< Mithali 31 >

1 Maneno ya mfalme Lemueli - mausia aliyofundishwa na mama yake.
လေမွေလမင်းကြီး၏ မယ်တော်သည်သားကို ဆုံးမသွန်သင်သော တရားစကားဟူမူကာ၊
2 Mwanangu nini? Na ni nini mwana wa tumbo langu? Na ni nini mwana wa nadhiri zangu?
ငါ့သားအဘယ်သို့နည်း။ ငါဘွားသောသား၊ အဘယ်သို့နည်း။ ငါ့၏သစ္စာဂတိနှင့်ဆိုင်သောသား အဘယ်သို့နည်းဟု မေးမြန်းသော်၊
3 Nguvu zako usiwape wanawake; au wenye kuharibu wafalme njia zako.
သင်၏အစွမ်းသတ္တိကို မိန်မတို့အားမပေးနှင့်။ ရှင်ဘုရင်တို့ကိုဖျက်ဆီးတတ်သာအရာ၌ သင့်၏အကျင့် အကြံ အပြုအမူတို့ကို မအပ်နှင့်။
4 Lemueli, kunywa divai, siyo kwa ajili ya wafalme, wala kwa watawala kuuliza, “kileo kikali kiko wapi?”
အိုလေမွေလ၊ စပျစ်ရည်သောက်သောအမှုနှင့် သေရည်သောက်သောအမှုသည် ရှင်ဘုရင်၊ မင်းသား တို့ကိုနှင့် မတော်မသင့်။
5 Kwa sababu kama watakunywa, watasahau sheria ni nini, na kupotosha haki za wote walioonewa.
သူတို့သည်သောက်လျက် တရားတော်ကို မေ့ လျော့၍၊ ဆင်းရဲသောအမှုကို မတရားသဖြင့် စီရင် ဆုံးဖြတ်မည်ဟု စိုးရိမ်စရာရှိ၏။
6 Wape kileo kikali watu wanaopotea na mvinyo kwa wale wenye kutaabika kwa uchungu.
ဆုံးလုသောလူအား သေရည်သေရက်ကို၎င်း၊ စိတ်ညစ်သောသူအား စပျစ်ရည်ကို၎င်း၊ ပေးလော့။
7 Atakunywa na kusahau umasikini wake na hataikumbuka taabu yake.
ထိုသူတို့သည် သောက်၍ မိမိဒုက္ခဆင်းရဲကို မအောက်မေ့ဘဲ မေ့လျော့ပါစေ။
8 Ongea kwa ajili yao wasioweza kuongea, kwa madai ya wote wanaopotea.
ကိုးကွယ်ရာမရှိသော သူအပေါင်းတို့၏အမှုကို စောင့်ခြင်းငှါ၊ စကားအသောသူတို့ဘက်မှာ နေ၍ပြော လော့။
9 Ongea na uhukumu kwa vipimo vya haki na utetee dai la masikini na watu wahitaji.
စကားပြောလျက်၊ တရားသဖြင့်စီရင်လျက်၊ ဆင်းရဲငတ်မွတ်သောသူတို့၏ အမှုကိုစောင့်လော့။
10 Mke hodari ni nani anaweza kumpata? Thamani yake ni zaidi kuliko vito.
၁၀သီလနှင့်ပြည့်စုံသော မိန်မကိုအဘယ်သူတွေ့ရ သနည်း။ ထိုသို့သောမိန်းမသည် ပတ္တမြားထက် အဘိုး သာ၍ ထိုက်ပေ၏။
11 Moyo wa mume wake humwamini, na hatakuwa masikini.
၁၁သူ၏ခင်ပွန်းသည် သူ့ကိုယုံ၍၊ ဆင်းရဲခြင်းနှင့် ကင်းလွတ်လိမ့်မည်။
12 Humtendea mambo mema na wala si mabaya siku zote za maisha yake.
၁၂ထိုမယားသည် မိမိခင်ပွန်းအကျိုးကို မဖျက်၊ တသက်လုံးပြုစုတတ်၏။
13 Huchagua sufu na kitani, na hufanya kazi yake ya mikono kwa furaha.
၁၃သိုးမွေးနှင့်ဝါကို ရှာ၍၊ မိမိလက်နှင့် အလို အလျောက် လုပ်တတ်၏။
14 Yupo kama meli za wafanyabiashara; huleta chakula chake kutoka mbali.
၁၄ကုန်သည် သင်္ဘောကဲ့သို့ဖြစ်၍၊ စားစရာကို ဝေးသောအရပ်မှ ဆောင်ခဲ့တတ်၏။
15 Huamka wakati wa usiku na kuwapa chakula watu wa kaya yake, na kugawa kazi kwa watumishi wake wa kike.
၁၅မိုဃ်းမလင်းမှီထလျက်၊ အိမ်သူအိမ်သားတို့အား စားစရာကို၎င်း၊ ကျွန်မတို့အား အငန်အတာကို၎င်း၊ ပေးဝေတတ်၏။
