< Mambo ya Walawi 14 >
1 Yahwe alizungumza na Musa, akisema,
၁ထာဝရဘုရားကကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအားဘာသာရေးထုံးနည်း အရ သန့်စင်စေခြင်းဆိုင်ရာအောက်ဖော်ပြ ပါပညတ်များကိုမောရှေအားချမှတ်ပေး တော်မူ၏။ ထိုသူအားသန့်စင်သူအဖြစ် ကြေညာမည့်နေ့၌ယဇ်ပုရောဟိတ်ထံသို့ ခေါ်ဆောင်ခဲ့ရမည်။-
2 “Hii itakuwa sheria kwaajili ya mtu aliyekufa kwenye siku ya utakaso. Lazima aletwe kwa kuhani.
၂
3 Kuhani atakwenda nje ya kambi kumchunguza mtu kuona kama madhara ya ugonjwa wa ngozi yameponywa.
၃ယဇ်ပုရောဟိတ်သည်သူ့ကိုစခန်းအပြင် သို့ထုတ်၍စစ်ဆေးရမည်။ သူ၏ရောဂါ ပျောက်ကင်းလျှင်၊-
4 Ndipo kuhani ataamuru kwamba mtu mwenye kutakaswa lazima achukue ndege safi wawili, waliohai, mti wa mwerezi, kitani nyekundu na hisopo.
၄ဘာသာရေးထုံးနည်းအရသန့်စင်သောငှက် နှစ်ကောင်နှင့်တကွသစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကိုယူဆောင်စေ ခဲ့ရမည်။-
5 Kuhani atamwamuru kuua moja ya hao ndege juu ya maji safi yaliyo kwenye chungu cha udongo.
၅ထို့နောက်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ ငှက်တစ်ကောင်ကိုသတ်စေရ မည်။-
6 Ndipo kuhani atamchukua ndege aliyehai na mti wa mwerezi, na kitani nyekundu na hisopo, na vyote hivi, pamoja na ndege aliyehai atavichovya kwenye damu ya ndege aliyechinjiwa kwenye maji safi.
၆ယဇ်ပုရောဟိတ်သည်သစ်ကတိုးသား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်နှင့်တကွငှက်အရှင်ကို သတ်ပြီးသောငှက်၏သွေးထဲ၌နှစ်ရမည်။-
7 Ndipo kuhani atanyunyiza maji haya mara saba juu ya mtu anayetakaswa katika ugonjwa, na ndipo kuhani atamtangaza kuwa msafi. Ndipo kuhani atamwachia ndege aliyehai katika eneo wazi.
၇ထို့နောက်သူသည်ကိုယ်ရေပြားရောဂါ ပျောက်ကင်းသူအား သွေးဖြင့်ခုနစ်ကြိမ်ပက် ဖျန်းပြီးလျှင်သန့်စင်သူဖြစ်ကြောင်းကြေ ညာရမည်။ ငှက်အရှင်ကိုကွင်းပြင်သို့ပျံ စေရမည်။-
8 Mtu aliyetakaswa atafua nguo zake, atanyoa nywele zake zote, ataoga kwa maji, na ndipo atakuwa safi. Baada ya hayo lazima aje kwenye kambi, lakini ataishi nje ya hema lake kwa siku saba.
၈ရောဂါပျောက်ကင်းသူသည်မိမိအဝတ် များကိုဖွပ်လျှော်၍ ကိုယ်ပေါ်မှအမွေးရှိ သမျှကိုရိတ်ပြီးလျှင်ရေချိုးရမည်။ ထို အခါသူသည်ဘာသာရေးထုံးနည်းအရ သန့်စင်သဖြင့် စခန်းအတွင်းသို့ပြန်ဝင် နိုင်သည်။ သို့ရာတွင်သူ၏တဲအပြင်၌ ခုနစ်ရက်နေထိုင်ရမည်။-
9 Katika siku ya saba lazima anyoe nywele za kichwa chake, na lazima pia anyoe ndevu zake na nyusi. Lazima anyoe nywele zake zote, na lazima afue nguo zake na aoge kwenye maji; ndipo atakuwa safi.
