< Marko 6 >

1 Na akaondoka hapo na kwenda mjini kwao, na wanafunzi wake wakamfuata.
ထို အရပ်မှကြွ ၍ တပည့် တော်တို့သည် လိုက် ကြသဖြင့် မိမိ မြို့ သို့ ရောက် တော်မူ၏။
2 Sabato ilipofika, alianza kufundisha katika Sinagogi. Watu wengi walimsikia na wakashangazwa. Wakasema, “Amepata wapi mafundisho haya?” “Ni hekima gani hii aliyopewa?” “Anatendaje miujiza hii kwa mikono yake?”
ဥပုသ်နေ့ ရောက် လျှင် တရားစရပ် ၌ ဆုံးမ ဩဝါဒပေးတော်မူ၏။ လူများ တို့သည် ကြားနာ ရလျှင် မိန်းမော တွေဝေခြင်းသို့ ရောက်၍၊ ဤ သူသည် ဤ အရာတို့ကို အဘယ်မှာ ရသနည်း။ သူရသော ပညာကားအဘယ် ပညာ နည်း။ ဤမျှလောက် သော တန်ခိုး များကို အဘယ်သို့ပြနိုင်သနည်း။
3 “Je huyu si yule seremala, mwana wa Mariamu na ndugu yao kina Yakobo, Yose, Yuda na Simioni? Je dada zake si wanaishi papa hapa pamoja nasi?” Na hawakufurahishwa na Yesu.
သူ သည် လက်သမား မ ဟုတ်လော။ မာရိ ၏သား မဟုတ်လော။ ယာကုပ် ၊ ယောသေ ၊ ယုဒ ၊ ရှိမုန် တို့၏ အစ်ကို မဟုတ်လော။ သူ့ နှမ များသည်လည်း ငါ တို့နှင့် အနီးအပါး နေ ကြသည်မ ဟုတ်လောဟု ပြောဆိုလျက် စေတနာ စိတ်ပျက်ကြ၏။
4 Yesu akawaambia, “Nabii hakosi heshima, isipokuwa katika mji wake na miongoni mwa ndugu zake na nyumbani mwake.”
ယေရှု ကလည်း ၊ ပရောဖက် သည် မိမိ မြို့ ၊ မိမိ အဆွေ နေရာ၊ မိမိ အိမ် မှတစ်ပါး အခြားသောအရပ်၌ အသရေ ရှိသည်” ဟု ထိုသူ တို့အားမိန့် တော်မူ၏။
5 Hakuweza kutenda miujiza hapo, ila aliwawekea mikono wagonjwa wachache akawaponya.
မကျန်းမမာ သောသူအချို့ပေါ်မှာလက် တော်ကိုတင် ၍ အနာကိုငြိမ်း စေခြင်းမှတစ်ပါး အဘယ် တန်ခိုး တော်ကိုမျှ ထို အရပ်၌ ပြ တော်မ မူနိုင် ။
6 Alishangazwa sana kwa sababu ya kutokuamini kwao. Kisha alivitembelea vijiji vya jirani akifundisha.
ထိုသူ တို့သည် မယုံကြည် ကြသည်ကို အံ့ဩ ခြင်းရှိတော်မူ၏။ ပတ်လည် ၌ရှိသော မြို့ ရွာများသို့ ဒေသစာရီ လှည့်လည် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
7 Aliwaita wale wanafunzi kumi na wawili akaanza kuwatuma wawili wawili. Aliwapa mamlaka juu ya pepo wachafu,
တစ်ကျိပ် နှစ်ပါးသောတပည့်တော်တို့ကို ခေါ် တော်မူပြီးမှ ၊ ညစ်ညူး သောနတ် တို့ကို နိုင်စေခြင်းငှာအခွင့် ပေး လျက် ၊ နှစ် ယောက်စီနှစ် ယောက်စီစေလွှတ် တော်မူ၍ ၊
8 na kuwaamuru wasichukue chochote wanapokwenda isipokuwa fimbo tu. Wasichukue mkate, wala mkoba, wala fedha kibindoni;
“သင်တို့သည် တောင်ဝေး တစ်ခုမှတစ်ပါး လမ်း ခရီးတို့ အဘယ် အရာကိုမျှ မယူ ကြနှင့်။ လွယ်အိတ် နှင့်မုန့် မှစ၍ ခါးပန်း ၌ ကြေး ငွေကို မ ယူကြနှင့်။”
9 lakini wavae viatu, na siyo kanzu mbili.
