< Marko 1 >
1 Huu ni mwanzo wa injili ya Yesu Kristo, Mwana wa Mungu.
၁ဘုရားသခင် သား တော် ယေရှု ခရစ် ၏ ဧဝံဂေလိ တရား၏ အစ ကို ဆိုပေအံ့။
2 Kama ilivyoandikwa na nabii Isaya, “Tazama, ninamtuma mjumbe wangu mbele yako, mmoja atakayetayarisha njia yako.
၂အနာဂတ္တိ ကျမ်းစာ၌ လာ သည်ကား၊ ကြည့်ရှု လော့။ သင် သွားရာလမ်း ကို ပြင် ရသောငါ ၏တမန် ကို သင့် ရှေ့ ၌ ငါစေလွှတ် ၏။
3 Sauti ya mtu aitaye nyikani, “Ikamilisheni njia ya Bwana; zinyosheni njia zake”.
၃တော ၌ ဟစ်ကြော် သောသူ၏အသံ မှာ၊ ထာဝရ ဘုရားကြွတော်မူရာလမ်း ကို ပြင် ကြလော့။ လမ်း ခရီးတော်ကို ဖြောင့် စေ ကြလော့ဟု လာသည်နှင့်အညီ၊
4 Yohana alikuja, akibatiza nyikani na kuhubiri ubatizo wa toba kwa msamaha wa dhambi.
၄ယောဟန် သည် တော ၌ ဗတ္တိဇံ ကိုပေးလျက်၊ အပြစ် လွှတ် ခြင်းအဘို့ အလိုငှာနောင်တ နှင့် စပ်ဆိုင်သော ဗတ္တိဇံ တရားကို ဟော လျက် ပေါ်ထွန်း ၏။
5 Nchi yote ya Yudea na watu wote wa Yerusalemu walikwenda kwake. Walikuwa wakibatizwa naye katika mto Yordani, wakiungama dhambi zao.
၅ယေရုရှလင် မြို့သားများမှစ၍ ယုဒ ပြည်သူ ပြည်သားအပေါင်း တို့သည် ယောဟန် ထံသို့ ထွက်သွား ၍ မိမိ တို့ အပြစ် များကိုဖော်ပြ လျက် ယော်ဒန် မြစ် ၌ ဗတ္တိဇံ ကိုခံကြ၏။
6 Yohana alikuwa anavaa vazi la manyoya ya ngamia na mkanda wa ngozi kiunoni mwake, na alikuwa anakula nzige na asali ya porini.
၆ယောဟန် သည် ကုလားအုပ် အမွေး နှင့် ရက်သောအဝတ်ကိုဝတ် လျက်၊ ခါး ၌ သားရေ ခါးပန်း ကို စည်း လျက်၊ ကျိုင်းကောင် နှင့် တော ၌ဖြစ်သောပျားရည် ကို စား လျက် နေ၏။
7 Alihubiri na kusema, “Yupo mmoja anakuja baada yangu mwenye nguvu zaidi kuliko mimi, na sina hadhi hata ya kuinama chini na kufungua kamba za viatu vyake.
၇ဟော ချက်စကား ဟူမူကား ၊ ငါ့ ထက် တတ်စွမ်း နိုင်သောသူ သည် ငါ့ နောက် ကြွလာ ၏။ ထိုသူ ၏ ခြေနင်း တော်ကြိုး ကိုမျှ ငုံ့ ၍ဖြည် ခြင်းငှာငါမထိုက် ။
8 Mimi niliwabatiza kwa maji, lakini yeye atawabatiza ninyi kwa Roho Mtakatifu.”
၈ငါ သည် သင် တို့အား ရေ ၌ဗတ္တိဇံ ကိုပေး၏။ ထိုသူ သည် သန့်ရှင်း သောဝိညာဉ် တော်၌ သင် တို့ကိုဗတ္တိဇံ ပေးမည်ဟု ဟောသတည်း။