၉သတ္တမနေ့တွင်သူ၏ဆံပင်၊ မုတ်ဆိတ်မွေး၊ မျက်ခုံးမွေးနှင့်ကိုယ်ပေါ်မှအမွေးရှိသမျှ ကိုတစ်ဖန်ရိတ်ပြီးလျှင် မိမိအဝတ်များ ကိုဖွပ်လျှော်၍ရေချိုးရမည်။ ထိုအခါသူ သည်ဘာသာရေးထုံးနည်းအရသန့်စင် လိမ့်မည်။
10 Katika siku ya nane lazima achukue dume wa wana kondoo wawili wasio na lawama, mwana kondoo jike wa mwaka mmoja asiye na lawama, na tatu ya kumi ya efa ya unga safi uliochanganywa mafuta kama sadaka ya nafaka, na kipimo kimoja cha mafuta.
၁၀အဋ္ဌမနေ့၌သူသည် အပြစ်အနာကင်း သောတစ်နှစ်သားအရွယ် သိုးထီးကလေး နှစ်ကောင်၊ သိုးမကလေးတစ်ကောင်၊ သံလွင် ဆီနှင့်ရောသောမုန့်ညက်ငါးပေါင်နှင့်သံလွင် ဆီအဝက်သားကိုယူဆောင်ခဲ့ရမည်။-
11 Kuhani ambaye amemtakasa mtu atamsimamisha mtu ambaye aliyemtakasa, pamoja na vile vitu, mbele ya Yahwe mahali pa kuingilia kwenye hema ya mkutano.
၁၁ယဇ်ပုရောဟိတ်သည်ထိုသူကိုအထက်ပါ ပူဇော်သကာများနှင့်တကွ ထာဝရဘုရား စံတော်မူရာတဲတော်တံခါးဝသို့ခေါ် ဆောင်ခဲ့ရမည်။-
12 Kuhani atachukua mmoja wa wanakondoo dume na kumtoa kama sadaka ya hatia, pamoja na kipimo cha mafuta; atavitikisa kwa sadaka ya kutikiswa mbele ya Yahwe.
၁၂ထို့နောက်ယဇ်ပုရောဟိတ်သည်သိုးအထီး တစ်ကောင်နှင့် သံလွင်ဆီအဝက်သားကို အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရ မည်။ ထိုပူဇော်သကာတို့ကို ယဇ်ပုရောဟိတ် အတွက်ထာဝရဘုရားအား အထူးလှူ ဖွယ်အဖြစ်ဆက်ကပ်ရမည်။-
13 Lazima aue mwana kondoo dume mahali ambapo wanapochinjia sadaka ya dhambi na sadaka ya kuteketezwa, katika eneo la hema, sababu sadaka ya dhambi ni ya kuhani, kama afanyavyo sadaka ya hatia, kwasababu ni takatifu zaidi.
၁၃သူသည်အပြစ်ဖြေရာယဇ်ကောင်နှင့်မီးရှို့ ရာယဇ်ကောင်များကို သတ်သောသန့်ရှင်းရာ ဌာနတွင်သိုးကိုသတ်ရမည်။ အပြစ်ဒဏ်ပြေ ရာယဇ်ကောင်သည်အပြစ်ဖြေရာယဇ်ကောင် ကဲ့သို့ ယဇ်ပုရောဟိတ်ပိုင်ရာဖြစ်၏။ ထိုယဇ် သည်အလွန်သန့်ရှင်းသည်။-
14 Kuhani atachukua baadhi ya damu ya sadaka ya hatia na kuiweka kwenye ncha ya sikio la kulia la mtu yule wa kutakaswa, katika dole gumba la kulia, katika dole la mguu wa kulia.