ခြေနင်း ကို စီး ကြလော့။ အင်္ကျီ နှစ် ထပ်မ ဝတ် ကြနှင့် ဟု မှာထား တော်မူ၏။
10 Na akawaambia, “Nyumba yoyote mtakayoingia, kaeni hapo mpaka mtakapoondoka.
၁၀ထိုမှတပါး သင်တို့သည် မည်သည် အိမ် သို့ ဝင် လျှင် ၊ ထို အိမ်တွင် ထို အရပ်မှ မ ထွက် မသွားမှီတိုင်အောင်နေ ကြလော့။”
11 Na mji wowote usipowapokea wala kuwasikiliza, ondokeni kwao, kung'uteni mavumbi ya miguu yenu, iwe ushuhuda kwao.”
၁၁အကြင်သူ တို့သည် သင် တို့ကို လက် မ ခံ၊ သင် တို့ စကားကိုနား မ ထောင်ဘဲနေ၏။ ထို သူတို့နေရာ အရပ်မှ ထွက်သွား စဉ်၊ သူ တို့တစ်ဘက်၌သက်သေ ဖြစ်စေခြင်းငှာ သင် တို့၏ခြေဘဝါး မှ မြေမှုန့် ကို ခါ လိုက်ကြ လော့။ ငါအမှန်ဆိုသည်ကား၊ တရားဆုံးဖြတ်သောနေ့၌ ထိုမြို့သည် သောဒုံမြို့နှင့် ဂေါမောရမြို့ထက်သာ ခံရလတံ့” ဟု မိန့်တော်မူ၏။
12 Nao wakaenda wakitangaza watu watubu na kuacha dhambi zao.
၁၂တပည့်တော်တို့သည် ထွက်သွား ၍ နောင်တ တရားကိုဟော ကြ၏။
13 Waliwafukuza pepo wengi, na waliwapaka mafuta wagonjwa na wakaponywa.
၁၃နတ်ဆိုး များ ကို နှင်ထုတ် ကြ၏။ မကျန်းမမာ သောသူများ တို့ကို ဆီ နှင့်လူး ၍ အနာကို ငြိမ်း စေကြ၏။
14 Mfalme Herode aliposikia hayo, kwa kuwa jina la Yesu lilikuwa limejulikana sana. Baadhi walisema, “Yohana mbatizaji amefufuka na kwa sababu hiyo, hii nguvu ya miujiza inafanya kazi ndani yake.”
၁၄ထိုအခါ သိတင်း တော်ကျော်စော သည်ဖြစ် ၍၊ ဟေရုဒ် မင်းကြီး သည် ကြား လျှင် ၊ ဗတ္တိဇံ ဆရာယောဟန် သည် သေ ခြင်းမှ ထမြောက် လေပြီ။ ထိုကြောင့် တန်ခိုး များကို ပြ နိုင်သည်ဟု ဆို ၏။
15 Baadhi yao wakasema, “Huyu ni Eliya,” Bado wengine wakasema, “Huyu ni nabii, kama mmoja wa wale manabii wa zamani.”
၁၅လူအချို့ က၊ ဤသူသည် ဧလိယ ဖြစ် သည်ဟု ဆို ကြ၏။ အချို့ က၊ ရှေးပရောဖက် ကဲ့သို့ ပရောဖက် ဖြစ်သည်ဟု ဆို ကြ၏။
16 Lakini Herode aliposikia haya akasema, “Yohana, niliyemkata kichwa amefufuliwa.”
၁၆ဟေရုဒ် သည် ကြား လျှင် ၊ ဤ သူကား ငါ ၏အမိန့်နှင့် လည်ပင်းကိုဖြတ် သော ယောဟန် ဖြစ်၏။ သေခြင်းမှ ထမြောက် လေပြီဟုဆို လေ၏။
17 Maana Herode mwenyewe aliagiza Yohana akamatwe na alimfunga gerezani kwa sababu ya Herodia (mke wa kaka yake Filipo) kwa sababu yeye alikuwa amemuoa.
