< Luka 23 >

1 Mkutano wote wakasimama, wakampeleka Yesu mbele ya Pilato.
ထိုအခါ မင်း အရာရှိအပေါင်း တို့သည်ထ ၍ ကိုယ်တော် ကို ပိလတ် မင်းထံသို့ ဆောင်သွား ကြပြီးလျှင်၊
2 Wakaanza kumshutumu, wakisema, “Tumemkuta mtu huyu akipotosha taifa letu, kwa kukataza tusitoe kodi kwa Kaisari, na akisema kwamba yeye mwenyewe ni Kristo, Mfalme.”
ဤ သူသည် ပြည်သူ ပြည်သားများကို လှည့်ဖြား ၍ ၊ မိမိ သည် ခရစ်တော် တည်းဟူသောရှင်ဘုရင် ဖြစ် ကြောင်းကိုဆို လျက် ၊ ကဲသာ ဘုရင်ကို အခွန် မဆက် နှင့်ဟု မြစ်တား သည်ကို အကျွန်ုပ် တို့တွေ့ ပါပြီဟု အပြစ်တင် ကြ၏။
3 Pilato akamuuliza, akisema, “Je wewe ni Mfalme wa Wayahudi?” Na Yesu akamjibu akisema, “Wewe wasema hivyo”.
ပိလတ် မင်းက၊ သင် သည် ယုဒ ရှင်ဘုရင် မှန် သလောဟု ယေရှု ကိုမေး လျှင်၊ မင်းကြီး မေးသည်အတိုင်း မှန် သည် ဟု မိန့် တော်မူ၏။
4 Pilato akamuambia kuhani mkuu na makutano, “Sioni kosa kwa mtu huyu”.
ပိလတ် မင်းက ၊ ဤ သူ ၌ အဘယ် အပြစ် ကိုမျှငါမတွေ့ ဟု ယဇ်ပုရောဟိတ် အကြီးတို့နှင့် လူ အပေါင်းတို့အား ပြောဆို လျှင်၊
5 Lakini wao wakasisitiza, wakisema, “Amekuwa akiwachochea watu, akifundisha katika Uyahudi yote, kuanzia Galilaya na sasa yuko hapa.”
ထိုသူ တို့သည် သာ၍ပြင်းစွာသောအသံနှင့် ဟစ်ကြော်လျက် ၊ ဤသူ သည် ဂါလိလဲ ပြည်မှစ၍ ဤအရပ် တိုင်အောင် ယုဒ ပြည်၌ အနှံ့အပြား ဆုံးမဩဝါဒ ပေး၍ လူ များကိုနှိုးဆော် သောသူ ဖြစ်ပါသည်ဟု လျှောက်ဆို ကြ၏။
6 Pilato aliposikia haya, akaulizia kama mtu huyo ni wa Galilaya?
ပိလတ် မင်းသည် ဂါလိလဲဟူသောစကားကိုကြား လျှင် ၊ ထိုသူ သည်ဂါလိလဲ လူဖြစ် သလောဟု မေးမြန်း ၍ ၊
7 Alipotambua kuwa alikuwa chini ya utawala wa Herode, akampeleka Yesu kwa Herode, ambaye naye alikuwa Yerusalemu kwa siku hizo.
ဟေရုဒ် မင်းပိုင် သော သူဖြစ်သည် ကို သိ သောအခါ ထိုမင်း ထံသို့ ပို့ စေ၏။ ထို အခါ ဟေရုဒ် မင်းသည် ယေရုရှလင် မြို့၌ ရှိ သတည်း။
8 Herode alipomuona Yesu, alifurahi sana kwasababu alitaka kumuona kwa siku nyingi. Alisikia habari zake na alitamani kuona moja ya miujiza ikifanywa na yeye.