၁၄ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ်ကို ပြုနေသောသူ၏လက်ယာနားပျဉ်း၊ လက် ယာလက်မနှင့်လက်ယာခြေမတို့တွင်သိုး ၏သွေးဖြင့်သုတ်ရမည်။-
15 Ndipo kuhani atachukua mafuta kutoka chombo na kuyamimina katika kiganja cha mkono wake wa kushoto, na kuzamisha kidole chake katika mafuta hayo yaliyo kwenye mkono wa kushoto,
၁၅ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက် ဝဲလက်ဖဝါးထဲသို့သံလွင်ဆီအနည်း ငယ်ကိုလောင်းထည့်လျက်၊-
16 na kunyunyiza baadhi ya mafuta kwa kidole mara saba mbele za Yahwe.
၁၆လက်ယာလက်ညှိုးဖြင့်ဆီကိုတို့၍ ထာဝရ ဘုရား၏ရှေ့တော်တွင်ခုနစ်ကြိမ်ဖျန်းရ မည်။-
17 kuhani ataweka mafuta yaliyobaki kwenye mkono wake kwenye ncha ya sikio la kulia la mtu wa kutakaswa, juu ya dole gumba la mkono wa kulia, na katika dole kubwa la mguu wa kulia. Lazima aweke mafuta haya juu ya damu kutoka kwenye sadaka ya hatia.
၁၇တစ်ဖန်သူသည်ဘာသာရေးထုံးနည်း အရ သန့်စင်ခြင်းဝတ်ကိုပြုနေသူ၏ လက်ယာနားပျဉ်း၊ လက်ယာလက်မ၊ လက် ယာခြေမတို့တွင်လက်ဖဝါးထဲမှဆီ နှင့်သိုး၏သွေးအနည်းငယ်ဖြင့်သုတ် ရမည်။-
18 Kama kwa mafuta yaliyosalia kwamba katika mkono wa kuhani, atayaweka juu ya kichwa cha mtu ambaye atakaswaye, na kuhani atafanya utakaso kwaajili yake mbele za Yahwe.
၁၈လက်ဖဝါးထဲတွင်ကျန်ရှိသောဆီဖြင့် ထို သူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအား ဖြင့်သူသည်သန့်စင်ခြင်းဝတ်ကိုပြုရမည်။
19 Ndipo kuhani atatoa sadaka ya dhambi na kufanya upatanisho kwaajili yake atakaswaye kwa sababu ya kutokuwa safi kwake, na badaye ataua sadaka ya kuchomwa.
၁၉ထိုနောက်ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာ ယဇ်ကိုပူဇော်၍ သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရမည်။ ထိုနောက်သူသည်မီးရှို့ရာယဇ် ကောင်ကိုသတ်၍၊-
20 Ndipo kuhani atatoa sadaka ya kuteketezwa na sadaka ya nafaka juu ya madhabahu. Kuhani atafanya upatanisho kwaajili ya mtu huyo, na ndipo atakuwa safi.
၂၀ဘောဇဉ်ပူဇော်သကာနှင့်တကွ ယဇ်ပလ္လင် ပေါ်တွင်မီးရှို့ပူဇော်ရမည်။ ဤနည်းအား ဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်းဝတ် ကိုဆောင်ရွက်ပြီးနောက်ရောဂါပျောက်ကင်း သူသည်သန့်စင်လိမ့်မည်။
21 Kwa namna hiyo, kama mtu ni masikini na hawezi kumudu matoleo haya, ndipo anaweza kuchukua kondoo mmoja dume kama sadaka ya hatia ya kutikiswa, kufanya upatanisho kwaajili yake mwenyewe, na moja ya kumi ya efa ya unga safi uliochanganywa na mafuta kama sadaka ya nafaka, na chombo cha mafuta,
၂၁ထိုသူသည်ဆင်းရဲသဖြင့် အထက်ပါပူဇော် သကာများကိုသန့်စင်ခြင်းဝတ်အတွက် အပြစ်ဒဏ်ပြေရာယဇ်အဖြစ်ပူဇော်ရန် မတတ်နိုင်လျှင် သိုးထီးကလေးတစ်ကောင် ကိုသာယူဆောင်ခဲ့ရမည်။ ထိုယဇ်သည်ယဇ် ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးလှူဘွယ်ဖြစ်သည်။ သူသည်ဘောဇဉ် ပူဇော်သကာအတွက် သံလွင်ဆီနှင့်ရော သောမုန့်ညက်နှစ်ပေါင်ကိုလည်းကောင်း၊ သံ လွင်ဆီအဝက်သားကိုလည်းကောင်းယူခဲ့ ရမည်။-
22 pamoja na njiwa wawili au kinda mbili za njiwa, ambao anaweza kupata; ndege mmoja atakuwa sadaka ya dhambi na mwingine sadaka ya kuteketezwa.