၁၇အထက်က ဟေရုဒ် သည် မိမိ ညီ ဖိလိပ္ပု ၏ ခင်ပွန်း ဟေရောဒိ ကို သိမ်းယူ သဖြင့် ၊ ထိုမိန်းမအကြောင်း ကြောင့် စေလွှတ် ၍ ယောဟန် ကို ဘမ်းဆီး ပြီးလျှင် ထောင် ထဲမှာ ချုပ်နှောင် လေ၏။
18 Kwa maana Yohana alimwambia Herode, “Si halali kumuoa mke wa kaka yako.”
၁၈အကြောင်းမူကား ၊ ယောဟန် က အရှင် မင်းကြီးသည် ညီ တော်၏ခင်ပွန်း ကို မ သိမ်း အပ် ဟု ဟေရုဒ် အား ဆို လေပြီ။
19 Lakini Herodia alianza kumchukia na alikuwa akitaka kumuua, lakini hakuweza,
၁၉ထိုကြောင့် ၊ ဟေရောဒိ သည် ယောဟန် ကို ရန်ငြိုး ဖွဲ့သဖြင့် သတ် ခြင်းငှာအလိုရှိ ၏။
20 maana Herode alimwogopa Yohana; alijua kwamba ni mwenye haki mtu mtakatifu, na alimwacha salama. Na alipoendelea kumsikiliza alihuzunika sana, lakini alifurahi kumsikiliza.
၂၀သို့သော်လည်း ယောဟန် သည် ဖြောင့်မတ် သန့်ရှင်း သောသူ ဖြစ်ကြောင်းကို ဟေရုဒ် သည် သိ ၍ သူ့ ကို ကြောက်ရွံ့ ရိုသေ၏။ သူ့ ကိုလည်း စောင့်မ ၏။ အမူအရာများတို့၌ သူ ၏စကားကို နားထောင် ၍ ဝမ်းမြောက်သောစိတ် နှင့်လည်း နားထောင် တတ်သည် ဖြစ်သောကြောင့် ထိုမိန်းမသည်အခွင့်မရနိုင်။
21 Hata ilipofika wakati mwafaka ikiwa imekaribia siku ya kuzaliwa Herode akawaandalia moafisa wake karamu, na makamanda, na viongozi wa Galilaya.
၂၁ထိုနောက်မှ အဆင်သင့် သောအခါ ဟေရုဒ် ကို ဘွား သောနေ့ရက်၌ နှစ်စဉ်ပွဲ ကိုခံ၍ မှူးမတ် ၊ စစ်သူကြီး ၊ ဂါလိလဲ ပြည်၌ အကြီးအကဲ ဖြစ်သောသူ တို့ကို ကျွေး တော်မူစဉ်တွင်၊
22 Ndipo binti wa Herodia akaingia na kucheza mbele yao, akamfurahisha Herode na wageni walioketi wakati wa chakula cha jioni. Ndipo mfalme akamwambia binti, “Niombe chochote unachotaka nami nitakupa.”
၂၂ဟေရောဒိ ၏သမီး သည် ဝင် ၍ က သဖြင့် ၊ ဟေရုဒ် မှစ၍ အပေါင်းအဘော် တို့အား နူးညွတ် သော စိတ် ကိုဖြစ်စေ၏။ ထိုအခါမင်းကြီး က၊ သင်သည် အလိုရှိ သမျှ ကို တောင်း လော့၊ ငါပေး မည်ဟု ထိုမိန်းမငယ် အား ဆို လေ၏။