ထိုမင်း သည် ယေရှု ကိုမြင် လျှင် အလွန် ဝမ်းမြောက် ခြင်းရှိ၏။ အကြောင်းမူကား ၊ အထက်က သိတင်း တော်များကိုကြား ၍၊ ကိုယ်တော် ကိုမြင် ခြင်းငှာကြာမြင့် စွာ အလိုရှိ သည်ဖြစ် ၍၊ ပြ တော်မူသော နိမိတ် လက္ခဏာ တစ်စုံတစ်ခု ကို မြင် ရမည်ဟု မြော်လင့် လျက် နေ၏။
9 Herode alimhoji Yesu kwa maneno mengi, lakini Yesu hakumjibu chochote.
ထိုအခါ ဟေရုဒ်မင်းသည် ကိုယ်တော် ကို များစွာ မေးမြန်း သော်လည်း အဘယ် စကား ကိုမျှ ပြန် တော် မမူ။
10 Makuhani wakuu pamoja na waandishi walisimama kwa ukali wakimshitaki.
၁၀ယဇ်ပုရောဟိတ် အကြီးနှင့် ကျမ်းပြု ဆရာတို့သည် ထ ၍ ပြင်းထန် စွာ အပြစ်တင် ကြ၏။
11 Herode pamoja na maaskari wake, walimtukana na kumdhihaki, na kumvika mavazi mazuri, kisha akamrudisha Yesu kwa Pilato.
၁၁ဟေရုဒ် မင်းသည် စစ်သူရဲ တို့နှင့်တကွ ကိုယ်တော် ကို မခန့်မညား ဘဲ ပြက်ယယ်ပြု ၍ တင့်တယ် သော အဝတ် ကို ဝတ် စေပြီးမှပိလတ် မင်းထံသို့ပို့ ပြန်စေ၏။
12 Herode na Pilato wakawa marafiki kuanzia siku hiyo, (kabla ya hapo walikuwa maadui).
၁၂ထိုနေ့ ၌ ပိလတ် မင်းနှင့် ဟေရုဒ် မင်းတို့သည် အချင်းချင်း အဆွေ ဖွဲ့ ကြ၏။ အထက် က ရန်ဘက် ဖြစ် ကြ သတည်း။
13 Pilato akawaita pomoja makuhani wakuu na watawala na umati wa watu,
၁၃တဖန် ပိလတ် မင်းသည် ယဇ်ပုရောဟိတ် အကြီး၊
14 Akawaambia, “Mmeniletea mtu huyu kama mtu anaye waongoza watu wafanye mabaya, na tazama, baada ya kuwa nimemhoji mbele yenu, sikuona kosa kwa mtu huyu kuhusu mambo yote ambayo ninyi mnamshitaki yeye.
၁၄ပြည်သူပြည်သား များကို ပုန်ကန် စေသောသူကဲ့သို့ ဤ လူ ကို သင်တို့သည် ငါ့ ထံသို့ပို့ဆောင် ကြသည် ဖြစ် ၍ ၊ သင် တို့ရှေ့ မှာ ငါ စစ်ကြော သော်လည်း၊ သင်တို့ တင် သောအပြစ် တစ်စုံတစ်ခုကိုမျှ သူ ၌ ငါမတွေ့ ။
15 Hapana, wala Herode, kwa maana amemrudisha kwetu, na tazama hakuna chochote alichokifanya kinachostahili adhabu ya kifo.
၁၅ဟေရုဒ် မင်းသည်လည်း မ တွေ့။ ထိုမင်း ထံသို့ ငါ ပို့ စေပြီ။ ဤသူ သည် အသေ သတ်ခြင်းကို ခံထိုက် သော အမှုတစ်စုံတစ်ခုကိုမျှ မ ပြု ။
16 Kwahiyo basi nitamuadhibu na kumuachilia.
၁၆ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု ဆို လေ၏။
17 (Sasa, Pilato anawajibika kumuachilia mfungwa mmoja kwa wayahudi wakati wa sikukuu).
၁၇ထိုပွဲ၌ လူများတို့အား တစ်စုံတစ်ယောက်သောသူကို မလွှတ်ဘဲမနေရသတည်း။
18 Lakini wote wakapiga kelele pamoja, wakisema, “Mwondoe huyo, na tufungulie Baraba!”
၁၈လူအပေါင်းတို့က၊ ထို သူကို ထုတ် ပါလော့။ အကျွန်ုပ် တို့အား ဗာရဗ္ဗ ကို လွှတ် ပါလော့ဟု တစ်ညီတစ်ညွတ် တည်း ဟစ်ကြော် ကြ၏။
19 Baraba alikuwa ni mtu ambaye amewekwa gerezani kwa sababu ya uasi fulani katika jiji na kwa kuua.
၁၉ထို ဗာရဗ္ဗကား၊ မြို့ ၌ ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကို သတ်ခြင်းအပြစ်ကြောင့် ထောင် ထဲ၌ လှောင် ထားသောသူဖြစ် သတည်း။
