< Warumi 8 >

1 Kwa hiyo basi hakuna hukumu ya adhabu juu yao walio katika Kristo Yesu.
ဘုရားသခင်ကယ်လွှတ်တော်မူသောကြောင့် ယေရှု ခရစ် ၌ တည်၍၊ ဇာတိပကတိအတိုင်းမကျင့်၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောသူတို့သည် အပြစ်စီရင် ခြင်းနှင့် လွတ်ကြ၏။
2 Kwa kuwa kanuni ya Roho wa uzima ule ulio katika Kristo Yesu imenifanya mimi kuwa huru mbali na kanuni ya dhambi na mauti.
ယေရှု ခရစ် ၌ တည်၍ အသက် ရှင်စေသော ဝိညာဉ် တော်၏တရား သည် အပြစ် တရား ၏ လက်မှ ၎င်း၊ သေ ခြင်းတရား၏လက်မှ၎င်း၊ ငါ့ ကိုကယ်လွှတ် ပြီ။
3 Kwa maana kile ambacho sheria ilishindwa kufanya kwa sababu ilikuwa dhaifu katika mwili, Mungu alifanya. Alimtuma Mwana wake wa pekee kwa mfano wa mwili wa dhambi awe sadaka ya dhambi, na akaihukumu dhambi katika mwili.
ဇာတိ ပကတိကြောင့် ပညတ် တရားသည် အားနည်း ၍ မ တတ်နိုင်သောအမှုကို ဘုရားသခင် ပြု တော်မူခြင်းငှာ၊ အပြစ် နှင့်ပြည့်စုံသော ဇာတိ ပကတိ၏ သဏ္ဌာန် ကို ဆောင် သော မိမိ သား တော်ကို စေလွှတ် တော်မူ၍၊ အပြစ် ဖြေဘို့ရာ ဇာတိ ပကတိ၌ အပြစ် ကို ဒဏ် ပေးတော်မူ၏။
4 Alifanya hivi ili maagizo ya sheria yatimilizwe ndani yetu, sisi tusioenenda kwa kufuata mambo ya mwili, bali kwa kufuata mambo ya Roho.
အကြောင်းမူကား ၊ ဇာတိ ပကတိအတိုင်း မ ကျင့် ၊ ဝိညာဉ် ပကတိအတိုင်း ကျင့်သောငါ တို့သည်၊ တရား၌ ပါသောပညတ် တို့ကို စောင့်ရှောက်မည်အကြောင်းတည်း။
5 Wale waufuatao mwili huyafikiri mambo ya mwili, lakini wale waifuatao Roho huyafikiri mambo ya Roho.
ဇာတိ ပကတိရှိ သောသူ တို့သည် ဇာတိ ပကတိ နှင့် စပ်ဆိုင်သော အရာ တို့ကိုစွဲလမ်း သော စိတ်သဘော ရှိကြ၏။ ဝိညာဉ် ပကတိရှိသောသူ တို့မူကား ၊ ဝိညာဉ် ပကတိနှင့်စပ်ဆိုင်သောအရာ တို့ကို စွဲလမ်းသော စိတ်သဘောရှိကြ၏။
6 Kwa kuwa nia ya mwili ni mauti, bali nia ya Roho ni uzima na amani.
ဇာတိ ပကတိစိတ် သဘောသည် သေ ခြင်းအကြောင်းဖြစ်၏။ ဝိညာဉ် ပကတိစိတ် သဘောသည် အသက် ရှင်ခြင်းအကြောင်းနှင့် ငြိမ်သက် ခြင်းအကြောင်း ဖြစ်၏။
7 Hii ni kwa sababu ile nia ya mwili ni uadui juu ya Mungu, kwa maana haitii sheria ya Mungu, wala haiwezi kuitii.
အဘယ်ကြောင့် နည်းဟူမူကား ၊ ဇာတိ ပကတိ စိတ် သဘောသည် ဘုရားသခင် နှင့်ဆန့်ကျင်ဘက် ဖြစ်၏။ ဘုရားသခင် ၏ တရား တော်အလို သို့ မ လိုက် တတ်။ ထိုမျှမကမ လိုက်နိုင်
8 Wale waufuatao mwili hawawezi kumpendeza Mungu.
ထိုကြောင့် ဇာတိ ပကတိ၌ ကျင်လည် သော သူ တို့သည် ဘုရားသခင် ၏ စိတ်တော်နှင့်မ တွေ့ နိုင် ကြ။
9 Hata hivyo, hampo katika mwili bali katika Roho, kama ni kweli kwamba Roho wa Mungu huishi ndani yenu. Lakini kama mtu hana Roho wa Kristo, yeye si wake.
