< Zaburi 3 >
1 Yahewh, maadui zangu wako wangapi! Ni wengi wamekuja kinyume na mimi.
၁အိုထာဝရဘုရား၊ အကျွန်ုပ်၏ရန်သူတို့သည်၊ အလွန်တိုးပွါး၍၊ အကျွန်ုပ်တဘက်၌ ထသောသူတို့သည် များကြပါ၏။
2 Ni wengi wanaonisema, “Hakuna msaada wowote kutoka kwa Mungu kwa ajili yake.” (Selah)
၂သူသည်ဘုရားသခင်ကို အမှီပြု၍ချမ်းသာမရဟု အကျွန်ုပ်ကို ရည်ဆောင်၍ ပြောသောသူ အများ ရှိကြပါ၏။
3 Bali wewe, Yahweh, u ngao yangu pande zote, utukufu wangu, na uniinuaye kichwa changu.
၃သို့သော်လည်း၊ အိုထာဝရဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်၏အကွယ်အကာဖြစ်တော်မူ၏။ အကျွန်ုပ် ၏ ဘုန်းလည်းဖြစ်တော်မူ၏။ အကျွန်ုပ်၏ဦးခေါင်းကို ချီကြွသော သူလည်းဖြစ်တော်မူ၏။
4 Nampazia Yahweh sauti yangu, na yeye ananijibu kutoka katika mlima wake mtakatifu.
၄ငါသည် ထာဝရဘုရားထံသို့ အသံကိုလွှင့်၍ အော်ဟစ်သောအခါ၊ သန့်ရှင်းသော တောင်တော်ပေါ်မှာ နားထောင်တော်မူ၏။
5 Nilijilaza chini na kusinzia; na niliamka, kwa kuwa Yahweh alinilinda.
၅ထာဝရဘုရားသည် ငါ့ကိုမစတော်မူသော ကြောင့်၊ ငါသည် အိပ်၍ ပျော်ခြင်းအခွင့်နှင့် နိုးခြင်း အခွင့်ရှိ၏။
6 Sitaogopa kusanyiko la watu ambao wamejipanga kinyume na mimi pande zote.
၆ငါ့ကိုရန်ဘက်ပြု၍ ဝန်းရံသော သူအထောင် အသောင်းကို ငါမကြောက်ဘဲနေမည်။
7 Inuka, Yahweh! Uniokoe, Mungu wangu! Kwa kuwa utawapiga maadui zangu wote kwenye taya zao; utayavunja meno ya waovu.
၇အိုထာဝရဘုရားထတော်မူပါ။ အကျွန်ုပ်၏ ဘုရားသခင်၊ အကျွန်ုပ်ကို ကယ်မတော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ်၏ ရန်သူတို့၏ ပါးရိုးကိုရိုက်၍၊ မတရား သောသူတို့၏ သွားကိုချိုးတော်မူ၏။
8 Wokovu unatoka kwa Yahweh. Baraka zako ziwe juu ya watu wako.
၈ထာဝရဘုရား၏ ကျေးဇူးတော်ကြောင့် ချမ်း သာရပါ၏။ ပေးတော်မူသော ကောင်းကြီးမင်္ဂလာသည် ကိုယ်တော်၏ လူစုအပေါ်သို့ သက်ရောက်ပါစေသော။ ဒါဝိဒ်သည်သားတော်အဗရှလုံရှေ့မှ ပြေးသောအခါ စပ်ဆိုသောဆာလံ။