< Marko 14 >

1 Ilikuwa siku mbili tu baada ya sikukuu ya Pasaka na ya Mikate Isiyotiwa Chachu. Makuhani wakuu na waandishi walikuwa wakitafuta namna ya kumkamata Yesu kwa hila na kumuua.
ထိုနောက် နှစ် ရက် လွန် လျှင် ပသခါ အဇုမ ပွဲရှိ ၏။ ယဇ်ပုရောဟိတ် အကြီးတို့နှင့် ကျမ်းပြု ဆရာတို့သည် ကိုယ်တော် ကို အဘယ်သို့ ပရိယာယ် အားဖြင့် ဘမ်းဆီး ၍ သတ် ရအံ့နည်းဟု ရှာကြံ ကြ၏။
2 Kwa kuwa walisema, “Sio wakati huu wa sikukuu, watu wasije wakafanya ghasia.”
သို့သော်လည်း လူ များတို့သည် ရုန်းရင်းခတ် ဖြစ် မည်ကို စိုးရိမ် ၍ ပွဲ နေ့တွင် မ ပြုနှင့်ဦးဟုပြောဆို ကြ၏။
3 Wakati Yesu alipokuwa Bethania nyumbani kwa Simoni mkoma, na alipokuwa akielekea mezani, mwanamke mmoja alikuja kwake akiwa na chupa ya marashi ya nardo safi yenye gharama kubwa sana, aliivunja chupa na kuimimina juu ya kichwa chake.
ဗေသနိ ရွာတွင် ရှိမုန် အမည်ရှိသော လူနူ ၏အိမ် ၌ ကိုယ်တော် ရှိ တော်မူသည်ဖြစ်၍ ၊ မိန်းမ တစ်ယောက်သည် အဘိုး များစွာထိုက်သောနာဒု ဆီမွှေး စစ် နှင့်ပြည့်သော ကျောက်ဖြူ ခွက်တစ်လုံးကို ယူခဲ့ ၍ကိုယ်တော် သည် စားပွဲနားမှာ လျောင်း တော်မူစဉ်၊ ကျောက်ဖြူ ခွက်ကိုခွဲ ပြီးမှခေါင်း တော်ပေါ်၌သွန်းလောင်း လေ၏။
4 Lakini kulikuwa na baadhi yao waliokasirika. Waliambiana wao kwa wao wakisema, “Ni nini sababu ya upotevu huu?
အချို့ တို့သည် ဒေါသ စိတ်ရှိ သည်ဖြစ်၍၊ ထို ဆီမွှေး ကို အဘယ်ကြောင့် အကျိုးမဲ့ ဆုံး စေသနည်း။
5 Manukato haya yangeweza kuuzwa kwa zaidi ya dinari mia tatu, na wakapewa maskini.” Nao walimkemea.
ဒေနာရိ အပြားသုံးရာ မက သောအဘိုးနှင့်ရောင်း ၍ ဆင်းရဲ သောသူ တို့အား ပေး စရာကောင်းသည်ဟု ဆို၍ထိုမိန်းမ ကိုအပြစ်တင် ကြ၏။
6 Lakini Yesu alisema, “Mwacheni peke yake. Kwa nini mnamsumbua? Amefanya jambo zuri kwangu.
ယေရှု ကလည်း ထိုမိန်းမ ကိုရှိ စေတော့။ အဘယ်ကြောင့် နှောင့်ရှက် ကြသနည်း။ သူသည် ငါ ၌ ကောင်း သောအမှု ကို ပြု ပြီ။”
7 Siku zote maskini mnao, na wakati wowote mnapotamani mnaweza kufanya mazuri kwao, lakini hamtakuwa nami wakati wote.
ဆင်းရဲ သောသူ တို့သည် သင်တို့၌ အစဉ် ရှိ ကြ၏ သင်တို့ အလိုရှိသည်အတိုင်း သူ တို့အားကျေးဇူး ပြု နိုင် ၏။ ငါ မူကား သင်တို့၌အစဉ် ရှိ သည်မ ဟုတ်။”
8 Amefanya kile anachoweza: ameupaka mwili wangu mafuta kwa ajili ya maziko.
ဤမိန်းမသည်တတ်နိုင် သမျှ ပြု ပြီ။ ငါ့အလောင်းကို သင်္ဂြိုဟ် မည်ဟု ပြင်ဆင် ခြင်းငှာ ၊ ငါ့ ကိုယ် ကို ဆီမွှေးနှင့် လူး နှင့်သတည်း။”
9 Kweli nawaambia, kila mahali injili inapohubiriwa katika ulimwengu wote, kile alichofanya mwanamke huyu kitazungumzwa kwa ukumbusho wake.
