< Zaburi 136 >
1 Oh, mshukuruni Yahwe; kwa kuwa ni mwema, kwa maana uaminifu wa agano lake wadumu milele.
၁ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသဖြင့် ကျေးဇူးတော်ကိုချီးမွမ်းကြလော့။
2 Oh, Mshukuruni Mungu wa miungu, kwa maana uaminifu wa agano lake wadumu milele.
၂ဘုရားရှိသမျှတို့ထက်ကြီးမြတ်တော်မူသော အရှင်၏ကျေးဇူးကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
3 Oh, mshukuruni Bwana wa mabwana, kwa maana uaminifu wa agano lake wadumu milele.
၃အရှင်သခင်ရှိသမျှတို့ထက် တန်ခိုးကြီးတော်မူသောအရှင်၏ ကျေးဇူးတော်ကိုချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
4 Mshukuruni yeye ambaye peke yake hufanya maajabu makuu, kwa maana uaminifu wa agano lake wadumu milele.
၄ကိုယ်တော်တစ်ပါးတည်းသာလျှင်အလွန် ထူးဆန်းသော နိမိတ်လက္ခဏာတို့ကိုပြတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
5 Yeye aliyezifanya mbingu kwa hekima zake, kwa maana uaminifu wa agano lake wadumu milele.
၅ကိုယ်တော်သည်ဉာဏ်ပညာတော်အားဖြင့် မိုးကောင်းကင်ကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
6 Mshukuruni yeye alitetandaza nchi juu ya maji, kwa maana uaminifu wa agano lake wadumu milele.
၆ကိုယ်တော်သည်ကမ္ဘာမြေကြီးကိုသမုဒ္ဒရာ ပေါ်တွင် တည်ဆောက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
7 Yeye aliyefanya mianga mikubwa, kwa maana uaminifu wa agano lake wadumu milele.
၇ကိုယ်တော်သည်နေနှင့်လကိုဖန်ဆင်းတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
8 Mshukuruni yeye alipaye jua kutawala mchana, kwa maana uaminifu wa agano lake wadumu milele.
၈နေကိုဖန်ဆင်းတော်မူသည်မှာနေ့ကို အုပ်စိုးစေရန်ဖြစ်၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
9 Mwezi na nyota vitawale usiku, kwa maana uaminifu wa agano lake wadumu milele.
၉လနှင့်ကြယ်များကိုဖန်ဆင်းတော်မူသည်မှာ ညဥ့်ကိုအုပ်စိုးစေရန်ဖြစ်၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
10 Mshukuruni yeye aliyewaua wazaliwa wa kwanza wa Misri, kwa maana uaminifu wa agano lake wadumu milele.
၁၀ကိုယ်တော်သည်အီဂျစ်အမျိုးသားများ၏ သားဦးတို့ကိုသေစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
11 Akawatoa Waisraeli kati yao, kwa maana uaminifu wa agano lake wadumu milele.
၁၁ကိုယ်တော်သည်ဣသရေလအမျိုးသားတို့အား အီဂျစ်ပြည်မှထုတ်ဆောင်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
12 Kwa mkono hodari na mkono ulio nyooshwa, kwa maana uaminifu wa agano lake wadumu milele.
၁၂ယင်းသို့ထုတ်ဆောင်တော်မူသည်မှာခွန်အား ကြီးမားသည့်လက်တော်အားဖြင့်လည်းကောင်း၊ တန်ခိုးကြီးမားသည့်လက်ရုံးတော် အားဖြင့်လည်းကောင်းဖြစ်ပေသည်။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
13 Mshukuruni yeye aliyeigawa Bahari ya Shamu, kwa maana uaminifu wa agano lake wadumu milele.
၁၃ကိုယ်တော်သည်ပင်လယ်နီကိုနှစ်ပိုင်းကွဲစေ တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
14 Na kuwapitisha Waisraeli katikati yake, kwa maana uaminifu wa agano lake wadumu milele.
၁၄ကိုယ်တော်သည်မိမိ၏လူစုတော်အားထိုပင်လယ်ကို ဖြတ်၍ခေါ်ဆောင်သွားတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
15 Lakini akamtupa Farao na jeshi lake katika Bahari ya Shamu, kwa maana uaminifu wa agano lake wadumu milele.
၁၅ကိုယ်တော်သည်ဖာရောဘုရင်နှင့်သူ၏တပ်မတော်ကို ရေနစ်သေဆုံးစေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
16 Mshukuruni yeye aliye waongoza watu wake jangwani, kwa maana uaminifu wa agano lake ni wa milele.
၁၆ကိုယ်တော်သည်မိမိ၏လူစုတော်အား တောကန္တာရကိုဖြတ်၍လမ်းပြပို့ဆောင်တော် မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
17 Yeye aliyewaua wafalme wakuu, kwa maana uaminifu wa agano lake ni wadumu milele.
၁၇ကိုယ်တော်သည်ဘုန်းကြီးသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
18 Mshukuruni yeye aliyewaua wafalme maarufu, kwa maana uaminifu wa agano lake wadumu milele.
၁၈ကိုယ်တော်သည်ကျော်စောသောဘုရင်တို့ကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
19 Sihoni mfalme wa Waamori, kwa maana uaminifu wa agano lake wadumu milele.
၁၉အာမောရိပြည်ဘုရင်ရှိဟုန်မင်းကို ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
20 Na Ogu, mfalme wa Bashani, kwa maana uaminifu wa agano lake wadumu milele.
၂၀ဗာရှန်ပြည်ဘုရင်သြဃမင်းကိုလည်း ကွပ်မျက်တော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
21 Mshukuruni yeye aliyewapa nchi yao kama urithi, kwa maana uaminifu wa agano lake wadumu milele.
၂၁ကိုယ်တော်သည်သူတို့၏ပြည်နယ်များကို မိမိ၏လူစုတော်အားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
22 Urithi wa Israel mtumishi wake, kwa maana uaminifu wa agano lake wadumu milele.
၂၂ထိုပြည်နယ်များကိုကိုယ်တော်သည်မိမိ၏ အစေခံဣသရေလအားပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
23 Yeye aliyetukumbuka na kutusaidia katika unyonge wetu, kwa maana uaminifu wa agano lake wadumu milele.
၂၃ငါတို့အရေးရှုံးနိမ့်ကြသောအခါကိုယ်တော်သည် ငါတို့အားမေ့လျော့တော်မမူ။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
24 Mshukuruni yeye ambaye ametupa ushindi juu ya aui zetu, kwa maana uaminifu wa agano lake wadumu milele.
၂၄ကိုယ်တော်သည်ငါတို့အားရန်သူတို့၏လက်မှ လွတ်မြောက်စေတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
25 Yeye awapaye chakula viumbe hai wote, kwa maana uaminifu wa agano lake wadumu milele.
၂၅ကိုယ်တော်သည်ခပ်သိမ်းသောသတ္တဝါတို့အား အစားအစာများကိုပေးတော်မူ၏။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။
26 Oh, mshukuruni Mungu wa mbinguni, kwa maana uaminifu wa agano lake wadumu milele.
၂၆ကောင်းကင်ဘုံရှင်ဘုရားသခင်၏ကျေးဇူး တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်၏မေတ္တာတော်သည်ထာဝစဉ် တည်တော်မူသတည်း။