< Malaki 2 >
1 Sasa, ninyi makuhani, amri hii ni kwa ajili yenu.
၁အနန္တတန်ခိုးရှင်ထာဝရဘုရားက ယဇ် ပုရောဟိတ်တို့အား``ဤပညတ်သည်သင်တို့ အတွက်ဖြစ်၏။ သင်တို့သည်အကျင့်အကြံ အပြုအမူအားဖြင့် ငါ၏ဂုဏ်တော်ကိုချီး ကူးရကြမည်။ အကယ်၍ငါ့စကားကို သင်တို့နားမထောင်ပါမူ ငါသည်သင်တို့ အားကျိန်စာသင့်စေမည်။ သင်တို့မှီခို အားထားရာများကိုလည်းကျိန်စာသင့် စေမည်။ အမှန်စင်စစ်ထိုအရာတို့သည် ယခုပင်ကျိန်စာသင့်ကြလေပြီ။ အဘယ် ကြောင့်ဆိုသော်သင်တို့သည်ငါ၏ပညတ် ကိုလေးလေးစားစားမခံမယူကြသည့် အတွက်ဖြစ်၏။-
2 Kama hamtasikiliza, na kama hamtalichukua hili mioyoni mwenu na kunipa utukufu kwa jina langu, “asema Bwana wa Majeshi, Kisha nitatuma laana kwenu, na nitalaani baraka zenu. Kiukweli, nilishawalaani tayari, kwa sababu hujaweka sheria zangu moyoni.
၂
3 Tazama, nitakikemea kizazi chako, na nitapaka mavi juu ya uso wako, mavi ya dhabihu zenu, na mtachukuliwa pamoja nayo.
၃ငါသည်သင်တို့၏သားမြေးများအား အပြစ်ဒဏ်ခတ်မည်။ သင်တို့၏မျက်နှာကို သင်တို့ပူဇော်သည့်တိရစ္ဆာန်ချေးဖြင့်သုတ် လိမ်း၍ သင်တို့အားထိုယဇ်ကောင်များနှင့် အတူပစ်ထုတ်လိုက်မည်။-
4 Na mtajua kwamba nimetuma hii sheria kwenu, kwamba agano langu litakuwa ni juu yangu na Lawi,” asema Bwana wa Majeshi.
၄ထိုအခါငါသည်လေဝိအနွယ်ဝင်တို့နှင့် ပြုခဲ့သည့်ပဋိညာဉ်တော်ကိုတည်မြဲစေ လိုသဖြင့် ဤပညတ်ကိုသင်တို့အားပေး တော်မူခြင်းဖြစ်ကြောင်းသင်တို့သိရှိကြ လိမ့်မည်။''
5 Agano langu na yeye lilikuwa agano la uhai na amani, na nilimpa vitu hivi kama njia ya kuniheshimu. aliniheshima na alisimama akawa na hofu kwa jina langu.
၅ငါ၏ပဋိညာဉ်တော်တွင်သူတို့အား အသက်ရှင်မှုနှင့် ချမ်းမြေ့သာယာမှုကို ကတိထားခဲ့သည်ဖြစ်၍ ငါသည်မိမိ အားသူတို့ရိုသေလေးစားစိမ့်သောငှာ ထိုအရာများကိုပေးအပ်ခဲ့ပေသည်။ ထို နေ့ရက်ကာလများကသူတို့သည်အကယ် ပင်ငါ့အားကြောက်ရွံ့ရိုသေရကြ၏။-
6 Mafundisho ya kweli yalikuwa kwenye kinywa chake, na uovu haukupatikana kinywani mwake. Alitembea na mimi kwa amani na unyoofu, na aliwarudisha wengi kutoka dhambini.
၆သူတို့သည်အမှန်တရားကိုဟောပြော သွန်သင်ကြ၏။ အမှားကိုမသွန်သင်ကြ။ သူတို့သည်ငါနှင့်သဟဇာတဖြစ်အောင် နေထိုင်ကြလျက် မိမိတို့ကိုယ်တိုင်သာ လျှင်မှန်ရာကိုပြုကျင့်ကြသည်မဟုတ်။ သူတစ်ပါးတို့အားလည်းမကောင်းမှုကို ရှောင်ကြဉ်ရန်အထောက်အကူပေးကြ ပေသည်။-
7 kwa sababu midomo ya makuhani huhifadhi maarifa, na watu watatafuta maagizo kutoka kwenye kichwa chake, kwa sababu ni mjumbe wa Bwana wa Majeshi.
၇ဘုရားသခင်အကြောင်းတော်ကိုမှန်ကန် စွာသိရှိနားလည်နိုင်ရန်ဟောပြောသွန် သင်မှုမှာ ယဇ်ပုရောဟိတ်များ၏တာဝန် ဖြစ်ပေသည်။ သူတို့သည်အနန္တတန်ခိုးရှင် ထာဝရဘုရား၏ တမန်တော်များဖြစ် သဖြင့် လူတို့သည်ငါ၏အလိုတော်ကို သိရှိနိုင်ရန်သူတို့ထံသို့သွားရကြ၏။
8 lakini umepita mbali na njia ya kweli. Umesababisha wengi kuwa na mashaka ya kutii sheria. umeliharifu agano la Lawi,” asema Bwana wa Majeshi.