“ငါအမှန် ဆို သည်ကား၊ ဧဝံဂေလိ တရားကို မြေ တပြင်လုံး တွင် ဟော သောအရပ်ရပ် တို့၌ ဤ မိန်းမကို အောက်မေ့ စရာဘို့ သူပြု သောဤအမှု ကို ကြားပြော ရကြလတံ့” ဟုမိန့်တော်မူ၏။
10 Kisha Yuda Iskariote, mmoja wa wale kumi na wawili, alikwenda kwa wakuu wa makuhani ili kwamba apate kumkabidhi kwao.
၁၀ထိုအခါ တပည့်တော်တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ် သည် ကိုယ်တော် ကိုအပ် ခြင်းငှာ ယဇ်ပုရောဟိတ် အကြီးတို့ထံသို့ သွား လေ၏။
11 Wakati wakuu wa Makuhani waliposikia hivyo, walifurahi na wakaahidi kumpa fedha. Alianza kutafuta nafasi ya kumkabidhi kwao.
၁၁ထိုသူ တို့သည် ကြား လျင်ဝမ်းမြောက်သောစိတ် ရှိ၍ ငွေ ပေး မည်ဟု ဝန်ခံ ကြ၏။ ထိုနောက် အဆင်သင့် သောအချိန်ကာလ၌ ကိုယ်တော် ကို အဘယ်သို့ အပ် ရမည်နည်းဟု ရှာကြံ လျက်နေ၏။
12 Katika siku ya kwanza ya mkate usiotiwa chachu, wakati walipotoa mwanakondoo wa pasaka, wanafunzi wake walimwambia, “Unataka twende wapi tukaandae ili upate kula mlo wa Pasaka?”
၁၂ပသခါ သိုးငယ်ကို သတ် သောနေ့တည်းဟူသောအဇုမ ပွဲပဌမ နေ့ ၌ တပည့် တော်တို့သည် အထံ တော် သို့ ချဉ်းကပ်၍၊ ကိုယ်တော်သည် ပသခါ ပွဲကို စား တော်မူဘို့ရာအဘယ် အရပ်၌ အကျွန်ုပ်တို့သည် သွား ၍ ပြင်ဆင် စေခြင်းငှာအလိုရှိ တော်မူသနည်းဟု မေးလျှောက် ကြသော်၊
13 Aliwatuma wanafuzi wake wawili na kuwaambia, “Nendeni mjini, na mwanamume ambaye amebeba mtungi ataonana nanyi. Mfuateni.
၁၃ကိုယ်တော် သည် တပည့် တော်နှစ် ယောက်တို့ကိုစေလွှတ် ၍ ၊ သင် တို့သည် မြို့ ထဲသို့ သွား ကြ။ ရေ အိုး ဆောင် သောသူ ကို တွေ့ လိမ့်မည်။ ထိုသူ နောက် သို့ လိုက်၍ ၊”
14 Nyumba atakayoingia, mfuateni na mmwambie mwenye nyumba hiyo, 'Mwalimu asema, “Kiko wapi chumba cha wageni mahali nitakapokula Pasaka na wanafunzi wangu?”
၁၄သူဝင် သော အိမ်သို့ဝင်ပြီးမှ ၊ ငါသည် ငါ့ တပည့် တို့နှင့်တကွ ပသခါ ပွဲကို စား ရသောဧည့်သည်အခန်း ကား၊ အဘယ်မှာ ရှိ သနည်း။ ဆရာ က မေး သည်ဟု အိမ်ရှင် ကို ပြော ကြလော့။”
15 Atawaonesha chumba cha juu kikubwa chenye samani ambacho kiko tayari. Fanyeni maandalizi kwa ajili yetu pale.”
၁၅ထိုသူ သည် အသင့် ပြင်ဆင် လျက်ရှိသောအထက်အခန်း ကြီး ကိုပြ လိမ့်မည်။ ထို အခန်း၌ ငါ တို့ဘို့ ပြင်ဆင် ကြလော့ ဟု မိန့် တော်မူ၏။
16 Wanafunzi waliondoka wakaenda mjini; walikuta kila kitu kama alivyokuwa amewaambia, na wakaandaa mlo wa Pasaka.
၁၆တပည့် တော်တို့သည်သွား ၍ မြို့ ထဲသို့ ဝင် လျှင် ၊ စကား တော်အတိုင်း တွေ့ ၍ ပသခါ ပွဲကို ပြင်ဆင် ကြ၏။
17 Wakati ilipokuwa jioni, alikuja na wale Kumi na wawili.
၁၇ညဦးယံ အချိန်ရောက် မှ တပည့်တော်တစ်ကျိပ် နှစ်ပါးတို့နှင့်အတူ ကြွလာ တော်မူ၏။
18 Na walipokuwa wakiikaribia meza na kula, Yesu alisema, “Kweli nawaambia, mmoja kati yenu anayekula pamoja nami atanisaliti.”
