< Zaburi 18 >
1 Nakupenda, Yahwe, nguvu yangu.
၁အို ထာဝရဘုရားသခင်၊ ကျွန်တော်မျိုးသည်ကိုယ်တော်အားအလွန်ပင် ချစ်ခင်မြတ်နိုးပါ၏။ ကိုယ်တော်သည်လည်းကျွန်တော်မျိုးအား ကာကွယ်တော်မူသောအရှင်ဖြစ်တော်မူပါ၏။
2 Yahwe ni mwamba wangu, ngome yangu, yeye ambaye aniwekae kweye usalama; yeye ni Mungu wangu, mwamba wangu; ninapata kimbilio kwake. Yeye ni ngao yangu, pembe ya wokovu wangu, na ngome yangu.
၂ထာဝရဘုရားသည်ငါ့ကိုကွယ်ကာသောအရှင်၊ ငါ၏ခိုင်ခံ့သောရဲတိုက်ဖြစ်တော်မူ၏။ ငါ၏ဘုရားသည်ငါ့ကိုကွယ်ကာစောင့်ရှောက် တော်မူသဖြင့်ငါသည်ဘေးမဲ့လုံခြုံ၏။ ကိုယ်တော်သည်ဒိုင်းလွှားသဖွယ်ငါ့ကို ကွယ်ကာတော်မူ၏။ ငါ၏ဘက်မှခုခံတိုက်ခိုက်တော်မူ၍ငါ့အား ဘေးမဲ့လုံခြုံစွာထားတော်မူ၏။
3 Nitamuita Yahwe kwa sababu anastahili kusifiwa, na nitaokolewa kutoka kwa adui zangu.
၃ငါသည်ထာဝရဘုရားအား တောင်းလျှောက်သောအခါကိုယ်တော်သည် ငါ့အားရန်သူများ၏လက်မှကယ်တော်မူ၏။ ထာဝရဘုရားအားထောမနာပြုကြလော့။
4 Kamba za mauti zilinizunguka, na mafuriko yakimbiayo yalinielemea.
၄သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ ဖျက်ဆီးခြင်းလှိုင်းလုံးများသည်ငါ၏အပေါ် သို့ လွှမ်းမိုးကြ၏။
5 Kamba za kuzimu zilinizunguka; mitego ya mauti ilininasa. (Sheol )
၅သေမင်း၏နှောင်ကြိုးတို့သည်ငါ့ကိုရစ်ပတ် ပါ၏။ သင်္ချိုင်းတွင်းသည်ငါ့ကိုဖမ်းရန်ကျော့ကွင်း ထောင်ထား၏။ (Sheol )
6 dhiki yangu nilimuita Yahwe; Niliita msaada kwa Mungu. Naye alisikia sauti yangu kutoka hekaluni mwake; kuita kwangu msaada kulienda mpaka uweponi mwake; na kuingia masikioni pake.
၆ငါသည်ဒုက္ခရောက်၍ဘုရားသခင်အား လျှောက်ထားပါ၏။ ကူမတော်မူရန်ငါ၏ဘုရားအားလျှောက် ထားပါ၏။ ကိုယ်တော်သည်ဗိမာန်တော်ထဲမှငါ၏ အသံကိုကြားတော်မူ၏။ ကူမတော်မူရန်ငါ၏အော်သံကိုကိုယ်တော် ကြားတော်မူ၏။
7 Kisha nchi ikatikisika na kutetemeka; misingi ya milima pia ilitetemeka na kutikiswa kwa sababu Mungu alikuwa amekasirika.