သို့သော်လည်း ဘုရားသခင် ဝိညာဉ် တော်သည် သင် တို့အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ သင်တို့သည် ဇာတိ ပကတိဘက် ၌ရှိ ကြသည်မ ဟုတ်။ ဝိညာဉ် ပကတိဘက် ၌ ရှိကြ၏။ ခရစ်တော် ၏ဝိညာဉ် ကိုမ ရ သော သူ မည်သည်ကား ခရစ်တော် နှင့် မ ဆိုင်။
10 Kama Kristo yumo ndani yenu, mwili umekufa kwa mambo ya dhambi, bali roho ni hai kwa mambo ya haki.
၁၀ခရစ်တော် သည် သင် တို့အထဲ ၌ရှိတော်မူလျှင် ၊ ကိုယ် ကာယသည် အပြစ် ကြောင့် အသေ ဖြစ်သော်လည်း ဝိညာဉ် မူကား ဖြောင့်မတ် ခြင်းကြောင့် အသက် ရှင်လျက်ရှိ၏။
11 Ikiwa Roho wa yule aliyemfufua Yesu kutoka wafu huishi ndani yenu, yeye yule aliyemfufua Kristo kutoka katika wafu ataipa pia miili yenu ya mauti uhai kwa njia ya Roho wake, aishie ndani yenu.
၁၁ထိုမျှမက ၊ ယေရှု ကိုသေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား ၏ဝိညာဉ် တော်သည် သင် တို့ အထဲ ၌ကျိန်းဝပ် တော်မူလျှင် ၊ ခရစ်တော် ကို သေ ခြင်းမှ ထမြောက် စေတော်မူသော ဘုရား သည် သင် တို့အထဲ ၌ကျိန်းဝပ် သောမိမိ ဝိညာဉ် တော်အားဖြင့် ၊ သေ တတ်သော သင် တို့၏ ကိုယ် ကာယကိုပင် ရှင် စေတော်မူမည်။
12 Hivyo basi, ndugu zangu, sisi tu wadeni, lakini si kwa mwili kwamba tuishi kwa jinsi ya mwili.
၁၂သို့ဖြစ်၍ ညီအစ်ကို တို့၊ ငါတို့သည်ဇာတိ ပကတိအတိုင်း ကျင့် ရမည်အကြောင်း၊ ဇာတိ ပကတိ၏ ကျွန် ဖြစ် ကြသည်မ ဟုတ်။
13 Maana ikiwa mnaishi kwa jinsi ya mwili, mpo karibu kufa, lakini ikiwa kwa Roho mnayafisha matendo ya mwili, nanyi mtaishi.
၁၃သင် တို့သည် ဇာတိ ပကတိအတိုင်း အသက်ရှင်လျှင် သေ ရကြမည်။ ဝိညာဉ် တော်အားဖြင့်ကိုယ် ကာယ ၏အကျင့် တို့ကို သေ စေလျှင် အသက် ရှင်ကြလိမ့်မည်။
14 Maana kama ambavyo wengi wanaongozwa na Roho wa Mungu, hawa ni wana wa Mungu.
၁၄ဘုရားသခင် ၏ဝိညာဉ် တော် ဆုံးမ ပဲ့ပြင်တော်မူသမျှ သောသူတို့သည် ဘုရားသခင် ၏သား ဖြစ် ကြ၏။
15 Kwa kuwa hamkupokea roho wa utumwa tena hata muogope. Badala yake, mlipokea roho ya kufanywa kuwa wana, ambayo kwayo tunalia, “Abba, Baba!”
၁၅အကြောင်းမူကား ၊ သင်တို့သည် တစ်ဖန် ကြောက်ရွံ့ တတ်သော ကျွန် ၏သဘော ကို ရ ကြသည်မ ဟုတ်။ အဗ္ဗ အဘ ဟုခေါ် ရသောအခွင့်နှင့် သား ဖြစ်ခြင်း၏ သဘော ကိုရ ကြပြီ။
16 Roho mwenyewe hushuhudia pamoja na roho zetu ya kuwa tu watoto wa Mungu.
၁၆ငါတို့သည် ဘုရားသခင် ၏သား ဖြစ် ကြသည်ဟု ဝိညာဉ် တော်သည် ငါ တို့၏ဝိညာဉ် နှင့်အတူသက်သေခံ တော်မူ၏။
17 Ikiwa tu watoto, basi tu warithi pia, warithi wa Mungu. Na sisi tu warithi pamoja na Kristo, ikiwa kwa kweli tunateseka na yeye ili tupate kutukuzwa pamoja naye.