၁၈စားပွဲ၌လျောင်း ၍ စား နေကြစဉ်တွင်၊ ယေရှု က၊ ငါအမှန် ဆို သည်ကား၊ သင် တို့အဝင် ဖြစ်၍ ငါ နှင့်အတူ စား သောသူ တစ်စုံတစ်ယောက် သည် ငါ့ ကို အပ်နှံ လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
19 Wote walisikitika, na mmoja baada ya mwingine walimwambia, “Hakika siyo mimi?”
၁၉တပည့်တော်တို့သည် ဝမ်းနည်း ၍ ၊ အကျွန်ုပ်လော၊ အကျွန်ုပ် လောဟု တစ် ယောက်နောက် တစ် ယောက် အသီးအသီးမေးလျှောက် ကြ၏။
20 Yesu alijibu na kuwaambia, “Ni mmoja wa Kumi na wawili kati yenu, mmoja ambaye sasa anachovya tonge katika bakuli pamoja nami.
၂၀ကိုယ်တော်ကလည်း ၊ တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်၍ငါ နှင့်အတူ ပုကန် တွင် နှိုက် သောသူ သည် ငါ့ကို အပ်နှံလိမ့်မည်။”
21 Kwa kuwa Mwana wa Adamu atakwenda kama vile maandiko yasemavyo juu yake. Lakini ole wake mtu yule ambaye kupitia yeye Mwana wa Adamu atasalitiwa! Ingekuwa vizuri zaidi kwake kama mtu yule asingezaliwa.”
၂၁ကျမ်းစာ လာသည်အတိုင်း လူ သား သည် သွား ရမည်။ သို့သော်လည်း လူ သား ကို အပ်နှံ သောသူ သည် အမင်္ဂလာ ရှိ၏။ ထို သူ သည် ဘွားမြင် ခြင်းကို မ ခံရလျှင် အနေသာ၍ကောင်း သည် ဟု မိန့် တော်မူ၏။
22 Na walipokuwa wakila, Yesu alichukua mkate, akaubariki, na kuumega. Aliwapa akisema, “Chukueni. Huu ni mwili wangu.”
၂၂ထိုအခါ စား လျက်နေကြစဉ်တွင်ယေရှုသည်မုန့် ကိုယူ ၍၊ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှမုန့်ကိုဖဲ့ ၍ ၊ ဤ မုန့် ကားငါ ၏ကိုယ် ဖြစ် ၏။ ယူ ၍စားကြလော့” ဟု မိန့် တော်မူလျက် တပည့် တော်တို့အား ပေး တော်မူ၏။
23 Alichukua kikombe, akashukuru, na akawapatia, na wote wakakinywea.
၂၃ခွက် ကိုလည်း ယူ ၍ ကျေးဇူး တော်ကိုချီးမွမ်းပြီးမှသူ တို့အား ပေး တော်မူလျှင် ၊ ထိုသူရှိသမျှ တို့သည် သောက် ကြ၏။
24 Aliwaambia, “Hii ni damu yangu ya agano, damu imwagikayo kwa ajili ya wengi.
၂၄ကိုယ်တော်ကလည်း ၊ ဤ ခွက်ကား၊ ပဋိညာဉ် တရားသစ်နှင့်ဆိုင်၍၊ လူများ အဘို့ အလိုငှာ သွန်း သော ငါ ၏ အသွေး ဖြစ် ၏။”
25 Kweli nawaambia, sitakunywa tena katika zao hili la mzabibu mpaka siku ile nitakapokunywa mpya katika ufalme wa Mungu.”
၂၅ငါအမှန် ဆို သည်ကား၊ ဤ စပျစ်ရည် မျိုးအသစ် ကို ဘုရားသခင် ၏နိုင်ငံ တော်၌ ငါမ သောက် မှီ နေ့ တိုင်အောင် ယခုမှစ၍တစ်ဖန်ငါမ သောက်ရ “ဟု မိန့် တော်မူ၏။
26 Walipokwisha kuimba wimbo, walikwenda nje katika Mlima wa Mizeituni.
၂၆ထိုနောက် သီချင်းဆို ပြီးမှသံလွင် တောင် သို့ ထွက်သွား ကြ၏။
27 Yesu aliwaaambia, “Ninyi nyote mtajitenga mbali kwa sababu yangu, kwa kuwa imeandikwa, 'Nitampiga mchungaji na kondoo watatawanyika.'