23 Akamwapia na kusema, chochote utakachoniomba, nitakupa, hata nusu ya ufalme wangu.”
၂၃တစ်ဖန် လည်း၊ သင်တောင်း သမျှ ကို ငါ့ နိုင်ငံ တစ်ဝက် တိုင်အောင် ငါပေး မည်ဟု ကျိန်ဆို လေ၏။
24 Akatoka nje akamuuliza mama yake, “Niombe nini?” Akasema, “Kichwa cha Yohana Mbatizaji.”
၂၄ထိုမိန်းမငယ်သည် ထွက် ၍ အဘယ် အရာကို တောင်း ရမည်နည်းဟု သူ၏ အမိ ကိုမေး လျှင် အမိက၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို တောင်းလော့ဟု ပြန်ဆို သော်၊
25 Na mara moja akaingia kwa mfalme akaanza kusema, “Nataka unipatie ndani ya sahani, kichwa cha Yohana Mbatizaji.”
၂၅ချက်ခြင်း မိန်းမငယ်သည် မင်းကြီး ထံသို့ အလျင်တဆော ဝင် ၍ ၊ ဗတ္တိဇံ ဆရာယောဟန် ၏ ဦးခေါင်း ကို ဤလင်ပန်း ၌ အလျင်အမြန် ပေး တော်မူစေခြင်းငှာ ကျွန်မအလိုရှိ ပါသည်ဟု တောင်းလျှောက် ၏။
26 Mfalme alisikitishwa sana, lakini kwa sababu ya kiapo chake na kwa ajili ya wageni, hakuweza kumkatalia ombi lake.
၂၆မင်းကြီး သည် အလွန်ဝမ်းနည်း ခြင်းရှိ သော်လည်း ၊ ကျိန်ဆို ခြင်းကို၎င်း ၊ အပေါင်းအဖေါ် တို့၏ မျက်နှာကို၎င်း၊ ထောက် သောကြောင့်၊ ထိုမိန်းမငယ် ကို မ ငြင်း မပယ်လို ၍၊
27 Hivyo, mfalme akatuma askari kati ya walinzi wake na kuwaagiza kwenda kumletea kichwa cha Yohana. Mlinzi alikwenda kumkata kichwa akiwa kifungoni.
၂၇ဦးခေါင်း ကို ယူခဲ့ ဟု အမိန့်တော်ရှိ လျက် လူစောင့် တစ်ယောက်ကို ချက်ခြင်း စေလွှတ် လျှင် ၊ လူစောင့်သည် သွား ၍ ယောဟန် ၏လည်ပင်းကို ထောင် ထဲမှာ ဖြတ် လေ၏။
28 Akakileta kichwa chake kwenye sahani na kumpatia binti, na binti akampa mama yake.
၂၈ဦးခေါင်း ကို လင်ပန်း ၌ ဆောင်ခဲ့ ၍ ထို မိန်းမငယ် အားပေး ပြီးမှ မိန်းမငယ် သည်လည်း သူ့ အမိ ကို ပေး လေ၏။
29 Na wanafunzi wake waliposikia hayo, walikwenda kuuchukua mwili wake wakaenda kuuzika kaburini.
၂၉ယောဟန် ၏တပည့် တို့သည်လည်း ကြား သောအခါ လာ ၍ အလောင်း ကို ဆောင်သွား ပြီးလျှင် သင်္ချိုင်း တွင်း၌ ထား ကြ၏။
30 Na mitume, walikusanyika pamoja mbele ya Yesu, wakamweleza yote waliyofanya na waliyoyafundisha.
၃၀တမန်တော် တို့သည် ယေရှု ထံ တော်၌ စုဝေး ၍ ၊ မိမိတို့ပြု သမျှ သွန်သင် သမျှ တို့ကို ကြားလျှောက် ကြ၏။
31 Naye akawaambia, “Njooni wenyewe mahali pa faragha na tupumzike kwa muda.” Watu wengi walikuwa wanakuja na kuondoka, hata hawakupata nafasi ya kula.
