< Luka 14 >

1 Iltokea siku ya Sabato, alipokua akienda nyumbani kwa mmoja wa viongozi wa Mafarisayo kula mkate, nao walikuwa wakimchunguza kwa karibu.
တစ်နေ့သောဥပုသ်နေ့ ၌ ကိုယ်တော် သည် အစာ ကိုသုံးဆောင် ခြင်းငှာအရာရှိ ဖြစ်သော ဖာရိရှဲ တစ် ယောက်၏အိမ် သို့ ဝင် တော်မူလျှင်၊ ထိုသူ တို့သည်ကိုယ်တော် ကို ချောင်းကြည့် ကြ၏။
2 Tazama, pale mbele yake alikuwa mtu ambaye anasumbuliwa na uvimbe.
ရေဖျဉ်းနာ စွဲသောသူ တစ် ယောက်သည် ရှေ့ တော်၌ရှိ ၏။
3 Yesu aliuliza wataalam katika sheria ya Wayahudi na Mafarisayo, “Je, ni halali kumponya siku ya Sabato, au sivyo?”
ဥပုသ်နေ့ ၌ အနာ ရောဂါကို ငြိမ်းစေအပ် သလော ဟု ဖာရိရှဲ နှင့် ကျမ်းတတ် တို့ကို မေး တော်မူလျှင် ၊
4 Lakini wao walikuwa kimya, kwahiyo Yesu akamshika, akamponya na kumruhusu aende zake.
သူတို့သည်တိတ်ဆိတ် စွာနေကြ၏။ ယေရှုသည် ထိုသူ ကိုယူ ၍ အနာ ရောဂါနှင့် ကင်းလွတ်စေပြီးမှ ၊ လွှတ်လိုက် တော်မူ၏။
5 Naye akawaambia, “Ni nani kati yenu ambaye ana mtoto au ng'ombe anatumbukia kisimani siku ya Sabato hata mvuta nje mara moja?”
ပရိသတ် တို့ကိုလည်း ၊ မိမိမြည်း၊ နွား သည် ဥပုသ်နေ့ ၌ တွင်း ထဲသို့ ကျ လျှင် ချက်ခြင်း မ ဆွဲ မတင်ဘဲ နေ မည့်သူတစ်စုံတစ်ယောက် သည် သင် တို့တွင်ရှိသလော ဟု မေး တော်မူလျှင်၊
6 Wao hawakuwa na uwezo wa kutoa jibu kwa mambo haya.
ထို သူတို့သည် စကားတစ်ခွန်းကိုမျှ မပြန် နိုင် ကြ။
7 Wakati Yesu alipogundua jinsi wale walioalikwa kwamba wamechagua viti vya heshima, akawaambia mfano, akiwaambia,
ထိုအခါ ခေါ်ဘိတ် သောသူ တို့သည် မြင့်မြတ် သောနေရာထိုင်ရာကို ရွေး ကြသည်ကို မြင် တော်မူလျှင်၊ သူ တို့အား ဥပမာ ကို မိန့် တော်မူသည်ကား၊
8 “Wakati mnapoalikwa na mtu harusini, usiketi katika nafasi za heshima, kwa sababu inawezekana amealikwa mtu ambaye ni wakuheshimiwa zaidi kuliko wewe.
သူတစ်ပါး သည် မင်္ဂလာဆောင်ပွဲ သို့ သင့်ကိုခေါ်ဘိတ် သောအခါ ၊ မြင့်မြတ် သောနေရာ၌ မ လျောင်း နှင့်။ ထိုသို့ လျောင်းလျှင် သင့် ထက် သာ၍မြတ်သောသူသည် ပွဲသို့လာ သည်ရှိ သော်၊
9 Wakati mtu aliyewaalika ninyi wawili akifika, atakuambia wewe, “mpishe mtu huyu nafasi yako,” na kisha kwa aibu utaanza kuchukua nafasi ya mwisho.
သင်တို့နှစ်ယောက်ကို ခေါ်ဖိတ် သောသူ က၊ ဤ သူအား နေရာ ကိုပေး လော့ဟုလာ ၍ ပြော လိမ့်မည်။ ထိုအခါ သင်သည် ရှက်ကြောက် ခြင်းနှင့် နိမ့် သောနေရာ သို့ ဆင်း ရလိမ့်မည်။
10 Lakini wewe ukialikwa, nenda ukakae mahali pa mwisho, ili wakati yule aliyekualika akija, aweze kukuambia wewe, `Rafiki, nenda mbele zaidi.” ndipo utakuwa umeheshimika mbele ya wote walioketi pamoja nawe mezani.