20 Pilato akawaambia tena, akitamani kumwachilia Yesu.
၂၀ပိလတ် မင်းသည် ယေရှု ကို လွှတ် ချင် သောကြောင့် သူ တို့အားတစ်ဖန် ပြောဆို လေ၏။
21 Lakini wao wakapiga kelele, wakisema, “Msulibishe, msulibishe.”
၂၁သူတို့ကလည်း၊ ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားပါ။ ရိုက် ထားပါဟု ဟစ်ကြော် ကြ၏။
22 Akawauliza kwa mara ya tatu, “kwa nini, huyu mtu amefanya maovu gani? Sikupata kosa linalostahili adhabu ya kifo kwake. Kwahiyo nitakapo maliza kumuadhibu nitamuachilia.”
၂၂ပိလတ်မင်းက၊ ထိုသူ သည် အဘယ် အပြစ် ကို ပြု ဘိသနည်း။ သေ ထိုက်သောအပြစ် တစ်စုံတစ်ခု မျှသူ ၌ ငါမတွေ့ ။ ထိုကြောင့် သူ့ ကို ငါဆုံးမ ၍ လွှတ် မည်ဟု သုံး ကြိမ်မြောက်အောင်ဆို လျှင်၊
23 Lakini wakasisitiza kwa sauti ya juu, wakitaka asulubiwe. Na sauti zao zikamshawishi Pilato.
၂၃လူများတို့သည် ထိုသူ ကို လက်ဝါးကပ်တိုင် မှာ ရိုက်ထားစေခြင်းငှာကြီးစွာ သောအသံ နှင့် ကျပ်ကျပ် တောင်း သဖြင့်၊ သူ တို့၏အသံ နှင့် ယဇ်ပုရောဟိတ်အကြီးတို့၏အသံသည် နိုင် လေ၏။
24 Hivyo Pilato akaamua kuwapatia matakwa yao.
၂၄ပိလတ် မင်းသည်လည်း သူ တို့တောင်း သည့်အတိုင်း ဖြစ် စေခြင်းငှာစီရင် ၍၊
25 Akamuachilia yule waliyemtaka ambaye alifungwa kwa kusababisha ghasia na kuua. Lakini akamtoa Yesu kwa matakwa yao.
၂၅ပုန်ကန် ခြင်းအပြစ်၊ လူ အသက်ကိုသတ်ခြင်းအပြစ်ကြောင့် ထောင် ထဲမှာ လှောင် ထားသောသူ ကို လူ များတောင်း သည်အတိုင်း လွှတ် ပြီးမှ ၊ ယေရှု ကို သူ တို့ အလို သို့အပ် လိုက်လေ၏။
26 Walipokuwa wakimpeleka, walimkamata mtu mmoja aitwaye Simoni wa Ukirene, akitokea katika nchi, wakamtwika msalaba ili abebe, akimfuata Yesu.
၂၆ကိုယ်တော် ကို ထုတ်သွား ကြစဉ်၊ ရှိမုန် အမည်ရှိသော ကုရေနေ ပြည်သားတစ် ယောက်သည် တောရွာ မှ လာ သည်ကို သူတို့သည်တွေ့လျှင်၊ ဘမ်းဆီး၍ ယေရှု နောက် တော်၌ လက်ဝါးကပ်တိုင် တော်ကို ထမ်း စေကြ၏။
27 umati mkubwa wa watu, na wanawake ambao walihuzunika na kuomboleza kwa ajili yake, walikuwa wakimfuata.
၂၇နောက် တော်၌ လိုက်သောလူ များ အပေါင်း တို့တွင်၊ ကိုယ်တော် ကြောင့် ငိုကြွေး မြည်တမ်း သော မိန်းမ အချို့ပါ၏။
28 Lakini akawageukia, Yesu akawaambia, 'Mabinti wa Yerusalemu, msinililie mimi, bali jililieni ninyi wenyewe na kwa ya ajili watoto wenu.
၂၈ထိုသူ တို့ကို ယေရှု သည် လှည့်ကြည့် ၍ ၊ ယေရုရှလင် မြို့သမီး တို့၊ ငါ့ ကြောင့် မ ငိုကြွေး ကြနှင့်။ မိမိ တို့နှင့် မိမိ တို့သား များကြောင့် ငိုကြွေး ကြလော့။
29 Tazama, siku zinakuja ambazo watasema, “Wamebarikiwa walio tasa na matumbo yasiyozaa, na matiti ambayo hayakunyonyesha.
