< Zaburi 37 >
1 Usikereshwe na wafanyao maovu; usiwaonee wivu wale watendao yasiyo haki.
၁သူယုတ်မာတို့၏အတွက်ကြောင့်စိုးရိမ်ပူပန်မှု မဖြစ်နှင့်။
2 Kwa kuwa muda mfupi watakauka kama nyasi na kukauka kama vile mimea ya kijani ikaukavyo wakati wa kiangazi.
၂သူတို့သည်ခြောက်သွေ့သွားသောမြက်ပင်ကဲ့သို့ ပျောက်ပျက်ကြကုန်လိမ့်မည်။ ညှိုးနွမ်းသောအပင်ငယ်များကဲ့သို့ သေကြေပျက်စီးကြလိမ့်မည်။
3 Uwamini Mungu na kufanya yaliyo mema; uishi katika nchi na uongezeke katika imani.
၃ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
4 Kisha ufurahi mwenyewe katika Yahwe, naye atakupa matamanio ya moyo wako.
၄ထာဝရဘုရား၌မွေ့လျော်ပျော်ပိုက်မှုကို ရှာလော့။ သို့ပြုလျှင်သင်၏အလိုဆန္ဒကိုပြည့်စုံ စေတော်မူလိမ့်မည်။
5 Umkabidhi njia zako Yahwe; uamini katika yeye, naye atatenda kwa niaba yako.
၅သင်သည်မိမိကိုယ်ကိုဘုရားသခင်လက်သို့ အပ်နှံလော့။ ကိုယ်တော်ကိုကိုးစားလော့။ သို့ပြုလျှင်ကိုယ်တော်သည်သင့်ကို ကူမတော်မူလိမ့်မည်။
6 Yeye ataidhihilisha haki yako kama mchana na usafi wako kama mwangaza wa mchana.
၆သင်၏ဖြောင့်မတ်ခြင်းကိုမွန်းတည့်ရောင်ခြည် ကဲ့သို့ ထွန်းလင်းတောက်ပစေတော်မူလိမ့်မည်။
7 Uwe kumya mbele za Yahwe na umsubiri yeye kwa uvumilivu. Usikasirike ikiwa kuna mtu anafanikiwa kwa kile afanyacho, au afanyapo njama za uovu.
၇ကိုယ်တော်၏စီရင်တော်မူချက်ကိုသည်းခံ၍ စောင့်မျှော်လော့။ ကောင်းစားသူတို့ကြောင့်လည်းကောင်း၊ အကြံအစည်အောင်မြင်သော ဆိုးညစ်သူတို့ကြောင့်လည်းကောင်းပူပင်သောက မဖြစ်နှင့်။
8 Usikasilile na kugadhabika. Usiogope. Hii huleta matatizo tu.
၈မစိုးရိမ်နှင့်။ ဒေါသအမျက်မထွက်နှင့်။ စိုးရိမ်မှုနှင့်ဒေါသအမျက်သည်သင့်အား ဆိုးကျိုးသာပေးလိမ့်မည်။
9 Watendao maovu watafutiliwa mbali, bali wale wamngojao Yahwe watairithi nchi.
၉ထာဝရဘုရားကိုကိုးစားသောသူတို့ သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်သူယုတ်မာတို့မူကားပြည်နှင် ဒဏ်ကို ခံရကြလိမ့်မည်။
10 Katika muda mfupi mtu mwovu atatoweka; wewe utatazama mahali pake, wala hautamuona.
၁၀ကာလအနည်းငယ်အတွင်း၌သူယုတ်မာ တို့သည် ပျောက်ကွယ်သွားကြလိမ့်မည်။ သင်သည်သူတို့ကိုရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။
11 Lakini wapole watairithi nchi nao watafurahia katika mafanikio makubwa.
၁၁သို့ရာတွင်စိတ်နှိမ့်ချသောသူတို့သည် ပြည်တော်ကိုပိုင်ရလျက်ငြိမ်းချမ်းသာယာမှုနှင့် ကြီးပွားတိုးတက်မှုတို့ကိုခံစားကြရ လိမ့်မည်။
