< Luka 17 >
1 Yesu akawaambia wanafunzi wake, “mambo yasababishayo watu watende dhambi hayana budi kutokea, Lakini ole wake mtu anayeyasababisha!
၁တပည့် တော်တို့အား တဖန်မိန့် တော်မူသည်ကား ၊ မှားယွင်း စရာအကြောင်းရှိ ရမည်။ သို့သော်လည်း မှားယွင်းစရာအကြောင်းကိုဖြစ်စေ သောသူ သည် အမင်္ဂလာ ရှိ၏။
2 Ingekua ni heri kama mtu huyo angefungiwa jiwe zito la kusagia shingoni na kutubwa baharini, kuliko kumfanya mmoja wa hawa wadogo atende dhambi.
၂ဤ သူငယ် တစ်စုံတစ်ယောက် ကို မှားယွင်း စေသည်ထက် ၊ လည်ပင်း ၌ ကြိတ်ဆုံ ကျောက် ကို ဆွဲ ၍ ပင်လယ် ၌ ချ ခြင်းကို ခံရလျှင် အနေသာ၍ ကောင်း၏။
3 Jilindeni. Kama ndugu yako akikukosea mwonye, naye akitubu msamehe.
၃သင်တို့သည် ကိုယ်ကိုကိုယ် သတိပြု ကြလော့။ သင် ၏ ညီအစ်ကို သည် သင့်ကိုပြစ်မှား လျှင် သူ့ ကို ဆုံးမ လော့။ သူသည် နောင်တရ လျှင် သူ ၏အပြစ် ကိုလွှတ်လော့။
4 Kama akikukosea mara saba kwa siku moja na mara saba kwa siku moja akaja kwako akisema, 'ninatubu,' msamehe!”
၄တစ်နေ့ ခြင်းတွင် ခုနစ် ကြိမ်မြောက်အောင် သင့် ကိုပြစ်မှား ၍ ၊ ခုနစ် ကြိမ်မြောက်အောင် သင့် ထံသို့ လှည့် ၍ နောင်တရ ပါ၏ဟုဆို လျှင် ၊ သူ ၏အပြစ် ကို လွှတ်လော့ ဟု မိန့် တော်မူ၏။
5 Mitume wake wakamwambia Bwana, “tuongezee imani yetu.”
၅တမန်တော် တို့က၊ အကျွန်ုပ် တို့ ယုံကြည် ခြင်းစိတ်ကို တိုးပွား စေတော်မူပါဟုသခင် ဘုရားကို တောင်းပန် ကြလျှင် ၊
6 Bwana akasema, “kama mgekuwa na imani kama punje ya haradarii, mngeweza kuuambia mti huu wa mkuyu, 'n'goka na ukaote baharini,' nao ungewatii.
၆သခင် ဘုရားက ၊ သင် တို့သည် မုန်ညင်း စေ့ ခန့်မျှလောက် သော ယုံကြည် ခြင်းရှိလျှင် ထို သဖန်းပင် ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနှုတ် ၍ ပင်လယ် ၌ စိုက် လျက်နေလော့ဟု ဆို ကြသော် သင် တို့ စကားကို နားထောင် လိမ့်မည်။
7 Lakini nani miongoni mwenu, ambaye ana mtumishi anayelima shamba au anayechunga kondoo, atamwambia arudipo shambani, 'Njoo haraka na keti ule chakula?
၇အစေအပါး သည် လယ်ထွန် သော်၎င်း ၊ သိုး ၊ နွားကျောင်းသော်၎င်း၊ လယ်ပြင် မှ လာ ၍ အိမ်သို့ဝင်သောအခါ၊ ထိုအစေအပါး ကို၊ အသော့ လာ ၍ စားပွဲ၌ လျောင်း လော့ဟု သင် တို့တွင် အဘယ်သူ ပြော မည်နည်း။
8 Je hatamwambia, 'Niandalie chakula nile, na jifunge mkanda na unitumikie mpaka nitakapo maliza kula na kunywa. Baada ya hapo uta kula na kunywa?
