< Zaburi 139 >
1 Ee Yahwe, wewe umenichunguza, na unanijua.
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးအား စစ်ဆေးကြည့်ရှုတော်မူပြီးဖြစ်၍ကျွန်တော် မျိုး၏ အကြောင်းကိုသိတော်မူပါ၏။
2 Wewe unajua nikaapo na niinukapo; unayajua mawazo yangu tokea mbali sana.
၂ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။ အဝေးကကျွန်တော်မျိုး၏အကြံအစည် ရှိသမျှကိုသိမြင်တော်မူပါ၏။
3 Unachunguza wenendo wangu na kulala kwangu; unazijua njia zangu zote.
၃ကျွန်တော်မျိုးသည်အလုပ်လုပ်လျက်နေသည် ဖြစ်စေ၊ နားလျက်နေသည်ဖြစ်စေ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို မြင်တော်မူပါ၏။ ကျွန်တော်မျိုးပြုသမျှသောအမှုတို့ကို သိတော်မူပါ၏။
4 Kabla hakujawa na neno kwenye ulimi wangu, wewe unalijua kabisa, Yahwe.
၄ကျွန်တော်မျိုးနှုတ်ကိုမဖွင့်မီ၌ပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးပြောဆိုမည့် စကားတို့ကိုသိရှိပြီးဖြစ်ပါ၏။
5 Nyuma yangu na mbele yangu unanizunguka na kuniwekea mkono wako.
၅ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ရှေ့နောက်တွင် စောင့်ကြပ်လျက်နေတော်မူပါ၏။ တန်ခိုးတော်ဖြင့်ကျွန်တော်မျိုးကိုကွယ်ကာ စောင့်ထိန်းတော်မူပါ၏။
6 Maarifa hayo ni mengi yananizidi mimi; yako juu sana, nami siwezi kuyafikia.
၆ကျွန်တော်မျိုး၏အကြောင်းကိုကိုယ်တော်ရှင် သိတော်မူပုံမှာအံ့သြဖွယ်ဖြစ်ပါ၏။ ထိုသို့သောအသိဉာဏ်သည်ကျွန်တော်မျိုး နားမလည်နိုင်အောင်နက်နဲလှပါ၏။
7 Niende wapi mbali na roho yako? Niende wapi niukimbie uwepo wako?
၇ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်နှင့်ကင်းဝေးစေရန် အဘယ်အရပ်သို့သွားနိုင်ပါမည်နည်း။ ကိုယ်တော်ရှင်၏မျက်မှောက်တော်မှကင်းလွတ် စေရန် အဘယ်အရပ်သို့ထွက်ခွာနိုင်ပါမည်နည်း။
8 Kama nikipaa mbinguni, uko huko; kama nikifanya kitanda changu Kuzimuni, tazama, uko huko. (Sheol )
၈အကယ်၍ကျွန်တော်မျိုးသည် ကောင်းကင်သို့တက်လျှင်ထိုအရပ်တွင် ကိုယ်တော်ရှင်ရှိတော်မူပါ၏။ အကယ်၍ကျွန်တော်မျိုးသည်မရဏာ နိုင်ငံတွင် လဲလျောင်းလျှင် ထိုအရပ်တွင်ကိုယ်တော်ရှင်ရှိတော်မူပါ၏။ (Sheol )
9 Kama nikipaa kwa mbawa za asubuhi na kwenda kuishi pande za mwisho wa bahari,
၉အကယ်၍ကျွန်တော်မျိုးသည်နေထွက်ရာ အရပ်သို့ ပျံသွားလျှင်လည်းကောင်း၊ နေဝင်ရာအရပ်တွင်နေထိုင်လျှင်လည်းကောင်း
10 hata huko mkono wako utaniongoza, mkono wako wa kuume utanishika.
၁၀ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုရှေ့ဆောင် လမ်းပြတော်မူရန်ထိုအရပ်တွင်ရှိနေတော် မူမည်။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကိုကူမတော် မူရန် ထိုအရပ်တွင်ရှိနေတော်မူမည်။
11 Kama nikisema, “Hakika giza litanifunika, na nuru inizungukayo itakuwa usiku,”
၁၁အကယ်၍ကျွန်တော်မျိုးသည်မိမိအား ဖုံးလွှမ်းရန် မှောင်မိုက်ကိုလည်းကောင်း၊ မိမိ၏ပတ်လည်ရှိအလင်းကိုညဥ့်အဖြစ်သို့ ပြောင်းလဲစေရန်လည်းကောင်းစေခိုင်းလျှင်
12 Hata giza lisingweza kuwa giza kwako. Usiku ungeng'aa kama mchana, maana giza na nuru kwako vinafanana.
၁၂ကိုယ်တော်၏အတွက်မှောင်မိုက်သည်ပင်လျှင် အမှောင်မဟုတ်ပါ။ ညဥ့်သည်လည်းနေ့ကဲ့သို့ထွန်းလင်းပါ၏။ ကိုယ်တော်ရှင်၏အဖို့မှာမှောင်မိုက်နှင့်အလင်းသည် အတူတူပင်ဖြစ်ပါ၏။
13 Wewe uliumba sehemu zangu za ndani; uliniumba tumboni mwa mama yangu.
၁၃ကိုယ်တော်ရှင်သည်ကျွန်တော်မျိုး၏ကိုယ်ခန္ဓာ အစိတ်အပိုင်းရှိသမျှတို့ကို ဖန်ဆင်းတော်မူပြီးလျှင်ယင်းတို့ကိုကျွန်တော်မျိုး မိခင်၏ဝမ်းတွင်း၌ဆက်စပ်စေတော်မူ၏။
