< Zaburi 105 >
1 Mshukuruni Yahwe, liitieni jina lake; myafanye matendo yake yajulikane kati ya mataifa.
၁ထာဝရဘုရား၏ကျေးဇူးတော်ကိုချီးမွမ်း ကြလော့။ ကိုယ်တော်သည်ကြီးမြတ်တော်မူကြောင်းကို ထုတ်ဖော်ကြေညာကြလော့။ ကိုယ်တော်ပြုတော်မူသောအမှုတော်တို့ကို လူမျိုးတကာတို့အားပြောကြားကြလော့။
2 Mwimbieni yeye, mwimbieni sifa yeye; semeni matendo yake yote ya ajau.
၂သီချင်းဆို၍ထာဝဘုရား၏ဂုဏ်တော်ကို ချီးမွမ်းကြလော့။ ကိုယ်တော်ပြုတော်မူသောအံ့သြဖွယ်ရာ အပေါင်းတို့ကိုဖော်ပြကြလော့။
3 Mjivune katika utakatifu wa jina lake; moyo wao wamtafutao Yahwe ufurahi.
၃ငါတို့အားကိုယ်တော်ပိုင်တော်မူသည်ဖြစ်၍ ဝမ်းမြောက်ကြလော့။ ထာဝရဘုရားအား ကိုးကွယ်ဝတ်ပြုသူအပေါင်းတို့၊ ဝမ်းမြောက်ရွှင်မြူးကြလော့။
4 Mtafuteni Yahwe na nguvu zake; utafuteni uwepo wake siku zote.
၄အကူအညီတောင်းခံရန်ထာဝရဘုရား၏ ထံတော်သို့ချဉ်းကပ်ကြလော့။ ရှေ့တော်မှောက်တွင်အစဉ်အမြဲနေကြလော့။
5 Kumbukeni mambo ya ajabu aliyoyatenda,
၅ကိုယ်တော်၏အစေခံအာဗြဟံ၏အမျိုး အနွယ်တို့၊ ကိုယ်တော်ရွေးကောက်တော်မူသောယာကုပ်၏ သားမြေးတို့၊ သင်တို့သည်ကိုယ်တော်ပြတော်မူသည့် အံ့သြဖွယ်ကောင်းသောနိမိတ်လက္ခဏာတို့ ကိုလည်းကောင်း၊ ကိုယ်တော်ချမှတ်တော်မူသောတရားစီရင်ချက် တို့ကိုလည်းကောင်းအောက်မေ့သတိရကြလော့။
6 miujiza yake na amri zitokazo kinywani mwake, enyi kizazi cha Ibrahimu mtumishi wake, enyi watu wa Yakobo, wachaguliwa wake.
၆
7 Yeye ni Yahwe, Mungu wetu. Amri zake ziko juu ya nchi yote.
၇ထာဝရဘုရားသည်ငါတို့၏ဘုရားဖြစ်တော်မူ၏။ ကိုယ်တော်၏အမိန့်တော်တို့သည် တစ်ကမ္ဘာလုံးအတွက်ဖြစ်၏။
8 Naye hulikumbuka agano lake milele, neno alilo amuru kwa ajili ya vizazi elfu.
၈ကိုယ်တော်သည်မိမိ၏ပဋိညာဉ်တော်ကို ထာဝစဉ် ခိုင်မြဲစေတော်မူလိမ့်မည်။ ကတိတော်များကိုလူမျိုးဆက်တစ်ထောင် တိုင်အောင်တည်စေတော်မူလိမ့်မည်။
9 Hulikumbuka agano alilolifanya na Ibrahimu na kiapo alicho mwapia Isaka.
၉အာဗြဟံနှင့်ပြုတော်မူသောပဋိညာဉ်တော်နှင့် ဣဇာက်အားပေးတော်မူသောကတိတော်ကို တည်စေတော်မူလိမ့်မည်။
10 Hiki ndicho alicho mthibitishia Yakobo kama agano na kama agano la milele kwa Israeli.
၁၀``သင့်အားခါနာန်ပြည်ကိုငါပေးမည်။ သင်သည်ထိုပြည်ကိုအပိုင်ရလိမ့်မည်'' ဟူ၍ ထာဝရဘုရားသည်ယာကုပ်နှင့် ပဋိညာဉ်ပြုတော်မူ၏။ ဤပဋိညာဉ်သည်ထာဝစဉ်တည်လိမ့်မည်။