၈ထိုအစေအပါး ကို၊ ငါစားစရာ ဘို့ပြင် လော့။ ငါစား သောက် စဉ် တွင်ခါးကိုစည်း ၍ ငါ့ ကို လုပ်ကျွေး လော့။ ထိုနောက်မှ သင် သည် စား သောက် ရမည်ဟု ပြော မည်မ ဟုတ်လော။
9 Hata mshukuru mtumishi huyo kwasababu katimiza yale aliyoamriwa?
၉ထိုအစေအပါး သည် သခင်စီရင် သည်အတိုင်း ပြု သောကြောင့် ၊ သခင်၌ ကျေးဇူးတင် သလော။ ကျေးဇူး မ တင်။
10 Vivyo hivyo nanyi mkiisha kufanya mliyoagizwa semeni 'Sisi tu watumishi tusiostahili. Tumefanya tu yale tuliyopaswa kufanya.'
၁၀ထိုနည်းတူ မှာထား တော်မူသမျှ တို့ကို သင် တို့သည် ကျင့် ပြီးမှ ၊ ငါတို့သည် သခင်၌ ကျေးဇူးပြုသော အစေအပါး ဖြစ် သည်မ ဟုတ်။ ဝတ်ပြေရုံမျှသာရှိသည်ဟု ဝန်ခံကြလော့ ဟုမိန့် တော်မူ၏။
11 Ilitokea kwamba alivyokua akisafiri kwenda Yerusalemu, alipita mpakani mwa Samaria na Galilaya.
၁၁ယေရုရှလင် မြို့သို့ ကြွ တော်မူစဉ် ၊ ရှမာရိ ပြည် နှင့် ဂါလိလဲ ပြည်စပ်ကြား ၌ ရှောက်သွား တော်မူ၏။
12 Alipokua akiingia kwenye kijiji kimoja, huko alikutana na watu kumi waliokuwa na ukoma. Wakasimama mbali
၁၂ရွာ တ ရွာသို့ ဝင် တော်မူသည်တွင် ၊ နူနာစွဲ သော သူ တစ်ကျိပ် တို့သည် ခရီးဦးကြိုပြု ၍ အဝေး ကရပ် လျက်၊
13 wakapaza sauti wakasema “Yesu, Bwana tuhurumie.”
၁၃သခင် ယေရှု ၊ အကျွန်ုပ် တို့ကို ကယ်မ သနားတော်မူပါဟု ဟစ်ကြော် ကြ၏။
14 Alipowaona akawaambia, “Nendeni mkajionyeshe kwa makuhani.” nao walipokua wakienda wakatakasika.
၁၄ယေရှု သည် မြင် တော်မူလျှင် ၊ သင်တို့သည် ယဇ် ပုရောဟိတ်ထံသို့သွား ၍ ကိုယ် ကိုပြ ကြလော့ ဟု မိန့် တော်မူသည်အတိုင်း၊ သူ တို့သည် သွား စဉ် တွင်သန့်ရှင်း ခြင်းသို့ ရောက် ကြ၏။
15 Mmoja wao alipoona kwamba amepona, akarudi kwa sauti kuu akimsifu Mungu.
၁၅ထိုသူ တို့တွင် တစ် ယောက်သောသူသည် အနာ ရောဂါကင်းလွတ်သည်ကို သိမြင် လျှင်၊ ပြန်လာ ၍ ကြီး သောအသံ နှင့် ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
16 Akapiga magoti miguuni mwa Yesu akamshukuru. Yeye alikua msamaria.
၁၆ခြေ တော်ရင်း၌ ပြပ်ဝပ် ၍ ကျေးဇူ တော်ကြီးလှပါသည်ဟု ဝန်ခံလေ၏။ ထိုသူ သည် ရှမာရိ လူဖြစ် သတည်း။
17 Yesu akajibu, akasema, “Je hawakutakasika wote kumi? Wako wapi wale wengine tisa?
၁၇ယေရှု ကလည်း ၊ တစ်ကျိပ် သောသူ တို့သည်သန့်ရှင်းခြင်းသို့ ရောက် ကြသည်မ ဟုတ်လော။ ကိုး ယောက် သောသူ တို့သည်အဘယ်မှာ ရှိကြသနည်း။
