< Zaburi 33 >
1 Furahini katika Yahwe, ninyi wenye haki; kusifu kwa wenye haki kwa faa sana.
၁ဖြောင့်မတ်သောသူတို့၊ ထာဝရဘုရားကို အမှီပြု ၍ ရွှင်လန်းစွာ သီချင်းဆိုကြလော့။ ထောမနာပြုခြင်း အကျင့်သည် သဘောဖြောင့်သောသူတို့နှင့် ထိုက်တန် လျောက်ပတ်ပေ၏။
2 Mshukuruni Bwana kwa kinubi; mwimbieni sifa kwa kinubi chenye nyuzi kumi.
၂စောင်းတီး၍ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကြိုးဆယ်ပင်ရှိသော တူရိယာနှင့် ထောမနာသီချင်း ဆိုကြ လော့။
3 Mwimbieni yeye wimbo mpaya; pigeni kwa ustadi na muimbe kwa furaha.
၃ရှေ့တော်၌အသစ်သောသီချင်းကို ဆိုကြလော့။ တံပိုးမှုတ်ခြင်းနှင့်တကွ သာယာစွာ တီးကြလော့။
4 Kwa kuwa maneno ya Mungu ni ya hakika, na kila afanyacho ni haki.
၄အကြောင်းမူကား၊ ထာဝရဘုရား၏ နှုတ် ကပတ်တော်သည် ဖြောင့်မတ်ပေ၏။ စီရင်တော်မူသမျှ သော အမှုတို့သည်လည်း သစ္စာတရား နှင့်ညီကြ၏။
5 Yeye hupenda haki na kutenda kwa haki. Dunia imejaa uaminifu wa agano la Yahwe.
၅ဖြောင့်မတ်စွာကျင့်ခြင်းနှင့် တရားသဖြင့် စီရင် ခြင်းကို နှစ်သက်တော်မူ၏။ ပထဝီမြေကြီးသည် ထာဝရ ဘုရား၏ ကျေးဇူးတော်နှင့် ပြည့်ဝလျက်ရှိ၏။
6 Kwa neno la Yahwe mbingu ziliumbwa, na nyota zote ziliumbwa kwa pumzi ya mdomo wake.
၆ထာဝရဘုရား၏ နှုတ်ကပတ်တော်အားဖြင့် မိုဃ်းကောင်းကင်ကို၎င်း၊ နှုတ်တော်အသက်အားဖြင့် မိုဃ်းကောင်းကင်တန်ဆာများကို၎င်း ဖန်ဆင်းတော်မူ၏။
7 Yeye huyakusanya maji ya baharini kama rundo; naye huiweka bahari katika ghala.
၇သမုဒ္ဒရာရေကို စုပုံစုဝေးစေတော်မူ၏။ နက်နဲ သောသမုဒ္ဒရာကိုလည်း လုံခြုံရာအရပ်တို့၌ သိုထားတော် မူ၏။
8 Basi ulimwengu wote umwogope Yahwe; wenyeji wote wa ulimwengu wamuhofu yeye.
၈ထာဝရဘုရားကို မြေကြီးတပြင်လုံး ကြောက်ရွံ့ စေ။ လောကီနိုင်ငံသားအပေါင်းတို့သည် ရိုသေလေးမြတ် ကြစေ။
9 Kwa maana yeye alisema, na ikafanyika; aliamuru, na ikasimama mahali pake.
၉အကြောင်းမူကား၊ ထာဝရဘုရားမြွတ်ဆို၍၊ မြွတ်ဆိုတော်မူသည်အတိုင်း ဖြစ်၏။ အမိန့်တော်ရှိ၍၊ မိန့်တော်မူသည်အတိုင်း တည်လျက်နေ၏။
10 Yahwe huvunja muungano wa mataifa; naye huishinda mipango ya wanadamu.
၁၀ထာဝရဘုရားသည် တပါးအမျိုးသားတို့၏ တိုင်ပင်ခြင်းကို ပယ်တော်မူ၏။ လူတို့၏ကြံစည်ခြင်းကို လည်း ဖျက်ဆီးတော်မူ၏။
