< Zaburi 55 >
1 Uyategee sikio maombi yangu, Mungu; nawe usijifiche mbali na kusihi kwangu.
၁အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
2 Unitazame kwa makini na unijibu; Sina pumziko katika shida zangu
၂ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။ ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်မှုများဖြင့် အားအင်ကုန်ခန်းလျက်နေပါ၏။
3 kwa sababu ya sauti ya adui zangu, kwa sababu ya ukandamizaji wa waovu; maana wananiletea matatizo na kunitesa wakiwa na hasira.
၃ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
4 Moyo wangu wasumbuka ndani yangu, na hofu ya kifo imeniangukia.
၄ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။ သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။
5 Uwoga na kutetemeka kumenijia, nayo hofu imenielemea.
၅ကြောက်လန့်တုန်လှုပ်လျက်၊လွန်စွာတုန်လှုပ် ချောက်ချားလျက်ရှိပါ၏။
6 Nikasema, “Oh, kama tu ningekuwa na mabawa kama njiwa! Ningelipaa mbali na kupata pumziko.
၆အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များ ရှိခဲ့ပါမူငါသည်အဝေးသို့ပျံသွားကာ နားနေစရာအရပ်ကိုရှာမည်။
7 Tazama, ningeenda mbali; ningekaa jangwani. (Selah)
၇ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
8 Ningefanya haraka kuja mafichoni mwako kuzikimbia dhoruba na tufani.”
၈ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့် မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
9 Uwaangamize, Bwana, vuruga lugha zao! Kwa maana nimeona vurugu na ugomvi katika mji.
၉အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
10 Mchana na usiku wao huenda kwenye kuta zake; uchafu na ufisadi uko katikati yake.
၁၀ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။ မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
11 Uovu uko katikati yake; ukandamizaji na uongo hauiachi mitaa yake.
၁၁နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။ လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
12 Kwa maana hakuwa adui aliye nikemea, hivyo ningevumilia; wala ingekuwa ni yule aliye nichukia aliyejiinua mwenyewe dhidi yagu, hivyo ningejificha asinione.
၁၂အကယ်၍ငါ့အားပြောင်လှောင်သူသည် ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။
13 Lakini ulikuwa wewe, mtu sawa na mimi, mwenzangu na rafiki yangu.
၁၃သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊ ရင်းနှီးသည့်မိတ်ဆွေဖြစ်သူပင်ဖြစ်ပါသည်တကား။
14 Tulikuwa na ushirika mtamu pamoja; tuliingia katika nyumba ya Mungu tukiwa na umati mkubwa.
၁၄သင်နှင့်ငါသည်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ခဲ့ကြ၏။ ဗိမာန်တော်တွင်လည်းအတူတူ ကိုးကွယ်ဝတ်ပြုခဲ့ကြ၏။
15 Kifo na kiwapate ghafla; na washuke wakiwa hai kuzimuni, maana ndiko waishiko waovu, hapo hapo kati yao. (Sheol )
၁၅ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ (Sheol )
16 Lakini kwangu mimi, nitamwita Mungu, na Yahwe ataniokoa.
၁၆ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူလိမ့်မည်။
17 Wakati wa jioni, asubuhi na mchana ninalalamika na kuomboleza; yeye atasikia sauti yangu.
၁၇ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
18 Kwa usalama kabisa atayaokoa maisha yangu na vita dhidi yangu, kwa maana wale waliopigana nami walikuwa ni wengi.
၁၈ဤမျှများလှသောရန်သူတို့နှင့် တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
19 Mungu, yule unayetawala milele, atawasikia na kuwaaibisha wao. (Selah) Hawabadiliki, na hawamhofu Mungu.
၁၉ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား ပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည် ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
20 Rafiki yangu ameinua mikono yake dhidi ya wale waliokuwa na amani naye; Hakuheshimu agano alilokuwa nalo.
၂၀ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
21 Mdomo wake ulikuwa laini kama siagi, lakini moyo wake ulikuwa adui; maneno yake yalikuwa laini kuliko mafuta, lakini yalikuwa ni panga zilizochomolewa.
၂၁သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
22 Umtwike mizigo yako Yahwe, naye atakusaidia; yeye hataruhusu mtu mwenye haki kuyumbayumba.
၂၂သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
23 Bali wewe, Mungu, utawaleta waovu chini kwenye shimo la uharibifu; watu wenye kiu ya kumwaga damu na waongo hawataishi hata nusu ya maisha kama wengine, lakini mimi nitakuamini wewe.
၂၃သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။