၃၁ကိုယ်တော်ကလည်း ၊ တော ၌ဆိတ်ကွယ် ရာအရပ် သို့ လာ ကြ။ ခဏ အားဖြည့်၍ ငြိမ်သက် စွာ နေကြဟု မိန့် တော်မူ၏။ အကြောင်းမူကား ၊ လူများ သွား လာ ကြသည်ဖြစ် ၍ တမန်တော်တို့သည် အစာစား ခြင်းငှာမျှ မ အား နိုင်ကြ။
32 Hivyo wakapanda mashua wakaenda mahali pa faragha peke yao.
၃၂ထိုကြောင့် ၊ လှေ စီး၍ တော ၌ ဆိတ်ကွယ် ရာအရပ် သို့ သွား ကြ၏။
33 Lakini waliwaona wakiondoka na wengi wakawatambua, kwa pamoja walikimbia kwa miguu kutoka miji yote, nao wakafika kabla yao.
၃၃သွား ကြသည်ကို လူများ တို့သည်မြင် ၍ ကိုယ်တော်ဖြစ်သည်ကို သိ လျှင် ၊ အမြို့မြို့ အရွာရွာတို့မှ ထွက်၍ ထို အရပ်သို့ ကုန်းကြောင်း ပြေးသွား သဖြင့် ၊ တမန်တော် တို့ အရင် ရောက်၍ အထံတော်၌စုဝေးကြ၏။
34 Walipofika pwani, aliona umati mkubwa na akawahurumia, kwa sababu walikuwa kama kondoo wasiokuwa na mchungaji. Na akaanza kuwafundisha mambo mengi.
၃၄ယေရှုသည် ထွက်ကြွ ၍ လူ များ အပေါင်းတို့ကို တွေ့မြင် တော်မူလျှင်၊ ထိုသူတို့သည် ထိန်း သူမ ရှိ ၊ ပစ်ထားသော သိုး ကဲ့သို့ ဖြစ် ကြသည်ကိုသနား ခြင်းစိတ်တော်ရှိ၍ များစွာ သော ဆုံးမ ဩဝါဒကို ပေးတော်မူ၏။
35 Muda ulipoendelea sana, wanafunzi wakamjia wakamwambia,”Hapa ni mahali pa faragha na muda umeendelea.
၃၅မိုဃ်းချုပ် သောအခါတပည့် တော်တို့သည် ချဉ်းကပ် ၍ ၊ ဤအရပ်သည် တော အရပ် ဖြစ် ပါ၏။ မိုဃ်း လည်း ချုပ်ပါပြီ။
36 Uwaage waende miji ya jirani na vijiji ili wakajinunulie chakula.”
၃၆လူများတို့သည် ပတ်ဝန်းကျင် ရွာ ဇနပုဒ် သို့ သွား ၍ စားစရာ ကိုဝယ် စေခြင်းငှာအခွင့် ပေးတော်မူပါ။ သူ တို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊
37 Lakini akawajibu akisema, “Wapeni ninyi chakula.” Wakamwambia, “Tunaweza kwenda na kununua mikate yenye thamani ya dinari mia mbili na kuwapa wale?”
၃၇ကိုယ်တော်က၊ သူ တို့စားစရာ ဘို့ သင် တို့ပေး ကြလော့ ဟု ပြန်ပြော တော်မူ၏။ တပည့်တော်တို့ကလည်း ၊ အကျွန်ုပ်တို့သည် သွား ၍ ဒေနာရိ အပြားနှစ်ရာ နှင့်မုန့် ကိုဝယ် ပြီးလျှင် သူ တို့အား စားစရာ ဘို့ ပေး ရပါအံ့လောဟု လျှောက် ကြ၏။
38 Akawambia,” Mna mikate mingapi? Nendeni mkaangalie.” walipopata wakamwambia, “Mikate mitano na samaki wawili.”
၃၈ကိုယ်တော်ကလည်း၊ သင်တို့၌ မုန့် ဘယ်နှစ် လုံးရှိ သနည်း။ သွား ၍ ကြည့်ရှု ကြ ဟု မိန့် တော်မူသည် အတိုင်း သူတို့သည် သိ ပြီးမှ ၊ မုန့်ငါး လုံးနှင့် ငါး နှစ် ကောင် ရှိပါသည်ဟု လျှောက် ပြန်၏။
