< Mathayo 4 >
1 Kisha Yesu aliongozwa na Roho mpaka jangwani ili ajaribiwe na ibilisi.
၁ထိုအခါ မာရ်နတ် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံစေမည်အကြောင်း၊ ဝိညာဉ် တော်သည် ယေရှု ကို တော သို့ ပို့ဆောင် တော်မူ၍၊
2 Alipokuwa amefunga kwa siku arobaini mchana na usiku alipata njaa.
၂ယေရှုသည် အရက် လေးဆယ်ပတ်လုံး အစာ အာဟာရကို မသုံးဆောင်ဘဲနေပြီးမှ မွတ်သိပ် ခြင်းသို့ ရောက်တော်မူ၏။
3 Mjarabu akaja na akamwambia, “Kama wewe ni Mwana wa Mungu, amuru mawe haya yawe mkate.”
၃ထိုအခါ စုံစမ်း သွေးဆောင်သောသူ သည် ချဉ်းကပ် ၍၊ ကိုယ်တော်သည် ဘုရားသခင် ၏သား တော်မှန် လျှင် ၊ ဤ ကျောက်ခဲ တို့ကို မုန့် ဖြစ် စေခြင်းငှာ အမိန့် ရှိတော်မူပါဟု လျှောက် လေ၏။
4 Lakini Yesu alimjibu na kumwambia, “Imeandikwa, 'Mtu hataishi kwa mkate peke yake, bali kwa kila neno litokalo kinywani mwa Mungu.'''
၄ယေရှု ကလည်း ၊ လူ သည် မုန့် အားဖြင့် သာ အသက် ကိုမွေးရမည်မ ဟုတ်။ ဘုရားသခင် မိန့် တော်မူသမျှ အားဖြင့် အသက်ကိုမွေးရမည် ကျမ်းစာ လာသည် ဟု ပြန်ပြော တော်မူ၏။
5 Kisha ibilisi akampeleka katika mji mtakatifu na kumweka mahali pa juu sana pa jengo la hekalu,
၅ထိုအခါ မာရ်နတ် သည် ယေရှု ကို သန့်ရှင်း သောမြို့ တော်သို့ ဆောင်သွား ၍ ဗိမာန် တော်၏အထွဋ် ၌ တင် ထားပြီးလျှင် ၊
6 na kumwambia,'' kama wewe ni Mwana wa Mungu, jirushe chini, kwa maana imeandikwa, 'Ataamuru malaika wake waje wakudake,' na, 'watakuinua kwa mikono yao, ili usijikwae mguu wako katika jiwe.”
၆ကျမ်းစာလာ သည်ကား၊ ကောင်းကင်တမန် တို့အား သင့် အဘို့ မှာထား တော်မူသည်ဖြစ်၍၊ သင် ၏ခြေ ကို ကျောက် နှင့် မ ထိ မခိုက်စေခြင်းငှာ သူတို့သည် သင့် ကို လက် နှင့် မစ ချီပင့်ကြလိမ့်မည်ဟုလာ၏။ ထိုကြောင့် ဘုရားသခင် ၏သား တော်မှန် လျှင် ကိုယ် ကိုအောက် သို့ချ လိုက်တော်မူပါဟု လျှောက် လေ၏။
7 Yesu akamwambia, ''Tena imeandikwa, 'Usimjaribu Bwana Mungu wako.'''
၇ယေရှု ကလည်း သင် ၏ဘုရားသခင် ထာဝရ ဘုရားကို သင်သည်အစုံအစမ်း မ ပြုရဟု ကျမ်းစာ လာပြန် သည် ဟု မိန့် တော်မူ၏။
8 Kisha, ibilisi akamchukua na kumpeleka sehemu ya juu zaidi akamwonyesha falme zote za ulimwengu na fahari ya hizo zote.