၂၇ထိုအခါ ယေရှု ကလည်း၊ ကျမ်းစာလာသည်ကား၊ သိုးထိန်း ကို ငါရိုက်သတ် ၍ သိုး တို့သည် ကွဲလွင့် ရကြ လိမ့်မည်ဟု ရေး ထားသည်နှင့်အညီ ၊ ယနေ့ညဉ့်တွင် သင်တို့ရှိသမျှ သည် ငါ့ကြောင့် စိတ်ပျက် ကြလိမ့်မည်။”
28 Lakini baada ya kufufuka kwangu, nitawatangulia mbele yenu Galilaya.”
၂၈သို့သော်လည်း ငါ သည်ထမြောက် ပြီးမှ သင် တို့ရှေ့ ၊ ဂါလိလဲ ပြည်သို့ သွားမည် ဟု မိန့် တော်မူသော်၊2”
29 Petro alimwambia, “Hata kama wote watakuacha, mimi sitakuacha.”
၂၉ပေတရု က၊ ဤသူရှိသမျှ တို့သည် စိတ်ပျက် ကြသော်လည်း အကျွန်ုပ် သည် စိတ်မ ပျက်ပါဟု လျှောက် လေ၏။
30 Yesu alimwambia, “Kweli nakuambia, usiku huu, kabla jogoo hajawika mara mbili, utakuwa umenikana mara tatu.”
၃၀ယေရှု ကလည်း ၊ ငါအမှန် ဆို သည်ကား၊ ယနေ့ ညဉ့် တွင်ပင် ကြက် သည်နှစ်ကြိမ် မ တွန် မှီ သင်သည် သုံး ကြိမ်မြောက်အောင် ငါ့ ကိုငြင်းပယ် လိမ့်မည်” ဟု မိန့် တော်မူလျှင်၊
31 Lakini Petro alisema, “Hata itanilazimu kufa pamoja nawe, sitakukana.” Wote walitoa ahadi ile ile.
၃၁ပေတရုက၊ ကိုယ်တော် နှင့်တကွသေ ရ သော်လည်း အကျွန်ုပ်သည် ကိုယ်တော် ကိုမ ငြင်း မပယ်ပါဟု သာ၍ခိုင်ခံ့ သောစကားနှင့် လျှောက် ပြန်၏။ ထိုသူအပေါင်း တို့သည်လည်း ထိုနည်းတူ လျှောက် ကြ၏။
32 Walikuja kwenye eneo lililoitwa Gethsemane, na Yesu akawaambia wanafunzi wake, “Kaeni hapa wakati nasali.”
၃၂ထိုအခါ ဂေသရှေမန် အရပ် သို့ ရောက် ကြလျှင် ကိုယ်တော်က၊ ငါဆုတောင်း စဉ် တွင်သင်တို့သည်ဤ အရပ်၌ ထိုင် နေကြလော့” ဟု တပည့် တော်တို့အား မိန့်တော်မူ ပြီးမှ ၊
33 Aliwachukua Petro, Yakobo, na Yohana pamoja naye, akaanza kuhuzunika na kutaabika sana.
၃၃ပေတရု ၊ ယာကုပ် ၊ ယောဟန် တို့ကိုခေါ်သွား ၍ မိန်းမော တွေဝေခြင်း၊ စိတ်ပူပန် ခြင်းသို့ ရောက်တော်မူ၏။
34 Aliwaambia, “Nafsi yangu ina huzuni sana, hata kufa. Bakini hapa na mkeshe.”
၃၄ထိုအခါ ငါ သည်သေ လောက် အောင်စိတ် နှလုံးအလွန်ညှိုးငယ် ခြင်းရှိ ၏။ ဤ အရပ်၌ စောင့် နေ ကြလော့ ဟု တပည့် တော်သုံးယောက်တို့အား မိန့် တော်မူ၍၊
35 Yesu alienda mbele kidogo, akaanguka chini, akaomba, kama ingewezekana, kwamba saa hii ingemwepuka.
၃၅ထိုမှအနည်းငယ် လွန် ပြန်လျှင် ၊ မြေ ပေါ်မှာ ပြပ်ဝပ် ၍ အိုအဘ ခမည်းတော် ၊”
36 Alisema, “Aba, Baba, Mambo yote kwako yanawezekana. Niondolee kikombe hiki. Lakini siyo kwa mapenzi yangu, bali mapenzi yako.”