၁၀သူတစ်ပါးတို့သည် သင့်ကို ခေါ်ဘိတ် သောအခါ ၊ သွား ၍ နိမ့် သောနေရာ ၌ လျောင်း လော့။ ထိုသို့ လျောင်း လျှင် သင့် ကိုခေါ်ဘိတ် သောသူ လာ သည်ရှိသော် ၊ အဆွေ ၊ တက် ပါဟုသင့် ကိုဆို လိမ့်မည်။ ထိုအခါ သင် နှင့်အတူလျောင်း သောသူ တို့ရှေ့ မှာ သင် ၏အသရေ ထင်ရှား လိမ့်မည်။
11 Kwa maana kila ajikwezaye atashushwa, na yeye ajishushae atakwezwa. '
၁၁ကိုယ်ကိုကိုယ် ချီးမြှောက် သောသူ မည်သည်ကားနှိမ့်ချ ခြင်းသို့ရောက်လတံ့။ ကိုယ်ကိုကိုယ် နှိမ့်ချ သော သူ မည်သည်ကားချီးမြှောက် ခြင်းသို့ ရောက်လတံ့ ဟု မိန့် တော်မူ၏။
12 Yesu pia alimwambia mtu aliyemwalika, 'Unapotoa chakula cha mchana au cha jioni, usiwaalike rafiki zako au ndugu zako au jamaa zako au majirani zako matajiri, ili kwamba wao wasije wakakualika wewe ukapata malipo.
၁၂ကိုယ်တော် ကို ခေါ်ပင့် သောသူ အား တစ်ဖန်မိန့် တော်မူသည်ကား၊ သင်သည် နံနက်စာ ၊ ညစာ လုပ်ကျွေး သောအခါ ၊ အဆွေ ခင်ပွန်း၊ ညီအစ်ကို အမျိုးသား ချင်း၊ ငွေရတတ် သော အိမ်နီးချင်း များကို မ ခေါ် မဖိတ် နှင့်။ ထိုသို့ဖိတ်ခေါ်လျှင်၊ သူ တို့သည် နောက်တစ်ဖန် သင့် ကိုဖိတ်ခေါ်၍ ကျေးဇူးဆပ် ကြလိမ့်မည်။
13 Badala yake, unapofanya sherehe, waalike maskini, vilema, viwete na vipofu,
၁၃သင်သည် ပွဲ ခံ သောအခါ ဆင်းရဲ သောသူ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသော သူများကို ခေါ်ဘိတ် လော့။
14 na wewe utabarikiwa, kwa sababu hawawezi kukulipa. Kwa maana utalipwa katika ufufuo wa wenye haki.”
၁၄ထိုသို့ခေါ်ဘိတ်လျှင် မင်္ဂလာ ရှိ လိမ့်မည်။ အကြောင်းမူကား ၊ ထိုသူတို့သည် ကျေးဇူးမ ဆပ် နိုင် သည် ဖြစ်၍ ၊ ဖြောင့်မတ် သောသူ တို့သည် ထမြောက် သည် ကာလ၌ သင် သည် ကျေးဇူးဆပ် ခြင်းအကျိုးကိုခံရလတံ့ ဟု မိန့်တော်မူ၏။
15 Wakati mmoja wa wale walioketi mezani pamoja na Yesu aliposikia hayo, naye akamwambia, “Amebarikiwe yule atakayekula mkate katika Ufalme wa Mungu!”
၁၅စားပွဲ၌ လျောင်း သော သူ တစ် ယောက်သည် ထို စကားတော်ကို ကြား လျှင် ၊ ဘုရားသခင် ၏နိုင်ငံ တော်၌ ပွဲဝင် သောသူ သည် မင်္ဂလာ ရှိ၏ဟု လျှောက် သော်၊
16 Lakini Yesu akamwambia, “Mtu mmoja aliandaa sherehe kubwa, akaalika watu wengi.
၁၆ကိုယ်တော်က၊ လူ တစ်ဦး သည် ကြီးစွာ သောပွဲ ကို စီရင် ၍ ၊ လူများ တို့ကို ခေါ်ဘိတ် လေ၏။
17 Wakati sherehe ilipokuwa tayari, alimtuma mtumishi wake kuwaambia wale walioalikwa, `'Njooni, kwa sababu vitu vyote vimekwisha kuwekwa tayari.'