39 Akawaamuru watu waketi katika makundi juu ya majani mabichi.
၃၉ထိုအခါ လူအပေါင်း တို့ကို မြက် စိမ်း ပေါ်မှာ အစုစု လျောင်း ကြစေ ဟု အမိန့် တော်ရှိ၏။
40 Wakawaketisha katika makundi; makundi ya mamia kwa hamsini.
၄၀သူတို့သည် တရာ တစ်စု၊ ငါးဆယ် တစ်စု၊ အစုစု လျောင်း ကြလျှင် ၊
41 Kisha akachukua mikate mitano na samaki wawili, na kutazama mbinguni, akaibariki kisha akawapa wanafunzi waweke mbele ya umati. Na kisha aligawa samaki wawili kwa watu wote.
၄၁ကိုယ်တော်သည် မုန့် ငါး လုံးနှင့် ငါး နှစ် ကောင်ကိုယူ ၍ ၊ ကောင်းကင် သို့ မျှော်ကြည့် လျက် ကျေးဇူး တော်ကို ချီးမွမ်းပြီးမှ မုန့် ကိုဖဲ့ ၍ လူ များတို့ရှေ့ ၌ထည့်စေခြင်းငှာ တပည့် တော်တို့အား ပေး တော်မူ၏။ ငါး နှစ် ကောင်ကို လည်း လူအပေါင်း တို့အား ဝေငှ တော်မူ၏။
42 Walikula wote hadi wakatosheka.
၄၂လူအပေါင်း တို့သည် စား ၍ ဝ ကြပြီးမှ ၊
43 Walikusanya vipande vya mikate iliyobaki, Vikajaa vikapu kumi na viwili, na pia vipande vya samaki.
၄၃မုန့်နှင့်ငါး အကျိုးအပဲ့ ကို ကောက်သိမ်း ၍ တစ်ဆယ့်နှစ် တောင်း ၊ အပြည့် ရကြ၏။
44 Na walikuwa wanaume elfu tano waliokula mikate.
၄၄မုန့် ကိုစား သောသူ ယောက်ျား အရေအတွက်ကား၊ လူငါးထောင် မျှလောက်ရှိ သတည်း။
45 Mara akawaambia wapande kwenye mashua waende sehemu nyingine, hadi Bethsaida, wakati Yeye akiwaaga makutano.
၄၅စည်းဝေး သောသူတို့ကို လွှတ် တော်မူစဉ် တွင်တပည့် တော်တို့ လှေ စီး စေ၍ ကမ်းတစ်ဘက် ဗက်ဇဲဒ မြို့သို့ အရင် ကူးစေတော်မူ၏။
46 Walipokuwa wamekwisha kuondoka, akaenda mlimani kuomba.
၄၆စည်းဝေးသောသူ တို့ကို လွှတ် ပြီးမှ ဆုတောင်း ပဌနာပြုအံ့သောငှာတောင် ပေါ်သို့ ကြွ တော်မူ၏။
47 Kulipokuwa jioni, na mashua yao wakati huo ikiwa katikati ya bahari, naye alikuwa peke yake nchi kavu.
၄၇ည အချိန်ရောက် သောအခါ လှေ သည် အိုင် အလယ် ၌ ရှိ ၏။ ကိုယ်တော် သည် ကုန်း ပေါ်မှ တစ်ယောက်တည်း ရှိနေတော်မူ၏။
48 Na aliwaona wakitaabika kupiga makasia kwa sababu upepo uliwazuia. Ilipokaribia asubuhi akawaendea, akitembea juu ya maji, na alitaka kuwapita.