9 Ilitokea katika siku hizo kwamba Yesu alikuja kutoka Nazareti ya Galilaya, na alibatizwa na Yohana katika mto Yordani.
၉ထိုအခါ ယေရှု သည် ဂါလိလဲ ပြည်နာဇရက် မြို့မှ ကြွလာ ၍ ယောဟန် လက်ဖြင့် ယော်ဒန် မြစ်၌ ဗတ္တိဇံကို ခံ တော်မူ၏။
10 Wakati Yesu alipoinuka kutoka majini, aliona mbingu zimegawanyika wazi na Roho akishuka chini juu yake kama njiwa.
၁၀ရေ မှ ပေါ် ထစဉ်တွင်ကောင်းကင် ကွဲ ၍ ဝိညာဉ် တော်သည်ချိုးငှက် ကဲ့သို့ ကိုယ်တော် အပေါ် ၌ဆင်းသက် တော်မူသည်ကို မြင် ရ၍၊
11 Na sauti ilitoka mbinguni, “Wewe ni Mwanangu mpendwa. Ninapendezwa sana na wewe.”
၁၁သင် ကား ငါနှစ်သက် မြတ်နိုးရာ၊ ငါ ၏ချစ် သား ပေတည်း ဟု ကောင်းကင် က အသံ တော်ဖြစ် လေ၏။
12 Kisha mara moja Roho akamlazimisha kwenda nyikani.
၁၂ထိုခဏခြင်း တွင် ဝိညာဉ် တော်သည် ယေရှု ကိုတော သို့ သွား စေတော်မူ၏။
13 Alikuwako nyikani siku arobaini, akijaribiwa na Shetani. Alikuwa pamoja na wanyama wa mwituni, na malaika walimhudumia.
၁၃အရက် လေးဆယ် ပတ်လုံးထိုတော ၌ နေ ၍ စာတန် ၏စုံစမ်း သွေးဆောင်ခြင်းကို ခံတော်မူ၏။ သားရဲ တို့နှင့်အတူ ရှိ တော်မူ၏။ ကောင်းကင်တမန် တို့သည်လည်း လုပ်ကျွေး ကြ၏။
14 Sasa baada ya Yohana kukamatwa, Yesu alikuja Galilaya akitangaza injili ya Mungu,
၁၄ယောဟန် သည် ထောင် ထဲသို့ရောက်သည်နောက် ၊ ယေရှု သည် ဂါလိလဲ ပြည်သို့ ကြွ တော်မူလျှင် ၊
15 akisema, “Muda umetimia, na ufalme wa Mungu umekaribia. Tubuni na kuamini katika injili”.
၁၅အချိန် ပြည့်စုံ ပြီ၊ ဘုရားသခင် ၏နိုင်ငံ တော်သည် တည်လုနီး ပြီ၊ နောင်တရ ကြလော့။ ဧဝံဂေလိ တရား ကို ယုံကြည် ကြလော့ဟူသော ဘုရားသခင် ၏ နိုင်ငံတော်နှင့်ယှဉ်သော ဧဝံဂေလိ တရားကိုဟော တော်မူ၏။
16 Na akipita kando ya bahari ya Galilaya, alimwona Simoni na Andrea ndugu wa Simoni wakitupa nyavu zao katika bahari, kwa kuwa walikuwa wavuvi.
၁၆ဂါလိလဲ အိုင် နား မှာ ကြွ တော်မူစဉ်၊ ရှိမုန် နှင့် အန္ဒြေ ညီအစ်ကို နှစ်ယောက်သည် တံငါ ဖြစ် ၍ ၊ အိုင် တွင် ပိုက်ကွန်ဖြန့်ချသည်ကို မြင် တော်မူလျှင် ၊
17 Yesu aliwaambia, “Njoni, nifuateni, na nitawafanya wavuvi wa watu.”
၁၇ထိုသူ တို့အား ငါ့ နောက် သို့လိုက် ကြလော့။ သင် တို့သည် လူ ကို မျှားသောတံငါ ဖြစ် စေခြင်းငှာငါပြု မည် ဟု အမိန့် တော်ရှိသော် ၊
18 Na mara moja waliacha nyavu na wakamfuata.
၁၈ထိုသူတို့သည် ချက်ခြင်း ပိုက်ကွန် ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက်ကြ၏။
19 Wakati Yesu alipotembea umbali kidogo, alimwona Yakobo mwana wa Zebedayo na Yohana ndugu yake; walikuwa kwenye mtumbwi wakitengeneza nyavu.