၃၆ကိုယ်တော် သည် အလုံးစုံ တို့ကိုတတ်နိုင် တော်မူ၏။ ဤ ခွက် ကို အကျွန်ုပ် မှ လွှဲ တော်မူပါ။ သို့သော်လည်း အကျွန်ုပ် အလိုရှိ သည်အတိုင်းမ ဖြစ်ပါစေနှင့်။ ကိုယ်တော် အလိုရှိသည်အတိုင်းဖြစ်ပါစေသော ဟူ၍ထို အချိန် နာရီ သည် မိမိ နှင့် လွန်သွားနိုင် လျှင် လွန်သွား ပါမည်အကြောင်း ဆုတောင်း တော်မူပြီးမှ ၊
37 Alirudi na kuwakuta wamelala, na akamwambia Petro, “Simoni, je umelala? Hukuweza kukesha hata saa moja?
၃၇ပြန်လာ ၍ တပည့် တော်တို့သည် အိပ်ပျော် လျက် နေကြသည်ကိုတွေ့ တော်မူလျှင် ၊ ရှိမုန် ၊ သင်သည် အိပ်ပျော် သလော။ တစ် နာရီ ခန့်မျှစောင့် နေခြင်းငှာမ စွမ်းနိုင် သလော။”
38 Kesheni na muombe kwamba msije mkaingia katika majaribu. Hakika roho i radhi, lakini mwili ni dhaifu.”
၃၈စုံစမ်း နှောင့်ရှက်ခြင်းနှင့် ကင်းလွတ် မည်အကြောင်း ဆုတောင်း လျက် စောင့် နေကြလော့။ စိတ် ဝိညာဉ် ကား စေတနာ ရှိငြားသော်လည်း၊ ကိုယ် မူကား အားနည်း သည် ဟု ပေတရု အားမိန့် တော်မူပြီးမှ ၊
39 Alienda tena na kuomba, na alitumia maneno yaleyale.
၃၉တစ်ဖန် သွား ၍ ရှေ့မြွက်ဆို သည်နည်းတူ ဆုတောင်း တော်မူ၏။
40 Alikuja tena akawakuta wamelala, kwa kuwa macho yao yalikuwa mazito na hawakujua nini cha kumwambia.
၄၀ထိုနောက် တပည့်တော်တို့ရှိရာသို့ပြန် ၍၊ သူ တို့သည်မျက်စိ လေးလံ သဖြင့် တစ်ဖန် အိပ်ပျော် လျက်နေကြ သည်ကို တွေ့ တော်မူ၏။ သူတို့သည် အဘယ်သို့ လျှောက် ရမည်ကို မ သိ ကြ။
41 Alikuja mara ya tatu na kuwaambia, “Bado mmelala na kupumzika? Yatosha! Saa imefika. Tazama! Mwana wa Adamu atasalitiwa mikononi mwa wenye dhambi.
၄၁သုံး ကြိမ်မြောက်အောင် သူ တို့ရှိရာသို့ ပြန်လာ လျှင် ၊ ယခု အိပ်ပျော် ၍ ငြိမ်ဝပ် စွာနေကြလော့။ အမှုလွန် ပြီ။ လူ သား ကို ဆိုး သောသူ တို့လက် သို့ အပ်နှံ ရသောအချိန် ရောက်လာ ပြီ။”
42 Amkeni, twendeni. Tazama, yule anayenisaliti yuko karibu.”
၄၂ထ ကြ။ ငါတို့သည်သွား ကြကုန်အံ့။ ငါ့ ကို အပ်နှံ သောသူ သည် ရောက်လာ ပြီ ဟု မိန့် တော်မူ၏။
43 Mara tu alipokuwa bado anaongea, Yuda, mmoja wa wale kumi na wawili, alifika, na kundi kubwa kutoka kwa wakuu wa makuhani, waandishi na wazee wenye mapanga na marungu.
၄၃ထိုသို့ မိန့် တော်မူစဉ် တွင်ပင်တပည့်တော် တစ်ကျိပ် နှစ်ပါးအဝင် ဖြစ်သော ယုဒ ရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ် အကြီး၊ ကျမ်းပြု ဆရာလူ အကြီးအကဲများစေလွှတ်သောလူ အစုအဝေးအပေါင်းတို့သည် ဓား နှင့် ဒုတ် များကိုကိုင်လျက် ချက်ခြင်း လာ ကြ၏။
44 Wakati huo msaliti wake alikuwa amewapa ishara, akisema, Yule nitakayembusu, ndiye. Mkamateni na kumpeleka chini ya ulinzi.”