12 Mtu mwovu hupanga njama kinyume na mwenye haki na kumsagia meno.
၁၂သူယုတ်မာသည်သူတော်ကောင်းအား မကောင်းကြံလျက်မုန်းစိတ်နှင့်စူးစူးဝါးဝါး ကြည့်တတ်၏။
13 Bwana humcheka, kwa maana anaona siku yake inakuja.
၁၃သို့ရာတွင်ထိုသူသည်မကြာမမြင့်မီဆုံးပါး ပျက်စီး ရတော့မည်ဖြစ်ကြောင်း ထာဝရဘုရားသိတော်မူသဖြင့်သူ့အား ကြည့်၍ ပြုံးရယ်တော်မူ၏။
14 Waovu wametoa nje panga zao na wametayarisha pinde zao ili kuwaangamiza wanyonge na wahitaji, na kuwaua wenye haki.
၁၄သူယုတ်မာတို့သည်ဆင်းရဲနွမ်းပါးသူတို့အား သတ်ဖြတ်ရန်လည်းကောင်း၊မှန်ရာကိုပြုသူတို့ အား အဆုံးစီရင်ရန်လည်းကောင်း ဋ္ဌားများကိုဆွဲထုတ်၍လေးများကို တင်ကြ၏။
15 Panga zao zitawaua wenyewe, na pinde zao zitavunjika.
၁၅သို့ရာတွင်ထိုသူတို့သည်မိမိ၏ဋ္ဌားများဖြင့် ပင်လျှင် ထိုးသတ်ခံကြရလိမ့်မည်။ သူတို့၏လေးများသည်လည်းကျိုးကုန်ကြ လိမ့်မည်။
16 Ni bora kuwa mwenye haki maskini kuliko tajiri mwenye mali nyingi.
၁၆သူတော်ကောင်းတစ်ယောက်၏ဥစ္စာပစ္စည်း အနည်းငယ်သည် သူယုတ်မာအပေါင်းတို့၏စည်းစိမ်ချမ်းသာ ထက် ပို၍တန်ဖိုးရှိ၏။
17 Kwa maana mikono ya watu waovu itavunjika, bali Yahwe huwasaidia watu wenye haki.
၁၇အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် သူယုတ်မာတို့၏စွမ်းရည်ကိုသိမ်းယူ၍ သူတော်ကောင်းတို့အားကွယ်ကာ စောင့်ရှောက်တော်မူမည်ဖြစ်သောကြောင့် တည်း။
18 Yahwe huwalinda watu wasio na lawama siku hadi siku, na urithi wao utakuwa wa milele.
၁၈ထာဝရဘုရားသည်မိမိ၏စကားကို နားထောင်သူတို့အားစောင့်ရှောက်တော်မူ၏။ သူတို့သည်ပြည်တော်ကိုထာဝစဉ်ပိုင်ဆိုင် ရကြလိမ့်မည်။
19 Hawata aibika siku mbaya zijapo. Wakati wa njaa ufikapo wao watakuwa na chakula cha kutosha.
၁၉ခဲယဉ်းရာကာလများ၌သူတို့သည် ဒုက္ခရောက်ကြလိမ့်မည်မဟုတ်။ အစာငတ်မွတ်ခေါင်းပါးချိန်များ၌အစာ ရေစာ လုံလောက်စွာရရှိကြလိမ့်မည်။
20 Bali waovu wataangamia. Maadui wa Yahwe watakuwa kama vile utukufu wa malisho; watamalizwa na kupotezwa katika moshi.
၂၀သူယုတ်မာတို့မူကားသေကြလိမ့်မည်။ ထာဝရဘုရားအားရန်ဘက်ပြုသူတို့သည် တောပန်းများကဲ့သို့ပျောက်ကွယ်ကြလိမ့်မည်။ မီးခိုးကဲ့သို့လွင့်ပျောက်ကြလိမ့်မည်။