၂၉အကြောင်းမူကား ၊ မြုံ သောမိန်းမသည် မင်္ဂလာ ရှိ၏။ ပဋိသန္ဓေ မ ယူဘူးသောဝမ်း နှင့် သူငယ်မ စို့ဘူး သောသားမြတ် သည် မင်္ဂလာရှိ၏ဟု ပြော ရသောနေ့ရက် ကာလရောက် လိမ့်မည်။
30 Ndipo watakapo anza kuiambia milima, 'Tuangukieni,' na vilima, 'Mtufunike.'
၃၀ထိုအခါ သူတို့က၊ အိုတောင် များတို့၊ ငါ တို့အပေါ်သို့ ကျ ကြပါ။ အိုကုန်း များတို့၊ ငါ တို့ကို ဖုံးအုပ် ကြ ပါဟု ခေါ် ကြလိမ့်မည်။
31 Maana kama wakifanya mambo haya ikiwa mti mbichi, itakuwaje ukiwa mkavu?”
၃၁အကြောင်းမူကား ၊ စိမ်း သောအပင် ကို ဤသို့ ပြု ကြလျှင် ၊ ခြောက် သောအပင် ၌ အဘယ်သို့ ဖြစ် လိမ့်မည်နည်း ဟု မိန့် တော်မူ၏။
32 wanaume wengine, wahalifu wawili, walipelekwa pamoja naye ili wauwawe.
၃၂ထိုအခါ ကိုယ်တော် နှင့်အတူ လူဆိုး နှစ် ယောက် တို့ကိုလည်း သတ် အံ့သောငှာထုတ်သွား ကြ၏။
33 Walipofika mahali paitwapo Fuvu la kichwa, ndipo wakamsulubisha pamoja na wale wahalifu, mmoja upande wa kulia na mwingine upande wa kushoto.
၃၃ကရာနိ အမည် ရှိသောအရပ် သို့ ရောက် ကြသော် ၊ ကိုယ်တော် နှင့်တကွ ထိုလူဆိုး တို့ကို လက်ျာ တော်ဘက်၌ တစ် ယောက်၊ လက်ဝဲ တော်ဘက်၌ တစ် ယောက်၊ လက်ဝါးကပ်တိုင် မှာ ရိုက်ထားကြ၏။
34 Yesu alisema, “Baba, uwasamehe, kwa kuwa hawajui watendalo. “Nao wakapiga kura, kugawa mavazi yake.
၃၄ယေရှု ကလည်း၊ အိုအဘ ၊ သူ တို့၏ အပြစ်ကိုလွှတ် တော်မူပါ။ သူတို့သည် ကိုယ်ပြု သောအမှုကို မ သိ ကြ ဟု မြွက်ဆို တော်မူ၏။ အဝတ် တော်ကိုလည်း စာရေးတံ ချ ၍ ဝေဖန် ကြ၏။
35 Watu walikuwa wamesimama wakiangalia huku watawala wakimdhihaki, wakisema, “Aliwaokoa wengine. Sasa ajiokoe mwenyewe, kama yeye ni Kristo wa Mungu, mteule”.
၃၅လူ များတို့သည်လည်း ကြည့်ရှု လျက် ရပ် နေကြ၏။ ထိုသူတို့နှင့်အတူမင်းအရာရှိ တို့က၊ ဤသူသည် သူတစ်ပါး တို့ကိုကယ်တင် တတ်၏။ ခရစ်တော် တည်းဟူသောဘုရားသခင် ရွေးချယ် တော်မူသောသူ မှန်လျှင် ကိုယ် ကိုကယ်တင် ပါလေစေဟူ၍ပြက်ယယ်ပြု ကြ၏။
36 Askari pia walimdharau, walimkaribia yeye na wakumpa siki,
၃၆စစ်သူရဲ တို့သည်လည်း လာ ၍ ပုံးရည် ကို ကပ် ပေးလျက်၊
37 wakisema, “Kama wewe ni Mfalme wa Wayahudi jiokoe mwenyewe”
၃၇သင် သည် ယုဒ ရှင်ဘုရင် မှန် လျှင် ကိုယ် ကို ကယ်တင် လော့ဟူ၍ ပြက်ယယ်ပြု လျက် ဆို ကြ၏။