11 Mipango ya Yahwe husimama milele, mipango ya moyo wake ni kwa ajili ya vizazi vyote.
၁၁ထာဝရဘုရား၏ ပြဌာန်းတော်မူခြင်းသည် ကာလအနန္တနှင့်ဆိုင်၍၊ စိတ်နှလုံးတော်၏ အကြံအစည် တို့သည် သားစဉ်မြေဆက်အဆုံးတိုင် အောင်တည်ကြ လိမ့်မည်။
12 Limebarikiwa taifa ambalo Mungu wao ni Yahwe, watu ambao yeye amewachagua kama warithi wake.
၁၂ထာဝရဘုရားသည် အကြင်အမျိုး၏ ဘုရား ဖြစ်၍၊ အကြင်လူစုကို မိမိအမွေဥစ္စာဘို့ ရွေးကောက် တော်မူ၏၊ ထိုအမျိုးနှင့် ထိုလူစုသည် မင်္ဂလာရှိ၏။
13 Yahwe anatazama kutoka mbinguni; yeye huona watu wote.
၁၃ထာဝရဘုရားသည် ကောင်းကင်ဘုံက ကြည့်ရှု ၍၊ လူသားအပေါင်းတို့ကို မြင်တော်မူ၏။
14 Kutokea mahali ambapo yeye anaishi, huwatazama wote waishio juu ya nchi.
၁၄ကျိန်းဝပ်တော်မူရာ အရပ်က ကြည့်ရှု၍၊ မြေကြီးပေါ်မှာနေသော သတ္တဝါအပေါင်းတို့ကို မှတ် တော်မူ၏။
15 Yeye anaye iumba mioyo yao na kuyaona matendo yao yote.
၁၅သူတို့၏ စိတ်နှလုံးရှိသမျှတို့ကို ဖန်ဆင်း၍၊ သူတို့ကျင့်သမျှသော အကျင့်တို့ကိုလည်း ဆင်ခြင်တော် မူ၏။
16 Hakuna mfalme anayeokolewa na jeshi kubwa; shujaa haokolewi na nguvu zake nyingi.
၁၆ရှင်ဘုရင်မည်သည်ကား၊ များစွားသောအလုံး အရင်းအားဖြင့် ချမ်းသာမရ။ သူရဲသည်လည်း ခွန်အား ကြီးသောအားဖြင့် ကယ်လွှတ်ခြင်းသို့မရောက်။
17 Farasi sio salama kwa ajili ya ushindi; ijapokuwa nguvu zake ni nyingi, hawezi kuokoa.
၁၇မြင်းသော်လည်း ဘေးလွတ်ခြင်းအမှုကို မတတ် နိုင်။ ကြီးစွာသော ခွန်အားဗလဖြင့် မကယ်ယူနိုင်။
18 Tazama, macho ya Yahwe yako kwa wale wanao mhofu yeye, wale wanao litumainia agano lake takatifu
၁၈ထာဝရဘုရားကို ကြောက်ရွံ့သော သူတို့နှင့် ကရုဏာတော်ကို ခိုလှုံသောသူတို့သည်၊
19 kuwaokoa maisha yao na mauti na kuwaweka hai wakati wa jaa.
၁၉သေဘေးနှင့် ကင်းလွတ်မည်အကြောင်း၊ အစာ ခေါင်းပါးသည် ကာလ၌ အသက်ရှင်မည်အကြောင်း၊ သူတို့ကိုကြည့်ရှုလျက် ရှိတော်မူ၏။
20 Sisi tunamngoja Yahwe, yeye ni msaada wetu na ngao yetu.
၂၀ငါတို့၏ဝိညာဉ်သည် ထာဝရဘုရားကို မြော်လင့် လျက်နေ၏။ ထိုဘုရားသည် ငါတို့ကို မစသောသူ၊ ကွယ် ကာသောသူဖြစ်တော်မူ၏။
21 Mioyo yetu hufurahia ndani yake, kwa kuwa tunaamini katika jina lake takatifu.
၂၁သန့်ရှင်းသောနာမတော်ကို ခိုလှုံသောကြောင့်၊ ငါတို့သည် ထာဝရဘုရား၌ ဝမ်းမြောက်ခြင်းရှိကြ၏။
22 Yahwe, agano lako takatifu, liwe pamoja nasi tuwekapo tumaini letu katika wewe.
၂၂အိုထာဝရဘုရား၊ အကျွန်ုပ်တို့သည် ကိုယ်တော် ကို ကိုးစားသည်နှင့်အညီ၊ အကျွန်ုပ်တို့အပေါ်မှာ ကရုဏာတော် သက်ရောက်ပါစေသော။