၂၂အပြစ်ဖြေရာယဇ်နှင့်မီးရှို့ရာယဇ် အတွက်တစ်ကောင်စီပူဇော်ရန် ချိုးနှစ်ကောင် သို့မဟုတ်ခိုနှစ်ကောင်ကိုလည်းယူခဲ့ရမည်။-
23 Katika siku ya nane lazima awalete kwa kuhani kwaajili ya utakaso, pakuigilia katika hema ya mkutano, mbele ya Yahwe.
၂၃သန့်စင်ခြင်းဝတ်ကိုပြုသည့်အဋ္ဌမနေ့၌ သူသည် ထိုပူဇော်သကာတို့ကိုယဇ်ပုရော ဟိတ်ထံတဲတော်တံခါးဝသို့ယူဆောင်ခဲ့ ရမည်။-
24 Kuhani atachukua mwana kondoo kwaajili ya sadaka, na atachukua pamoja na kiasi cha mafuta ya mzeituni, na ataviinua juu kama anaviwasilisha kwa Yahwe.
၂၄ယဇ်ပုရောဟိတ်သည်သိုးနှင့်သံလွင်ဆီကို ယဇ်ပုရောဟိတ်အတွက် ထာဝရဘုရားအား အထူးပူဇော်သကာအဖြစ်ဆက်ကပ်ရမည်။-
25 Atamuua mwana kondoo kwaajili ya sadaka ya hatia, na atachukua baadhi ya ya damu ya sadaka ya hatia na kuiweka juu ya ncha ya sikio la kulia la yule wakutakaswa, juu ya dole gumba la mkono wake wa kulia, na kwenye dole kubwa la mguu, wa kulia.
၂၅သူသည်သိုးကိုသတ်ပြီးလျှင်သွေးအနည်း ငယ်ဖြင့် ထိုသူ၏လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့ကိုသုတ်ရမည်။-
26 Ndipo kuhani atamimina baadhi ya mafuta katika kiganja cha mkono wake wa kushoto,
၂၆ထို့နောက်ယဇ်ပုရောဟိတ်သည် မိမိ၏လက်ဝဲ လက်ဖဝါးထဲတွင်ဆီအနည်းငယ်ကိုထည့် ၍၊-
27 na atanyunyiza kwa kidole chake cha kulia baadhi ya mafuta ambayo yako kwenye mkono wa kushoto mara saba mbele za Yahwe.
၂၇လက်ယာလက်ညှိုးဖြင့် ထာဝရဘုရား၏ ရှေ့တော်၌ခုနစ်ကြိမ်ဖျန်းရမည်။-
28 Ndipo kuhani ataweka kiasi cha mafuta ambayo yako kwenye mkono wake kwenye ncha ya sikio la yule mtu wa kutakaswa, katika dole gumba lake la mkono wa kulia, na dole kubwa la mguu wa kulia, maeneo yale yale ambayo kaweka damu ya sadaka ya hatia.
