< Hesabu 11 >

1 Sasa watu wakanung'unika juu ya matatizo yao wakati BWANA alipokuwa akiwasikiliza. BWANA akawasikia watu naye akakasirika. Moto kutoka kwa BWANA ukashuka na ukawaka kati yao na kuteketeza baadhi ya kambi kwenye pembe zake.
တဖန် လူ များတို့သည် အလို တော်မရှိသော မြည်တမ်း ခြင်းကို ပြုကြသဖြင့်၊ ထာဝရဘုရား သည် သူတို့ စကားကိုကြား ၍ အမျက် ထွက်တော်မူ၏။ ရှို့တော်မူသောမီး သည် သူ တို့တွင် လောင် ၍ တပ် အစွန် အနား၌ ရှိသောသူအချို့တို့ကို သေ စေလေ၏။
2 Ndipo watu wakamwita Musa kwa nguvu, Naye Musa akamwomba BWANA, na ule moto ukazimika.
လူ များတို့သည် မောရှေ အား အော်ဟစ် ၍ ၊ မောရှေ သည် ထာဝရဘုရား ကို ဆုတောင်း သဖြင့် မီး ငြိမ်း လေ၏။
3 Mahali pale paliitwa Tabera, kwa sababu moto wa BWANA uliwaka kati yao.
ထာဝရဘုရား ၏ မီး သည် သူ တို့တွင် လောင် သောကြောင့် ၊ ထို အရပ် ကို တဗေရ ဟူသောအမည် ဖြင့် မှည့် လေ၏။
4 Baadhi ya wageni wakaanza kuweka kambi zao pamoja na wana wa wa Israeli. Walitaka kula chakula kizuri. Kisha wana wa Israeli walipoanza kulia wakisema, “Ni nani atakayetupatia nyama za kula?
ဣသရေလအမျိုးသားတို့နှင့် ရောနှော လျက် ပါသောတပါးအမျိုးသားတို့သည် တောင့်တ သောစိတ် စွဲလမ်း ကြ၏။ ဣသရေလ အမျိုးသား တို့သည်လည်း တဖန် ငိုကြွေး လျက် ငါ တို့စား စရာဘို့ အမဲသား ကို အဘယ်သူ ပေးလိမ့်မည်နည်း။
5 Tunakumbuka samaki tulizokula bure kule Misri, yale matango, na matikiti maji, na mboga na vitunguu na vitunguu saumu.
အဲဂုတ္တု ပြည်၌ အလိုအလျောက် စား ရသော ငါး သား၊ သခွါးသီး ၊ ဖရဲသီး ၊ ကြက်သွန် အနီ၊ အဖြူ ၊ အရိုင်းအမျိုးမျိုးတို့ကို အောက်မေ့ ၏။
6 Na sasa hatuna hamu ya kula, kwa sababu tunaona mana tu.
ယခု မှာ ငါ တို့အသက် သည် အားလျော့ ပြီ။ ဤ မန္န မှတပါး တစုံတခု ကိုမျှ မ မြင် ရဟုဆိုကြ၏။
7 Mana ilifanana na punje ya mtama. ilionekana kama bedola.
မန္န သည် နံနံ စေ့ နှင့်တူ ၍ ဗဓေလ သစ်စေ့ကဲ့သို့ အဆင်း ဖြစ်၏။
8 watu wakazunguka kisha wakakusanyika. Wakaisaga, wakaitwanga kwa vinu, wakaitokosa nyunguni, na kuitengeneza mikate. radha yake ilikuwa kama mafuta mapya ya mizeituni.
လူ များတို့သည်လှည့်လည် လျက် မန္နကိုစုသိမ်း ၍ ဆုံ ၌ ကြိတ် ခြင်း၊ ထောင်း ခြင်းကိုပြုပြီးမှ အိုး နှင့် ပြုတ် ကြ၏။ မုန့်ပြား ကိုလည်း လုပ် ကြ၏။ အရသာ သည် မုန့်ဆီကြော် အရသာ နှင့် တူ၏။
9 Na umande ulipoanguka kambini usiku ule, na mana ilianguka pia.
စားခန်းချ ရာအရပ်၌ ညဉ့် အခါနှင်း နှင့်အတူ မန္န ကျ တတ်၏။
10 Musa akawasikia watu wakilia katika familia zao, na kila mtu alikuwa kwenye lango la hema yake. BWANA alikasirika sana, na mbele ya macho ya Musa malalamiko yao yalikuwa mabaya.
