< Mathayo 8 >
1 Wakati Yesu aliposhuka chini kutoka mlimani, umati mkubwa ulimfuata.
၁ကိုယ်တော် သည် တောင် ပေါ်မှ ဆင်းကြွ တော်မူလျှင် ၊ များစွာ သောလူ အပေါင်းတို့သည် နောက်တော်သို့ လိုက် ကြ၏။
2 Tazama, mkoma alikuja na kusujudu mbele yake, akasema, “Bwana, ikiwa uko tayari, unaweza kunifanya niwe safi”.
၂ထိုအခါ နူနာစွဲ သောသူတစ်ယောက်သည် ညွတ်ပြပ် လျက်၊ သခင် အလို တော်ရှိလျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု လျှောက် လေ၏။
3 Yesu akanyoosha mkono wake na kumgusa, akasema, “Niko tayari. Uwe msafi.” Hapo hapo alitakaswa ukoma wake.
၃ယေရှုကလည်း ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ ဟု မိန့် တော်မူလျက် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ တော်မူ၏။ ထိုခဏခြင်း တွင် နူနာ ပျောက်၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
4 Yesu akamwambia, “Angalia kwamba usiseme kwa mtu yeyote. Shika njia yako, na jioneshe mwenyewe kwa kuhani na utoe zawadi ambayo Musa aliagiza, kwa ajili ya ushuhuda kwao”
၄ယေရှု ကလည်း သင်သတိပြု။ ဤအကြောင်းကို အဘယ်သူ အားမျှမပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကိုဆက် လော့ဟု မိန့် တော်မူ၏။
5 Wakati Yesu alipofika Kapernaumu, Jemedari akaja kwake akamuuliza
၅ထိုနောက်မှကပေရနောင် မြို့သို့ ကြွဝင် တော်မူလျှင်၊ တပ်မှူး တစ်ယောက်သည် အထံ တော်သို့လာ ၍၊
6 akisema, “Bwana, mtumishi wangu amelala nyumbani amepooza na ana maumivu ya kutisha.”
၆သခင် ၊ ကျွန်တော် ၏ ငယ်သား တစ်ယောက်သည် လက်ခြေသေ သည်အနာနှင့် ပြင်းစွာ ခံရ ၍ အိမ် တွင် တုံးလုံး နေပါသည်ဟု တောင်းပန် လေ၏။
7 Yesu akamwambia, “Nitakuja na kumponya”.
၇ယေရှုကလည်း ငါ လာ ၍ ချမ်းသာ ပေးမည် ဟု မိန့် တော်မူလျှင် ၊
8 Jemedari akajibu na kumwambia, “Bwana, mimi si wathamani hata uje na kuingia ndani ya dari yangu, sema neno tu na mtumishi wangu ataponywa.
၈တပ်မှူး က၊ သခင် ၊ ကျွန်တော် ၏ အိမ်မိုး အောက် သို့ကြွဝင် တော်မူခြင်း ကျေးဇူးတော်ကို ကျွန်တော် မ ခံထိုက် ပါ။ အမိန့် တော် တစ်ခွန်းရှိလျှင် ကျွန်တော် ၏ငယ်သား သည် ချမ်းသာ ရပါလိမ့်မည်။
9 Kwa kuwa mimi pia ni mtu niliye na mamlaka, na ninao askari walio chini yangu. Nikisema kwa huyu “Nenda' na huenda, na kwa mwingine 'Njoo' na yeye huja, na kwa mtumishi wangu, 'Fanya hivi,' na yeye anafanya hivyo”
၉ဥပမာကား၊ ကျွန်တော် သည် မင်း အောက် ၌ကျွန်ခံသောသူ ဖြစ် သော်လည်း စစ်သူရဲ များကိုအုပ်စိုး ၍ တစ်ဦး ကိုသွား ချေဟုဆို လျှင် သွား ပါ၏။ တစ်ဦး ကို လာ ခဲ့ဟုဆိုလျှင် လာ ပါ၏။ ကျွန် ကိုလည်း ဤအမှု ကို လုပ် တော့ ဟုဆိုလျှင် လုပ် ပါ၏ဟု တပ်မှူးလျှောက် လေ၏။
10 Wakati Yesu aliposikia haya, alishangazwa na kuwaambia wale waliokuwa wakimfuata, “Kweli ninawaambia, Sijapata kuona mtu mwenye imani kama huyu katika Israel.
