< Luka 13 >

1 Kwa wakataihuo huo, kulikuwa na baadhi watu waliomtaarifu juu ya Wagalilaya ambao Pilato aliwaua na kuchanganya damu yao na sadaka zao.
ထို အခါ လူအချို့ တို့သည်လာ ၍ ၊ ပိလတ် မင်းသည် ဂါလိလဲ လူအချို့တို့၏အသွေး ကို မိမိ တို့ ပူဇော် သော ယဇ်ကောင် တို့နှင့် ရောနှော ကြောင်း ကို လျှောက် ကြလျှင်၊
2 Yesu akajibu na kuwaambia, “Je mwadhani kuwa Wagalilaya hao walikuwa na dhambi kuliko Wagalilaya wengine wote ndiyo maana wamepatwa na mabaya hayo?
ယေရှုက၊ ထို ဂါလိလဲ လူတို့သည် ထိုသို့ ခံရ သောကြောင့် ၊ အခြားသော ဂါလိလဲ လူအပေါင်း တို့ထက် သာ၍အပြစ် ရှိသည်ဟု ထင် ကြသလော။
3 Hapana, nawaambia, lakini msipotubu, nanyi mtaangamia vivyo hivyo.
သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်ဟု ငါဆို ၏။
4 Au wale watu kumi na nane katika Siloamu ambao mnara ulianguka na kuwaua, mnafikiri wao walikuwa wenye dhambi zaidi kuliko watu wengine katika Yerusalemu?
ထိုမှတပါး ၊ ရှိလောင် ပြအိုး လဲ ၍ ပိသောသူ တကျိပ်ရှစ်ယောက်တို့သည် ယေရုရှလင် မြို့သားအပေါင်း တို့ထက် သာ၍အပြစ် ရှိ သည်ဟု ထင် ကြသလော။
5 Hapana, mimi nasema, lakini kama msipotubu, ninyi nyote pia mtaangamia.
သာ၍အပြစ်ရှိသည်မ ဟုတ်။ သင်တို့ ရှိသမျှ သည်လည်း နောင်တ မ ရလျှင် ပျက်စီး ခြင်းသို့ရောက်ကြ လိမ့်မည်။ ငါ ဆိုသည် ဟုမိန့်တော်မူ၏။
6 Yesu aliwaambia mfano huu, “Mtu mmoja alikuwa na mtini umepandwa katika shamba lake na alikwenda kutafuta matunda juu yake lakini hakupata.
တစ်ဖန် ဥပမာ ကို မိန့် တော်မူသည်ကား၊ လူတစ် ယောက်သည် ဥယျာဉ် ၌ စိုက် သော သင်္ဘောသဖန်း ပင် တစ်ပင်ရှိ ၏။ ထိုအပင် သို့ လာ ၍ အသီး ကိုရှာ သော်လည်းမ တွေ့ ။
7 Akamwambia mtunza bustani, 'Tazama, kwa miaka mitatu nimekuja na kujaribu kutafuta matunda kwenye mtini huu lakini sikupata. Uukate. Kwani ulete uharibifu wa ardhi?
ထိုအခါ ဥယျာဉ်စောင့် အား လည်း၊ သုံး နှစ် ပတ်လုံး ဤ သင်္ဘောသဖန်း ပင်သို့ ငါလာ ၍ အသီး ကို ရှာ သော်လည်း မ တွေ့ မရ။ ခုတ်ပစ် လော့။ အဘယ်ကြောင့် မြေ ကိုနှောင့်ရှက် ရသနည်းဟု အမိန့် ရှိသော်၊ ဥယျာဉ်စောင့်က၊ သခင် ၊ ယခု နှစ် ရှိ ပါစေဦး။
8 Mtunza bustani akajibu na kusema, 'uache mwaka huu ili niupalilie na kuweka mbolea juu yake.
အကျွန်ုပ်သည် အပင် နားပတ်လည် ကို တူးဆွ ၍ နောက်ချေး ကို ဖို့ ပါမည်။
9 Kama ukizaa matunda mwaka ujao, ni vema; lakini kama hautazaa, uukate!”'
အသီး သီးကောင်းသီး ပါလိမ့်မည်။ သို့မဟုတ် နောက်မှ ခုတ်ပစ် တော်မူပါဟုလျှောက် လေသည် ဟု မိန့်တော်မူ၏။
10 Sasa Yesu alikuwa akifundisha katika mojawapo ya Masinagogi wakati wa Sabato.
၁၀တစ် နေ့သောဥပုသ်နေ့ ၌ ယေရှုသည် တရားစရပ် တွင် ဆုံးမ ဩဝါဒပေးတော်မူသောအခါ ၊
11 Tazama, alikuwepo mama mmoja ambaye kwa miaka kumi na minane alikuwa na rohomchafu wa udhaifu, na yeye alikuwa amepinda na hana uwezo kabisa wa kusimama.