14 Nitakusifu, kwa maana nimeumbwa kwa jinsi ya ajabu. Nafsi yangu yalijua hili vizuri sana.
၁၄ကိုယ်တော်သည်ကြောက်ရွံ့ဖွယ်ကောင်းသောအရှင် ဖြစ်တော်မူသဖြင့် ကျွန်တော်မျိုးသည်ကိုယ်တော်ရှင်အား ထောမနာပြုပါ၏။ ကိုယ်တော်ရှင်ပြုတော်မူသမျှသောအမှု အရာတို့သည် ထူးဆန်းအံ့သြဖွယ်ကောင်းကြောင်းကျွန်တော်မျိုး အသေအချာသိပါ၏။
15 Mifupa yangu haikusitirika kwako nilipoumbwa kwa siri, nilipoumbwa kwa ustadi pande za chini za nchi.
၁၅ကျွန်တော်မျိုးသည်မိခင်၏ဝမ်းတွင်လျှို့ဝှက်စွာ ကြီးထွားလာချိန်၊ ကျွန်တော်မျိုး၏အရိုးတို့သည်ဖြစ်ပေါ်လာလျက် တစ်ခုနှင့်တစ်ခုသေချာစွာဆက်စပ်ကြချိန်တို့၌ ကိုယ်တော်သည်ကျွန်တော်မျိုးကိုသိမြင်တော် မူပါ၏။
16 Uliniona ndani ya tumbo; siku zote zilizo pangwa kwangu ziliandikwa kitabuni mwako hata kabla ya siku ya kwanza kutokea.
၁၆ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးကို သိမြင်တော်မူပါ၏။ ကျွန်တော်မျိုးအတွက်အသက်ရှင်ရန် လျာထားတော်မူသောနေ့ရက်အရေအတွက် တို့ကို ကျွန်တော်မျိုးမမွေးမဖွားမီကပင်လျှင် ကိုယ်တော်ရှင်၏စာစောင်တော်တွင် ရေးမှတ်ထားတော်မူပြီးဖြစ်ပါ၏။
17 Ni jinsi gani mawazo yako ni ya thamani kwangu, Mungu! Njinsi ilivyo kubwa jumla zake!
၁၇အို ဘုရားသခင်၊ ကိုယ်တော်ရှင်၏အကြံအစည်တော်တို့သည် ကျွန်တော်မျိုးအတွက်ခက်ခဲနက်နဲလှပါ၏။ ယင်းတို့သည်များပြားလှပါသည်တကား။
18 Kama nikijaribu kuyahesabu ni mengi kuliko mchanga. Niamkapo bado niko na wewe.
၁၈ထိုအကြံအစည်တော်တို့ကိုကျွန်တော်မျိုး ရေတွက်ရမည်ဆိုသော် ယင်းတို့သည်သဲလုံးများထက်များပါလိမ့်မည်။ အိပ်ရာမှနိုးထသောအခါ၌ကျွန်တော်မျိုး သည် ကိုယ်တော်ရှင်နှင့်အတူရှိနေဦးမည်။
19 Ee Mungu, kama ungewaua waovu; ondokeni kwangu enyi watu wenye vurugu.
၁၉အို ဘုရားသခင်၊ သူယုတ်မာတို့အားကိုယ်တော်ရှင် ကွပ်မျက်တော်မူပါစေသော။ အကြမ်းဖက်သမားတို့သည်ကျွန်တော်မျိုးထံမှ ထွက်သွားစေတော်မူပါ။
20 Wanakuasi wewe na kutenda udanganyifu; adui zako wananena uongo.
၂၀သူတို့သည်ကိုယ်တော်ရှင်၏အကြောင်းတော်ကို ယုတ်မာစွာပြောဆိုကြပါ၏။ ကိုယ်တော်ရှင်၏နာမတော်ကိုပုတ်ခတ် ပြောဆိုကြပါ၏။
21 Je, siwachukii hao, wale wakuchukiao Yahwe? Je, siwadharau wale wanao inuka dhidi yako?
၂၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်ကိုပုန်ကန်သူတို့အား ကျွန်တော်မျိုးလွန်စွာစက်ဆုပ်ပါ၏။
22 Nawachukia kabisa; wamekuwa adui zangu.
၂၂ကျွန်တော်မျိုးသည်သူတို့ကိုစိတ်နှလုံး အကြွင်းမဲ့ မုန်းပါ၏။ သူတို့အားကျွန်တော်မျိုး၏ရန်သူများကဲ့သို့ မှတ်ပါ၏။
23 Ee Mungu, unichunguze na kuujua moyo wangu; unijaribu na uyajue mawazo yangu.
၂၃အို ဘုရားသခင်၊ ကျွန်တော်မျိုးကိုစစ်ဆေးတော်မူ၍ကျွန်တော်မျိုး၏ စိတ်နှလုံးကိုသိမှတ်တော်မူပါ။ ကျွန်တော်မျိုးကိုစစ်ကြောတော်မူ၍ကျွန်တော်မျိုး၏ အကြံအစည်များကိုသိမှတ်တော်မူပါ။
24 Uone kama kuna njia ya uovu ndani yangu, na uniongoze katika njia ya milele.
၂၄ကျွန်တော်မျိုးသည်ဆိုးသွမ်းသောလမ်းသို့ လိုက်သည်မလိုက်သည်ကိုစစ်ဆေးတော်မူ၍ ထာဝရလမ်းထဲသို့ပို့ဆောင်တော်မူပါ။