< Marko 16 >
1 Wakati sabato ilipokwisha, Mariamu Magdalena na Mariamu mama yake na Yakobo, na Salome, walinunua manukato mazuri, ili waweze kuja na kuupaka mafuta mwili wa Yesu kwa ajili ya maziko.
၁ဥပုသ်နေ့လွန်မှ မာဂဒလမာရိ၊ ယာကုပ်၏အမိဖြစ်သော မာရိနှင့် ရှာလုံတို့သည်သွား၍၊ အလောင်း တော်ကို လိမ်းခြင်းငှါ နံ့သာမျိုးကိုဝယ်ပြီးလျှင်၊
2 Asubuhi na mapema siku ya kwanza ya juma, walienda kwenye kaburi wakati jua lilipochomoza.
၂ခုနစ်ရက်တွင် ပဌမနေ့ရက်နံနက်စောစော၊ နေထွက်သောအချိန်၌ သင်္ချိုင်းတော်သို့သွားကြ၏။
3 Wakisemezana wao kwa wao, “Nani ataliviringisha jiwe kwa ajili yetu ili tuingie kaburini?”
၃ထိုမိန်းမတို့က၊ တွင်းဝ၌ ပိတ်သောကျောက်ကို အဘယ်သူလှိမ့်လှန်၍ ပေးမည်နည်းဟု အချင်းချင်း ပြောဆိုပြီးမှ ကြည့်ရှုလျှင်၊ ထိုကျောက်သည် လှိမ့်လှန်လျက်ရှိသည်ကို မြင်ကြ၏။
4 Wakati walipotazama, walimuona mtu amekwisha kulivingirisha jiwe, ambalo lilikuwa kubwa sana.
၄ထိုကျောက်ကားအလွန်ကြီးသောကျောက် ဖြစ်သတည်း။
5 Wakaingia kwenye kaburi na wakamwona kijana amevaa joho jeupe, ameketi upande wa kulia, na wakashangazwa.
၅မိန်းမတို့သည် တွင်းထဲသို့ဝင်ကြပြီးလျှင်၊ လုလင်တယောက်သည် ဖြူစင်ရှည်လျားသောအင်္ကျီကို ဝတ် လျက်လက်ျာဘက်၌ ထိုင်သည်ကိုမြင်၍ ထိတ်လန့် မိန်းမောခြင်းသို့ ရောက်ကြ၏။
6 Akawaambia, “Msiogope. Mnamtafuta Yesu, wa Nazareti, aliyesulibiwa. Amefufuka! Hayupo hapa. Tazama mahali pale walipokuwa wamemweka.
၆ထိုသူကလည်း၊ ထိတ်လန့်မိန်းမောခြင်းမရှိကြနှင့်။ လက်ဝါးကပ်တိုင်မှာ သတ်သောနာဇရက်မြို့သား ယေရှုကို သင်တို့ရှာကြ၏။ ထိုသူသည် ထမြောက်တော်မူပြီ။ ဤအရပ်၌မရှိ။ အလောင်းတော် ထားရာအရပ် ကိုကြည့်ကြလော့။
7 Nendeni, mkawaambie wanafunzi wake na Petro ya kuwa amewatangulia kuelekea Galilaya. Huko mtamwona, kama alivyokua amewaambia.”
၇သင်တို့ရှေ့ဂါလိလဲပြည်သို့ ကြွတော်မူကြောင်းကို၊ ပေတရုမှစ၍ တပည့်တော်တို့အား သွား၍ပြောကြ လော့။ အထက်ကမိန့်တော်မူသည်အတိုင်း၊ ထိုပြည်၌ သင်တို့သည် ကိုယ်တော်ကိုတွေ့မြင်ရကြလိမ့်မည်ဟု ပြော ဆို၏။
8 Wakaondoka na kukimbia kutoka kwenye kaburi; walitetemeka na walishangazwa. Hawakusema chochote kwa mtu yeyote sababu waliogopa sana.
၈ထိုမိန်းမတို့သည်လည်း၊ သင်္ချိုင်းတော်မှထွက်၍ တုန်လှုပ်လျက်၊ မိန်းမောတွေဝေလျက် ပြေးကြ၏၊ ကြောက်လန့်သောကြောင့် အဘယ်သူကိုမျှ မပြောမဆိုကြ။
9 (note: The most reliable and earliest manuscripts do not include Mark 16:9-20.) (Zingatia: Nakala za kale hazina Marko 16: 9-20) Mapema katika siku ya kwanza ya juma, baada ya kufufuka, alimtokea kwanza Mariamu Magdalena, ambaye kutoka kwake alimtoa mapepo saba.