11 Alisema, “Nitakupa wewe ardhi ya Kanaani kama sehemu yako ya urithi.”
၁၁
12 Alisema hili wakati tu walipokuwa wachache katika hesabu, yaani wachahe sana, nao walikuwa wageni katika nchi.
၁၂ဘုရားသခင်၏လူစုတော်သည် အရေအတွက်အားဖြင့်နည်းပါး၍ခါနာန်ပြည်တွင် သူစိမ်းတစ်ရံဆံများဖြစ်ကြ၏။
13 Walienda taifa hadi taifa na kutoka ufalme moja kwenda mwingine.
၁၃သူတို့သည်တစ်နိုင်ငံမှတစ်နိုင်ငံသို့လည်းကောင်း၊ တစ်ရပ်မှတစ်ရပ်သို့လည်းကောင်းလှည့်လည် သွားလာရကြ၏။
14 Hakuruhusu yeyote kuwaonea; aliwakemea wafalme kwa ajili yao.
၁၄သို့ရာတွင်ဘုရားသခင်သည်သူတို့အား ဖိစီးနှိပ်စက်ရန်အဘယ်သူကိုမျှခွင့်ပြုတော်မမူ။ သူတို့ကိုကာကွယ်စောင့်ရှောက်တော်မူ၏။
15 Alisema, “Msiwaguze wapakwa mafuta wangu, na msiwadhuru manabii wangu.”
၁၅ကိုယ်တော်က``ငါရွေးချယ်ထားသည့်အစေခံတို့ကို မထိမခိုက်ကြနှင့်။ ငါ၏ပရောဖက်တို့အားလက်ဖျားနှင့်ပင် မတို့ကြနှင့်'' ဟုရှင်ဘုရင်တို့အား သတိပေးတော်မူ၏။
16 Aliita njaa katika nchi; akaondoa upatikanaji wa mkate wote.
၁၆ကိုယ်တော်သည်သူတို့ပြည်၌ငတ်မွတ်ခေါင်းပါး ခြင်း ဘေးဆိုက်ရောက်စေတော်မူသဖြင့် စားနပ်ရိက္ခာပြတ်လပ်သွားသောအခါ
17 Akatuma mtu mbele yao; Yusufu aliuzwa kama mtumishi.
၁၇ကျွန်အဖြစ်အရောင်းခံရသူယောသပ်အား သူတို့၏ရှေ့မှစေလွှတ်တော်မူပေသည်။
18 Miguu yake ilifungwa kwa pingu; alivishwa mnyororo wa chuma shingoni mwake,
၁၈ယောသပ်ကြိုတင်ဟောကြားသည့်အတိုင်း ဖြစ်ပျက်၍မလာမီ ယောသပ်သည်ခြေကျင်းအခတ်ခံရ၏။ သူ၏လည်တွင်လည်းသံလည်ပတ်အတပ်ခံရ၏။ သူ့အားဖြင့်ထာဝရဘုရားမိန့်တော်မူသော ဗျာဒိတ်စကားအတိုင်းဖြစ်ပျက်လာ၏။
19 mpaka wakati wa maneno yake ulipotimia, nalo neno la Yahwe lilimjaribu.
၁၉
20 Mfalme alituma watumishi kumfungua; mtawala wa watu alimuweka huru.
၂၀ထိုအခါအီဂျစ်ဘုရင်သည်ယောသပ်အား အကျဉ်းထောင်မှလွှတ်စေတော်မူ၏။ လူမျိုးတကာတို့၏ဘုရင်သည်ယောသပ် အား လွတ်မြောက်စေတော်မူ၏။
21 Alimuweka kuwa msimamizi wa nyumba yake kama mtawala wa mali zake zote
၂၁မင်းကြီးသည်သူ့အားတိုင်းပြည်အုပ်ချုပ်ရေး တာဝန်ကိုအပ်နှင်းတော်မူ၍ တစ်နိုင်ငံလုံး၏ဘုရင်ခံအဖြစ်ဖြင့် ခန့်ထားတော်မူ၏။
22 kuwaelekeza wakuu kama alivyopenda na kuwafundisha viongozi wake hekima.
