မူသဖြင့် သူသည်ကိုယ်ဝန်ဆောင်၍သားကိုဖွား မြင်၏။-
14 Wanamke huyu akamwambia Naomi, “Yahweh abarikiwe, ambaye hajakuacha bila ndugu wa karibu, yaani mtoto huyu. Jina lake na liwe maarufu katika Israeli.
၁၄အမျိုးသမီးများကနောမိအား``ထာဝရ ဘုရား၏ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းပါ လော့။ ကိုယ်တော်သည်သင့်ကိုကြည့်ရှုစောင့် ရှောက်ရန်အတွက် မြေးယောကျာ်းကလေးကို ယနေ့ပေးသနားတော်မူလေပြီ။ ထိုသူငယ် သည် ဣသရေလပြည်တွင်ထင်ပေါ်ကျော်စော သူဖြစ်လာပါစေသော။-
15 Na awe kwako mrutubishaji wa maisha na mwenye ruzuku uzeeni mwako, kwa kuwa mtoto wako mkwe, ambaye anakupenda, ambaye ni bora kwako kuliko watoto wa kiume saba, amemzaa.
၁၅သင်၏ချွေးမသည်သင့်ကိုချစ်သဖြင့် သား ယောကျာ်းခုနစ်ယောက်ထက်ပင်သင့်အားပို ၍ပြုစုခဲ့သူဖြစ်ပေသည်။ ယခုသူသည် မြေးယောကျာ်းကလေးကို မွေးဖွားပေးလေ ပြီ။ ထိုသူငယ်သည်သင့်အားဘဝသစ်ကို ပေး၍ သင်အိုမင်းမစွမ်းရှိချိန်၌လုံခြုံ မှုကိုပေးမည့်သူဖြစ်ပါ၏'' ဟုပြောဆို ကြ၏။-
16 Kisha naomi akamchukua mtoto, akamlaza kifuani pake, na kumhudumia.
၁၆နောမိသည်ကလေးငယ်ကိုယူ၍ပိုက်ချီ လျက်ထိန်းလေ၏။
17 Na majirani wa yule mwanamke, wakampa jina, wakisema, “Mtoto amezaliwa kwa Naomi.” Wakawita Obedi. Ambaye alikuja kuwa baba yake na Jese, ambaye alikuja kuwa baba yake na Daudi.
၁၇အိမ်နီးချင်းအမျိုးသမီးများက ထိုသူ ငယ်ကိုသြဗက်ဟူသောနာမည်ကိုပေးကြ လျက်``နောမိသည်သားယောကျာ်းကလေး ကိုရရှိလေပြီ'' ဟုလူအပေါင်းတို့အား ပြောကြားကြ၏။ သြဗက်သည် ဒါဝိဒ်၏ အဖဖြစ်သူယေရှဲ၏ဖခင်ဖြစ်လာလေ သည်။
18 Hiki kilikuwa ni kizazi cha Peresi: Peres alimzaa Hezroni,
၁၈ဖာရက်မှဒါဝိဒ်တိုင်အောင် သားစဉ်မြေးဆက် များမှာဖာရက်၊ ဟေဇရုံ၊ အာရံ၊ အမိနဒပ်၊ နာရှုန်၊ စာလမုန်၊ ဗောဇ၊ သြဗက်၊ ယေရှဲ၊ ဒါဝိဒ်ဟူ၍ဖြစ်သတည်း။ ရုသဝတ္ထုပြီး၏။
19 Hezroni akamzaa Ram, Ram akamzaa Aminadabu,
၁၉
20 Aminadabu akamzaa Nashon, Nashon akamzaa Salmon,
၂၀
21 Salmon akamzaa Boazi, Boazi akamzaa Obed,
၂၁
22 Obedi akamzaa Jese, na Jese akamzaa Daudi.
၂၂