21 Mtu mwovu hukopa lakini halipi, bali mtu mwenye haki ni mkarimu na hutoa.
၂၁သူယုတ်မာသည်ချေးငှားပြီးနောက် ပြန်၍မပေးမဆပ်တတ်။ သူတော်ကောင်းမူကားရက်ရောစွာပေးကမ်း တတ်၏။
22 Wale walio barikiwa na Mungu watairithi nchi; wale aliowalaani watafutiliwa mbali.
၂၂ထာဝရဘုရားကောင်းချီးပေးတော်မူသော သူတို့သည် ပြည်တော်ကိုပိုင်ရကြလိမ့်မည်။ သို့ရာတွင်ကိုယ်တော်ကျိန်တော်မူခြင်းခံရသော သူတို့မူကားပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
23 Hatua za mwanadamu zinaimarishwa na Yahwe, mtu ambaye njia zake zinakubalika machoni pa Mungu.
၂၃ထာဝရဘုရားသည်လူတို့လိုက်လျှောက်အပ်သည့် လမ်းကိုပြညွှန်တော်မူ၏။ ကိုယ်တော်နှစ်သက်တော်မူသောသူတို့ကို ကွယ်ကာတော်မူ၏။
24 Ajapojikwaa, hataanguka chini, kwa kuwa Yahwe anamshikilia kwa mkono wake.
၂၄ထာဝရဘုရားသည်သူတို့အား ကူမတော်မူမည်ဖြစ်၍သူတို့သည်လဲ သော်လည်း မထဘဲနေလိမ့်မည်မဟုတ်။
25 Nilikuwa kijana na sasa ni mzee; sijawahi kumuona mtu mwenye haki ametelekezwa wala watoto wake kuombaomba mkate.
၂၅ယခုအခါငါသည်အသက်ကြီးရင့်လေပြီ။ ငါသည်ကြာရှည်စွာအသက်ရှင်ခဲ့ပါပြီ။ သို့ရာတွင်သူတော်ကောင်းအားထာဝရဘုရား စွန့်ပစ်တော်မူသည်ကိုလည်းကောင်း၊ သူ၏သားသမီးတို့တောင်းစားရသည်ကို လည်းကောင်း တစ်ချိန်တစ်ခါမျှငါမတွေ့မမြင်ခဲ့ဘူးပါ။
26 Wakati wote yeye ni mkarimu na hukopesha, nao watoto wake hufanyika baraka.
၂၆သူသည်အစဉ်ပင်သူတစ်ပါးတို့အားရက်ရောစွာ ပေးကမ်းချေးငှားတတ်၏။ သူ၏သားသမီးများသည်လည်းကောင်းချီး မင်္ဂလာကိုခံရကြ၏။
27 Acha uovu na ufanye yaliyo mema; ndipo utakapokuwa salama milele.
၂၇ဒုစရိုက်ကိုရှောင်ကြဉ်၍သုစရိုက်ကိုပြုလော့။ သို့ပြုလျှင်သင်၏သားမြေးတို့သည်ပြည်တော် တွင် အစဉ်အမြဲနေရလိမ့်မည်။
28 Kwa maana Yahwe hupenda haki naye hawaachi wafuasi waaminifu. Wao hutunzwa milele, lakini uzao wa waovu utafutiliwa mabli.
၂၈အဘယ်ကြောင့်ဆိုသော်ထာဝရဘုရားသည် အမှန်တရားကိုနှစ်သက်တော်မူ၍ မိမိအားသစ္စာစောင့်သည့်လူစုတော်ကို စွန့်ပစ်တော်မမူသောကြောင့်ဖြစ်၏။ ကိုယ်တော်သည်သူတို့အားအစဉ်အမြဲ ကာကွယ်စောင့်ရှောက်တော်မူ၏။ သို့ရာတွင်သူယုတ်မာတို့၏သားမြေးများမူကား ပြည်နှင်ဒဏ်သင့်ကြလိမ့်မည်။