38 Kulikuwa pia na alama juu yake iliyoandikwa “HUYU NDIYE MFALME WA WAYAHUDI.”
၃၈ခေါင်း တော်ပေါ်မှာ တပ်၍ အပြစ်ဖေါ်ပြ သော ကမ္ဗည်းလိပ် စာချက်ဟူမူကား ၊ ဤသူ သည် ယုဒ ရှင်ဘုရင် ပေတည်းဟု ဟေဗြဲဘာသာ၊ ဟေလသဘာသာ၊ ရောမဘာသာအားဖြင့်ရေး၍ ခေါင်းတော်ပေါ်မှာတပ် သတည်း။
39 Mmoja wa wahalifu aliyesulubishwa alimtukana akisema, “Wewe si Kristo? jiokoe mwenyewe na sisi”
၃၉ဆွဲ ထားသော လူဆိုး နှစ်ယောက်တွင် တစ် ယောက်က၊ သင် သည် ခရစ်တော် မှန် လျှင် ကိုယ် ကို၎င်း ၊ ငါ တို့ ကို၎င်း၊ ကယ်တင် လော့ဟု ကိုယ်တော် ကို ကဲ့ရဲ့ ၍ ဆို လေ၏။
40 Lakini yule mwingine akajibu, akimkemea na akisema, “Je wewe humuogopi Mungu, nawe uko katika hukumu hiyo hiyo?
၄၀တစ် ယောက်မူကား ၊ မိမိ အဘော်ကိုဆုံးမ ၍၊ သင် သည် ဤသူနည်းတူ အပြစ် ဒဏ်ခံလျက်ပင် ဘုရားသခင် ကို မ ကြောက် သလော။
41 Sisi tupo hapa kwa haki, kwa maana sisi tunapokea kile tunachostahili kwa matendo yetu. Lakini mtu huyu hakufanya chochote kibaya.”
၄၁ငါ တို့သည် ကိုယ်ပြု မိ သောအပြစ်နှင့်အလျောက် ခံရ သည်ဖြစ်၍တရားသဖြင့် ခံရ ကြ၏။ ဤ သူမူကား အဘယ် အပြစ် ကိုမျှမပြု ဟုဆို ပြီးလျှင်၊
42 Na aliongeza, “Yesu, nikumbuke utakapoingia katika ufalme wako.”
၄၂သခင်၊ ကိုယ်တော် သည် နိုင်ငံ တော်တည် လျက်ကြွလာ တော်မူသောအခါ အကျွန်ုပ် ကို အောက်မေ့ တော်မူပါဟု ယေရှု ကို လျှောက်ဆို ၏။
43 Yesu akamwambia, “Amini nakuambia, leo hii utakuwa pamoja nami Paradiso.”
၄၃ယေရှုကလည်း ၊ ငါ အမှန် ဆိုသည်ကား၊ ယနေ့ တွင် သင်သည် ငါ နှင့်အတူ ပရဒိသု ဘုံ၌ ရှိ လိမ့်မည် ဟု မိန့် တော်မူ၏။
44 Hapo ilikuwa karibu saa ya sita, giza likaja juu ya nchi yote hadi saa ya tisa,
၄၄ထိုအချိန်သည် မွန်းတည့် အချိန် လောက် ဖြစ် ၍ သုံးချက်တီး အချိန် တိုင်အောင် မြေ တပြင်လုံး ၌ မှောင်မိုက် အတိ ဖြစ် လေ၏။
45 Mwanga wa jua ulizimika. Kisha pazia la hekalu likagawanyika katikati kuanzia juu.
၄၅နေ အရောင်ကွယ်ပျောက် လေ၏။ ဗိမာန် တော်၏ ကုလားကာ သည် နှစ် ဖြာကွဲ လေ၏။
46 Akilia kwa sauti kuu, Yesu alisema, “Baba mikononi mwako naiweka roho yangu,” baada ya kusema haya, akafa.
၄၆ယေရှု သည်လည်း ကြီး သောအသံ နှင့် ကြွေးကြော် တော်မူပြီးလျှင်၊ အိုအဘ ၊ အကျွန်ုပ် စိတ် ဝိညာဉ်ကို ကိုယ်တော် လက် ၌ အကျွန်ုပ်အပ် ပါ၏ ဟု မိန့် တော်မူလျက် အသက် ချုပ်တော်မူ၏။