၁၁တစ်ဆယ်ရှစ်နှစ် ပတ်လုံးနတ် စွဲ၍ ရောဂါ နှိပ်စက်ခြင်းကို ခံရသောမိန်းမ တစ်ယောက်ရှိ ၏။ ထိုမိန်းမသည်ကျော ကုန်း၍ ကိုယ် ကို အလျှင်း မ ဆန့် နိုင် ။
12 Yesu alipomwona, alimwita, akamwambia, “Mama, umewekwa huru kutoka kwenye udhaifu wako.”
၁၂ယေရှု သည် ထိုမိန်းမ ကိုမြင် တော်မူလျှင် အထံ တော်သို့ခေါ် ၍ ၊ အချင်းမိန်းမ ၊ သင် သည် အနာ ရောဂါ နှင့် လွတ် ၏ ဟု မိန့် တော်မူလျက်၊
13 Akaweka mikono yake juu yake, na mara mwili wake akajinyoosha na akamtukuza Mungu.
၁၃သူ့ ပေါ်မှာလက် တော်ကို တင် တော်မူသဖြင့် ၊ သူသည် ချက်ခြင်း တည့်မတ် ခြင်းသို့ရောက်၍ ဘုရားသခင် ၏ ဂုဏ် တော်ကို ချီးမွမ်းလေ၏။
14 Lakini mkuu wa sinagogi alikasirika kwa sababu Yesu alikuwa amemponya siku ya Sabato. Hivyo mtawala akajibu akawambia makutano, “Kuna siku sita ambazo ni lazima kufanya kazi. Njoni kuponywa basi, si katika siku ya Sabato. '
၁၄ထိုသို့ ဥပုသ်နေ့ ၌ ယေရှု သည် အနာ ရောဂါကိုငြိမ်းစေတော်မူသောကြောင့် တရားစရပ်မှူး သည် အမျက်ထွက် ၍ ၊ အလုပ်လုပ် ရ သော နေ့ရက် ခြောက် ရက်ရှိ ၏။ ထိုနေ့ရက်တွင် လာ ၍အနာ ရောဂါငြိမ်းစေခြင်းကျေးဇူးကို ခံကြလော့။ ဥပုသ်နေ့ ၌ မ လာမခံကြနှင့်ဟု ပရိသတ် တို့အားဆို ၏။
15 Bwana akamjibu na akasema, “wanafiki! Hakuna kila mmoja wenu kufungua punda wako au ng'ombe kutoka zizini na kuwaongoza kumpeleka kunywa siku ya Sabato?
၁၅သခင် ဘုရားကလည်း ၊ လျှို့ဝှက် သောသူ၊ သင် တို့ရှိသမျှ သည် ဥပုသ်နေ့ ၌ မြင်း ၊ နွား ကို တင်းကုပ် မှ လွှတ် ၍ ရေတိုက် ခြင်းငှာဆောင်သွား တတ်သည် မဟုတ်လော။
16 Hivyo pia binti wa Abrahamu, ambaye Shetani amemfunga kwa miaka kumi na minane, je haikumpasa kifungo chake kisifunguliwe siku ya sabato?”
၁၆တစ်ဆယ် ရှစ် နှစ် ပတ်လုံးစာတန် ချည်နှောင် သော အာဗြဟံ ၏သမီး ဖြစ် သော ဤ မိန်းမကိုဤ ချည်နှောင် ခြင်းမှ ဥပုသ်နေ့ ၌ မ လွှတ် ရ သလော ဟု မိန့် တော်မူ၏။
17 Alipokuwa akisema maneno hayo, wale wote waliompinga waliona aibu, bali makutano wote wa wengine walishangilia kwa ajili ya mambo ya ajabu aliyotenda.
၁၇ထိုသို့ မိန့် တော်မူပြီးမှရန်ဘက် နေသော သူ အပေါင်း တို့သည် ရှက်ကြောက် ခြင်းရှိ၍ ၊ ပြု တော်မူသောအံ့ဩဘွယ် အမှုများတို့ကို လူ အပေါင်း တို့သည်နှစ်သက် ဝမ်းမြောက်ကြ၏။
18 Yesu akasema, “Ufalme wa Mungu unafanana na nini, na naweza kuulinganisha na nini?
၁၈တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်သည် အဘယ် အရာနှင့် တူ သနည်း။ အဘယ်သို့ ပုံပြ ရအံ့နည်း။
19 Ni kama mbegu ya haradari aliyoitwaa mtu mmoja na kuipanda shambani mwake, na ikamea ikawa mti mkubwa, na ndege wa mbinguni wakajenga viota vyao katika matawi yake.