၈``သို့ရာတွင်ယခုအခါ၌အသင်ပုရောဟိတ် တို့သည်လမ်းမှန်မှလွဲဖယ်၍သွားကြလေပြီ။ သင်တို့၏ဟောပြောသွန်သင်မှုကြောင့်လူအများ ပင်အမှားကိုပြုကျင့်လျက်နေလေပြီ။ သင်တို့ သည်ငါနှင့်ချုပ်ဆိုထားသည့်ပဋိညာဉ်တော် ကိုချိုးဖောက်ကြလေပြီ။-
9 Kwa hiyo nimewafanya ninyi nanyi kudharauliwa mbele ya watu, kwa sababu hamkutunza njia zangu, lakini badala yake mnapendelea katika maagizo yenu.
၉သင်တို့သည်ငါ၏လူမျိုးတော်အားပညတ် တော်များကို သွန်သင်ရာ၌မျက်နှာကြီးငယ် လိုက်ကြသဖြင့် ငါသည်လည်းသင်တို့အား ဣသရေလအမျိုးသားတို့စက်ဆုတ်ရွံရှာ အောင်ပြုမည်။
10 Sisi sote hatuna baba mmoja? Siyo Mungu yule mmoja aliyetuumba sote? kwa nini tunafanyiana hila kila mtu na ndugu yake, mnariharibu agano la baba zetu?
၁၀ငါတို့အားလုံး၌ဖခင်တစ်ဦးတည်ရှိသည် မဟုတ်ပါလော။ ဤဘုရားသခင်တစ်ပါးတည်း ပင်လျှင် ငါတို့အားဖန်ဆင်းတော်မူသည်မ ဟုတ်ပါလော။ သို့ဖြစ်ပါမူငါတို့သည်အဘယ် ကြောင့် မိမိတို့အချင်းချင်းထားရှိသည့်သစ္စာ ကတိကိုဖျက်ကြပါသနည်း။ အဘယ်ကြောင့် ငါတို့ဘိုးဘေးများနှင့်ဘုရားသခင်ပြု တော်မူခဲ့သည့်ပဋိညာဉ်တော်ကိုမထီမဲ့ မြင်ပြုကြပါသနည်း။-
11 Yuda amefanya hila na ameona kinyaa kwa vitu vilivyowekwa katika Israeli na Yerusalem. Yuda amenajisi mahali patakatifu pa Bwana ambapo anapapenda, na ameoa binti wa miungu migeni.
၁၁ယုဒပြည်သူတို့သည်ဘုရားသခင်နှင့် မိမိတို့ထားရှိသည့်သစ္စာကတိကိုဖျက် လျက် ယေရုရှလင်မြို့နှင့်ယုဒပြည်တစ် ခုလုံး၌စက်ဆုတ်ဖွယ်ကောင်းသည့်အမှု ကိုပြုကြလေပြီ။ သူတို့သည်ထာဝရ ဘုရားမြတ်နိုးတော်မူသည့်ဗိမာန်တော် ကိုညစ်ညမ်းစေကြလေပြီ။ အမျိုးသား တို့သည်လည်းလူမျိုးခြားဘုရားများ ကိုကိုးကွယ်သူအမျိုးသမီးများနှင့် စုံဖက်ကြလေပြီ။-
12 Mungu akukatilie mbali kutoka kwenye hema ya Yakobo na uzao wa mtu aliyefanya haya, hata yule anayeleta sadaka kwa Bwana wa Majeshi.
၁၂ထာဝရဘုရားသည်ဤသို့ပြုကျင့်သူမှန် သမျှအားသုတ်သင်ဖျက်ဆီးတော်မူပါစေ သော။ သူတို့အားအဘယ်အခါ၌မျှငါတို့ ၏အမျိုးသားဖြစ်ပိုင်ခွင့်ကိုလည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားအားပူဇော် သကာများဆက်သသည့်လူမျိုးတော်ဖြစ် ပိုင်ခွင့်ကိုလည်ကောင်းမပေးဘဲနေတော်မူ ပါစေသော။
13 Na wewe pia fanya hivyo. Unafunika madhabahu ya Bwana kwa machozi, kwa kilio na kuugua, kwa sababu hatakubali sadaka na kuzipokea kutoka mikononi mwako.
၁၃သင်တို့ပြုသောအခြားအမှုတစ်ခုရှိ သေး၏။ သင်တို့သည်မိမိတို့ယူဆောင်လာ သည့်ပူဇော်သကာများကိုထာဝရဘုရား လက်ခံတော်မမူသဖြင့်ငိုကြွေးမြည် တမ်းလျက်ကိုယ်တော်၏ယဇ်ပလ္လင်တော်ကို မျက်ရည်တွင်နစ်မြုပ်စေကြ၏။-
14 Lakini wasema, ni kwa sababu gani?” Kwa sababu Bwana amekuwa shahidi kati yako wewe na mke wako wa ujana wako, kinyume chake umekuwa si mwaminifu, ingawa yeye ni mwenzako na mke wa agano lako.