၄၄ကိုယ်တော် ကိုအပ်နှံ သောသူ က၊ ငါနမ်း သောသူ သည်ယေရှု ပင်ဖြစ် ၏။ သူ့ ကိုဘမ်း ၍ လုံခြုံ စွာ ဆောင်သွား ကြဟု ထိုသူ တို့အား အမှတ် ပေး ခဲ့သည်အတိုင်း ၊
45 Wakati Yuda alipofika, moja kwa moja alienda kwa Yesu na kusema, “Mwalimu!” Na akambusu.
၄၅သူသည် ရောက် လျှင် ကိုယ်တော်ရင်းသို့ချက်ခြင်း ချဉ်းကပ် ၍ အရှင် ဘုရား၊ အရှင်ဘုရားဟုဆို လျက် နမ်း လေ၏။
46 Kisha wakumtia chini ya ulinzi na kumkamata.
၄၆ထိုသူတို့သည် လာ၍ ကိုယ်တော် ကိုဆွဲကိုင် ဘမ်းဆီး ကြ၏။
47 Lakini mmoja kati yao aliyesimama karibu naye alichomoa upanga wake akampiga mtumishi wa kuhani mkuu na kumkata sikio.
၄၇အနား၌ ရပ် နေသောသူ တစ် ယောက်သည် ဓား ကို ဆွဲထုတ် ပြီးလျှင်၊ ယဇ်ပုရောဟိတ် မင်း၏ ကျွန် တစ်ယောက်ကို ခုတ် သဖြင့် နားရွက် ပြတ် လေ၏။
48 Yesu aliwaambia, “Mmekuja kunikamata kwa mapanga na marungu kama mnyang'anyi?
၄၈ယေရှု ကလည်း သင်တို့သည် ဓားပြ ကို ဘမ်းသကဲ့သို့ ငါ့ ကိုဘမ်း အံ့သောငှာဓား နှင့် ဒုတ် များကို လက်စွဲလျက်လာ ကြသည်တကား၊”
49 Wakati kila siku nilikuwa nanyi na nikifundisha hekaluni, hamkunikamata. Lakini hili limefanyika ili maandiko yatimie.
၄၉ငါသည် ဗိမာန် တော်၌ နေ့ တိုင်း ဆုံးမ ဩဝါဒပေးလျက် ၊ သင် တို့အလယ်၌ ရှိ နေစဉ်အခါသင်တို့သည် ငါ့ ကို မ ဖမ်း မဆီးကြ။ ဤအကြောင်းအရာကား၊”
50 Na wale wote waliokuwa na Yesu walimwacha na kukimbia.
၅၀ကျမ်းစာ ပြည်စုံ မည်အကြောင်း တည်း ဟု ထိုလူ များကို မိန့် တော်မူ၏။
51 Kijana mmoja alimfuata, aliyekuwa amevaa shuka tu aliyokuwa amejifunika kumzunguka; walimkamata lakini
၅၁ထိုအခါ တပည့်တော်အပေါင်း တို့သည် ကိုယ်တော် ကိုစွန့်ပစ် ၍ ပြေး ကြ၏။ လုလင် တစ် ယောက်သည် စောင် တစ်ထည်ကိုသာဝတ် လျက် နောက်တော်သို့လိုက် သည်ဖြစ်၍ ၊ မင်းလုလင်တို့သည် ထိုလုလင် ကို ဘမ်းဆီး ကြ၏။
52 aliwaponyoka akaiacha shuka pale akakimbia uchi.
၅၂သူ သည်လည်း စောင် ကိုစွန့်ပစ် ၍ အဝတ် မရှိဘဲ လုလင်တို့လက်မှ ထွက်ပြေး လေ၏။
53 Walimwongoza Yesu kwa kuhani mkuu. Pale walikusanyika pamoja naye makuhani wakuu wote, wazee, na waandishi.
၅၃ထိုသူတို့သည် ယေရှု ကို ယဇ်ပုရောဟိတ် မင်းထံသို့ ဆောင်သွား ကြ၏။ ထိုမင်းထံ၌ယဇ်ပုရောဟိတ် အကြီး၊ လူ အကြီးအကဲ၊ ကျမ်းပြု ဆရာအပေါင်း တို့သည် စည်းဝေး ကြ၏။
54 Petro naye alimfuata Yesu kwa mbali, kuelekea kwenye ua wa kuhani mkuu. Aliketi pamoja na walinzi, waliokuwa karibu na moto wakiota ili kupata joto.