၁၀ထိုအခါ လူ များအသီးအသီးတို့သည် မိမိ တဲ တံခါးဝ ၌ မိမိ အိမ်ထောင် နှင့်တကွငိုကြွေး ကြသည်ကို မောရှေ ကြား ရ၏။ ထာဝရဘုရား သည် ပြင်းစွာ အမျက် ထွက်တော်မူ၏။ အပြစ် ရှိသည်ကို မောရှေ သိမြင် လျှင် ၊
11 Musa akasema na BWANA, “Kwa nini umemtendea mtumishi wako vibaya namna hiyo? kwa nini hujapendezwa na mimi? unanifanya kubeba mizigo ya hawa watu.
၁၁ဤ လူ အပေါင်း တို့ကို ထမ်းစေဟု သူတို့ကို ကိုယ်တော် ကျွန် အပေါ် မှာ တင် ၍ အဘယ်ကြောင့် အကျွန်ုပ် ကို ညှဉ်းဆဲ တော်မူပါသနည်း။ အဘယ်ကြောင့် ရှေ့ တော်၌ မျက်နှာ မ ရဘဲ နေရပါသနည်း။
12 Je, mimi ndiye niliyewatungia mimba hawa watu? Mimi ndiye niliyewazaa kiasi kwamba unaniambia, “wabebe kwa ukaribu vifuani mwako kama baba abebavyo mtoto wake? Je, nitawabeba mpaka kwenye nchi ambayo uliwaahidi mababu zao kuwapa?
၁၂သူ တို့ဘိုးဘေး များ၌ ကျိန်ဆို တော်မူသော ပြည် သို့ သွား၍၊ အထိန်း သည် နို့စို့ သူငယ်ကိုဆောင် သကဲ့သို့ ၊ ဤလူတို့ကို ပိုက်ချီ လျက်ဆောင်လော့ဟု အကျွန်ုပ် အား မိန့် တော်မူမည်အကြောင်း ၊ ဤ လူ အပေါင်း တို့ကို အကျွန်ုပ် သည် ကိုယ်ဝန်ဆောင် ပါသလော။ ဘွားမြင် ပါသလော။
13 Naweza kupata wapi nyama za kuwapa watu wote hawa? Wanalia mbele zangu na wanasema, 'tupe nyama tule.'
၁၃ဤ လူ အပေါင်း တို့အား ကျွေး စရာဘို့ အမဲသား ကို အကျွန်ုပ် သည် အဘယ်မှာ ရနိုင်ပါအံ့နည်း။ သူတို့က အကျွန်ုပ် တို့ စား စရာဘို့ အမဲသား ကိုပေး ပါဟု ငိုကြွေး လျက် အကျွန်ုပ် ကို တောင်း ကြပါ၏။
14 Mimi peke yangu siwezi kuwabeba watu wote hawa. Ni wengi sana kwangu.
၁၄ဤ လူ အပေါင်း တို့ကို အကျွန်ုပ် တယောက်တည်း သာ မ ဆောင်ရွက် နိုင် ပါ။ ဆောင်ရွက်ရသောဝန်လည်း လေး လွန်းပါ၏။
15 Kwa vile unanitendea hivi, basi uniue, na kama wewe ni mpole kwangu, basi niondolee mzigo huu.”
၁၅ထိုသို့ အကျွန်ုပ် ၌ ပြု တော်မူလျှင် ၎င်း၊ စိတ် တွေ့တော်မူလျှင် ၎င်း၊ အကျွန်ုပ် ကိုအလျင်အမြန်သေ စေတော်မူပါ။ ကိုယ် ဆင်းရဲ ကို ကိုယ်မ သိ မမြင်ပါစေနှင့်ဟု ဘုရား အား လျှောက်ဆို ၏။
16 BWANA akamwambia Musa, “Niletee wazee sabini miongoni mwa Waisraeli. Hakikisha ni wazee na viongozi wa watu. Uwalete kwenye hema ya kukutania wasimame pamoja na wewe.