၂၂သူသည်မင်းကြီးခန့်ထားသည့်အရာရှိ များအား အမိန့်ပေးပိုင်ခွင့်ကိုလည်းကောင်း၊ မှူးမတ်တို့အားဆင့်ဆိုညွှန်ကြားပိုင်ခွင့် ကိုလည်းကောင်းရလေ၏။
23 Kisha Israeli iliingia Misri, na Yakobo aliishi kwa muda katika nchi ya Hamu.
၂၃ထိုအခါယာကုပ်သည်အီဂျစ်ပြည်သို့ရောက် ရှိလာ၍ ထိုပြည်၌အခြေစိုက်နေထိုင်လေ၏။
24 Yahwe aliwajalia watu wake wazae sana, na aliwafanya wenye nguvu kuliko adui zao.
၂၄ထာဝရဘုရားသည်မိမိ၏လူစုတော်အား သားသမီးများစွာထွန်းကားလာစေတော်မူသဖြင့် ရန်သူတို့ထက်ပို၍အင်အားကြီးမားစေတော်မူ၏။
25 Alisababisha adui zao wawachukie watu wake, na kuwatendea visivyo watumishi wake.
၂၅ကိုယ်တော်သည်အီဂျစ်အမျိုးသားတို့၏စိတ်ကို ပြောင်းလဲစေသဖြင့် သူတို့သည်ကိုယ်တော်၏လူစုတော်အားမုန်း၍ လိမ်လည်လှည့်ဖျားကြ၏။
26 Alimtuma Musa, mtumishi wake, na Haruni, ambaye alikwisha mchagua.
၂၆ထိုနောက်ကိုယ်တော်သည်မိမိ၏အစေခံမောရှေနှင့် ကိုယ်တော်ရွေးချယ်တော်မူသူအာရုန်ကို စေလွှတ်တော်မူ၏။
27 Walifanya ishara zake kati ya Wamisri na maajabu yake katika ya nchi ya Hamu.
၂၇သူတို့သည်အီဂျစ်ပြည်တွင်အံ့ဖွယ်သောတန်ခိုး နှင့် ထူးဆန်းသောနိမိတ်လက္ခဏာများကိုပြကြ၏။
28 Alituma giza na likaifanya nchi hiyo kuwa giza, lakini watu wake hawakutii amri zake.
၂၈ကိုယ်တော်သည်တစ်ပြည်လုံးတွင်အမှောင် ကျစေတော်မူ၏။ သို့သော်လည်းအီဂျစ်အမျိုးသားတို့သည် ကိုယ်တော်၏အမိန့်တော်ကိုနားမထောင် ကြ။
29 Aligeuza maji kuwa damu na aliua samaki wao.
၂၉ကိုယ်တော်သည်သူတို့၏မြစ်များကိုသွေး အတိ ဖြစ်စေတော်မူ၍ ငါးရှိသမျှတို့ကိုသေစေတော်မူ၏။
30 Nchi yao ilijaa vyura, hata katika vyumba vya watawala wao.
၃၀ဘုရင့်နန်းတော်အပါအဝင်သူတို့၏ပြည်သည် ဖားများနှင့်ပြည့်လေ၏။
31 Alisema, na makundi ya inzi na chawa wakaja mjini mwote.
၃၁ထာဝရဘုရားအမိန့်ပေးတော်မူသောအခါ ငှက်နှင့်ယင်ရဲတို့သည်တစ်ပြည်လုံးသို့ အုပ်လိုက်ရောက်ရှိလာကြကုန်၏။
32 Aliigeuza mvua yao kuwa mvua ya mawe, pamoja na miali ya moto juu ya ardhi yao.
၃၂ကိုယ်တော်သည်ထိုပြည်တွင်မိုးအစား မိုးသီးကိုရွာစေတော်မူ၍ လျှပ်ပန်းလျှပ်နွယ်များကိုဖြစ်ပွားစေတော်မူ၏။
33 Aliiharibu mizabibu yao na mitini yao; akaivunja miti ya mji wao.
၃၃ထိုသူတို့၏စပျစ်ပင်နှင့်သင်္ဘောသဖန်းပင်တို့ကို ဖျက်ဆီးပစ်တော်မူ၍ တစ်ပြည်လုံးရှိသစ်ပင်များကိုကျိုးကျ စေတော်မူ၏။
34 Alisema, na nzige wakaja, nzige wengi sana.
၃၄ကိုယ်တော်အမိန့်ပေးတော်မူသောအခါ သန်းပေါင်းများစွာမရေမတွက်နိုင်သော နှံကောင်တို့သည်ရောက်ရှိလာကြ၍