၁၉ထိုမှအနည်းငယ် လွန် ပြန်လျှင် ဇေဗေဒဲ ၏သား ယာကုပ် နှင့် ယောဟန် ညီအစ်ကို နှစ်ယောက်တို့သည် လှေ ပေါ်မှာ ပိုက်ကွန် ပြင် နေသည်ကိုမြင် ၍ ချက်ခြင်း ခေါ် တော်မူ၏။
20 Mara aliwaita na wao walimwacha baba yao Zebedayo ndani ya mtumbwi na watumishi waliokodiwa, wakamfuata.
၂၀ထိုသူတို့သည်လည်း လှေ ပေါ်မှာ ရှိသောသူငှား တို့နှင့်တကွ အဘ ဇေဗေဒဲ ကိုစွန့်ပစ် ၍ နောက် တော်သို့ လိုက် ကြ၏။
21 Na walipofika Kaperinaumu, siku ya Sabato, Yesu aliingia kwenye sinagogi na kufundisha.
၂၁ကပေရနောင် မြို့သို့ သွား ကြလျှင် ၊ ဥပုသ်နေ့ ၌ ကိုယ်တော်သည်ချက်ခြင်း တရားစရပ် သို့ ဝင် ၍ ဆုံးမ ဩဝါဒပေးတော်မူ၏။
22 Walilishangaa fundisho lake, kwa vile alikuwa akiwafundisha kama mtu ambaye ana mamlaka na siyo kama waandishi.
၂၂ပရိသတ်တို့သည်လည်း ဆုံးမ ဩဝါဒပေးတော်မူခြင်းကို အလွန်အံ့ဩ ကြ၏။ အကြောင်းမူကား ၊ ကျမ်းပြု ဆရာနည်းတူ မ ဟုတ်၊ အစိုးရ သောသူနည်းတူ ဆုံးမ ဩဝါဒပေးတော်မူ၏။
23 Wakati huo huo kulikuwa na mtu katika sinagogi lao aliyekuwa na roho mchafu, na alipiga kelele,
၂၃ထိုသူ တို့၏ တရားစရပ် ၌ ညစ်ညူး သောနတ် စွဲ သောသူ ရှိ ၍ ၊
24 akisema, “Tuna nini cha kufanya na wewe, Yesu wa Nazareti? Umekuja kutuangamiza? Nakujua u nani. Wewe ni Mtakatifu pekee wa Mungu!”
၂၄ဪ နာဇရက် မြို့သားယေရှု ၊ ကိုယ်တော် သည် အကျွန်ုပ် တို့နှင့် အဘယ်သို့ ဆိုင်သနည်း။ အကျွန်ုပ် တို့ကို ဖျက်ဆီး ခြင်းငှာလာ သလော။ ကိုယ်တော် သည် အဘယ်သူ ဖြစ် သည်ကို အကျွန်ုပ်သိ ပါ၏။ ဘုရားသခင် ၏ သန့်ရှင်း တော်မူသောသူ ဖြစ်ပါသည်ဟု ဟစ်ကြော် လေ၏။
25 Yesu alimkemea pepo na kusema, “Nyamaza na utoke ndani yake!”
၂၅ယေရှု ကလည်း တိတ်ဆိတ် စွာနေလော့။ ထိုသူ ၏အထဲ ကထွက်သွား လော့” ဟု ဆုံးမ တော်မူလျှင်၊
26 Na roho mchafu alimwangusha chini na akatoka kwake wakati akilia kwa sauti ya juu.
၂၆ညစ်ညူး သောနတ် သည် ထိုသူ ကို တောင့်မာ စေပြီးမှ ၊ ကြီး သောအသံ နှင့် အော်ဟစ် ၍ထွက်သွား ၏။
27 Na watu wote walishangaa, hivyo wakaulizana kila mmoja, “Hii ni nini? Fundisho jipya lenye mamlaka? Hata huamuru pepo wachafu nao wanamtii!”