၂၈တစ်ဖန်သူသည်သွေးသုတ်ပြီးသောနေရာ များဖြစ်သည့်လက်ယာနားပျဉ်း၊ လက်ယာ လက်မ၊ လက်ယာခြေမတို့တွင်ဆီအနည်း ငယ်သုတ်ရမည်။-
29 Ataweka mafuta yaliyobaki yaliyo mkononi mwake juu ya yule wakutakaswa, kufanya upatanisho kwaajili yake mbele za Yahwe.
၂၉တစ်ဖန်သူသည်လက်ဖဝါးထဲတွင်ကျန်ရှိ သောဆီဖြင့် ထိုသူ၏ဦးခေါင်းကိုသုတ်ရမည်။ ဤနည်းအားဖြင့်သန့်စင်ခြင်းဝတ်ကိုပြု ရမည်။-
30 Lazima atoe sadaka ya njiwa au makinda ya njiwa, yale ambayo mtu ameweza kupata -
၃၀ထိုနောက်ယဇ်ပုရောဟိတ်သည်ချိုးတစ်ကောင်၊ သို့မဟုတ်ခိုတစ်ကောင်ကိုအပြစ်ဖြေရာ ယဇ်အတွက်လည်းကောင်း၊-
31 moja kama ya sadaka ya dhambi na nyingine kama sadaka ya kuteketezwa, pamoja na sadaka ya nafaka. Ndipo kuhani atafanya upatanisho kwaajili ya yule ambaye atatakaswa mbele za Yahwe.
၃၁အခြားတစ်ကောင်ကိုမီးရှို့ရာယဇ်အတွက် လည်းကောင်း၊ ဘောဇဉ်ပူဇော်သကာနှင့်တကွ ထာဝရဘုရားအားပူဇော်ရမည်။ ဤနည်း အားဖြင့်ယဇ်ပုရောဟိတ်သည်သန့်စင်ခြင်း ဝတ်ကိုဆောင်ရွက်ရမည်။-
32 Hii ni sheria kwaajili ya mtu kwake kuna athari za ugonjwa wa ngozi, ambaye hawezi kumudu kiwango cha sadaka kwaajili ya utakaso wake.”
၃၂ဤပညတ်သည်ကားဆင်းရဲ၍မတတ်နိုင် သည့်ကိုယ်ရေပြားရောဂါသည် လိုက်နာရ မည့်သန့်စင်ခြင်းဝတ်နှင့်ဆိုင်သောပညတ် ဖြစ်သတည်း။
33 Yahwe alizungumza na Musa na Haruni, akisema,
၃၃ထာဝရဘုရားသည်မောရှေနှင့်အာရုန်တို့ အား အိမ်များတွင်ဖားဥစွဲခြင်းနှင့်ပတ်သက် ၍ အောက်ဖော်ပြပါပညတ်များကိုချမှတ် ပေးတော်မူ၏။ (ဤပညတ်သည် ဣသရေလ အမျိုးသားတို့ပိုင်ဆိုင်နေထိုင်ရန် ထာဝရ ဘုရားပေးတော်မူမည့်ခါနာန်ပြည်သို့ရောက် ရှိပြီးနောက်လိုက်လျှောက်ရမည့်ပညတ်များ ဖြစ်သည်။-)
34 “Wakati mtakuja katika nchi ya Kanaani ambayo nimewapa kama miliki, na kama naweka ukungu unaenea ndani ya nyumba katika nchi ya miliki yenu,
၃၄
35 ndipo yeye ambaye anamiliki nyumba ile lazima aje na kumwambia kuhani. Lazima aseme 'Inaonekana kwangu kuna kitu fulani kama ukungu ndani ya nyumba yangu.'”
၃၅တစ်စုံတစ်ယောက်သောသူသည် မိမိ၏အိမ် တွင်ဖားဥစွဲကြောင်းတွေ့ရလျှင် ယဇ်ပုရော ဟိတ်ထံသို့သွားရောက်တိုင်ကြားရမည်။-
36 Ndipo kuhani ataamuru kwamba watoe vitu vyote ndani kabla hajaenda ndani kuona uthibitisho wa ukungu, kiasi kwamba hakuna ndani ya nyumba kitakachofanywa najisi. Badaye kuhani lazima aende ndani kuona humo ndani.