29 Wenye haki watairithi nchi na kuaa huko milele.
၂၉ဖြောင့်မတ်သောသူတို့သည်ပြည်တော်ကိုပိုင်ဆိုင်၍ အစဉ်နေထိုင်ရကြလိမ့်မည်။
30 Mdomo wa mwenye haki huongea hekima na huongeza haki.
၃၀သူတော်ကောင်းသည်ဉာဏ်ပညာအမြော်အမြင်ရှိသော စကားကိုပြောဆိုတတ်၏။ သူသည်အစဉ်ပင်တရားမျှတ၏။
31 Sheria ya Mungu wake imo moyoni mwake; miguu yake haitelezi.
၃၁သူသည်မိမိဘုရား၏တရားတော်ကို နှလုံးသွင်း၍ထား၏။ အဘယ်အခါ၌မျှထိုတရားတော်မှ သွေဖည်၍မသွားပေ။
32 Mtu mwovu humvizia mwenye haki na kutafuta kumuua.
၃၂သူယုတ်မာသည်သူတော်ကောင်းအားချောင်းမြောင်း၍ သတ်ရန်ကြိုးစားတတ်၏။
33 Yahwe hatamuacha yeye kwenye mkono wa mtu mwovu wala kumlaumu atakapohukumiwa.
၃၃သို့ရာတွင်ထာဝရဘုရားသည် သူတော်ကောင်းအားရန်သူ၏လက်တွင်စွန့်ပစ်၍ ထားတော်မူလိမ့်မည်မဟုတ်။ သူသည်တရားရုံးသို့ရောက်၍အစစ်ခံရသော် သူ့အား အပြစ်ဒဏ်သင့်စေတော်မူလိမ့်မည်မဟုတ်။
34 Umngoje Yahwe na uishike njia yake, naye atakuinua uimiliki nchi. Atakapo waondosha waovu wewe utaona.
၃၄ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
35 Nimewaona waovu na mtu wa kutisha akienea kama mti wa kijani katika udongo wa asili.
၃၅ငါသည်ပိုင်စိုးပိုင်နင်းပြုတတ်သည့် သူယုတ်မာတစ်ယောက်ကိုတွေ့မြင်ဖူး၏။ သူသည်လေဗနုန်တောမှအာရဇ်ပင်ကဲ့သို့ လူအပေါင်းတို့အပေါ်တွင်လွှမ်းမိုးလျက်နေ၏။
36 Lakini nilipopita tana mara nyingine, hakuwepo pale. nilimtafuta, lakini sikumpata.
၃၆သို့ရာတွင်နောက်တစ်ကြိမ်ငါဖြတ်သွားသော အခါ သူသည်ထိုအရပ်တွင်မရှိတော့ပြီ။ သူ့ကိုရှာသော်လည်းမတွေ့မမြင်နိုင်တော့ပေ။
37 Uwachunguze watu waadilifu, na uwatambue wenye haki; kuna hatima nzuri kwa ajili ya mtu wa amani.
၃၇သူတော်ကောင်းကိုကြည့်ရှုလော့။ ဖြောင့်မတ်သောသူကိုကြည့်ရှုဆင်ခြင်လော့။ ငြိမ်းချမ်းမှုကိုလိုလားသူတွင်သားမြေး အဆက်အနွယ်ထွန်းကား၏။
38 Mwenye dhambi wataharibiwa kabisa; hatima ya mtu mwovu ni kuondoshwa.
၃၈သို့ရာတွင်အပြစ်ကူးသူတို့မူကား တစ်ယောက်မကျန်ဆုံးပါးပျက်စီးကြ ကုန်၏။ သူတို့၏သားမြေးအဆက်အနွယ်များသည်လည်း သုတ်သင်ဖယ်ရှားခြင်းကိုခံကြရ၏။
39 Wokovu wa haki unatoka kwa Yahwe; yeye huwalinda wao nyakati za shida.
၃၉ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
40 Yahwe huwasaidia na kuwaokoa. Yeye huwaokoa dhidi ya watu waovu na kuwanusuru wao kwa sababu wao wamemkimbilia yeye kwa ajili ya usalama.
၄၀ကိုယ်တော်သည်သူတို့အားကူမတော်မူ၏။ ကယ်မတော်မူ၏။ သူတို့သည်ကိုယ်တော်၏ထံတော်တွင် ခိုလှုံကြသည်ဖြစ်၍ကိုယ်တော်သည်သူတို့အား သူယုတ်မာများ၏လက်မှကယ်တော်မူ၏။