၂၇လူအပေါင်း တို့သည် မိန်းမော တွေဝေ၍ ၊ ဤအမှုသည် အဘယ်သို့နည်း။ ဤ ဆုံးမ ခြင်းအသစ် သည် အဘယ်သို့ နည်း။ ညစ်ညူး သောနတ် တို့ကိုပင် အာဏာ နှင့် မှာထား ၍၊ သူတို့သည် နားထောင် ကြသည်တကားဟု အချင်းချင်း မေးမြန်း ပြောဆို ကြ၏။
28 Na habari kuhusu yeye mara moja zikasambaa kila mahali ndani ya mkoa wote wa Galilaya.
၂၈သတင်း တော်သည်လည်း ဂါလိလဲ ပြည်အရပ်ရပ် တို့၌ ချက်ချင်း နှံ့ပြား ကျော်စောလေ၏။
29 Na mara moja baada ya kutoka nje ya sinagogi, waliingia nyumbani mwa Simoni na Andrea wakiwa na Yakobo na Yohana.
၂၉တရားစရပ် မှ ထွက် ကြလျှင် ၊ ရှိမုန် ၊ အန္ဒြေ တို့အိမ် သို့ ယာကုပ် ၊ ယောဟန် နှင့်တကွ ချက်ခြင်း သွား ကြ ၏။
30 Sasa mama mkwe wa Simoni alikuwa amelala mgonjwa wa homa, na mara moja walimwambia Yesu habari zake.
၃၀ရှိမုန် ၏ယောက္ခမ သည် ဖျားနာ စွဲ၍ တုံးလုံး နေသည်အကြောင်း ကို အလျင်အမြန် လျှောက် ကြ၏။
31 Hivyo alikuja, alimshika kwa mkono, na kumwinua juu; homa ikaondoka kwake, na akaanza kuwahudumia.
၃၁ကိုယ်တော်သည်လာ ၍ ထိုမိန်းမ ၏လက် ကိုကိုင် လျက် ချီကြွ တော်မူသည် ခဏခြင်းတွင် သူသည် အဖျား ပျောက် ၍ ဧည့်သည် ဝတ်ကို ပြုလေ၏။
32 Jioni hiyo wakati jua limekwisha zama, walimletea kwake wote waliokuwa wagonjwa, au waliopagawa na pepo.
၃၂နေ ဝင် ၍ ည အချိန်ရောက် လျှင် ၊ မကျန်းမမာ သောသူ နှင့် နတ်ဆိုးစွဲ သောသူ ရှိသမျှ တို့ကို အထံ တော်သို့ ဆောင်ခဲ့ ၍ ၊
33 Mji wote walikusanyika pamoja katika mlango.
၃၃တစ်မြို့လုံး သည် တံခါး နား မှာစုဝေး လျက်ရှိ ကြ၏။
34 Aliwaponya wengi waliokuwa wagonjwa wa magonjwa mbalimbali na kutoa pepo wengi, bali hakuruhusu pepo kuongea kwa sababu walimjua.
၃၄အထူးထူးအပြားပြား သော အနာ စွဲ သောသူများ တို့ကို သက်သာ စေတော်မူ၏။ နတ်ဆိုး များ တို့ကိုလည်း နှင်ထုတ် တော်မူ၏။ နတ်ဆိုး တို့သည် ကိုယ်တော် ကိုသိ ကြသောကြောင့် ၊ စကားတစ်ခွန်းကိုမျှ ပြော စေခြင်းငှာအခွင့် ပေးတော်မ မူ၏။
35 Aliamka asubuhi na mapema, wakati ilikuwa bado giza; aliondoka na kwenda mahali pa faragha na aliomba huko.
၃၅နံနက် အချိန်၊ မိုဃ်းမလင်းမှီ ကိုယ်တော်သည် ထ ပြီးလျှင် တော အရပ် သို့ ထွက်ကြွ ၍ ဆုတောင်း တော်မူ၏။
36 Simoni na wote waliokuwa pamoja naye walimtafuta.
၃၆ရှိမုန် နှင့် သူ ၏အပေါင်းအဖော် တို့သည် လိုက် ၍ ရှာကြသော်၊
37 Walimpata na wakamwambia, “Kila mmoja anakutafuta”
၃၇ကိုယ်တော် ကိုတွေ့ လျှင် လူအပေါင်း တို့သည် ကိုယ်တော် ကို ရှာ ကြပါသည်ဟုလျှောက်ဆို ၏။
38 Aliwaambia, “Twendeni mahali pengine, nje katika miji inayozunguka, ili niweze kuhubiri huko pia. Ndiyo sababu nilikuja hapa.”