၃၆ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် မစစ်ဆေးမီ ပစ္စည်းရှိသမျှကိုအပြင်သို့ ထုတ်စေရမည်။ ထိုသို့မပြုလုပ်လျှင်အိမ်ထဲ ၌ရှိသမျှသောပစ္စည်းများကိုမသန့်စင်ဟု ကြေညာရမည်။ ထိုနောက်သူသည်အိမ်ထဲ သို့ဝင်၍၊-
37 Yeye lazima achunguze ukungu kuona kama umo katika kuta za nyumba, na kuona ikiwa kunaonekana ukijani au wekundu katika bonde za mwonekano wa kuta.
၃၇ဖားဥကိုစစ်ဆေးရမည်။ အိမ်ထရံပေါ် တွင်စိမ်းဖန့်ဖန့်၊ နီကြန့်ကြန့်ဖားဥစွဲသည့် အကွက်များချိုင့်ဝင်နေကြောင်းတွေ့ရှိရ လျှင်၊-
38 Kama nyumba inao ukungu, ndipo kuhani atatoka nje ya nyuma na kufunga mlango wa nyumba kwa siku saba.
၃၈သူသည်အိမ်အပြင်သို့ထွက်၍အိမ်ကို ခုနစ်ရက်ပိတ်ထားစေရမည်။-
39 Ndipo kuhani atarudi tena katika siku ya saba na kuichunguza kuona kama ukungu umeenea katika kuta za nyumba.
၃၉သူသည်သတ္တမနေ့၌ ထိုအိမ်သို့တစ်ဖန်သွား ရောက်စစ်ဆေးရမည်။ ယဇ်ပုရောဟိတ်သည် ဖားဥများပြန့်ပွားလျက်ရှိကြောင်းတွေ့ရ လျှင်၊-
40 Kama hivyo, ndipo kuhani ataamuru kwamba wayaondoe mawe ambayo ukungu umepatikana na yatupwe katika sehemu najisi nje ya mji.
၄၀ဖားဥစွဲသောကျောက်တုံးများကိုထုတ်၍ မြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
41 Yeye atataka kuta zote za ndani ya nyumba zikwanguliwe, na lazima achukue vitu vilivyochafuliwa na hivyo vilivyokwanguliwa nje ya mji na kuvitupa kwenye eneo lisilosafi.
၄၁ထိုနောက်အိမ်တွင်းထရံများမှအင်္ဂတေကို ခြစ်ခွာစေရမည်။ ခြစ်ခွာ၍ရသောအင်္ဂတေ ကိုမြို့ပြင်ရှိအညစ်အကြေးစွန့်ရာအရပ် ၌စွန့်ပစ်ရမည်။-
42 Lazima wayachukue mawe mengine na kuyaweka katika sehemu ya mawe yaliyoondolewa, na lazima watumie udongo mpya kupigia lipu nyumba.
၄၂ထုတ်ပစ်သောကျောက်တုံးများနေရာတွင် အခြားကျောက်တုံးများဖြင့်အစားထိုး ၍ ထရံများကိုအင်္ဂတေဖြင့်အသစ်မွမ်းမံ စေရမည်။
43 Kama ukungu unakuja tena na unaingia katika nyumba ambayo mawe yameondolewa na kuta zimekwanguliwa na kupigwa lipu upya,
၄၃ထိုအိမ်တွင်ကျောက်တုံးများကိုထုတ်၍ထရံ များကိုခြစ်လျက် အင်္ဂတေအသစ်မွမ်းမံပြီး နောက်ဖားဥစွဲပြန်လျှင်၊-
44 ndipo kuhani lazima aje aingie ndani na kuchunguza nyumba kuona kama ukungu umeenea ndani ya nyumba. Kama hivyo, huo ni ukungu mbaya, na nyumba ni najisi.