35 Nzige walikula mboga zao zote za majani katika nchi yao. Walikula mazao yote ardhini.
၃၅တိုင်းပြည်တွင်ရှိသမျှသောအပင်ငယ်တို့ကို စားကြကုန်၏။ အသီးအနှံရှိသမျှတို့ကိုကိုက်စားကြ ကုန်၏။
36 Aliua kila mzaliwa wa kwanza katika nchi yao, malimbuko ya nguvu zao.
၃၆ကိုယ်တော်သည်အီဂျစ်ပြည်ရှိအိမ်ထောင်စု အပေါင်းမှ သားဦးတို့ကိုသေဒဏ်ခတ်တော်မူ၏။
37 Aliwatoa nje Waisraeli wakiwa na fedha na dhahabu; hakuna mmoja wa kabila lake aliyejikwaa njiani.
၃၇ထိုနောက်ဣသရေလအမျိုးသားတို့အား ထုတ်ဆောင်သွားတော်မူ၏။ သူတို့သည်ရွှေငွေများကိုသယ်ယူခဲ့ကြ၏။ သူတို့အားလုံးပင်ကျန်းမာသန်စွမ်းသူများ ဖြစ်ကြ၏။
38 Misri ilifurahi walipoondoka, maana Wamisri waliwaogopa.
၃၈အီဂျစ်အမျိုးသားတို့သည်သူတို့ကိုကြောက် သဖြင့် သူတို့ထွက်ခွာသွားကြသောအခါ ဝမ်းမြောက်ကြကုန်၏။
39 Alitandaza wingu liwafunike na alifanya moto uwaangazie wakati wa usiku.
၃၉ဘုရားသခင်သည်မိမိ၏လူစုတော်အပေါ်သို့ မိုးတိမ်ရိပ်ကျစေတော်မူ၍ ညဥ့်အခါအလင်းရစေရန်မီးကိုပေးတော် မူ၏။
40 Waisraeli waliomba chakula, naye aliwaletea kware na aliwatosheleza kwa mkate kutoka mbiguni.
၄၀သူတို့တောင်းခံသဖြင့်ကိုယ်တော်သည်ငုံးများကို စေလွှတ်ပေးတော်မူ၏။ သူတို့ရောင့်ရဲစွာစားနိုင်ကြစေရန်ကောင်းကင်မှ အစားအစာကိုချပေးတော်မူ၏။
41 Aliugawa mwamba, maji yalimwagika kutoka humo; yalitiririka katika jangwa kama mto.
၄၁ကိုယ်တော်သည်ကျောက်ဆောင်ကိုခွဲတော်မူသောအခါ ရေသည်ပန်း၍ထွက်လာကာသဲကန္တာရတွင် မြစ်သဖွယ်စီး၍သွား၏။
42 Kwa maana alikumbuka ahadi yake takatifu aliyoifanya kwa Ibrahimu mtumishi wake.
၄၂ကိုယ်တော်သည်မိမိ၏အစေခံအာဗြဟံအား ပေးတော်မူခဲ့သောကတိတော်ကိုသတိရတော်မူ၏။
43 Aliwaongoza watu wake kwa furaha, wateule wake kwa kelele za ushindi.
၄၃သို့ဖြစ်၍ကိုယ်တော်သည်မိမိ၏လူစုတော်ကို ထုတ်ဆောင်တော်မူ၏။ သူတို့သည်လည်းသီချင်းဆိုလျက်ဝမ်းမြောက်စွာ ကြွေးကြော်ကြကုန်၏။
44 Aliwapa nchi za mataifa; walichukua milki ya mali za watu
၄၄ကိုယ်တော်သည်သူတို့အားအခြားလူမျိုးတို့၏ ပြည်များကိုပေးအပ်တော်မူသဖြင့် သူတို့သည်ထိုသူတို့၏လယ်ယာများကို သိမ်းပိုက်ကြရ၏။
45 ili waweze kushika amri zake na kutii sheria zake. Msifuni Yahwe.
၄၅ဤသို့ပြုတော်မူခြင်းမှာကိုယ်တော်၏လူစုတော် သည် ကိုယ်တော်ပေးအပ်ထားတော်မူသည့် ပညတ်များကိုစောင့်ထိန်း၍အမိန့်တော်များကို လိုက်နာကြစေရန်ဖြစ်၏။ ထာဝရဘုရားအားထောမနာပြုကြလော့။