၅၄ပေတရု သည်လည်း ယဇ်ပုရောဟိတ် မင်း၏ အိမ်ဦး အတွင်း သို့ တိုင်အောင် ကိုယ်တော် နှင့် ဝေး စွာ လိုက် ပြီးလျှင် ၊ မင်း လုလင်တို့နှင့်အတူ ထိုင် ၍ မီး လှုံ လေ၏။
55 Wakati huo makuhani wakuu wote na Baraza lote walikuwa wakitafuta ushahidi dhidi ya Yesu ili wapate kumwua. Lakini hawakuupata.
၅၅ယဇ်ပုရောဟိတ် အကြီးတို့နှင့် လွှတ် အရာရှိအပေါင်း တို့သည် ယေရှု ကို သတ် ရမည်အကြောင်း သက်သေ ကို ရှာ သော်လည်း မ တွေ့ ကြ။
56 Kwa kuwa watu wengi walileta ushuhuda wa uongo dhidi yake, lakini hata ushahidi wao haukufanana.
၅၆လူများ တို့သည် မမှန် သောသက်သေကို ခံကြသော်လည်း သူတို့၏ သက်သေခံ ချက်သည်မ ညီ ။
57 Baadhi walisimama na kuleta ushahidi wa uongo dhidi yake; wakisema,
၅၇အချို့ တို့သည်ထ ၍၊ ဤသူက၊ လူတို့လက် ဖြင့် လုပ်သော၊
58 “Tulimsikia akisema, 'Nitaliharibu hekalu hili lililotengenezwa kwa mikono, na ndani siku tatu nitajenga lingine lisilotengenezwa kwa mikono.'”
၅၈ဤ ဗိမာန် တော်ကို ငါ ဖြိုဖျက် ၍ လူတို့ လက်ဖြင့် မလုပ်သောဗိမာန်တော်တဆူကို တည်ဆောက် မည်ဟု ပြောဆို သည်ကို အကျွန်ုပ် တို့ကြား ရပါပြီဟု သက်သေခံ ကြ၏။
59 Lakini hata ushahidi wao haukufanana.
၅၉သို့သော်လည်း သူ တို့၏ သက်သေခံ ချက်သည် မ ညီ ။
60 Kuhani mkuu alisimama katikati yao na akamwuliza Yesu, “Je, huna jibu? Watu hawa wanashuhudia nini dhidi yako?”
၆၀ယဇ်ပုရောဟိတ် မင်းသည် အလယ် ၌ မတ်တပ်ထ ၍၊ သင်သည် တခွန်းမျှ ပြန် ၍မ ပြောသလော။ ဤ သူတို့သည် အဘယ်သို့ သက်သေခံ သနည်းဟု ယေရှု ကိုမေး လျှင်၊
61 Lakini alikaa kimya na hakujibu chochote. Mara Kuhani mkuu alimwuliza tena, “Je wewe ni Kristo, mwana wa Mbarikiwa?”
၆၁ကိုယ်တော်သည် တခွန်းမျှ ပြန်ပြော တော်မ မူဘဲတိတ်ဆိတ်စွာ နေ၏။ တစ်ဖန် ယဇ်ပုရောဟိတ် မင်းက၊ သင် သည် ခရစ်တော် တည်းဟူသောမင်္ဂလာ ရှိသောဘုရားသခင်၏သား တော် မှန် သလောဟု မေး ပြန်လျှင် ၊
62 Yesu alisema, “Mimi ndiye. Na utamwona Mwana wa Adamu ameketi mkono wa kulia wa nguvu akija na mawingu ya mbinguni.”
၆၂ယေရှု က၊ မှန် ၏။ နောင်ကာလ၌ လူ သား သည် တန်ခိုး တော်၏လက်ျာ ဘက်၌ ထိုင် လျက်၊ မိုဃ်း တိမ် ကို စီး၍ ကြွလာ သည်ကို သင်တို့မြင် ရကြလတံ့ ဟု မိန့် တော်မူ၏။
63 Kuhani mkuu alirarua mavazi yake na kusema, “Je, bado tunahitaji mashahidi?
၆၃ထိုအခါ ယဇ်ပုရောဟိတ် မင်းသည် မိမိ အဝတ် ကို ဆုတ် လျက်အဘယ် သက်သေ ကို လို သေး သနည်း။
64 Mmesikia kufuru. Uamuzi wenu ni upi?” Na wote walimhukumu kama mmoja aliyestahili kifo.
၆၄ဘုရားကို လွန်ကျူး၍ပြောသောစကားကို သင်တို့ကြား ရပြီ။ အဘယ်သို့ ထင်မှတ် ကြသနည်းဟု မေးမြန်း လျှင် ၊ ကိုယ်တော် သည် အသေခံ ထိုက် ကြောင်းကို ထိုသူ အပေါင်း တို့သည် စီရင် ကြ၏။