၁၀ထိုစကားကို ယေရှု သည်ကြား လျှင် အံ့ဩ ခြင်းရှိ၍၊ ငါ အမှန် ဆိုသည်ကား၊ ဤမျှလောက် သော ယုံကြည် ခြင်းကို ဣသရေလ အမျိုး၌ ပင် ငါမ တွေ့ ဘူးသေး။
11 Ninawambieni, wengi watakuja kutoka mashariki na magharibi, wataketi katika meza pamoja na Abrahimu, Isaka, na Yakobo, katika ufame wa mbinguni.
၁၁ငါဆို ပြန်သည်ကား ၊ လူ များတို့သည်၊ အရှေ့ အရပ်၊ အနောက် အရပ်မှ လာ ၍ ၊ ကောင်းကင် နိုင်ငံ တော်၌ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် တို့နှင့်တကွ လျောင်း ရကြလတံ့၊
12 Lakini watoto wa ufalme watatupwa katika giza la nje, ambapo kutakuwa na kilio na kusaga meno.”
၁၂နိုင်ငံ တော်သား တို့သည်လည်း ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ ရာ၊ ပြင် အရပ်မှောင်မိုက် ထဲသို့ နှင်ချ ခြင်းကို ခံရကြလတံ့ဟု နောက် တော်သို့ လိုက်သောသူ တို့အား မိန့် တော်မူပြီးမှ ၊
13 Yesu akamwambia Jemadari, “Nenda! Kama ulivyokwisha amini, na itendeke hivyo kwako”. Na mtumishi aliponywa katika saa hiyo.
၁၃တပ်မှူး အား သင်သွား လော့။ ယုံကြည် သည်နှင့်အညီ သင် ၌ဖြစ် စေဟု မိန့် တော်မူ၏။ ထို ခဏခြင်း တွင် သူ ၏ငယ်သား သည် အနာ ရောဂါကင်း၍ သက်သာခြင်းသို့ ရောက်လေ၏။
14 Wakati Yesu alipofika kwenye nyumba ya Petro, alimwona mama mkwe wake na Petro amelala akiwa mgonjwa wa homa.
၁၄ထိုနောက်မှယေရှု သည် ပေတရု အိမ် သို့ ကြွ ၍ ပေတရု ၏ ယောက္ခမ သည် ဖျားနာ စွဲလျက် တုံးလုံး နေ သည်ကို တွေ့မြင် တော်မူ၏။
15 Yesu akamgusa mkono wake, na homa yake ikamwacha. kisha akaamka akaanza kumhudumia.
၁၅ထိုမိန်းမ ၏လက် ကို တို့ တော်မူလျှင် ၊ သူသည် အဖျား ပျောက် သဖြင့် ထ ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
16 Na ilipofika jioni, watu wakamletea Yesu wengi waliotawaliwa na pepo. Akawafukuza pepo na wale walio wagonjwa akawaponya.
၁၆ညဦးယံ ၌ နတ်ဆိုးစွဲ သောသူအများ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ နှုတ်တော်မြွက် ကာမျှနှင့်ထိုနတ် တို့ကို နှင်ထုတ် တော်မူ၏။ နာ သောသူ ရှိသမျှ တို့ကို သက်သာ စေတော်မူ၏။
17 Kwa jinsi hii yalitimia yale yaliyo kwisha kunenwa na Isaya nabii, “Yeye mwenyewe alichukua magonjwa yetu na alibeba maradhi yetu”
၁၇ထို အကြောင်းအရာမူကား၊ သူ သည် အကျွန်ုပ် တို့ အနာ ရောဂါဝေဒနာ များကို ယူတင် ဆောင်ရွက် လေ သည်ဟု ပရောဖက် ဟေရှာယ ဟော ဘူးသောစကား ပြည့်စုံ မည်အကြောင်း ဖြစ်သတည်း။