၁၇သား မှန်လျှင် အမွေခံ ၊ ဘုရားသခင် ၏ အမွေခံ ဖြစ်ကြ၏။ ခရစ်တော် နှင့်အတူဘုန်း ဝင်စားမည် အကြောင်း၊ ထိုသခင်နှင့်အတူဆင်းရဲ ဒုက္ခကိုခံရလျှင် ၊ ထိုသခင်နှင့်ဆက်ဆံသောအမွေခံ လည်း ဖြစ်ကြ၏။
18 Kwa kuwa nayahesabu mateso ya wakati huu kuwa si kitu nikilinganisha na utukufu utakaofunuliwa kwetu.
၁၈ငါ တို့အား ပေါ်ထွန်း လတံ့ သော ဘုန်း ကိုထောက် သော်၊ ယခု မျက်မှောက်ကာလ ၌ ခံရသော ဆင်းရဲ ဒုက္ခကို ပမာဏမ ပြု ထိုက်ဟု ငါသဘော ရှိ၏။
19 Kwa maana viumbe vyote pia vinatazamia kwa shauku nyingi kufunuliwa kwa wana wa Mungu.
၁၉ဤ လောက သည် ဘုရားသခင့် သား တို့၏ ပေါ်ထွန်း ခြင်းအရာကို အလွန် တောင့်တမြော်လင့်လျက် နေ၏။
20 Kwa maana uumbaji pia ulitiishwa chini ya ubatili, si kwa hiari yake, ila kwa sababu yake yeye aliyevitiisha. Ni katika tumaini
၂၀ဤ လောက သည် အနိစ္စ နိုင်ငံသို့အလိုလို လိုက် သည်မ ဟုတ်။
21 kwamba uumbaji wenyewe nao utawekwa huru na kutolewa katika utumwa wa uharibifu, na kuingizwa katika uhuru wa utukufu wa watoto wa Mungu.
၂၁ဘုရားသခင် သား ထူးမြတ် သော လွှတ် ခြင်းချမ်းသာတည်းဟူသောဖောက်ပြန် ပျက်စီးခြင်းအနှောင်အဖွဲ့ မှ ကယ်လွှတ် ခြင်းချမ်းသာကို ဝင်စားမည်ဟု မြော်လင့် ရသော အခွင့်ကိုပေး၍အနိစ္စနိုင်ငံသို့ လိုက်စေ တော်မူသောသူ၏ အလိုတော်ကြောင့်သာ လိုက်ရ၏။
22 Kwa maana twajua ya kuwa uumbaji nao pia unaugua na kuteseka kwa uchungu pamoja hata sasa.
၂၂ဤ လောက တစ်နိုင်ငံလုံးသည် ယခု တိုင်အောင် တစ် ညီတစ်ညွတ်တည်းညည်းတွား၍ ဆင်းရဲ ခြင်းဝေဒနာကို ခံရသည်ဟုငါတို့သိ ကြ၏။
23 Si hivyo tu, ila na sisi wenyewe tulio na malimbuko ya Roho - sisi pia tunaugua katika nafsi zetu, tukisubiri kufanywa wana, yaani ukombozi wa miili yetu.
၂၃ထိုမျှမက ဝိညာဉ် တော်၏ ကျေးဇူးတော်အစအဦးကို ခံ ပြီးသော ငါ တို့သည်လည်း ၊ သား အရာ၌ ချီးမြှောက်ခြင်းအကြောင်းတည်းဟူသောကိုယ်ခန္ဓါ ရွေးနှုတ် ခြင်းချမ်းသာကိုမြော်လင့် ၍၊ စိတ် နှလုံးအထဲ ၌ညည်းတွား လျက်နေကြ၏။
24 Kwa maana ni kwa taraja hili tuliokolewa. Lakini kitu kilichotarajiwa kikionekana hakuna taraja tena, kwa maana ni nani anayekitarajia kile akionacho?
၂၄ငါတို့သည် မြော်လင့် ခြင်းအားဖြင့် ကယ်တင် တော်မူခြင်းသို့ ရောက်ကြ၏။ မြော်လင့် သောအရာကို တွေ့မြင် လျှင် မြော်လင့် စရာ အကြောင်းမ ရှိ ။ တွေ့မြင် သော အရာကိုအဘယ်ကြောင့် မြော်လင့် ရမည်နည်း။
25 Bali tukikitarajia kitu tusichokiona, twakingojea kwa saburi.
၂၅ငါတို့သည် မ တွေ့ မမြင်သောအရာ ကို မြော်လင့် လျှင် မူကား ၊ ထိုအရာကိုသည်းခံ သောစိတ်နှင့် ငံ့လင့် ၍ နေကြ၏။
26 Kwa jinsi iyo hiyo, Roho naye hutusaidia katika udhaifu wetu. Kwa maana hatujui kuomba jinsi itupasavyo, lakini Roho mwenyewe hutuombea kwa kuugua kusikoweza kutamkwa.