18 Hakuna hata mmoja aliyeonekana kurudi ili kumtukuza Mungu, isipokuwa huyu mgeni?”
၁၈ဤ တစ်ပါး အမျိုးသားကိုထား ၍ ဘုရားသခင် ၏ဂုဏ် တော်ကို ချီးမွမ်း ခြင်းငှာပြန်လာ သောသူ တစ်ယောက် မျှ မ ရှိ သလော ဟု မေး တော်မူပြီးမှ ၊
19 Akamwambia, “Inuka na uende zako imani yako imekuponya.”
၁၉သင်ထ ၍ သွား လော့။ သင် ၏ယုံကြည် ခြင်းသည် သင် ၏အနာကိုငြိမ်း စေပြီ ဟု ထိုသူ အား မိန့် တော်မူ၏။
20 Alipoulizwa na mafarisayo ufalme wa Mungu utakuja lini, Yesu akawajibu akisema, “Ufalme wa Mungu sio kitu ambacho kinaweza kuonekana.
၂၀ဖာရိရှဲ တို့သည် လာ၍၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ်ကာလ မှ တည် ပါမည်နည်းဟု မေးလျှောက် ကြလျှင် ၊ ယေရှု က၊ ကောင်းကင် နိုင်ငံ တော်သည် မျက်မြင် သောအရာ၌ မ တည် ။
21 Wala watu hawatasema, 'Angalia hapa!' au, 'Angalia kule!' kwa maana ufalme wa Mungu umo ndani yenu.”
၂၁ဤအရပ် ၌ကြည့် ပါ။ ထို အရပ်၌ ကြည့်ပါဟု ပြော စရာအခွင့်မ ရှိ။ အကြောင်းမူကား ၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် သင် တို့၏အထဲ ၌ရှိ သည် ဟု မိန့် တော်မူ၏။
22 Yesu akawaambia wanafunzi wake, “Wakati utafika ambapo mtatamani kuiona moja ya siku ya Mwana wa Adamu, lakini hamtaiona.
၂၂တဖန် တပည့် တော်တို့အား မိန့် တော်မူသည်ကား ၊ သင်တို့သည် လူ သား ၏နေ့ရက် တစ် ရက်ကိုမျှ တွေ့မြင် လို ၍ ၊ မ တွေ့ မမြင်ရသောအချိန် ကာလ ရောက် လိမ့်မည်။
23 Watawaambia, 'Angalia, kule! Angalia, hapa!' Lakini msiende kuangalia, wala kuwafuafata,
၂၃ဤ အရပ်၌ကြည့် ပါ။ ထို အရပ်၌ကြည့် ပါဟု သင် တို့အားပြောဆို သော်လည်း မ လိုက် မ သွား ကြနှင့်။
24 kama umeme wa radi umulikao katika anga kuanzia upande mmoja hadi mwingine. Hivyo hata Mwana wa Adamu atakuwa ivyo katika siku yake.
၂၄ကောင်းကင် တစ်ဘက်မှ ပြက် သောလျှပ်စစ် သည် ကောင်းကင် အနှံ့အပြား ထွန်းလင်း သကဲ့သို့ ၊ လူ သား သည် မိမိ နေ့ရက် ၌ ဖြစ် တော်မူလတံ့။
25 Lakini kwanza itampasa kuteseka katika mambo mengi na kukataliwa na kizazi hiki.
၂၅ထိုသို့ မ ဖြစ် မှီသူ သည် များစွာ သောဆင်းရဲ ဒုက္ခကို၎င်း ၊ ယခု လူမျိုး ၏ ငြင်းပယ် ခြင်းကို၎င်း ခံရမည်။
26 Kama ilivyokuwa siku za Nuhu, ndivyo itakavyokua katika siku ya Mwana wa Adam.
၂၆နောဧ လက်ထက် ၌ ဖြစ် သကဲ့သို့ လူ သား လက်ထက် ၌ ဖြစ် လိမ့်မည်။
27 Walikula, walikunywa, wakioa na kuolewa mpaka siku ile ambayo Nuhu alipoingia katika safina na gharika ikaja na kuwaangamiza wote.
