< Zaburi 125 >
1 Wale wamwaminio Yahwe ni kama mlima Sayuni, hautikisiki, wadumu milele.
၁ထာဝရဘုရား ကို ခိုလှုံ သောသူတို့ သည် မ တုန် မလှုပ်၊ အစဉ်အမြဲ တည် သော ဇိအုန် တောင် ကဲ့သို့ ဖြစ်ကြ ၏။
2 Kama milima inavyo izunguka Yerusalemu, hivyo ndivyo Yahwe anavyo wazunguka watu wake sasa na hata milele.
၂တောင် ရိုးတို့သည် ယေရုရှလင် မြို့ကို ဝန်းရံ သကဲ့သို့ ၊ ထာဝရဘုရား သည် မိမိ လူ တို့ကို ယခု မှစ၍ ၊ ကာလ အစဉ်မပြတ်ဝန်းရံ တော်မူ၏။
3 Fimbo ya uovu haitatawala katika nchi ya wenye haki. Vinginevyo wenye haki wanaweza kukosea.
၃ဖြောင့်မတ် သောသူတို့ သည် ဒုစရိုက် ကို ပြု သောအခွင့် မ ရှိစေခြင်းငှါ ၊ မ တရားသောသူတို့၏ လှံတံ သည် ဖြောင့်မတ် သောသူတို့ ၏ အမွေခံ ရာအဘို့အပေါ် မှာ မ တည် မနေရ။
4 Ee Yahwe, utende wema kwa wale walio wema na wale walio wanyoofu mioyoni mwao.
၄အိုထာဝရဘုရား ၊ ကောင်း သောသူ၊ သဘောဖြောင့် သောသူတို့ အား ကျေးဇူး ပြုတော်မူပါ။
5 Lakini kwa wale wanaogeukia njia zao za upotovu, Yahwe atawaondoa pamoja na watenda maovu. Amani iwe na Israeli.
၅ကောက် သောလမ်းများသို့ လွှဲ သွားသောသူတို့ ကိုကား ၊ ထာဝရဘုရား သည် မ တရားသဖြင့်ပြု သောသူတို့ နှင့်အတူ ထုတ်သွား တော်မူမည်။ ဣသရေလ အမျိုး ၌ ငြိမ်ဝပ် ခြင်း ရှိပါစေသော။