၁၄ထိုနောက်သင်တို့ကအဘယ်ကြောင့်ဤသို့ ကိုယ်တော်လက်မခံတော့ဘဲနေတော်မူပါ သနည်းဟုမေးကြ၏။ ကိုယ်တော်လက်မခံ တော့သည့်အကြောင်းမှာသင်တို့သည်ငယ်စဉ် အခါက လက်ထပ်ထိမ်းမြားခဲ့သူဇနီး အားပေးအပ်ခဲ့သည့်ကတိသစ္စာကိုချိုး ဖောက်လိုက်ကြကြောင်းကိုယ်တော်သိမြင် တော်မူသောကြောင့်ဖြစ်ပေသည်။ ထိုဇနီး သည်သင်၏အဆွေခင်ပွန်းဖြစ်ပါ၏။ သင် သည်သူ၏အပေါ်တွင်သစ္စာစောင့်ပါမည် ဟုဘုရားသခင်၏ရှေ့တော်၌ကတိ ပြုခဲ့ပါသော်လည်းထိုကတိသစ္စာကို ချိုးဖောက်ခဲ့လေပြီ။-
15 Je yeye hakuwafanya kuwa mmoja, hata kwa sehemu ya roho yake? Sasa ni kwanini aliwafanya ninyi kuwa mmoja? Kwa sababu alikuwa anategemea kupata watoto wacha Mungu. Kwa hiyo jiepushe mwenyewe ndani ya moyo wako, na asiwepo mtu asiye mwaminifu kwa mke wa ujana wake.
၁၅ဘုရားသခင်သည်သင်တို့နှစ်ဦးအားတစ် ကိုယ်တည်းတစ်စိတ်တည်းဖြစ်စေတော်မူသည် မဟုတ်ပါလော။ ယင်းသို့ဖြစ်စေတော်မူရာ ၌အဘယ်ရည်ရွယ်ချက်ဖြစ်ပါသနည်း။ သင် တို့သည်ထာဝရဘုရား၏လူစုအစစ်အမှန် များကိုမွေးထုတ်ပေးရန်ဖြစ်ပေသည်။ သို့ဖြစ် ၍သင်တို့တွင်အဘယ်သူမျှမိမိ၏ဇနီး နှင့်ပြုထားသည့် ကတိသစ္စာကိုမချိုးမ ဖောက်မိစေရန်အထူးသတိပြုရပေမည်။-
16 “Nakuchukia kuachana,” asema Bwana, Mungu wa Israel, “afunikizaye nguo yake kwa udhalimu,” asema Bwana wa Majeshi. “Kwa hiyo jilinde ewe mwenyewe ndani ya roho yako na usiwe mtu asiye mwaminifu.”
၁၆ဣသရေလအမျိုးသားတို့၏ဘုရားသခင် ထာဝရဘုရားက``ငါသည်လင်မယားကွာ ရှင်းမှုကိုမုန်း၏။ ဇနီးဖြစ်သူကိုသင်တို့ဤ သို့ရက်စက်စွာပြုကျင့်မှုကိုငါမုန်း၏။ သင် တို့၏ဇနီးများအားသစ္စာစောင့်ရန်ပေးအပ် ခဲ့သည့်ကတိကိုမချိုးမဖောက်မိစေရန် အထူးသတိပြုကြလော့'' ဟုမိန့်တော်မူ ပါ၏။
17 Mmechosha Bwana na maneno. Lakini mwasema, “Tumekuchoshaje?” Kwa kusema Kila mmoja aliyefanya uovu ni mzuri kwa upande wa Bwana, na anafuraha nao;” au “Yuko wapi Mungu wa Haki?”
၁၇သင်တို့သည်စကားများလွန်းသဖြင့်ထာဝရ ဘုရားနားငြီးတော်မူလေပြီ။ သို့ရာတွင်သင် တို့က``ကျွန်တော်မျိုးတို့သည်ကိုယ်တော်ရှင် နားငြီးစေရန်အဘယ်သို့ပြုမိကြပါ သနည်း'' ဟုဆိုကြ၏။ ``ထာဝရဘုရားသည် ဒုစရိုက်သမားမှန်သမျှကိုလူကောင်းသူ ကောင်းဟုထင်မှတ်တော်မူ၏'' ဟူ၍ပြော ဆိုခြင်းအားဖြင့်သော်လည်းကောင်း``တရား မျှတသည်ဟုထင်မြင်ယူဆမှုကိုခံရ သောဘုရားသခင်သည်အဘယ်မှာရှိ သနည်း'' ဟုပြောဆိုခြင်းအားဖြင့်သော် လည်းကောင်းသင်တို့သည်ကိုယ်တော်အား နားငြီးစေကြ၏။