18 Kisha Yesu alipoliona kusanyiko limemzunguka, alitoa maelekezo ya kwenda upande mwingine wa Bahari ya Galilaya.
၁၈များစွာသောလူ အပေါင်းတို့သည် ကိုယ်တော် ကိုဝန်းရံ လျက် နေကြသည်ကို မြင် တော်မူလျှင် ၊ ကမ်းတစ်ဘက် သို့ ကူး မည့်အကြောင်း အမိန့် တော်ရှိ၏။
19 Kisha mwandishi akaja kwake na kumwambia, “Mwalimu, nitakufuata popote utakapoenda.”
၁၉ထိုအခါ ကျမ်းပြု ဆရာတစ် ယောက်သည်လာ ၍ အရှင် ဘုရား၊ ကိုယ်တော် ကြွ တော်မူရာအရပ်ရပ် သို့ အကျွန်ုပ်လိုက် ပါမည်ဟု လျှောက် လေ၏။
20 Yesu akamwambia, “Mbweha wana mashimo, na ndege wa angani wana viota, lakini mwana wa Adamu hana sehemu ya kulaza kichwa chake.”
၂၀ယေရှု ကလည်း မြေခွေး သည် မြေတွင်း ရှိ ၏။ မိုဃ်း ကောင်းကင်၌ ကျင်လည်သောငှက် သည်နားနေရာ အရပ်ရှိ ၏။ လူ သား မူကား ၊ ခေါင်း ချ ရာမျှ မ ရှိဟု မိန့် တော်မူ၏။
21 Mwanafunzi mwingine akamwambia, “Bwana, niruhusu kwanza niende kumzika baba yangu.”
၂၁အခြား သော တပည့် တော်ကလည်း ၊ သခင် ၊ အကျွန်ုပ် အဘ ကို ရှေးဦးစွာ သွား ၍ သင်္ဂြိုဟ် ရသော အခွင့် ကိုပေးတော်မူပါဟု လျှောက် လေ၏။
22 Lakini Yesu akamwambia, “Nifuate, na uwaache wafu wazike wafu wao.”
၂၂ယေရှု ကလည်း၊ ငါ့ နောက် သို့လိုက်လော့။ လူသေ တို့သည် မိမိ လူသေ တို့ကို သင်္ဂြိုဟ် ပါလေစေဟု မိန့် တော်မူ၏။
23 Yesu alipoingia kwenye mtumbwi, wanafunzi wake wakamfuata mtumbwini.
၂၃ထိုအခါ လှေ ထဲသို့ ဝင် တော်မူ၍ တပည့် တော်တို့သည် လိုက် ကြ၏။ အိုင် ၌ လှိုင်း တံပိုးပြင်းစွာ ထ ၍ လှေ ကို လွှမ်း လေ၏။
24 Tazama, ikainuka dhoruba kuu juu ya bahari, kiasi kwamba mtumbwi ulifunikwa na mawimbi. Lakini Yesu alikuwa amelala.
၂၄ကိုယ်တော် သည် ကျိန်းစက် ၍ နေတော်မူ၏။
25 Wanafunzi wakaja kwake na kumwamsha wakisema, “Bwana, tuokoe sisi, tunaelekea kufa!”
၂၅တပည့်တော်တို့သည် ချဉ်းကပ် ၍ ကိုယ်တော် ကို နှိုး ပြီးလျှင် ၊ သခင် ၊ အကျွန်ုပ်တို့သည် ပျက်စီး ခြင်းသို့ ရောက်ပါ၏။ ကယ်မ တော်မူပါဟု လျှောက် ကြသော်၊
26 Yesu akawaambia, “kwa nini mnaogopa, ninyi wenye imani ndogo?” Ndipo akaamka na kuukemea upepo na bahari. Kisha kukawa na utulivu mkuu,
၂၆ကိုယ်တော်က၊ ယုံကြည် အားနည်းသော သူတို့၊ အဘယ်ကြောင့် ကြောက် တတ်သနည်း ဟု မေး တော်မူပြီးလျှင် ၊ ထ ၍လေ နှင့် ပင်လယ် ကို ဆုံးမ တော်မူသဖြင့် အလွန် သာယာ လေ၏။
27 wanaume wakashikwa na mshangao wakasema, “Huyu mtu niwa namna gani, kwamba hata pepo na bahari vinamtii yeye?”