16 Hulifikiria shamba na kulinunua, kwa tunda la mikono yake hupanda shamba la mizabibu.
၁၆ကောင်းမွန်စွာ ဆင်ခြင်၍၊ လယ်ကွက်ကိုဝယ်ယူ တတ်၏။ ကိုယ်တိုင်လုပ်၍ရသောငွေနှင့် စပျစ်ဥယျာဉ်ကို ပြုစုတတ်၏။
17 Yeye mwenyewe hujivika nguvu na kuimarisha mikono yake.
၁၇မိမိခါးကို ခွန်အားနှင့်စည်း၍၊ မိမိလက်တို့ကို သတ်မြန်စေတတ်၏။
18 Huangalia ni kipi kitaleta faida nzuri kwake; usiku wote taa yake haizimishwi.
၁၈မိမိလုပ်သောဥစ္စာကောင်းသည်ကို ရိပ်မိ၍၊ သူ၏မီး ခွက်သည် တညလုံးမသေတတ်။
19 Mikono yake huiweka kwenye mpini wa kisokotea nyuzi na hushikilia kisokotea nyuzi.
၁၉ချည်ဖြစ်တတ်သော တန်ဆာတို့ကို ကိုယ်လက် နှင့် ကိုင်၍ လုပ်ဆောင်တတ်၏။
20 Mkono wake huwafikia watu masikini; mikono yake huwafikia watu wahitaji.
၂၀ဆင်းရဲသောသူတို့အား လက်ကိုဖြန့်၍၊ ငတ်မွတ် သောသူတို့အား လက်ရုံးကိုဆန့်တတ်၏။
21 Haogopi theluji kwa ajili ya kaya yake, kwa maana nyumba yake yote imevika kwa nguo nyekundu.
၂၁မိုဃ်းပွင့်ကျသော်လည်း၊ မိမိအိမ်သူ အိမ်သားတို့ အတွက်မစိုးရိမ်၊ အိမ်သူအိမ်သားအပေါင်းတို့သည် ကတ္တီပါနီကို ဝတ်ကြ၏။
22 Hutengeneza matandiko ya kitanda chake, na huvaa nguo za kitani ya dhambarau safi.
၂၂ကိုယ်အလို့စောင်တို့ကို ရက်၍၊ ပိတ်ချောနှင့် မောင်းသောအထည်ကို ဝတ်တတ်ကြ၏။
23 Mume wake anajulikana malangoni, anapoketi na wazee wa nchi.
၂၃သူ၏ခင်ပွန်းသည်လည်း မြို့တံခါးတို့၌ ပြည်သား အသက်ကြီးသူတို့နှင့်ထိုင်၍၊ ထင်ရှားသောသူ ဖြစ်၏။
24 Hutengeneza mavazi ya kitani na kuyauza, na naleta mishipi kwa wafanyabiashara.
၂၄ချောသောအထည်လိပ်ကို ရက်၍ရောင်းတတ် ၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ချတတ်၏။
25 Amevaa nguvu na heshima, na wakati ujao huucheka.
၂၅လူလုပ်သောအထည်အလိပ်သည် ခိုင်ခဲ့၍၊ လှသောအဆင်းနှင့် ပြည့်စုံသဖြင့်၊ သူသည်နောင်ကာလ၌ ဝမ်းမြောက်လိမ့်မည်။
26 Anafumbua kinywa chake kwa hekima na sheria ya ukarimu ipo kwenye ulimi wake.
၂၆ပညာစကားကို ပြောတတ်၍၊ မေတ္တာတရား အားဖြင့် နှုတ်မြွတ်တတ်၏။
27 Huangalia njia za nyumba yake na hawezi kula mkate wa uvivu.
၂၇အိမ်သူအိမ်သား ပြုမူသမျှတို့ကို ကြည့်ရှုတတ် ၏။ပျင်းရိခြင်းအစာကို မစားတတ်၊
28 Watoto wake huinuka na kumwita heri na mume wake humsifia, akisema,
၂၈သူ၏သားသမီးတို့သည်ထ၍၊ အမိကို ကောင်း ကြီးပေးတတ်ကြ၏။ သူ၏ခင်ပွန်းကလည်း၊
29 “Wanawake wengi wamefanya vizuri, lakini wewe umewapita wote.”
၂၉လူမျိုးသမီးအများတို့သည် ကောင်းမွန်စွာ ပြုကြ ပြီ။ သို့ရာတွင်၊ သင်သည် ထိုသူအပေါင်းတို့ကို လွန်ကဲပြီ ဟု သူ့ကို ချီးမွမ်းတတ်၏။
30 Madaha ni udanganyifu, uzuri ni ubatili; bali mwanamke amchaye Yehova, atasifiwa.
၃၀ယဉ်ကျေးသောအရာသည် လှည့်စားခြင်းနှင့် ယှဉ်တတ်၏။ လှသောအဆင်းသည်လည်း အချည်းနှီးဖြစ် ၏။ ထာဝရဘုရားကို ကြောက်ရွံ့သော မိန်းမမူကား၊ ချီးမွမ်းခြင်းကို ခံရလိမ့်မည်။
31 Mpeni tunda la mikono yake na kazi zake zimsifu katika malango.
၃၁ထိုသို့သော မိန်းမကျင့်ရာ အကျိုးကိုပေးလော့။ သူပြုသောအမှုသည် မြို့တံခါးတို့၌ သူ၏အသရေကို ထင်ရှားစေသတည်း။

< Mithali 31 >