< Zaburi 147 >
1 Msifuni Yahwe, kwa maana ni vyema kumwimbia sifa Mungu wetu, ni kuzuri, kusifu kwa faa sana.
၁ထာဝရဘုရားအားထောမနာပြုကြလော့။ ငါတို့၏ဘုရားအားထောမနာ သီချင်းဆိုခြင်းသည်မွန်မြတ်ပါပေသည်။ ကိုယ်တော်ကိုထောမနာပြုရခြင်းသည် မှန်ကန်လျောက်ပတ်ဖွယ်ကောင်းပါပေသည်။
2 Yahwe huijenga tena Yerusalemu, huwakusanya pamoja watu wa Israeli waliotawanyika.
၂ထာဝရဘုရားသည်ယေရုရှလင်မြို့ကို ပြန်လည်ထူထောင်လျက်တိုင်းတစ်ပါးတွင် နေကြရသူ ဣသရေလအမျိုးသားတို့အားပြန်လည် ခေါ်ဆောင်လာတော်မူ၏။
3 Huponya mioyo iliyopondeka na kuganga majeraha yao.
၃စိတ်နှလုံးကြေကွဲသူတို့ကိုနှစ်သိမ့်စေတော် မူ၍ သူတို့၏ဒဏ်ရာဒဏ်ချက်များကိုပတ်စည်း တော်မူ၏။
4 Huzihesabu nyota, naye huzipa majina zote.
၄ကိုယ်တော်သည်ကြယ်တာရာများ၏အရေ အတွက်ကို သတ်မှတ်တော်မူ၍ကြယ်တစ်လုံးစီကိုနာမည် မှည့်ခေါ်တော်မူ၏။
5 Ukuu ni wa Bwana wetu na nguvu zake ni za kutisha, ufahamu wake hauwezi kupimika.
၅ငါတို့၏ဘုရားရှင်သည်ကြီးမြတ်တော်မူ၍ တန်ခိုးနှင့်ပြည့်စုံတော်မူ၏။ ကိုယ်တော်၏ဉာဏ်ပညာတော်ကိုတိုင်းထွာ၍ မရနိုင်ပါ။
6 Yahwe huwainua wanyonge, huwashusha chini wenye jeuri.
၆ကိုယ်တော်သည်နိမ့်ကျသူတို့ကိုထူပင့်တော် မူ၍ ယုတ်မာသူတို့ကိုမူမြေသို့တိုင်အောင်လဲကျ စေတော်မူ၏။
7 Mwimbieni Yahwe kwa shukurani, mwimbieni sifa Mungu wetu kwa kinubi.
၇ထောမနာသီချင်းများကိုဆို၍ထာဝရ ဘုရား၏ ဂုဏ်တော်ကိုချီးမွမ်းကြလော့။ စောင်းကိုတီး၍ဂီတသံဖြင့်ငါတို့ဘုရား အား ဂုဏ်တော်ကိုချီးမွမ်းကြလော့။
8 Huzifunika mbingu kwa mawingu na huiandaa mvua kwa ajili ya nchi, akizifanya nyasi kukua juu ya milima.
၈ကိုယ်တော်သည်ကောင်းကင်ပြင်ကိုမိုးတိမ် များဖြင့် ဖုံးလွှမ်းတော်မူ၏။ ကမ္ဘာမြေကြီးပေါ်သို့မိုးရွာစေတော်မူ၍ တောင်ကုန်းများတွင်မြက်များကိုပေါက်စေ တော်မူ၏။
9 Huwapa wanyama chakula na wana kunguru waliapo.
၉ကိုယ်တော်သည်တိရစ္ဆာန်များအား အစာရေစာကိုပေးတော်မူ၏။ ကျီးသားငယ်တို့အော်သောအခါ ကျွေးမွေးတော်မူ၏။