၈တစ်ဖန် မာရ်နတ် သည် ယေရှု ကို အလွန် မြင့် လှစွာသော တောင် ပေါ်သို့ ဆောင်သွား ၍၊ ဤလောက ၌ ရှိသမျှ သောတိုင်းနိုင်ငံ တို့ကို၎င်း ၊ ထိုတိုင်းနိုင်ငံတို့၏ ဘုန်း စည်းစိမ်ကို၎င်း ပြညွှန် ၍ ၊
9 Akamwambia, “Nitakupa vitu vyote hivi ukunisujudia na kuniabudu.”
၉ကိုယ်တော်သည် ငါ့ ကို ညွတ်ပြပ် ကိုးကွယ် လျှင် ယခု ပြလေသမျှ တို့ကို ငါပေး မည်ဟုဆို လေ၏။
10 Kisha Yesu akamwambia, “Nenda zako utoke hapa, Shetani! Kwa maana imeandikwa, 'Yakupasa kumwabudu Bwana Mungu wako, na umtumikie yeye peke yake.'”
၁၀ယေရှု ကလည်း အချင်း စာတန် ၊ ငါ့ နောက်သို့ဆုတ်လော့။ သင် ၏ဘုရားသခင် ထာဝရ ဘုရားကို ကိုးကွယ် ရမည်။ ထိုဘုရားသခင် ကိုသာ ဝတ်ပြု ရမည်ကျမ်းစာ လာသည် ဟုမိန့် တော်မူ၏။
11 Kisha ibilisi akamwacha, na tazama, malaika wakaja wakamtumikia.
၁၁ထိုအခါ မာရ်နတ် သည် အထံ တော်မှထွက်သွား ၍ ကောင်းကင်တမန် တို့သည် ချဉ်းကပ် လျက် လုပ်ကျွေး ကြ၏။
12 Basi Yesu aliposikia kuwa Yohana amekamatwa, aliondoka mpaka Galilaya.
၁၂ယောဟန် သည် ထောင် ထဲသို့ရောက်ကြောင်း ကို ယေရှုသည်ကြား လျှင်၊ ဂါလိလဲ ပြည်သို့ ကြွ တော်မူ၍၊
13 Aliondoka Nazareti alienda na kuishi Kaperanaumu, iliyoko kandokando na Bahari ya Galilaya, mipakani mwa majimbo ya Zabuloni na Naftali.
၁၃နာဇရက် မြို့ကို စွန့်သွား လျက် ၊ ဇာဗုလုန် ခရိုင် ၊ နဿလိ ခရိုင်စပ်ကြား တွင် အိုင် နှင့်နီးစပ်သော ကပေရနောင် မြို့သို့ ရောက် ၍ နေ တော်မူ၏။
14 Hii ilitokea kutimiza kile kilichonenwa na nabii Isaya,
၁၄ဤအကြောင်းအရာကား၊ ပရောဖက် ဟေရှာယ ၏ နှုတ်ထွက် ပြည့်စုံ မည်အကြောင်း တည်း။
15 “Katika mji wa Zabuloni na mji wa Naftali, kuelekea Baharini, ng'ambo ya Yorodani, Galilaya ya wamataifa!
၁၅နှုတ်ထွက်အချက်ဟူမူကား၊ ဇာဗုလုန် ခရိုင် နှင့် နဿလိ ခရိုင် တည်းဟူသောအိုင် နားရှောက်သောလမ်း ၊ ယော်ဒန် မြစ်တစ်ဘက် ၊ တစ်ပါး အမျိုးသားနေရာဂါလိလဲ ပြည်၊
16 Watu walio kaa gizani wameuona mwanga mkuu, na wale waliokuwa wameketi katika maeneo na kivuli cha mauti, juu yao nuru imewaangazia.''
၁၆မှောင်မိုက် ထဲမှာ ရှိ နေသောလူ များတို့သည် ကြီးစွာ သောအလင်း ကို မြင် ရ၍၊ သေမင်း ၏နိုင်ငံ အရိပ် တွင်ရှိ နေသော သူ တို့၌ အလင်း ပေါ်ထွန်း လျက်ရှိ၏ဟု ဟောထားသတည်း။
17 Tokea wakati huo Yesu alianza kuhubiri na kusema, “Tubuni, kwa maana ufalme wa mbinguni umekaribia.''
၁၇ထိုအခါ မှစ၍ ယေရှု က၊ နောင်တရ ကြလော့။ ကောင်းကင် နိုင်ငံ တော်သည် တည်လုနီး ပြီဟူသောတရား ကို ဟောစ ပြုတော်မူ၏။
18 Alipokuwa akitembea kandokando ya Bahari ya Galilaya, aliwaona ndugu wawili, Simoni aliyekuwa akiitwa Petro, na Andrea kaka yake, wakitega nyavu baharini, kwa kuwa walikuwa wavuvi wa samaki.