47 Wakati Akida alipoona yaliyotendeka alimtukuza Mungu akisema, “Hakika huyu alikuwa mtu mwenye haki.”
၄၇ထို အခြင်းအရာ တို့ကို တပ်မှူး သည်မြင် လျှင် ၊ စင်စစ် ဤသူ သည် ဖြောင့်မတ် သောသူမှန်ပေ ၏ဟုဆို ၍ ဘုရားသခင် ကို ချီးမွမ်း လေ၏။
48 Wakati umati wa watu waliokuja pamoja kushuhudia walipoona mambo yaliyofanyika, walirudi huku wakipiga vifua vyao.
၄၈ထို အမှု ကို အကြည့်အရှု လာ သောသူအပေါင်း တို့သည် ထို အခြင်းအရာများ ကိုမြင် လျှင် ၊ ရင်ပတ် ကို ခတ် ၍ ပြန်သွား ကြ၏။
49 Lakini marafiki zake, na wanawake waliomfuata toka Galilaya, walisimama kwa mbali wakiangalia hayo mambo.
၄၉ဂါလိလဲ ပြည်မှ နောက် တော်သို့လိုက်လာသော မိန်းမ တို့နှင့် ကိုယ်တော် ကို သိကျွမ်း သောသူအပေါင်း တို့သည်လည်း အဝေး က ကြည့်ရှု ၍ ရပ် နေကြ၏။
50 Tazama, palikuwepo na mtu aitwaye Yusufu, ambaye ni mmoja wa baraza, mtu mzuri na mwenye haki,
၅၀ထိုအခါ ယုဒ ပြည်အရိမသဲ မြို့သား ယောသပ် အမည် ရှိ သော လွှတ်တော် အရာရှိတစ်ယောက်သည်၊ အခြားသောလွှတ်အရာရှိတို့၏ တိုင်ပင် စီရင်ခြင်းကို ဝန်ခံ သောသူ မ ဟုတ် ၊
51 (alikuwa hajakubaliana na maamuzi au matendo yao), kutoka Armathaya, mji wa Kiyahudi, ambao ulikua ukisubiria ufalme wa Mungu.
၅၁ဘုရားသခင် ၏နိုင်ငံ တော်ကို မြော်လင့် သော သူတော်ကောင်း သူတော်မြတ် ဖြစ် သည်နှင့် ပိလတ် မင်းထံသို့ဝင် ၍၊
52 Mtu huyu, alimkaribia Pilato, akaomba apewe mwili wa Yesu.
၅၂ယေရှု ၏အလောင်း တော်ကို တောင်း လေ၏။
53 Alimshusha, na akauzungushia sanda, na akaumweka katika kaburi lililokuwa limechongwa katika jiwe, ambalo hakuna aliyewahi kuzikwa.
၅၃အလောင်း တော်ကို ချ ၍ ပိတ်ချော နှင့် ပတ်ရစ် ပြီးလျှင် ၊ တစ်ယောက် ကိုမျှ မ သင်္ဂြိုဟ် ဘူး သော ကျောက် သင်္ချိုင်း တွင်း၌ ထား လေ၏။
54 Ilikuwa ni siku ya maandalizi, na Sabato inakaribia.
၅၄ထိုနေ့ ကား အဘိတ်နေ့ ဖြစ် ၍ ဥပုသ်နေ့ အချိန် နီး သတည်း။
55 Wanawake, waliokuja nao kutoka Galilaya, walimfuata, na wakaona kaburi na jinsi mwili wake ulivyolazwa.
၅၅ဂါလိလဲ ပြည်က ကိုယ်တော် နှင့်အတူလာ သောမိန်းမ များသည် သင်္ချိုင်း တော်ကို၎င်း ၊ အလောင်း တော်ကို အဘယ်သို့ ထား သည်ကို၎င်း အကြည့်အရှု လိုက်လာ ကြ၏။
56 Walirudi na kuanza kuandaa manukato na marashi. Kisha siku ya sabato walipumzika kwa mujibu wa sheria.
၅၆ထိုနောက်မှပြန်သွား ပြီးလျှင်ဆီမွှေး နှင့် နံ့သာမျိုး ကို ပြင်ဆင် ၍ ပညတ် တော်အတိုင်း ဥပုသ်နေ့ ၌ အလုပ်မလုပ်ဘဲ နေ ကြ၏။

< Luka 23 >