< Zaburi 124 >
1 “Kama Yahwe asingekuwa upande wetu,” Israeli na aseme sasa,
၁အကယ်၍ထာဝရဘုရားသာ ငါတို့ဘက်၌ရှိတော်မမူခဲ့လျှင်အဘယ်သို့ ဖြစ်ပါလိမ့်မည်နည်း။ အို ဣသရေလအမျိုးသားတို့၊ဖြေကြားကြလော့။
2 “Kama asingekuwa Yahwe ambaye alikuwa upande wetu wakati watu walipoinuka dhidi yetu,
၂ငါတို့အားရန်သူများတိုက်ခိုက်ကြစဉ်အခါက ထာဝရဘုရားသာငါတို့ဘက်၌ရှိတော် မမူခဲ့လျှင်
3 basi wangekuwa wametumeza tungali hai hasira yao lipozidi dhidi yetu.
၃သူတို့သည်ဒေါသအမျက်ချောင်းချောင်းထွက်၍ ငါတို့အားအရှင်လတ်လတ်ဝါးမျိုလိုက်ကြ လိမ့်မည်။
4 Maji yangetugharikisha; mto ungetuzidia.
၄ထိုနောက်ငါတို့သည်ရေစီးရာသို့မျောပါသွား၍ ရေသည်ငါတို့ကိုလွှမ်းမိုးလိမ့်မည်။
5 Kisha maji yafurikayo yangetuzamisha.”
၅ငါတို့သည်အဟုန်ပြင်းသည့်ရေစီးချောင်းတွင် နစ်မြုပ်သွားကြလိမ့်မည်။
6 Atukuzwe Yahwe, ambaye hajaruhusu tuwe mawindo kwa meno yao.
၆ငါတို့ကိုရန်သူများအုပ်ဖမ်းကိုက်စားသည့် အစာဖြစ်ခွင့်ပေးတော်မမူသောထာဝရဘုရား၏ ကျေးဇူးတော်ကိုချီးမွမ်းကြကုန်စို့။
7 Tumetoroka kama ndege mtegoni mwa wawindaji; mtego umevunjika, nasi tumetoroka.
၇ငါတို့သည်မုဆိုး၏ကျော့ကွင်းမှလွတ်မြောက် လာသော ငှက်ကဲ့သို့သေဘေးမှလွတ်မြောက်ကြလေပြီ။ ကျော့ကွင်းပြတ်၍ငါတို့လွတ်မြောက်ရကြ၏။
8 Msaada wetu uko katika Yahwe, aliyeziumba mbingu na nchi.
၈ငါတို့သည်ကူညီမစမှုကိုကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုဖန်ဆင်းတော်မူသော ထာဝရဘုရား၏ထံတော်မှရရှိကြ သတည်း။