၁၉လူ သည် ယူ ၍ ဥယျာဉ် ၌ စိုက် သော မုန်ညင်း စေ့ နှင့်တူ ၏။ ထို အစေ့သည် ကြီးပွား ၍ အပင် ကြီးဖြစ် ၏။ မိုဃ်း ကောင်းကင်ငှက် တို့သည်လည်း အကိုင်းအခက် တို့၌ နားနေ မှီခိုကြသည် ဟုမိန့်တော်မူ၏။
20 Tena akasema, “Niufananishe na nini ufalme wa Mungu?
၂၀တစ်ဖန် မိန့် တော်မူသည်ကား၊ ဘုရားသခင် ၏ နိုင်ငံ တော်ကို အဘယ်သို့ ပုံပြ ရအံ့နည်း။
21 Ni kama chachu ambayo mwanamke aliichukua na kuchanganyakwenye vipimo vitatu vya unga hata ukaumuka.”
၂၁မိန်းမ သည် တဆေး ကိုယူ ၍ မုန့်ညက် သုံး တင်း ၌ ထည့် သဖြင့်၊ မုန့်ညက်ရှိသမျှ ကို ဖောင်းကြွ စေတတ် သော တဆေးနှင့်တူ သည် ဟုမိန့်တော်မူ၏။
22 Yesu alitembelea kila mji na kijiji njiani akielekea Yerusalemu na kuwafundisha.
၂၂ထိုအခါ ယေရှုသည် မြို့ ရွာ တို့ကို ဒေသစာရီ လှည့်လည်လျက်၊ ဆုံးမ ဩဝါဒပေးလျက်၊ ယေရုရှလင် မြို့ သို့ ခရီး သွား တော်မူ၏။
23 Mtu mmoja akauliza, “Bwana, ni watu wachache tu watakaookolewa?” Hivyo akawaambia,
၂၃လူတစ်ဦး ကလည်း ၊ သခင် ၊ ကယ်တင် ခြင်းသို့ ရောက်သောသူ တို့သည်များသလော ၊ နည်း သလောဟု မေးလျှောက် လျှင် ၊
24 “Jitahidi kuingia kwa kupitia mlango mwembamba, kwa sababu wengi watajaribu na hawataweza kuingia.
၂၄ကျဉ်းမြောင်း သောတံခါးဝ ကို ဝင် ခြင်းငှာကြိုးစားအားထုတ် ကြလော့။ အကြောင်းမူကား ၊ အများ သော သူတို့သည် ဝင် ခြင်းငှာအလိုရှိ သော်လည်း မ စွမ်းနိုင် ကြဟု ငါဆို ၏။
25 Mara baada ya mmiliki wa nyumba kusimama na kufunga mlango, basi mtasimama nje na kupiga hodi mlangoni na kusema, Bwana, Bwana, tufungulie yeye atajibu na kuwaambia, siwajui ninyi wala mtokako.'
၂၅အိမ်ရှင် သည် တစ်ခါထ ၍ တံခါး ကို ပိတ် ပြီးမှ ၊ သင်တို့သည် ပြင် ၌ရပ် ၍ တံခါး ကိုခေါက် လျက်၊ သခင် ၊ သခင်၊ အကျွန်ုပ် တို့အားဖွင့် ပါဟု တောင်းလျှောက် သော်လည်း ၊ သခင်က၊ သင် တို့သည် အဘယ် ကလာသည်ကို ငါမ သိ ဟု ပြန်ပြော လိမ့်မည်။
26 Ndipo mtasema, Tulikula na kunywa mbele yako na wewe ulifundisha katika mitaa yetu.”
၂၆ထိုအခါ သင်တို့ကလည်း၊ အကျွန်ုပ်တို့သည် အထံ တော်၌ စား သောက် ပါပြီ။ အကျွန်ုပ် တို့နေသော မြို့ ရွာ၌ ကိုယ်တော်သည် ဆုံးမ ဩဝါဒပေးတော်မူပြီဟုလျှောက် ပြန်သော်လည်း ၊
27 Lakini yeye atawajibu, `nawaambia, siwajui mtokako, ondokeni kwangu, ninyi watenda maovu!'
၂၇သခင်က၊ သင် တို့သည် အဘယ် ကလာ သည်ကို ငါမ သိ ဟု ငါဆို ပြီ။ မတရား သောအမှုကိုပြု သောသူ အပေါင်း တို့၊ ငါ့ ထံမှ ဖယ်သွား ကြဟု ပြော လိမ့်မည်၊
28 Kutakuwa na kilio na kusaga meno wakati mtakapowaona Abrahamu, Isaka, Yakobo na manabii wote katika ufalme wa Mungu, lakini ninyi wenyewe mumetupwa nje.