၇ထိုအခါထာဝရဘုရား၏အမျက်တော် ကြောင့် ကမ္ဘာပေါ်တွင်သိမ့်သိမ့်တုန်အောင် မြေငလျင်လှုပ်လေ၏။ တောင်တို့သည်လည်းအောက်ခြေမှတုန်လှုပ် ကြကုန်၏။
8 Moshi ulifuka kutoka kwenye pua zake, na moto mkali ulitokea mdomoni mwake. Makaa yaliwashwa kwa moto huo.
၈ကိုယ်တော်၏နှာခေါင်းတော်ထဲမှ မီးခိုးများသည်လည်းကောင်း၊ ခံတွင်းတော်ထဲမှကျွမ်းလောင်စေတတ်သည့် မီးလျှံနှင့်မီးကျီးခဲများသည်လည်းကောင်း ထွက်လေ၏။
9 Yeye alizifunua mbingu na alishuka chini, na giza nene lilikuwa chini ya miguu yake.
၉ကိုယ်တော်သည်မိုးကောင်းကင်ကိုဖွင့်ဟလျက် ဆင်းသက်ကြွလာတော်မူ၏။ ခြေဖဝါးတော်အောက်တွင်မဲမှောင်သော မိုးတိမ်များရှိ၏။
10 Alipanda kwenye kerubi na akaruka; alinyiririka kwenye mabawa ya upepo.
၁၀ကိုယ်တော်သည်ခေရုဗိမ် ကိုစီးလျက်၊ လေ၏အဟုန်ဖြင့်လျင်မြန်စွာကြွလာတော်မူ၏။
11 Yahwe alilifanya giza kuwa hema likimzunguka yeye, wingu la mvua zito katika mbingu.
၁၁ကိုယ်တော်သည်မိမိကိုယ်ကိုအမှောင်ဖြင့် ဖုံးလွှမ်းတော်မူ၏။ ကိုယ်တော်၏ပတ်လည်တွင်ရေဖြင့်ပြည့်လျက် ထူထပ်သောမိုးတိမ်များရှိ၏။
12 Mawe ya barafu na makaa ya moto yalianguka kutoka katika mwangaza kabla yake.
၁၂ကိုယ်တော်၏ရှေ့တော်တွင်မိုးသီးနှင့်မီးလျှံ များသည် လျှပ်စစ်ပြက်ရာမှပေါ်ထွက်လာလျက်၊ မဲမှောင်နေသောမိုးတိမ်များကိုထွင်းဖောက်၍ ကျလာ၏။
13 Yahwe aliongea katika mbingu! Sauti ya aliye juu ilisikika.
၁၃ကိုယ်တော်သည်ကောင်းကင်မှမိုးချုန်းတော်မူ၏။ အမြင့်မြတ်ဆုံးဖြစ်တော်မူသောအရှင်၏ အသံတော်ထွက်ပေါ်လာ၏။
14 Yeye aliifyatua mishale yake na kuwatawanya adui zake; na radi nyingi zenye mwanga alizitawanya katika maeneo tofauti tofauti.
၁၄ကိုယ်တော်သည်မြားတော်တို့ကိုပစ်လွှတ်တော် မူလျက် ရန်သူများကိုကွဲလွင့်စေတော်မူ၏။ လျှပ်စစ်ပြက်စေတော်မူလျက်သူတို့အား ထွက်ပြေးစေတော်မူ၏။
15 Ndipo mifereji ya maji ilitokea; misingi ya dunia ikadhihirishwa kwa mlio wa pigo lako, Yahwe kwa sauti ya pumzi ya pua zako.
၁၅အို ထာဝရဘုရား၊ ကိုယ်တော်သည်ရန်သူတို့အားအမျက် ထွက်လျက် ဟိန်းသံဖြင့်ဆုံးမတော်မူလိုက်သောအခါ သမုဒ္ဒရာ အောက်ခံမြေသည်လည်းကောင်း၊ကမ္ဘာမြေကြီး၏ အခြေခံအုတ်မြစ်များသည်လည်းကောင်း ပွင့်လစ်ပေါ်ထွက်လာကုန်၏။
16 Yeye alishuka chini kutokea juu; akanishikilia mimi! Akanivuta nje ya maji yafurikayo.
၁၆ထာဝရဘုရားသည်ကောင်းကင်ဘုံမှ လက်တော်ကိုဆန့်တော်မူပြီးလျှင် ငါ့ကိုကိုင်ဆွဲတော်မူ၍ရေနက်ကြီးထဲမှ ငါ့ကိုဆယ်တင်တော်မူ၏။
17 Aliniokoa kutoka kwa maadui zangu wenye nguvu, kutoka kwa wale ambao walinichukia mimi, kwa kuwa walikuwa na nguvu sana kuliko mimi.