၂၇နောဧ သည် သင်္ဘော ထဲသို့ ဝင် ၍၊ ရေ လွှမ်းမိုးခြင်းဖြစ် သဖြင့် လူခပ်သိမ်း တို့ကို သုတ်သင်ပယ်ရှင်း သည် နေ့ တိုင်အောင် လူများတို့သည် စား သောက် လျက်၊ ထိမ်းမြား စုံဘက် လျက်နေကြ၏။
28 Ndivyo ilivyokua katika siku za Lutu, walikula, kunywa, wakinunua na kuuza, kulima na walijenga.
၂၈ထိုနည်းတူ ၊ လောတ လက်ထက် ၌ လူများတို့သည်စား သောက် ရောင်း ဝယ် လျက်၊ စိုက်ပျိုး လျက်၊ အိမ် ဆောက် လျက်နေသကဲ့သို့ ၎င်း၊
29 Lakini siku ile Lutu alipoondoka Sodoma, ikanyesha mvua ya moto na kiberiti kutoka mbinguni ikawaangamiza wote.
၂၉လောတ သည် သောဒုံ မြို့မှ ထွက် သောနေ့ ၌ ကောင်းကင် မှ ကန့် နှင့် ရောသောမီး မိုဃ်းရွာ ၍ ထိုလူ အပေါင်း တို့ကို သုတ်သင် ပယ်ရှင်းသကဲ့သို့ ၎င်း ၊
30 Hivyo ndivyo itakavyo kuwa siku ile ya Mwana wa Adamu atakapofunuliwa.
၃၀လူ သား ပေါ်ထွန်း သောနေ့ ၌ ဖြစ် လိမ့်မည်။
31 Siku hiyo, usimruhusu aliye kwenye dari ya nyumba ashuke kuchukue bidhaa zake ndani ya nyumba. Na usimruhusu aliyeko shambani kurudi nyumbani.
၃၁ထို နေ့ရက် ၌ အိမ်မိုး ပေါ်မှာ ရှိ သောသူ သည် မိမိ အိမ် ထဲမှာ ရှိသောဥစ္စာ ကို ယူ ခြင်းငှာမ ဆင်း စေနှင့်။ ထိုအတူ ၊ လယ် ၌ ရှိသောသူ သည် နောက် သို့ လှည့် ၍ မ ပြန်လာစေနှင့်။
၃၂လောတ ၏မယား ကို အောက်မေ့ ကြလော့။
33 Ye yote anaejaribu kuyaokoa maisha yake atayapoteza, lakini ye yote atakayeyapoteza maisha yake atayaokoa.
၃၃အကြင်သူ သည် မိမိ အသက် ကို ကယ်ဆယ် ခြင်းငှာရှာကြံ ၏။ ထိုသူသည် အသက် ရှုံး လိမ့်မည်။ အကြင်သူ သည် အသက်ရှုံး ၏။ ထိုသူသည်မိမိအသက် ကို ကယ်ဆယ် လိမ့်မည်။
34 Nakwambia, usiku huo kutakua na watu wawili katika kitanda kimoja. Mmoja atachukuliwa, na mwingine ataachwa.
၃၄ငါ ဆိုသည်ကား၊ ထို နေ့ညဉ့် တွင် အိပ်ရာ တစ်ခု ၌ ရှိ သောသူ နှစ် ယောက်တို့တွင်တစ် ယောက်ကို သိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
35 Kutakua na wanawake wawili wanasaga nafaka pamoja, mmoja atachukuliwa na mwingine ataachwa.”
၃၅ကြိတ်ဆုံကြိတ် သောသူနှစ် ယောက်တို့တွင် တစ် ယောက်ကိုသိမ်းယူ ၍ တစ် ယောက်မူကား နေရစ် ရလတံ့။
၃၆လယ်၌ရှိသော သူနှစ်ယောက်တို့တွင် တစ်ယောက်ကို သိမ်းယူ၍ တစ်ယောက်မူကား နေရစ်ရလတံ့ ဟု မိန့်တော်မူလျှင်၊
37 Wakamwuliza, “Wapi, Mungu?” Akawaambia, “Pale ulipo mzoga, ndipo tai hukusanyika kwa pamoja.”
၃၇သခင် ၊ အဘယ် အရပ်၌ ထိုသို့ ဖြစ်မည်နည်းဟု မေးလျှောက် ကြသော်၊ အသေ ကောင်ရှိရာအရပ် ၌ ရွှေ လင်းတ တို့သည် စုဝေး ကြလတံ့ ဟု မိန့် တော်မူ၏။