< Zaburi 123 >
1 Nakuinulia macho yangu, wewe uketiye mbinguni.
၁အို ထာဝရဘုရား၊ ကိုယ်တော်ရှင်စိုးစံတော်မူရာကောင်းကင်ဘုံသို့ ကျွန်တော်မျိုးမျှော်ကြည့်ပါ၏။
2 Tazama, kama vile macho ya watumishi watazamapo kwenye mkono wa Bwana wao, na kama macho ya mjakazi yatazamapo mkono wa bibi yake, ndivyo hivyo macho yetu yanamtazama Yahwe mpaka atakapo tuhurumia.
၂အစေခံသည်မိမိ၏သခင်ကိုလည်းကောင်း၊ အစေခံမသည်မိမိသခင်မကိုလည်းကောင်း မှီခိုအားထားသကဲ့သို့ ကျွန်တော်မျိုးတို့သည်မိမိတို့၏ဘုရားသခင် ထာဝရဘုရား၏ကရုဏာတော်ကို မခံစားရမချင်းကိုယ်တော်ရှင်အား မျှော်ကြည့်လျက်နေပါမည်။
3 Ee Yahwe, utuhurumie, kwa maana tunadhalilishwa sana.
၃ကျွန်တော်မျိုးတို့သည်လွန်မင်းစွာမထီမဲ့မြင် ပြုခြင်းကိုခံကြရပါပြီ။ သို့ဖြစ်၍ကျွန်တော်မျိုးတို့အားသနားတော်မူပါ။ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားသနားတော်မူပါ။
4 Tumeshibishwa mzaha wa wenye kiburi na dharau ya wenye majivuno.
၄ကျွန်တော်မျိုးတို့သည်ချမ်းသာကြွယ်ဝ သူတို့၏ ပြောင်လှောင်ခြင်းကိုလည်းကောင်း၊ မာန်မာနကြီးသူတို့၏မထီမဲ့မြင်ပြုခြင်း ကိုလည်းကောင်းခံရကြသည်မှာကြာပါပြီ။