၁၇ကိုယ်တော်သည်ငါပြိုင်၍မရနိုင်သည့် အင်အားကြီးသောရန်သူများ၏လက်မှ လည်းကောင်း၊ ငါ့ကိုမုန်းသောသူအပေါင်းတို့လက်မှလည်းကောင်း ငါ့ကိုကယ်တော်မူ၏။
18 Wao walikuja kinyume na mimi katika siku ile ya dhiki yangu lakini Mungu alikuwa msaada wangu!
၁၈ငါဒုက္ခရောက်သောအခါသူတို့သည် ငါ့ကိုတိုက်ခိုက်ကြ၏။ သို့သော်လည်းထာဝရဘုရားသည်ငါ့ကို ကွယ်ကာစောင့်ရှောက်တော်မူ၏။
19 Yeye aliniweka huru katika eneo pana la wazi; yeye aliniokoa kwa sababu alipenezwa nami.
၁၉ငါဘေးရောက်သောအခါကိုယ်တော်သည် ငါ့ကိုကူမတော်မူ၏။ ငါ့ကိုနှစ်သက်တော်မူသဖြင့်ကယ်တော်မူ၏။
20 Yahwe amenitunuku mimi kwa sababu ya haki yangu; yeye amenirejesha mimi kwa sababu mikono yangu ilikuwa misafi.
၂၀ငါသည်မှန်ရာကိုပြုသဖြင့်ကိုယ်တော်သည် ငါ့အားကောင်းကျိုးကိုချပေးတော်မူ၏။ ငါသည်အပြစ်ကင်းသူဖြစ်၍ကောင်းချီး ပေးတော်မူ၏။
21 Kwa kuwa nimezitunza njia za Yahwe na sijafanya uovu wa kumgeuka Mungu wangu.
၂၁ငါသည်ထာဝရဘုရား၏ပညတ်တော်ကို လိုက်လျှောက်ခဲ့၏။ ငါ၏ဘုရားထံတော်မှရှောင်ခွာ၍မသွား ခဲ့ပါ။
22 Kwa kuwa amri zake zote za haki zimekuwa mbele yangu; kama asemavyo, sijaenda kinyume nazo.
၂၂ငါသည်ကိုယ်တော်၏ပညတ်တော်ရှိသမျှကို စောင့်ထိန်းခဲ့၏။ ကိုယ်တော်၏အမိန့်တော်တို့ကိုမဖီဆန်ခဲ့ပါ။
23 Pia nimekuwa sina hatia mbele zake, na nimejiweka mwenyewe mbali na dhambi.
၂၃ငါသည်အပြစ်မဲ့သူဖြစ်ကြောင်းကိုလည်း ကောင်း၊ ဒုစရိုက်ရှောင်ကြဉ်ကြောင်းကိုလည်းကောင်း ကိုယ်တော်သိတော်မူ၏။
24 Hivyo Yahwe amenirejesha kwa sababu ya haki yangu, na kwa sababu mikono yangu ilikuwa safi mbele ya macho yake.
၂၄ငါသည်အပြစ်ကင်းသူဖြစ်ကြောင်းကို သိတော်မူသဖြင့်လည်းကောင်း၊ ငါသည်တရားမျှတစွာပြုကျင့်သဖြင့် လည်းကောင်း ကိုယ်တော်သည်ငါ့အားကောင်းကျိုးကို ပေးသနားတော်မူ၏။
25 Kwa yeyote aliye mwaminifu, jionyeshe wenyewe kuwa mwaminifu; kwa mtu asiye na lawama, jionyeshe mwenyewe kuwa usiye na lawama.