၁၈ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ပေတရု ဟူ၍ခေါ်ဝေါ် သော ရှိမုန် နှင့် အန္ဒြေ ၊ ညီအစ်ကို နှစ် ယောက်တို့သည် တံငါ ဖြစ် ၍၊ အိုင် တွင် ပိုက်ကွန် ဖြန့်ချ သည်ကို မြင် တော်မူလျှင်၊
19 Yesu akawaambia, “Njooni mnifuate, nitawafanya kuwa wavuvi wa watu.”
၁၉ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကိုမျှားသောတံငါ ဖြစ်စေခြင်းငှာ ငါပြု မည် ဟု အမိန့် တော်ရှိလေသော် ၊
20 Mara moja waliziacha nyavu na walimfuata.
၂၀ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
21 Na Yesu alipokuwa akiendelea kutoka hapo aliwaona ndugu wawili wengine, Yakobo mwana wa Zebedayo, na Yohana kaka yake. Walikuwa katika mtumbwi pamoja na Zebedayo baba yao wakishona nyavu zao. Akawaita,
၂၁ထိုမှ လွန် လျှင် အခြား သောညီအစ်ကို နှစ် ယောက်၊ ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် တို့သည် သူ တို့အဘ နှင့်အတူ လှေ ပေါ် မှာ ပိုက်ကွန် ပြင် နေသည်ကို မြင်၍ ခေါ် တော်မူ၏။
22 na mara moja wakaacha mtumbwi na baba yao nao wakamfuata.
၂၂ထိုသူ တို့သည်လည်း ချက်ခြင်း အဘ နှင့် လှေ ကို စွန့်ပစ် ၍ နောက်တော်သို့လိုက် ကြ၏။
23 Yesu alienda karibia Galilaya yote, akifundisha katika Masinagogi yao, akihubiri injili ya ufalme, na akiponya kila aina ya maradhi na magonjwa miongoni mwa watu.
၂၃ယေရှု သည် တရားစရပ် တို့၌ ဆုံးမ ဩဝါဒပေးလျက် ၊ နိုင်ငံ တော်နှင့်ယှဉ်သောဧဝံဂေလိ တရားကိုဟော လျက်၊ လူ တို့တွင် အနာ ရောဂါအမျိုးမျိုး တို့ကို ငြိမ်း စေလျက် ၊ ဂါလိလဲ ပြည်တစ်ပြည်လုံး ကို ဒေသစာရီ လှည့်လည် တော်မူ၏။
24 Habari zake zilienea Siria yote, na watu wakawaleta kwake wale wote waliokuwa wakiugua, wakiwa na maradhi mbalimbali na maumivu, waliokuwa na mapepo, na wenye kifafa na waliopooza. Yesu aliwaponya.
၂၄သိတင်း တော်သည်လည်း ရှုရိ ပြည်၌ အနှံ့အပြား ကျော်စော သည်ဖြစ်၍ နတ်ဝင် သောသူ ဝက်ရူးစွဲ သောသူ၊ လက်ခြေသေ သောသူမှစသောအထူးထူးအပြားပြား သော အနာ ရောဂါစွဲ၍ မကျန်းမမာ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ဆောင်ခဲ့ ကြ၍ ၊ သူ တို့၏အနာရောဂါကို ငြိမ်း စေတော်မူ၏။
25 Umati mkubwa wa watu ulimfuata kutoka Galilaya, na Dekapoli, na Yerusalemu na Uyahuda na kutoka ng'ambo ya Yorodani.
၂၅ဂါလိလဲ ပြည်၊ ဒေကပေါလိ ပြည်၊ ယေရုရှလင် မြို့မှစသော ယုဒ ပြည်၊ ယော်ဒန် မြစ်တစ်ဘက် မှ လာသော လူ များ အပေါင်းတို့သည် နောက်တော်သို့လိုက် ကြ၏။