၁၆ထာဝရဘုရား ကလည်း ၊ သင်ကျွမ်းကျင် သော ဣသရေလ အမျိုးသား အသက်ကြီး ခုနစ်ကျိပ် တို့ကို ငါ့ ရှေ့မှာ စုဝေး စေပြီးလျှင်၊ ပရိသတ်စည်းဝေး ရာ တဲ တော် သို့ ခေါ် ခဲ့၍ သင် နှင့်အတူ ရပ် နေကြစေလော့။
17 Nami nitashuka niseme nawe mahali pale. Nitatoa sehemu ya roho iliyo ndani yako na kuwapatia wao. Nao watabeba mzigo wa watu pamoja nawe. na hautaubeba peke yako.
၁၇ငါသည်လည်း ထို အရပ်သို့ ဆင်းသက် ၍ သင် နှင့် နှုတ်ဆက် မည်။ သင့် အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ကို ငါယူ ၍ သူ တို့အပေါ် မှာ တင် မည်။ ဤလူတို့ ကို သင် တယောက်တည်း သာ ဆောင်ရွက် ရမည် မ ဟုတ်၊ ထိုအသက်ကြီးသူတို့သည် ဝိုင်းညီ၍ ဆောင်ရွက် ရကြမည်။
18 Waambie watu, 'Jitakaseni ninyi wenyewe, kwa kuwa kesho mtakuala nyama, kwa kuwa mmelia na BWANA amesikia, “Mlipokuwa mkisema kuwa nani atakayetupa nyama tule? Kule Misri tulikula chakula kizuri!” Kwa hiyo BWANA atawapeni nyama, nanyi mtakula nyama.
၁၈သင်သည်လည်း လူ များတို့အား ဆင့်ဆို ရမည်မှာ၊ နက်ဖြန် နေ့အဘို့ ကိုယ်ကိုကိုယ်သန့်ရှင်း စင်ကြယ်လော့။ အမဲသား ကိုစား ရကြမည်။ သင်တို့က အဘယ်သူသည် ငါ တို့ အား အမဲသား ကိုပေး လိမ့်မည်နည်း။ အဲဂုတ္တု ပြည်၌ နေစဉ်၊ ငါ တို့သည် ချမ်းသာ စွာနေကြ၏ဟု ငိုကြွေး လျက် ပြောဆို သံကို ထာဝရဘုရား ကြား သောကြောင့်၊ အမဲသား ကိုပေး တော်မူသဖြင့် သင်တို့သည် စား ရကြမည်။
19 Hamtakula nyama kwa siku moja tu, au siku mbili, au siku tano, au siku kumi, au siku ishirini,
၁၉တ ရက် ၊ နှစ်ရက် ၊ ငါး ရက် ၊ ဆယ် ရက် ၊ အရက် နှစ်ဆယ် သာ စား ရကြမည်မ ဟုတ်။
20 Lakini mtakula nyama kwa mwezi mmoja mpaka zitakapowatokea puani. Mpaka zitawakinai kwa sababu mmemkataa BWANA ambaye yuko kati yenu. Mmelia mbele yake. mmesema, “Kwa nini tulitoka Misri?””
၂၀သင် တို့နှာခေါင်း ထဲက အမဲသားထွက် ၍ ရွံ စရာ ဖြစ် သည်တိုင်အောင် တလ ပတ်လုံးစားရကြမည်။ အကြောင်းမူကား ၊ သင် တို့တွင် ရှိတော်မူသောထာဝရဘုရား ကို၊ သင်တို့သည် မထီမဲ့မြင်ပြု လျက်၊ ငါတို့သည် အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ထွက်လာ ရကြသနည်းဟု ရှေ့ တော်၌ ငိုကြွေး လျက် ပြောဆို ကြပြီ တကားဟု မောရှေ အား မိန့် တော်မူ၏။
21 Kisha Musa akasema, “Mimi nina watu 600, 000, na wewe umesema, “Nitawapa nyama mle kwa mwezi mmoja,'
၂၁မောရှေ ကလည်း ၊ အကျွန်ုပ် နှင့် ဆိုင်သော လူ ယောက်ျားအပေါင်းခြောက် သိန်းရှိကြသည်ဖြစ်၍ကိုယ်တော်က တ လစား စရာဘို့ သူ တို့အား အမဲသား ကို ငါပေး မည်ဟု မိန့် တော်မူပါသည်တကား၊