၂၈ထိုအခါ အာဗြဟံ ၊ ဣဇာက် ၊ ယာကုပ် မှစသော ပရောဖက် အပေါင်း တို့သည် ဘုရားသခင် ၏ နိုင်ငံ တော် ထဲသို့ ဝင်၍၊ သင် တို့သည် ပြင် သို့ နှင်ထုတ် ခြင်းကို ခံရသောအခါ ငိုကြွေး ခြင်း၊ အံသွား ခဲကြိတ် ခြင်းရှိ လတံ့။
29 Watafika kutoka Mashariki, Magharibi, Kaskazini na Kusini, na kupumzika katika meza ya chakula cha jioni katika ufalme wa Mungu.
၂၉ထိုအခါ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာကလာ ၍ ဘုရားသခင် ၏ နိုင်ငံ တော်ထဲတွင် လျောင်း ရကြလတံ့။
30 Na tambua hili, wa mwisho ni wa kwanza na wa kwanza atakuwa wa mwisho.”
၃၀နောက်ကျ သောသူ အချို့တို့သည် အရင် ကျ ကြလိမ့်မည်။ အရင် ကျ သောသူ အချို့တို့သည် နောက်ကျ ကြလိမ့်မည် ဟု မိန့် တော်မူ၏။
31 Muda mfupi baadaye, baadhi ya Mafarisayo walikuja na kumwambia, “Nenda na ondoka hapa kwa sababu Herode anataka kukuua.”
၃၁ထိုအခါ ဖာရိရှဲ အချို့ တို့သည် အထံ တော်သို့လာ ၍၊ ဤ အရပ်မှ ထွက်သွား ပါ။ ဟေရုဒ် မင်းသည် ကိုယ်တော် ကိုသတ် မည် အကြံရှိပါသည်ဟု လျှောက် ကြလျှင်၊ ကိုယ်တော်က၊ သင်တို့သွား ကြလော့။
32 Yesu akasema, “Nendeni mkamwambie yule mbweha, `Tazama, ninawafukuza pepo na kufanya uponyaji leo na kesho, na siku ya tatu nitatimiza lengo langu.
၃၂ယခု နေ့နှင့် နက်ဖြန် နေ့၌ နတ်ဆိုး တို့ကိုနှင်ထုတ် ၍ အနာ ရောဂါကိုငြိမ်းစေ၏။ သုံး ရက်မြောက်သော နေ့၌ စုံလင် ခြင်းသို့ ရောက်မည်အရာကို ထို မြေခွေး အား ပြော ကြလော့။
33 Katika hali yoyote, ni muhimu kwa ajili yangu kuendelea leo, kesho, na siku iliyofuata, kwa vile haikubaliki kumuua nabii mbali na Yerusalemu.
၃၃သို့သော်လည်း ယခု နေ့၊ နက်ဖြန် နေ့၊ သန်ဘက် နေ့၌ ငါ သွား ရ သေး၏။ အကြောင်းမူကား ၊ ယေရုရှလင် မြို့မှတပါး အခြားသော အရပ်၌ အဘယ် ပရောဖက် မျှ မဆုံး ရာ ။
34 Yerusalemu, Yerusalemu, nani anawaua manabii na kuwapiga mawe wale waliotumwa kwenu. Mara ngapi nimetaka kuwakusanya watoto wenu kama vile kuku anavyokusanya vifaranga vyake chini ya mbawa zake, lakini humkulitaka hili.
၃၄အိုယေရုရှလင် မြို့၊ ယေရုရှလင် မြို့၊ သင်သည် ပရောဖက် တို့ကိုသတ် မြဲရှိ၏။ သင် ရှိရာ သို့ စေလွှတ် သောသူ တို့ကိုလည်းကျောက်ခဲ နှင့်ပစ်မြဲရှိ၏။ ကြက်မ သည် မိမိ သားငယ် တို့ကို အတောင် အောက် ၌ စုရုံးသကဲ့သို့ သင် ၏သား တို့ကို စုရုံး စေခြင်းငှာကြိမ်ဖန် များစွာငါအလိုရှိ ၏။ သင်မူကား အလို မ ရှိ။
35 Tazama, nyumba yako imetelekezwa. Nami nawaambia, hamuwezi kuniona hata mtakaposema 'Amebarikiwa huyo ajaye kwa jina la Bwana.'”
၃၅သင် တို့နေသောအိမ် သည် သင် တို့၌ လူဆိတ်ညံလျက်ကျန်ရစ် ရ၏။ ငါဆို သည်ကား၊ ထာဝရ ဘုရား၏ အခွင့် နှင့် ကြွလာ သောသူ သည် မင်္ဂလာ ရှိစေသောဟုသင် တို့မ ပြောမှီတိုင်အောင်ယခုမှစ၍သင် တို့သည် ငါ့ မျက်နှာကိုမ မြင် ရကြ ဟု မိန့် တော်မူ၏။

< Luka 13 >