၄၈လေ မ သင့်သောကြောင့် တပည့် တော်တို့သည် တက်ခတ် ၍ပင်ပန်း ကြသည်ကို မြင် တော်မူ၏။ ည သုံးချက်တီး ကျော် အချိန်၌ အိုင် ပေါ်မှ စက်တော်ဖြန့် လျက် ၊ သူ တို့ရှိရာ သို့ကြွ ၍ အနားမှာ ရှောက်သွား မည် ပြု တော်မူ၏။
49 Lakini walipomwona anatembea juu ya maji, wakaingiwa na wasiwasi wakidhani ni mzimu hata wakapiga kelele.
၄၉ထိုသို့အိုင် ပေါ်မှာ စက်တော်ဖြန့်၍ ကြွ တော်မူသည်ကို သူတို့သည်မြင် လျှင်၊ ဖုတ် တစ္ဆေဖြစ် သည်ဟု စိတ်ထင် နှင့် အော်ဟစ် ကြ၏။
50 kwa sababu walimwona wakajawa na hofu. Mara akasema nao akawaambia, “Muwe wajasiri! ni mimi! Msiwe na hofu.”
၅၀ထိုသူအပေါင်း တို့သည် ကိုယ်တော် ကိုမြင် ၍ ထိတ်လန့် ခြင်းသို့ရောက်ကြ၏။ ကိုယ်တော်သည် ချက်ခြင်း နှုတ်ဆက် ၍ “တည်ကြည်သောစိတ် ရှိကြလော့။ ငါ ပင်ဖြစ် သည်၊ မ ကြောက်လန့် ကြနှင့် ဟု မိန့် တော်မူ၏။
51 Akaingia ndani ya mashua, na upepo ukaacha kuvuma, nao wakamshangaa kabisa.
၅၁လှေ ပေါ်၌ သူ တို့ရှိရာ သို့ တက် တော်မူလျှင် လေ သည်ငြိမ် လေ၏။ ထိုသူ တို့သည် အတိုင်း ထက်အလွန်မိန်းမော တွေဝေအံ့ဩခြင်းသို့ ရောက်ကြ၏။
52 Hivyo hawakuwa wameelewa maana ya ile mikate. Maana akili zao zilikuwa na uelewa mdogo.
၅၂အကြောင်းမူကား ၊ သူ တို့စိတ် နှလုံး မိုက် သည်ဖြစ် ၍ မုန့် ၌ပြသောတန်ခိုးတော်ကို ပမာဏ မ ပြုကြ။
53 Nao walipovuka ng'ambo, walifika nchi ya Genesareti mashua ikatia nanga.
၅၃ကမ်း တစ်ဘက်သို့ ကူး လျှင် ဂင်္နေသရက် နယ်သို့ ရောက် ၍ လှေကို ဆိုက် ကြ၏။
54 Walipotoka nje ya mashua, mara wakamtambua.
၅၄လှေ မှ ဆင်း သောအခါ လူ များတို့သည် မျက်နှာ တော်ကို ချက်ခြင်း မှတ်မိ လျှင်၊
55 Wakakimbia kutangaza katika mkoa mzima na wakaanza kuwaleta wagonjwa kwa machela, kila waliposikia anakuja.
၅၅ပတ်ဝန်းကျင်အရပ် ၌ ရှိသမျှ သို့ ပြေးသွား ၍ မည်သည့်အရပ်၌ ရှိ တော်မူသည်ဟုကြား လျှင်၊ ထိုအရပ် သို့ လူနာ များကို အိပ်ရာ နှင့် ဆောင်ခဲ့ ကြ၏။
56 Popote alipoingia katika vijiji, au mjini, au katika nchi, waliwaweka wagonjwa mahali pa soko, na wakamsihi awaruhusu kugusa pindo la vazi lake. Na wote waliomgusa waliponywa.
၅၆မြို့ ရွာ ဇနပုဒ် သို့ ရောက် တော်မူရာ၌ မကျန်းမမာ သောသူ တို့ကို လမ်း နားမှာထား ၍ အဝတ် တော်၏ ပန်းပွား ကိုမျှ တို့ ရပါမည်အကြောင်း အခွင့်တောင်း ကြ၏။ တို့ သမျှ သော သူတို့သည်လည်း ချမ်းသာ ရကြ၏။

< Marko 6 >