၂၅အို ထာဝရဘုရား၊ ကိုယ်တော်သည်သစ္စာရှိသူတို့အား သစ္စာစောင့်တော်မူ၏။ အပြစ်ဆိုဖွယ်မရှိအောင်ကောင်းမြတ်သူတို့ အား အကြွင်းမဲ့ကျေးဇူးပြုတော်မူတတ်ပါ၏။
26 Kwa yeyote aliye msafi, jionyeshe mwenyewe safi; bali ni mjanja kwa yeyote aliye geuzwa.
၂၆စိတ်နှလုံးဖြူစင်သူတို့အားဖြူစင်သော စိတ်သဘောထားကိုလည်းကောင်း၊ သူယုတ်မာတို့အားရန်လိုသောစိတ်သဘော ကိုလည်းကောင်းပြတော်မူပါ၏။
27 Kwa kuwa wewe huwaokoa watu walio taabishwa, lakini wewe huwashusha chini wale wenye majivuno, yaani macho yaliyo jinua!
၂၇ကိုယ်တော်သည်စိတ်နှလုံးနှိမ့်ချသူတို့အား ကယ်တော်မူပါ၏။ သို့ရာတွင်မာနထောင်လွှားသူတို့ကိုမူ နိမ့်ကျစေတော်မူပါ၏။
28 Kwa kuwa wewe huipa mwanga taa yangu; Yahwe Mungu wangu hutia mwanga giza langu.
၂၈အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အလင်းကို ပေးတော်မူပါ၏။ ကျွန်တော်မျိုး၏မှောင်မိုက်ကိုပျောက်လွင့် စေတော်မူပါ၏။
29 Kwa kuwa kwa kupitia wewe ninaweza kuruka juu ya kiwazo kilichowekwa; kupitia Mungu ninaweza kuruka juu ya ukuta.
၂၉ရန်သူများကိုတိုက်ခိုက်ရန်ခွန်အားကို လည်းကောင်း၊ သူတို့၏တပ်များကိုဖြိုခွင်းရန် တန်ခိုးကိုလည်းကောင်း၊ ကျွန်တော်မျိုးအားပေးတော်မူပါ၏။
30 Kama kwa Mungu: njia yake ni kamilifu. Neno la Yahwe ni safi! Yeye ni ngao kwa yeyote anaye kimbilia katika yeye.
၃၀ဤဘုရားပြုတော်မူသောအမှုတို့သည် ပြီးပြည့်စုံလင်ပေ၏။ ကိုယ်တော်၏စကားတော်တို့သည်လည်း ယုံကြည်စိတ်ချထိုက်ပါပေသည်တကား။ ကိုယ်တော်သည်မိမိထံတွင်ခိုလှုံသူ အပေါင်းတို့အတွက်ဒိုင်းလွှားသဖွယ်ဖြစ် တော်မူ၏။
31 Kwa kuwa nani ni Mungu ispokuwa Yahwe? Nani ndiye mwamba ispokuwa Mungu wetu?
၃၁ထာဝရဘုရားသည်သာလျှင်ဘုရားဖြစ် တော်မူ၏။ ဘုရားသခင်သည်သာလျှင်ငါတို့ကွယ်ကာရာ ဖြစ်တော်မူ၏။
32 Ni Mungu anitiaye nguvu ndani yangu kama vile mkanda, ambaye humweka mtu mwenye lawama katika njia yake.
၃၂ကိုယ်တော်သည်ငါ့ကိုသန်စွမ်းစေတော်မူသော ဘုရား၊ ငါလိုက်လျှောက်ရာခရီးလမ်းကိုဘေးမဲ့လုံခြုံ စေတော်မူသောဘုရားဖြစ်တော်မူ၏။
33 Yeye hunifanya miguu yangu kuwa myepesi kama mbawala na kuniweka mahali pa juu!
၃၃ကိုယ်တော်သည်ငါ့ခြေကိုသမင်ခြေကဲ့သို့ မြဲမြံစေတော်မူ၏။ တောင်များပေါ်တွင်ငါ့ကိုဘေးမဲ့လုံခြုံစွာ ထားတော်မူ၏။