22 Je, tutayachinja haya makundi ya ng'ombe na kondoo ili kuwatosheleza?”
၂၂သူ တို့ကို ဝ စွာကျွေးခြင်းငှါ၊ သိုး ဆိတ်နွား စုတို့ကိုသတ် ရပါမည်လော။ သို့မဟုတ်ဝ စွာကျွေးခြင်းငှါ၊ ပင်လယ် ငါး ရှိသမျှ တို့ ကိုစုဝေး ရပါမည်လောဟု လျှောက် လျှင်၊
23 BWANA akasema na Musa, “Je mkono wangu ni mfupi? Sasa utaona kama maneno yangu ni ya kweli ama sivyo.
၂၃ထာဝရဘုရား က၊ ထာဝရဘုရား လက် တို သလော။ ငါ့ စကား တည် မည် မ တည်မည်ကို သင်သိ လိမ့်မည်ဟု မောရှေ အား မိန့် တော်မူ၏။
24 Musa alitoka nje kwenda kuwaambia watu maneno ya BWANA. Aliwakusanya wazee sabini wa watu na kuwaweka kuizunguka hema.
၂၄မောရှေ သည် ထွက် ၍ ထာဝရဘုရား ၏ စကား တော်ကို လူ များတို့အား ဆင့်ဆို ပြီးလျှင် ၊ အမျိုးသား အသက်ကြီး သူခုနစ်ကျိပ် တို့ကို စုဝေး စေ၍ ၊ ပရိသတ် စည်းဝေးရာ တဲ တော်ပတ်လည် ၌ ထား လေ၏။
25 BWANA akashuka chini katika wingu akaongea na Musa. BWANA akachukua sehemu ya roho iliyokuwa kwa Musa na kuiweka kwa wale wazee sabini. Roho alipowashukia, wakaanza kutoa unabii, lakini ilitokea kwenye tukio hilo tu na haikujirudia tena.
၂၅ထာဝရဘုရား သည် မိုဃ်းတိမ် ဖြင့် ဆင်းသက် ၍ မောရှေ နှင့် နှုတ်ဆက် တော်မူ၏။ မောရှေ အပေါ် မှာ ကျိန်းဝပ်သော ဝိညာဉ် အချို့ ကို ယူ ၍ အသက်ကြီး သူ ခုနစ်ကျိပ် တို့အပေါ် မှာ တင် တော်မူသဖြင့် ၊ ထိုဝိညာဉ် သည် သူ တို့အပေါ် မှာ ကျိန်းဝပ် သောအခါ ၊ သူတို့သည် ပရောဖက်ပြု ၍ မပြတ်မစဲ ဟောကြ၏။
26 Watu wawili waitwao Elidadi na Medadi walibaki kambini. Lakini Roho aliwashukia pia. Majina yao yalikuwa yameandikwa kwenye orodha lakini walikuwa hawajaenda hemani. Hata hivyo nao walitoa unabii wakiwa kambini.
၂၆ထိုလူ စု၌ ပါသောသူ ဧလဒဒ် နှင့် မေဒဒ် တို့သည် စာရင်း ဝင်သော်လည်း ၊ တဲ တော်သို့ မ သွား ဘဲ တပ် ထဲမှာ နေရစ် စဉ်တွင်သူ တို့အပေါ် မှာ ထိုဝိညာဉ် ကျိန်းဝပ် သဖြင့် သူတို့သည်လည်း ပရောဖက်ပြု ၍ တပ် ထဲမှာ ဟောကြ၏။
27 Kijana mmoja huko kambini alikimbia akaenda kumwambia Musa, “Elidadi na Medadi wanatoa unabii kambini.”
၂၇လုလင် တယောက်သည်လည်း မောရှေ ထံသို့ ပြေး ၍ ၊ ဧလဒဒ် နှင့် မေဒဒ် တို့သည် တပ် ထဲမှာ ပရောဖက်ပြု ၍ဟောပါ၏ဟု လျှောက် လျှင် ၊
28 Joshua mwana wa Nuni, msaidizi wa Musa, ambaye ni miongoni mwa wale aliowachagua akamwambia Musa, “Bwana wangu Musa, wazuie.”