၃၈ကိုယ်တော်ကလည်း “ငါသည် နီးစပ် သောမြို့ ရွာတို့၌ တရား ဟောခြင်းငှာ သွား ကြကုန်အံ့။ ထိုသို့ အလို့ငှာ ငါကြွလာ ပြီ” ဟုမိန့်တော်မူ ၍ ၊
39 Alikwenda akipita Galilaya yote, akihubiri katika masinagogi yao na kukemea pepo.
၃၉ဂါလိလဲ ပြည်အရပ်ရပ် တရားစရပ် တို့၌ တရား ဟောလျက် နတ်ဆိုး တို့ကို နှင်ထုတ် လျက်နေတော်မူ၏။
40 Mwenye ukoma mmoja alikuja kwake. Alikuwa akimsihi; alipiga magoti na alimwambia, “Kama unataka, waweza kunifanya niwe safi.”
၄၀နူနာစွဲ သောသူတစ်ယောက်သည် အထံ တော်သို့ လာ ၍ ဒူးထောက် လျက် ၊ ကိုယ်တော်အလိုရှိ လျှင် ကျွန်တော် ကို သန့်ရှင်း စေနိုင် တော်မူသည်ဟု တောင်းပန် လေ၏။
41 Akisukumwa na huruma, Yesu alinyosha mkono wake na kumgusa, akimwambia, “Ninataka. Uwe msafi.”
၄၁ယေရှုသည် သနား သောစိတ်ရှိသဖြင့် လက် တော်ကိုဆန့် ၍ ထိုသူ ကိုတို့ လျှက် ၊ ငါအလိုရှိ ၏။ သန့်ရှင်း ခြင်းသို့ ရောက်စေ” ဟု မိန့် တော်မူ၏။
42 Mara moja ukoma ukamtoka, na alifanywa kuwa safi.
၄၂ထိုသို့ မိန့်တော်မူသည် ခဏခြင်း တွင် နူနာ ပျောက် ၍ သန့်ရှင်း ခြင်းသို့ရောက်လေ၏။
43 Yesu akamwonya vikali na akamwambia aende mara moja,
၄၃ယေရှုကလည်း၊ “သင်သတိပြု ။”
44 Alimwambia, “Hakikisha hausemi neno kwa yeyote, lakini nenda, ujionyeshe kwa kuhani, na utoe dhabihu kwa ajili ya utakaso ambayo Musa aliagiza, kama ushuhuda kwao.”
၄၄“အဘယ်သူ အား စကားတစ်ခွန်းကိုမျှမ ပြော နှင့်။ ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ လော့။ သူတစ်ပါး ၌ သက်သေ ဖြစ်စေခြင်းငှာ သန့်ရှင်း ခြင်းသို့ ရောက်သည်အတွက် ၊ မောရှေ စီရင် မှာထားသော ပူဇော် သက္ကာကို ဆက်လော့ ဟု မြစ်တား ၍ ချက်ခြင်း လွှတ် လိုက်တော်မူ၏။
45 Lakini alikwenda na kuanza kumwambia kila mmoja na kueneza neno zaidi hata Yesu hakuweza tena kuingia mjini kwa uhuru. Hivyo alikaa mahali pa faragha na watu walikuja kwake kutoka kila mahali.
၄၅ထိုသူ သည်ထွက်သွား ၍ စကား များ သောအားဖြင့်ထို အကြောင်းကို အနှံ့အပြား ကျော်စော၏။ ထို့ကြောင့် ကိုယ်တော် သည် နောက်တစ်ဖန်မြို့ ထဲသို့ ထင်ရှား စွာမဝင် ရ ဘဲ။ မြို့ပြင် တော အရပ် ၌ သာ နေ တော်မူ၍ အရပ်ရပ် တို့မှ အထံ တော်သို့ ရောက်လာ ကြ၏။