34 Yeye hufunza viganja vyangu kwa ajili ya vita na mikono yangu kupiga upinde wa shaba.
၃၄အသန်ဆုံးသောလေးကိုတင်နိုင်ရန်ငါ့အား စစ်ပွဲအတွက်လေ့ကျင့်ပေးတော်မူ၏။
35 Wewe umenipa mimi ngao ya wokovu. Mkono wako wa kuume umenisaidia, na neema yako imenifanya kuwa mkubwa.
၃၅အို ထာဝရဘုရား၊ ကိုယ်တော်သည်ကျွန်တော်မျိုးအားကွယ်ကာ စောင့်ရှောက်၍ကယ်တော်မူပါ၏။ ကိုယ်တော်ရှင်ကြည့်ရှုပြုစုတော်မူသဖြင့် ကျွန်တော်မျိုးသည်ကြီးမြင့်လာရပါ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့်ဘေးမဲ့ လုံခြုံစွာ နေရပါ၏။
36 Wewe umetengeneza nafasi pana kwa ajili ya miguu yangu ili miguu yangu isiteleze.
၃၆ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား အဖမ်းမခံရအောင်ကွယ်ကာတော်မူ၏။ ကျွန်တော်မျိုးသည်လည်းအဘယ်အခါ၌မျှ အရေးမရှုံးနိမ့်ခဲ့ပါ။
37 Ninawashawishi adui zangu na kuwakamata; nami sikurudi nyuma mpaka walipo haribiwa.
၃၇ကျွန်တော်မျိုးသည်ရန်သူများကိုလိုက်လံ ဖမ်းဆီးပါ၏။ သူတို့အားနှိမ်နင်းနိုင်သည့်အထိမရပ် မနားပါ။
38 Niliwashambulia hata hawakuweza kuamka; nao wameangukia chini ya miguu yangu.
၃၈သူတို့အားကျွန်တော်မျိုးထိုးနှက်တိုက်ခိုက် လိုက်သောအခါသူတို့သည်မထနိုင်ကြ တော့ပါ။ ကျွန်တော်မျိုး၏ခြေရင်းတွင်လဲ၍ အညံ့ခံကြရပါ၏။
39 Kwa kuwa unanitia nguvu kama mshipi kwa ajili ya vita; wewe unawaweka chini yangu wale ambao wanainuka kinyume na mimi.
၃၉ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားစစ်ပွဲ ဝင်နိုင်ရန် ခွန်အားကိုပေးတော်မူ၏။ ရန်သူများအားအောင်မြင်ခွင့်ကိုလည်း ပေးတော်မူပါ၏။
40 Wewe ulinipa visogo vya maadui zangu; niliwaagamiza wale walio nichukia.
၄၀ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ထံမှရန်သူ များကို ထွက်ပြေးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်လည်းမိမိကိုမုန်းသူတို့အား ချေမှုန်းသုတ်သင်ပစ်ပါ၏။
41 Wao waliita msaada lakini hakuna aliye wasaidia; walimuita Yahwe, lakini hakuwaitikia.
၄၁သူတို့သည်``ကယ်တော်မူပါ'' ဟု အော်ဟစ်ကြသော်လည်း၊သူတို့အား အဘယ်သူမျှမကယ်နိုင်ပါ။ သူတို့သည်ထာဝရဘုရားကို လျှောက်ထားကြသော်လည်းကိုယ်တော်သည် သူတို့အားထူးတော်မမူပါ။
42 Niliwapiga wao katika vipande vidogo vidogo kama vile vumbi mbele ya upepo; niliwatupa nje kama udongo mtaani.
၄၂လေတိုက်၍လွင့်ပါသွားသောမြေမှုန့်သဖွယ် ဖြစ်စေရန် သူတို့အားကျွန်တော်မျိုးချေမှုန်းပါ၏။ လမ်းများပေါ်မှရွှံ့သဖွယ်သူတို့အား ကျွန်တော်မျိုးကျော်နင်းပါ၏။
43 Wewe uliniokoa mimi kutoka katika migogoro ya watu. wewe umenifanya kichwa juu ya mataifa. Watu ambao sikuwahi kuwafahamu huntumikia.