၉(note: The most reliable and earliest manuscripts do not include Mark 16:9-20.) ကိုယ်တော်သည် ခုနစ်ရက်တွင် ပဌမနေ့ရက် စောစောအချိန်၌ထမြောက်ပြီးမှ၊ အထက်က နတ်ဆိုး ခုနစ်ယောက်ကို နှင်ထုတ်တော်မူသော မာဂဒလမာရိအား ရှေ့ဦးစွာကိုယ်ကိုပြတော်မူ၏။
10 Aliondoka na kuwaambia wale ambao walikuwa pamoja naye, wakati walipokuwa wakihuzunika na kutoa machozi.
၁၀မာရိလည်းသွား၍ ကိုယ်တော်နှင့် ပေါင်းဘော်သောသူတို့သည် ညည်းတွားငိုကြွေးလျက် နေကြစဉ် တွင်၊ သူတို့အားထိုသိတင်းကို ကြားပြောလေ၏။
11 Walisikia kwamba ni mzima na ameonekana naye, lakini hawakumwamini.
၁၁ကိုယ်တော်သည် အသက်ရှင်တော်မူသည်ကို၎င်း၊ မာရိသည် ကိုယ်တော်ကိုမြင်ရသည်ကို၎င်း၊ သူတို့ သည်ကြားလျှင် မယုံကြ။
12 (Zingatia: Nakala za kale hazina Marko 16: 9-20) Baada ya hayo, akajitokeza katika namna tofauti kwa watu wengine wawili, wakati walipokuwa wakitembea kutoka katika nchi.
၁၂ထိုနောက် တပည့်တော်နှစ်ယောက်တို့သည် တောရွာသို့သွားစဉ်တွင် ကိုယ်တော်သည်ခြားနားသော အရောင်ကိုဆောင်လျက် ကိုယ်ကိုပြတော်မူ၏။
13 Walienda na kuwaambia wanafunzi wengine waliobaki, lakini hawakuwaamini.
၁၃သူတို့သည်ပြန်လာ၍ အခြားသောတပည့်တော်တို့အား ထိုသိတင်းကို ကြားပြောသော်လည်း မယုံဘဲ နေကြ၏။
14 (Zingatia: Nakala za kale hazina Marko 16: 9-20) Yesu baadaye akajitokeza kwa wale kumi na mmoja walipokuwa wameegama katika meza, na akawakemea kwa kutokuamini kwao na ugumu wa mioyo, kwa sababu hawakuwaamini wale waliomwona baada ya kufufuka kutoka kwa wafu.
၁၄ထိုနောက် တကျိပ်တပါးသောသူတို့သည် စားပွဲ၌ လျောင်းကြစဉ်တွင် ကိုယ်တော်ကိုပြတော်မူ၍၊ ထ မြောက်လျက်ရှိသော ကိုယ်တော်ကိုမြက်သောသူတို့၏ စကားကိုမယုံသောကြောင့် သူတို့မယုံတတ်သောစိတ်၊ ခိုင်မာသောစိတ်ကို ဆုံးမ၍ အပြစ်တင်တော်မူပြီးမှ၊
15 Akawaambia, “Enendeni ulimwenguni mwote, na kuhubiri injili kwa viumbe vyote.
၁၅သင်တို့သည် လောကီနိုင်ငံအရပ်ရပ် ရှိသမျှသို့သွား၍၊ ဝေနေယျသတ္တဝါအပေါင်းတို့အား ဗဝံဂေလိတ ရာကို ဟောကြလော့။
16 Yeyote aaminiye na kubatizwa ataokolewa, na yule asiyeamini atahukumiwa.
၁၆ယုံကြည်၍ ဗတ္တိဇံကိုခံသောသူသည် ကယ်တင်တော်မူခြင်းသို့ ရောက်လတံ့။ မယုံကြည်သောသူမူကား အပြစ်စီရင်ခြင်းကို ခံရလတံ့။
17 (Zingatia: Nakala za kale hazina Marko 16: 9-20) Ishara hizi zitaambatana na wote waaminio. Kwa jina langu watatoa pepo. Watasema kwa lugha mpya.
၁၇ယုံကြည်သောသူတို့၌ ဖြစ်အံ့သော နိမိတ်လက္ခဏာဟူမူကား၊ ငါ၏နာမကို အမှီပြု၍ နတ်ဆိုးတို့ကို နှင်ထုတ်ကြလတံ့။ ထူးခြားသောဘာသာစကားမျိုးတို့ကို ပြောကြလတံ့။
18 Watashika nyoka kwa mikono yao, na hata wakinywa kitu chochote cha kufisha hakitawadhuru. Wataweka mikono kwa wagonjwa, nao watakuwa wazima”.
၁၈မြွေတို့ကို ဘမ်းကိုင်ကြလတံ့။ သေစေတတ်သော အဆိပ်အတောက်ကို သောက်စားလျှင် ဘေးဥပဒ် နှင့် ကင်းလွတ်ကြလတံ့။ မကျန်းမမာသောသူတို့အပေါ်မှာ လက်ကိုတင်၍ ချမ်းသာပေးကြလတံ့ဟု မိန့်တော်မူ ၏။
19 Baada ya Bwana kusema nao, akachukuliwa juu mbinguni na ameketi mkono wa kuume wa Mungu.
၁၉ထိုသို့သခင်ဘုရားသည် တပည့်တော်တို့အား မိန့်တော်မူပြီးမှ၊ ကောင်းကင်ဘုံသို့ ဆောင်ယူခြင်းကို ခံတော်မူ၍၊ ဘုရားသခင်၏ လက်ျာတော်ဘက်၌ ထိုင်နေတော်မူ၏။
20 Wanafunzi wakaondoka na kuhubiri kila mahali, wakati Bwana akifanya kazi nao na kulithibitisha neno kwa miujiza na ishara zikifuatana nao.
၂၀တပည့်တော်တို့သည်လည်း ထွက်သွား၍၊ သခင်ဘုရားသည် မစတော်မူသည်နှင့်၎င်း၊ ခပ်သိမ်းသော အရပ်တို့၌ တရားဟောကြ၏။