၁၇ပွဲ ခံချိန် ရောက်သောအခါ ၊ ခေါ်ဘိတ် သောသူ တို့ကို၊ လာ ကြပါ။ အလုံးစုံတို့သည် အသင့် ရှိ ပြီဟု မှာ ၍ အစေအပါး ကို စေလွှတ် ၏။
18 Wote, wakaanza kuomba radhi. Wa kwanza akamwambia mtumishi, 'Nimenunua shamba, lazima niende kuliona. Tafadhali unisamehe.'
၁၈ခေါ်အပ်သော သူအပေါင်း တို့သည် တစ်ညီတစ်ညွတ် တည်းပရိယာယ်ပြု ကြ၏။ တစ် ယောက်က၊ အကျွန်ုပ်သည် မြေရာ ကို ဝယ် ပါပြီ။ သွား ၍ ကြည့် ရ ပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦးလော့ဟု တောင်းပန် လေ၏။
19 Na mwingine akasema, `'Nimenunua jozi tano za ng'ombe, na mimi naenda kuwajaribu. Tafadhali uniwie radhi.'
၁၉တစ် ယောက်က အကျွန်ုပ်သည် နွား ငါး ယဉ် ကို ဝယ် ပါပြီ။ သွား ၍ စမ်း ရပါမည်။ အကျွန်ုပ် ကို လွှတ် ပါဦး လော့ဟု တောင်းပန် လေ၏။
20 Na mtu mwingine akasema, 'Nimeoa mke, kwa hiyo siwezi kuja.'
၂၀တစ် ယောက်က၊ အကျွန်ုပ်သည် မယား နှင့် လက်ထပ် ပါပြီ။ ထိုကြောင့် အကျွန်ုပ်မ လာ နိုင် ပါဟုဆို ၏။
21 Mtumishi akarudi na kumwambia bwana wake mambo hayo. Yule mwenye nyumba alikasirika akamwambia mtumishi wake, `'Nenda upesi mitaani na katika vichochoro vya mji ukawalete hapa maskini, vilema, vipofu na walemavu.”
၂၁အစေအပါး သည် သခင့် ထံသို့ပြန်လာ ၍ ထို အကြောင်းများကိုလျှောက် လေ၏။ ထိုအခါ အိမ်ရှင် သည် အမျက်ထွက် ၍၊ မြို့ လမ်းမ လမ်းကြား သို့ အသော့ သွား ချေ။ ဆင်းရဲ သောသူ ၊ အင်္ဂါ ချို့တဲ့သောသူ၊ ခြေမစွမ်း သောသူ၊ မျက်စိ ကန်းသောသူများကို ခေါ်သွင်း ချေဟု အစေအပါး ကို ဆို ၏။
22 Mtumimishi akasema, `Bwana, hayo uliyoagiza yamekwisha tendeka, na hata sasa bado kuna nafasi.'
၂၂အစေအပါး ကလည်း ၊ သခင် စီရင် တော်မူသည်အတိုင်း ပြု ပါပြီ။ သို့သော်လည်း လပ်သောနေရာထိုင်ရာ ရှိ ပါသေး သည်ဟု လျှောက် လေသော်၊
23 Bwana akamwambia mtumishi, 'Nenda katika njia kuu na vichochoro na uwashurutishe watu waingie, ili nyumba yangu ijae.
၂၃သခင် က၊ မြို့ပြင်၊ လမ်းမ ၊ ခြံနား သို့ သွား ဦးလော့။ ငါ့ အိမ် ကို ပြည့် စေခြင်းငှာ အနိုင် အထက်ခေါ်သွင်း လော့။
24 Kwamaana nawaambia, katika wale walioalikwa wa kwanza hapana atakayeonja sherehe yangu. '
၂၄အထက်က ခေါ်ဘိတ် သောသူ တစ်ယောက်မျှ ငါ့ ပွဲ သို့ မဝင် ရ၊ ငါအမိန့်ရှိ ပြီဟု အစေအပါး ကို ဆို သည် ဟု မိန့်တော်မူ၏။
25 Sasa umati mkubwa walikuwa wanakwenda pamoja naye, naye akageuka na akawaambia,
၂၅လူ အစုအဝေးအပေါင်း တို့သည် နောက်တော်သို့လိုက် ကြသည်ကို ယေရှုသည်လှည့် ၍ကြည့်တော်မူပြီးလျှင် ၊
26 'Kama mtu akija kwangu naye hamchukii baba yake, mama yake, mke wake, watoto wake, ndugu zake waume na wanawake- ndio, na hata maisha yake pia -hawezi kuwa mwanafunzi wangu.