၂၇ထိုလူ တို့ကလည်း ၊ ဤ သူကားအဘယ်သို့ သောသူနည်း။ လေ နှင့် ပင်လယ် သည် သူ ၏စကားကို နားထောင် ပါသည်တကားဟု အံ့ဩ ကြ၏။
28 Wakati Yesu alipokuwa amekuja upande mwingine wa nchi ya Magadala, wanaume wawili waliotawaliwa na pepo walikutana naye. Walikuwa wakitokea makaburini na walikuwa wakifanya vurugu sana, kiasi kwamba hakuna msafiri angeweza kupita njia ile.
၂၈ကမ်းတစ်ဘက် ဂါဒရ ပြည် သို့ ရောက် တော်မူသောအခါ နတ်ဆိုးစွဲ သောလူနှစ် ယောက်တို့သည် ထို လမ်း ကို အဘယ်သူ မျှ မ သွား နိုင် အောင် အလွန် ကြမ်းကြုတ် စွာပြုလျက်၊ သင်္ချိုင်း တစပြင်မှ ထွက်လာ ၍ ကိုယ်တော် ကို ခရီးဦးကြိုပြု ပြီးလျှင်၊
29 Tazama, walipaza sauti na kusema, “Tuna nini cha kufanya kwako, mwana wa Mungu? Umekuja hapa kututesa kabla ya wakati kufika?”
၂၉ဘုရားသခင် ၏ သား တော်ယေရှု၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အချိန် မ ရောက်မှီ အကျွန်ုပ် တို့ကို ညှဉ်းဆဲ ခြင်းငှာကြွလာ တော်မူသလောဟု အော်ဟစ် ၍ လျှောက် ကြ၏။
30 Sasa kundi kubwa la nguruwe lilikuwa likichunga, hapakuwa mbali sana walipokuwa,
၃၀ထိုသူ တို့နှင့် မနီးမဝေး သောအရပ်၌ များစွာ သောဝက် အစု သည်ကျက်စား လျက်ရှိ ၏။
31 pepo waliendelea kulalamika kwa Yesu na kusema. “Ikiwa utatuamuru kutoka, tupeleke kwenye kundi la nguruwe.”
၃၁နတ်ဆိုး တို့လည်း ကိုယ်တော်သည် အကျွန်ုပ် တို့ကိုနှင်ထုတ် လျှင် ၊ ထိုဝက် အစု ထဲသို့ ဝင်ရပါမည် အကြောင်း အခွင့် ပေးတော်မူပါဟု တောင်းပန် ကြသော်၊
32 Yesu akawaambia, “Nendeni!” Pepo wakawatoka na kwenda kwa nguruwe. Na tazama, kundi lote likashuka kutoka mlimani kuteremkia baharini na lote likafia majini.
၃၂သွား ကြ ဟု မိန့် တော်မူ၏။ နတ်ဆိုးတို့သည် ထွက် ၍ ဝက် ထဲသို့ ဝင် သဖြင့် ဝက်အစု ရှိသမျှ သည်အိုင် ကမ်းစောက် ကို တဟုန်တည်း ပြေးဆင်း၍ ရေ ၌ သေ ကြ၏။
33 Wanaume waliokuwa wakichunga nguruwe walikimbia. Na walipoenda mjini wakaelezea kila kitu, hususani kilichotokea kwa wanaume waliotawaliwa na mapepo.
၃၃ဝက်ကျောင်း သောသူ တို့သည်လည်း ပြေး ၍ မြို့ ထဲသို့ ဝင် ပြီးလျှင်၊ နတ်ဆိုးစွဲ သောသူ တို့၏အကြောင်း မှစ၍ ဖြစ် လေသမျှတို့ကို ကြားပြော ကြသော်၊
34 Tazama, mji mzima ukaja kukutana na Yesu. Walipomwona, walimsihi aondoke kwenye mkoa wao.
၃၄တစ်မြို့လုံး လည်း ယေရှု ကိုတွေ့ အံ့သောငှာ ထွက်လာ ကြ၏။ ကိုယ်တော် ကိုတွေ့မြင် လျှင် မိမိ တို့ ပြည် က ထွက်သွား တော်မူမည်အကြောင်း တောင်းပန် ကြ၏။