၄၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား ပုန်ကန်သူတို့၏ဘေးမှကယ်တော်မူ၍ လူမျိုးတကာတို့ကိုအုပ်စိုးစေတော်မူပါ၏။ ကျွန်တော်မျိုးသည်မိမိမသိဘူးသောလူ များကို ယခုအခါ၌အုပ်စိုးခွင့်ရပါ၏။
44 Pindi tu waliposikia kuhusu mimi, wao walinitii; wageni walilazimishwa kunisujudu.
၄၄လူမျိုးခြားတို့သည်ကျွန်တော်မျိုး၏ရှေ့တွင် ဦးညွှတ်ပျပ်ဝပ်ကြပါ၏။ သူတို့သည်ကျွန်တော်မျိုး၏အမိန့်ကို ကြားသောအခါနာခံကြပါ၏။
45 Wageni walitoka kwenye ngome yao wakitetemeka.
၄၅သူတို့သည်ရဲစွမ်းသတ္တိမရှိကြတော့ဘဲမိမိ တို့၏ ရဲတိုက်များမှတုန်လှုပ်လျက်ထွက်လာကြပါ၏။
46 Yahwe anaishi; mwamba wangu usifiwe. Ainuliwe Mungu wa wokovu wangu.
၄၆ထာဝရဘုရားသည်အသက်ရှင်တော်မူ၏။ ငါ့အားကွယ်ကာတော်မူသောအရှင်ကို ထောမနာပြုကြလော့။ ငါ့ကိုကယ်တင်တော်မူသောထာဝရဘုရား ကြီးမြတ်တော်မူကြောင်းကိုကြွေးကြော် ကြလော့။
47 Yeye ni Mungu ambaye hutelekeza visasi kwa ajili yangu, ambaye huwatiisha mataifa chini yangu.
၄၇ကိုယ်တော်သည်ငါ့အားရန်သူများကို အောင်မြင်ခွင့်ပေးတော်မူ၏။ လူမျိုးတကာတို့ကိုငါ၏လက်အောက်သို့ ရောက်စေတော်မူလျက်၊
48 Nimewekwa huru kutoka kwa adui zangu! wewe uliniinua juu ya wale walioinuka kunyume na mimi! Wewe uliniokoa kutoka kwa watu wenye vurugu.
၄၈ရန်သူများ၏လက်မှငါ့ကိုကယ်တော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအားရန်သူ များကို အောင်မြင်ရသောအခွင့်ကိုပေးတော်မူ၏။ အကြမ်းဖက်သူတို့၏ဘေးမှကျွန်တော်မျိုးကို ကွယ်ကာတော်မူပါ၏။
49 Kwa hiyo nitakushukuru wewe, Yahwe, kati ya mataifa; Nitaliimbia sifa jina lako!
၄၉သို့ဖြစ်၍ကျွန်တော်မျိုးသည်လူမျိုးတကာတို့၏ ရှေ့တွင်ကိုယ်တော်ရှင်အားထောမနာပြုပါမည်။ ကိုယ်တော်အားထောမနာပြုသော သီချင်းကိုဆိုပါမည်။
50 Mungu hutoa ushindi mkuu kwa mfalme wake, na yeye huonyesha uaminifu wa agano lake kwa mpakwa mafuta wake, kwa Daudi na ukoo wake milele.
၅၀ဘုရားသခင်သည်မိမိခန့်ထားတော်မူသော ဘုရင်အားအောင်ပွဲကြီးများခံစေတော်မူ၏။ ကိုယ်တော်ဘိသိက်ပေးတော်မူသောဒါဝိဒ်မှစ၍ သူ၏သားမြေးများအားခိုင်မြဲသောမေတ္တာ တော်ကို ကာလအစဉ်အဆက်ပြတော်မူ၏။