၂၆ထိုမှတပါး ၊ ငါ တို့မ တတ်နိုင်သောအရာမှာ ဝိညာဉ် တော်သည် မစ တော်မူ၏။ ငါတို့သည်ဆုတောင်း သင့် သည်အတိုင်း အဘယ် ဆုကို တောင်းရမည်ဟုမ သိ ကြ။ သို့ရာတွင် ငါတို့ဆုတောင်းခြင်းအမှုကို နှုတ် မမြွက်နိုင်သော ညည်းတွား ခြင်းအားဖြင့်ဝိညာဉ် တော်သည် စောင်မ တော်မူ၏။
27 Na yeye aichunguzaye mioyo huijua akili ya Roho, kwa sababu huomba kwa niaba yao walioamini kulingana na mapenzi ya Mungu.
၂၇စိတ် နှလုံးကို စစ် တော်မူသောသူ သည်လည်း ဝိညာဉ် တော်၏ စိတ် သဘောကိုသိ တော်မူ၏။ အကြောင်းမူကား ဝိညာဉ်တော်သည် သန့်ရှင်း သူတို့၏ ဆုတောင်းခြင်းအမှုကို ဘုရားသခင် ၏အလိုတော်နှင့်အညီ စောင်မ တော်မူ၏။
28 Nasi twajua ya kuwa kwa wote wampendao Mungu, yeye hufanya mambo yote pamoja kwa wema, kwa wale wote walioitwa kwa kusudi lake.
၂၈ဘုရားသခင် ကို ချစ် သောသူ တည်းဟူသောကြံစည် တော်မူခြင်းအတိုင်း ခေါ် တော်မူသောသူ တို့၏ အကျိုး ကို ခပ်သိမ်း သောအရာတို့သည် တစ်ညီတစ်ညွတ် တည်း ပြုစုကြသည်ကို ငါတို့သိ ကြ၏။
29 Kwa sababu wale wote aliowajua tangu asili, pia aliwachagua tangu asili wafananishwe na mfano wa Mwana wake, ili yeye awe mzaliwa wa kwanza miogoni mwa ndugu wengi.
၂၉ဘုရားသခင် ၏သား တော်သည် အများ သော ညီ တို့တွင် သားဦး ဖြစ် တော်မူမည်အကြောင်း ၊ ဘုရားသခင်သည် ရှေ့မဆွ ကသိတော်မူသော သူ တို့ကို သားတော်၏ပုံ သဏ္ဌာန်နှင့်တညီတည်း ဖြစ်စေခြင်းငှာရှေ့မဆွက ခွဲခန့် မှတ်သားတော်မူ၏။
30 Na wale aliowachagua tangu asili, hao aliwaita pia. Na wale aliowaita, hao aliwahesabia haki. Na wale aliowahesabia haki, hao pia akawatukuza.
၃၀ထိုသို့ ခွဲခန့် မှတ်သားနှင့်သောသူ တို့ကို ခေါ် တော်မူ၏။ ခေါ် တော်မူသော သူ တို့ကိုလည်း ဖြောင့်မတ် ရာ၌ တည်စေတော်မူ၏။ ထိုသို့ တည် စေတော်မူသောသူ တို့ကိုလည်း ချီးမြှောက် တော်မူ၏။
31 Tuseme nini basi juu ya mambo haya? Mungu akiwa upande wetu, ni nani aliye juu yetu?
၃၁သို့ဖြစ်၍ ဤ အရာများတို့၌ အဘယ်သို့ ပြော စရာရှိသနည်း။ ဘုရားသခင် သည် ငါ တို့ဘက် ၌ရှိတော်မူလျှင် ၊ အဘယ်သူ သည် ငါ တို့တစ်ဘက်၌ နေနိုင်မည်နည်း။
32 Yeye asiyemwachilia mwana wake mwenyewe bali alimtoa kwa ajili yetu sisi sote atakosaje kutukirimia na mambo yote pamoja naye?