65 Baadhi wakaanza kumtemea mate na kumfunika uso na kumpiga na kumwambia, “Tabiri!” Maafisa walimchukua na kumpiga.
၆၅ထိုအခါ အချို့ တို့သည် ကိုယ်တော် ကို တံတွေး နှင့်ထွေးကြ၏။ မျက်နှာ တော်ကိုဖုံး ပြီးလျှင် လက်သီးနှင့် ထိုး လျက် ၊ ပရောဖက် ပြု၍ ဟောတော်မူပါဟုဆို ကြ၏။ မင်း လုလင်တို့သည်လည်း ပါး တော်ကို လက်နှင့်ပုတ် ကြ ၏။
66 Na Petro alipokuwa bado yuko chini uani, mtumishi mmoja wa wasichana wa kuhani mkuu alikuja kwake.
၆၆ပေတရု သည်အောက် မှာ အိမ်ဦး ၌ ရှိ စဉ်၊ ယဇ်ပုရောဟိတ် မင်း၏ အစေအပါး မိန်းမတစ် ယောက်သည် လာ ၍ ၊
67 Alimwona Petro alipokuwa amesimama akiota moto, na alimtazama kwa kumkaribia. Kisha alisema, “Nawe pia ulikuwa na Mnazareti, Yesu”.
၆၇ပေတရု သည် မီးလှုံ လျက်နေသည်ကို မြင် သောအခါသူ့ ကိုစေ့စေ့ကြည့် ၍၊ သင် သည်လည်း နာဇရက် မြို့သားယေရှု နှင့် ပေါင်းဖေါ်သောသူဖြစ် သည်ဟု ဆို လျှင် ၊
68 Lakini alikataa, akisema, “Sijui wala sielewi kuhusu kile unachosema!” Kisha alitoka akaenda nje uani. (Zingatia; Mstari huu, “Na jogoo akawika” haumo kwenye nakala za kale).
၆၈ပေတရုက၊ သင် ပြော သောအရာ ကိုငါမ သိ ၊ နား မ လည်ဟု ငြင်းခုံ ပြီးမှ အိမ်ဦး ရှေ့သို့ ထွက် သော် ကြက် တွန် လေ၏။
69 Lakini mtumishi wa kike pale, alimwona na alianza kuwaambia tena wale ambao walikuwa wamesimama pale, “Mtu huyu ni mmoja wao!”
၆၉နောက်တစ်ဖန် အစေအပါး မိန်းမသည် ပေတရု ကိုမြင် လျှင် ၊ အနား၌ ရပ် နေသောသူ တို့အား၊ ဤသူ သည် ထိုသူ တို့ အဝင် ဖြစ် သည်ဟုဆို သော်။
70 Lakini alikana tena. Baadaye kidogo wale waliokuwa wamesimama pale walikuwa wakimwambia Petro, “Hakika wewe ni mmoja wao, kwa maana wewe pia ni Mgalilaya.”
၇၀ပေတရု သည် တစ်ဖန် ငြင်းခုံ ပြန်၏၊ ထိုနောက်များမကြာ အနား၌ ရပ် နေသောသူ တို့က၊ အကယ်စင်စစ် သင်သည် ထိုသူ တို့အဝင် ဖြစ် ၏။ သင်သည် ဂါလိလဲ လူဖြစ် ၏။ သင်စကားလည်းတူ၏ဟု ပေတရုကိုဆို ကြလျှင် ၊
71 Lakini alianza kujiweka mwenyewe chini ya laana na kuapa, “Simjui mtu huyu mnayemsema.”
၇၁ပေတရုက၊ သင်တို့ပြော သောသူ ကို ငါမ သိ ဟု ဓိဋ္ဌာန် ပြု၍ ကျိန်ဆို သည်နောက် ၊
72 Kisha jogoo aliwika mara ya pili. Kisha Petro alikumbuka maneno ambayo Yesu aliyokuwa amemwambia: “Kabla jogoo hajawika mara mbili, utanikana mara tatu.” Na alianguka chini na kulia.
၇၂တစ်ဖန် ကြက် တွန် လေ၏။ ယေရှု က၊ ကြက် သည် နှစ်ကြိမ် မ တွန် မှီ သင်သည်သုံး ကြိမ်မြောက်အောင် ငါ့ ကို ငြင်းပယ် လိမ့်မည် ဟု မိန့် တော်မူသောစကား ကို၊ ပေတရု သည် သတိရ သဖြင့် ခေါင်း ကိုခြုံ၍ငိုကြွေး လေ၏။

< Marko 14 >