၂၈မောရှေ ၏ လက်ထောက် ဖြစ်သော လုလင်နုန် သား ယောရှု က၊ သခင် မောရှေ ၊ သူ တို့ကို ဆီးတား တော်မူပါဟုဆို သော်၊
29 Musa akamwambia, “una wivu kwa niaba yangu? Natamani kama watu wote wa BWANA wangekuwa manabii na kwamba angeweka Roho yake juu yao wote!”
၂၉မောရှေ က၊ သင် သည် ငါ့ အတွက် ငြူစူ သောစိတ် ရှိသလော။ ထာဝရဘုရား ၏ လူ အပေါင်း တို့သည် ပရောဖက် ဖြစ် ကြပါစေသော။ ထာဝရဘုရား သည် ဝိညာဉ် တော်ကို သူ တို့အပေါ် မှာ တင် တော်မူပါစေသောဟု ဆို ပြီးမှ ၊
30 Kisha Musa na wale wazee wakarudi kambini.
၃၀ဣသရေလ အမျိုးသားအသက်ကြီး သူတို့နှင့်အတူ တပ် ထဲသို့ ပြန် သွားလေ၏။
31 Kisha upepo ukavuma kutoka kwa BWANA ukaja na kware kutokea baharini. Wakaanguka karibu na kambi, kiasi cha umbali wa safari ya siku moja upande huu na umbali wa siku moja upande mwingine. Wale kware wakaizunguka kambi kiasi cha mita moja toka uso wa dunia.
၃၁ထိုအခါ ထာဝရဘုရား သည် လေ ကိုစေလွှတ် ၍ ၊ ငုံး များကို ပင်လယ် မှ ဆောင် ခဲ့သဖြင့် ၊ တပ် ပတ်လည်တရက် ခရီး စီတိုင်တိုင်ကွာသော အရပ်တို့၌၊ မြေ ပေါ်မှာ ဒုနှစ်တောင် ခန့် မျှ ဆင်း စေတော်မူ၏။
32 Watu wakawakusanya hao kware kwa bidii mchana huo wote na usiku huo wote, na mchana wote uliofuatia. Hakuna aliyekusanya pungufu ya mita mbili za uajazo. Wakawaanika kweye ardhi yote hapo kambini.
၃၂လူ များတို့သည် တနေ့လုံး ၊ တညဉ့်လုံး ၊ နက်ဖြန် လည်း တနေ့လုံး ထ ၍ ငုံး များကို စုသိမ်း ကြ၏။ နည်းနည်း သိမ်းသောသူသည် ဆယ် ဟောမဲ ကို သိမ်း ရ၏။ တပ် ပတ်လည် အရပ်ရပ်၌ ဖြန့် ထားကြ၏။
33 Wakati ile nyama ikiwa bado iko kwenye meno yao, wakiwa bado wanatafuna, BWANA akawakasirikia. Akwapiga watu wale kwa gonjwa kubwa sana.
၃၃သို့ရာတွင်ငုံးသား ကို ကိုက် ၍ မ ဝါး မှီ၊ ထာဝရဘုရား သည် သူတို့ကို အမျက် တော်ထွက်၍ အလွန် ပြင်း သော ဘေး နှင့်ဒဏ်ခတ် တော်မူ၏။
34 Mahali pale paliitwa Kibroti Hataava, kwa sababu pale walizika watu waliotamani nyama.
၃၄တောင့်တ သောသူ တို့ကို သင်္ဂြိုဟ် ရာထို အရပ် ကို ကိဗြုတ်ဟတ္တဝါ ဟူသောအမည်ဖြင့် မှည့် လေ၏။
35 Kutoka Kibroti Hataava watu wakasafiri hadi Hazeroti, ambapo walipumzika.
၃၅လူ များတို့သည် ကိဗြုတ်ဟတ္တဝါ အရပ်မှ ထွက် ပြီးလျှင်၊ ဟာဇရုတ် အရပ်သို့ ရောက်၍နေ ကြ၏။

< Hesabu 11 >