10 Hapati furaha katika nguvu ya farasi, wala haridhii miguu imara ya mwanadamu.
၁၀ကိုယ်တော်သည်ခွန်အားကြီးမားသောမြင်းတို့ ကိုသော်လည်းကောင်း၊ ရဲစွမ်းသတ္တိရှိသောစစ်သည်တို့ကိုလည်းကောင်း နှစ်သက်တော်မူသည်မဟုတ်။
11 Yahwe huridhia katika wale wanao muheshimu yeye, watumainio katika uaminifu wa agano lake.
၁၁သို့ရာတွင်မိမိအားကြောက်ရွံ့ရိုသေသူများ၊ ခိုင်မြဲသောမေတ္တာတော်ကိုကိုးစားသူများ ကို နှစ်သက်တော်မူပေသည်။
12 Msifuni Yahwe, Yerusalemu, msifuni Mungu wenu, Sayuni.
၁၂အို ယေရုရှလင်မြို့၊ထာဝရဘုရားအား ထောမနာပြုလော့။ အို ဇိအုန်မြို့၊သင်၏ဘုရားကိုထောမနာပြု လော့။
13 Maana yeye huyakaza mapingo ya malango yako, huwabariki watoto wako kati yako.
၁၃ကိုယ်တော်သည်သင်၏မြို့တံခါးကိုခိုင်ခံ့ စေတော်မူ၍ သင်၏မြို့သူမြို့သားတို့ကိုကောင်းချီးပေး တော်မူ၏။
14 Huletamafanikio ndani ya mipaka yako, hukutosheleza kwa ngano bora.
၁၄ကိုယ်တော်သည်သင်၏မြို့တံခါးကိုဘေးမဲ့ လုံခြုံစွာထားတော်မူ၍ သင့်အားအကောင်းဆုံးသောဂျုံဆန်ဖြင့် ရောင့်ရဲစေတော်မူ၏။
15 Huipeleka amri yake juu ya nchi, amri zake hupiga mbio sana.
၁၅ကိုယ်တော်သည်ကမ္ဘာမြေကြီးအား အမိန့်ပေးတော်မူ၏။ ထိုအမိန့်တော်အတိုင်းလျင်မြန်စွာဖြစ် ပျက်လာ၏။
16 Huifanya theluji kama sufu, huitawanya barafu kama majivu.
၁၆ကိုယ်တော်သည်သိုးမွေးသဖွယ်ထူထပ်သော မိုးပွင့်များကိုကျစေတော်မူ၍ ပြာမှုန့်သဖွယ်ဆီးနှင်းခဲများကိုကြဲချ တော်မူ၏။
17 Hutupa mvua ya mawe kama makombo, ni nani awezaye kuhimili baridi aitumayo?
၁၇ကိုယ်တော်သည်မိုးသီးများကိုမုန့်ကျိုး မုန့်ပဲ့များသဖွယ်ကျစေတော်မူ၏။ ကိုယ်တော်ရှင်စေလွှတ်တော်မူလိုက်သည့် အအေးဋ္ဌာတ်ကိုအဘယ်သူမျှမခံ နိုင်ပေ။
18 Hutuma amri zake na kuziyeyusha, huvumisha upepo wake na hutiririsha maji.
၁၈ထိုနောက်ကိုယ်တော်သည်အမိန့်ပေးတော်မူသဖြင့် ရေခဲသည်အရည်ပျော်လေ၏။ လေကိုတိုက်စေတော်မူသဖြင့် ရေသည်စီးဆင်းလေ၏။
19 Hutangaza neno lake kwa Yakobo, amri zake na hukumu zake kwa Israeli.
၁၉ကိုယ်တော်သည်နှုတ်ကပတ်တော်ကိုမိမိ လူစုတော်အားလည်းကောင်း၊ အထုံးအဖွဲ့တော်နှင့်ပညတ်တော်များကို ဣသရေလအားလည်းကောင်းပေးအပ်တော် မူ၏။
20 Hajafanya hivyo kwa taifa linginelo lolote, na kama ilivyo amri zake, hawazijui. Msifuni Yahwe.
၂၀ကိုယ်တော်သည်အခြားလူမျိုးတို့အတွက် ဤသို့ပြုတော်မမူ။ သူတို့သည်ကိုယ်တော်၏ပညတ်တော်များကို မသိရကြ။ ထာဝရဘုရားအားထောမနာပြုကြလော့။