၃၂မိမိ သား တော်ရင်း ကို မ နှမြော ဘဲ၊ ငါ တို့ရှိသမျှ အဘို့ အလိုငှာ စွန့် တော်မူသောသူ သည်၊ သား တော်နှင့်တကွ ခပ်သိမ်း သောအရာတို့ကို ငါ တို့အားမ ပေး ဘဲ အဘယ်သို့ နေတော်မူမည်နည်း။
33 Ni nani atakayewashitaki wateule wa Mungu? Mungu ndiye mwenye kuwahesabia haki.
၃၃ဘုရားသခင် ရွေးကောက် တော်မူသော သူတို့ကို အဘယ်သူ သည် အပြစ်တင် မည်နည်း။ ဖြောင့်မတ် ရာ ၌တည်စေသောသူ ကား ဘုရားသခင် ပေတည်း။
34 Ni nani atakayewahukumia adhabu? Kristo Yesu ndiye aliyekufa kwa ajili yetu, na zaidi ya hayo, yeye pia alifufuliwa. Naye anatawala pamoja na Mungu mahali pa heshima, na tena ndiye anayetuombea sisi.
၃၄အပြစ် စီရင်သောသူ ကား အဘယ်သူ နည်း။ အသေခံ ၍ခံသည်သာမက ၊ သေခြင်းမှထမြောက် ၍ ဘုရားသခင် ၏ လက်ျာ တော်ဘက်၌ နေ လျက်၊ ငါ တို့ အဘို့ ဆုတောင်း သောသူကား ခရစ်တော် ပေတည်း။
35 Ni nani atakayetutenga na upendo wa Kristo? Dhiki, au shida, au mateso, au njaa, au uchi, au hatari, au upanga?
၃၅ခရစ်တော် ၏ချစ် ခြင်းမေတ္တာနှင့် ငါ တို့ကို အဘယ်သူ ကွာ စေမည်နည်း။
36 Kama ilivyoandikwa, “Kwa faida yako tunauawa mchana kutwa. Tulihesabiwa kama kondoo wa kuchinjwa.”
၃၆အကယ်စင်စစ်ကိုယ်တော် အတွက် အကျွန်ုပ်တို့သည် အစဉ်မပြတ် အသေ သတ်ခြင်းကို ခံရကြပါ၏။ သတ် ဘို့ရာထားသော သိုး ကဲ့သို့ အကျွန်ုပ်တို့ကို သူတစ်ပါး မှတ် တတ်ကြပါ၏ဟု ကျမ်းစာလာ သည်နှင့်အညီ ၊ ဆင်းရဲ ငြိုငြင်ခြင်း၊ ညှဉ်းဆဲ နှိပ်စက်ခြင်း၊ မွတ်သိပ် ခြင်း၊ အဝတ် အချည်းစည်းရှိခြင်း၊ ဘေး နှင့်တွေ့ကြုံခြင်း၊ ကွပ်မျက် ခြင်းခံရသော်လည်း၊ ထိုအမှုတို့တွင် အဘယ်အမှုသည် ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်နှင့် ငါတို့ကို ကွာစေမည်နည်း။
37 Katika mambo haya yote sisi tu zaidi ya washindi katika yeye aliyetupenda.
၃၇မကွာစေသည်သာမက၊ ငါ တို့ကို ချစ် တော်မူသောသူ ၏ ကျေးဇူးတော်ကြောင့်၊ ငါတို့သည် ထို အမှု ခပ်သိမ်း တို့ကို ခံစဉ်တွင်ပင် အထူးသဖြင့်အောင်မြင် ကြ၏။
38 Kwa maana nimekwisha kushawishika kwamba wala mauti, wala uzima, wala malaika, wala mamlaka, wala vitu vilivyopo, wala vitu vijavyo, wala nguvu,
၃၈အကြောင်းမူကား ၊ သေ ခြင်းဖြစ်စေ ၊ အသက် ရှင်ခြင်းဖြစ်စေ ၊ ကောင်းကင်တမန် ဖြစ်စေ ၊ အထွဋ်အမြတ် ဖြစ်စေ ၊ အာဏာ တန်ခိုးဖြစ်စေ ၊ မျက်မှောက် အရာဖြစ်စေ ၊ နောင်လာ လတံ့သောအရာဖြစ်စေ ၊
39 wala yaliyo juu, wala yaliyo chini, wala kiumbe kinginecho chote, hakitaweza kututenga na upendo wa Mungu, ambaye ni Kristo Yesu Bwana wetu.
၃၉အမြင့် ဖြစ်စေ၊ အနိမ့် ဖြစ်စေ၊ ဤအရာမှစ၍အဘယ် နိမ္မိတ အရာမျှသည်၊ ငါ တို့သခင် ယေရှု ခရစ် အားဖြင့် ခံရသောဘုရားသခင် ၏ မေတ္တာ တော်နှင့် ငါ တို့ကို မ ကွာစေနိုင် ဟု ငါသည်သဘောကျလျက်ရှိ၏။

< Warumi 8 >