၂၆အကြင်သူ သည် ငါ့ ထံသို့ လာ ၍ မိဘ ၊ သား မယား ၊ ညီအစ်ကို ၊ နှမ တို့ကို၎င်း ၊ ထိုမျှမက မိမိ အသက် ကိုမ မုန်း ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
27 Mtu asipochukua msalaba wake na kuja nyuma yangu hawezi kuwa mwanafunzi wangu.
၂၇အကြင်သူ သည် မိမိ လက်ဝါးကပ်တိုင် ကိုထမ်း ၍ ငါ့ နောက် သို့မ လိုက် ၊ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
28 Maana ni nani kati yenu, ambaye anatamani kujenga mnara hataketi kwanza akadirie gharama kwa mahesabu kama ana kile anachohitaji ili kukamilisha hilo?
၂၈သင် တို့တွင် တစ်ယောက်သောသူသည် တိုက် ကို တည် မည်ဟု အကြံရှိလျှင် ၊ ထိုတိုက်ပြီး အောင်ငွေ လောက် မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာ ထိုင် ၍ ကုန် စရိတ်ကို မ ချင့်တွက် ဘဲနေမည်လော။
29 Vinginevyo, baada ya kuweka msingi na kushindwa kumaliza, wote walioona wataanza kumdhihaki,
၂၉သို့မဟုတ် တိုက်မြစ် ကိုတည် ၍ တိုက်ကို မ ပြီး နိုင် လျှင်၊ သိမြင် သောသူ အပေါင်း တို့က၊
30 wakisema, Mtu huyu alianza kujenga, akawa hana nguvu za kumaliza.'
၃၀ဤ သူ သည် တည် စ ပြု၍ အစ မ သတ်နိုင် ဟု ကဲ့ရဲ့ ကြလိမ့်မည်။
31 Au mfalme gani, akitaka kwenda kupigana na mfalme mwingine katika vita, ambae hatakaa chini kwanza na kuchukua ushauri kuhusu kama ataweza, pamoja na watu elfu kumi kupigana na mfalme mwingine anayekuja juu yake na watu elfu ishirini?
၃၁တစ်နည်းကား ၊ တစ်စုံတစ်ယောက်သော ရှင်ဘုရင် သည် အခြား သောရှင်ဘုရင် နှင့် စစ် ပြိုင် မည်ဟု အကြံရှိလျှင် ၊ လူနှစ်သောင်း နှင့် ချီလာ သော ရှင်ဘုရင်ကို လူတစ်သောင်း နှင့် ခံ နိုင်မည်မခံနိုင်မည်ကို ရှေးဦးစွာ ထိုင် ၍ မ ဆင်ခြင် ဘဲ နေမည်လော။
32 Na kama sivyo, wakati jeshi la wengine bado liko mbali, hutuma balozi kutaka masharti ya amani.
၃၂မ ခံနိုင်သည် မှန်လျှင် ၊ အခြားသောရှင်ဘုရင် ဝေး သေးသောအခါ သံတမန် ကို စေလွှတ် ၍ စစ်ငြိမ်း မည် အကြောင်း တောင်းပန် တတ်သည်မဟုတ်လော။
33 Kwa hiyo basi, yeyote kati yenu ambaye hataacha vyote alivyo navyo, hawezi kuwa mwanafunzi wangu.
၃၃ထိုနည်းတူ ၊ သင် တို့တွင် အကြင်သူ သည် မိမိ ၌ရှိသမျှ ကို မ စွန့် ဘဲနေ၏။ ထိုသူသည် ငါ့ တပည့် မ ဖြစ် နိုင် ရာ။
34 Chumvi ni nzuri, lakini ikiwa Chumvi imepoteza ladha yake, jinsi gani inaweza kuwa chumvi tena?
၃၄ဆား မူကား ကောင်း ၏။ သို့သော်လည်း အငန် ကင်းပျောက်လျှင် ငန်သောအရသာ ကို အဘယ်သို့ ရ ပြန်မည်နည်း။
35 Haina matumizi kwa udongo au hata kwa mbolea. hutupwa mbali. Yeye aliye na masikio ya kusikia, na asikie.”
၃၅မြေ ဘို့ မ ကောင်း ၊ အမှိုက်ပုံ ဘို့ မ ကောင်း၊ ထိုဆား ကို ပြင် သို့ပစ် လိုက်တတ်၏။ ကြား စရာနား ရှိ သော သူ မည်သည်ကားကြား ပါစေ ဟု မိန့် တော်မူ၏။

< Luka 14 >