၄၄ယဇ်ပုရောဟိတ်သည်ထိုအိမ်သို့သွားရောက် စစ်ဆေးရမည်။ ဖားဥပြန့်ပွားလျက်ရှိသည် ကိုတွေ့ရလျှင်ထိုအိမ်သည်မသန့်စင်ချေ။-
45 Nyumba hiyo lazima iangushwe chini. Hayo mawe, mbao, na lipu yote ndani ya nyumba lazima vibebwe kupelekwa nje ya mji kwenye sehemu najisi.
၄၅ထိုအခါအိမ်ကိုဖြိုချ၍ကျောက်၊ သစ်သား၊ အင်္ဂတေရှိသမျှကိုမြို့ပြင်ရှိအညစ်အကြေး စွန့်ရာအရပ်သို့ယူဆောင်သွားရမည်။-
46 Kwa nyongeza, yeyote anaenda ndani ya nyumba wakati imefungwa atakuwa najisi mpaka jioni.
၄၆အိမ်ကိုပိတ်ထားသည့်ကာလအတွင်း အိမ်ထဲသို့ဝင်မိသူသည်ညဦးတိုင်အောင် မသန့်စင်ချေ။-
47 Na yeyote aliyelala ndani ya nyumba lazima afue nguo zake, na yeyote aliyekula ndani ya nyumba lazima afue nguo zake.
၄၇ထိုအိမ်ထဲတွင်အိပ်မိစားမိသူသည်လည်း မိမိ၏အဝတ်များကိုဖွပ်လျှော်ရမည်။
48 Kama kuhani akaingia hiyo kuichunguza kuona ikiwa ukungu umeenea katika nyumba baada ya nyumba kupigwa lipu, ndipo, kama ukungu umetoweka, ataitangaza nyumba hiyo kuwa ni safi.
၄၈အိမ်ကိုအင်္ဂတေဖြင့်အသစ်မွမ်းမံပြီးသည့် နောက် ယဇ်ပုရောဟိတ်သွားရောက်စစ်ဆေးကြည့် သောအခါ ဖားဥထပ်မံ၍မစွဲကြောင်းတွေ့ ရှိရလျှင် ဖားဥလုံးဝမစွဲတော့ပြီဖြစ်သော ကြောင့် ထိုအိမ်သည်ဘာသာရေးထုံးနည်း အရသန့်စင်သည်ဟူ၍ကြေညာရမည်။-
49 Ndipo kuhani lazima achukue ndege wawili kuitakasa nyumba, na mti wa mwelezi, na sufu nyekundu, na hisopo.
၄၉ထိုအိမ်အတွက်သန့်စင်ခြင်းဝတ်ကိုဆောင် ရွက်ရန်သူသည်ငှက်နှစ်ကောင်၊ သစ်ကတိုး သား၊ ကြိုးနီ၊ ဟုဿုပ်ပင်ခက်စသည်တို့ကို ယူဆောင်ခဲ့ရမည်။-
50 Atamuua ndege mmojawapo katika maji masafi kwenye dumu la udongo.
၅၀သူသည်စမ်းရေထည့်ထားသောမြေအိုးကို အောက်မှခံ၍ငှက်တစ်ကောင်ကိုသတ်ရမည်။-
51 Atachukua mti wa mwerezi, hisopo, sufu nyekundu na ndege aliyehai, na kuvichovya kwenye damu ya ndege aliyekufa, kwenye maji safi, na kunyunyizia nyumba mara saba.
၅၁ထို့နောက်သစ်ကတိုးသား၊ ဟုဿုပ်ခက်၊ ကြိုး နီနှင့်တကွ ငှက်အရှင်ကိုသတ်ပြီးသော ငှက်၏သွေးနှင့်စမ်းရေထည့်လာသောအိုး ထဲတွင်နှစ်ပြီးလျှင် အိမ်ကိုခုနစ်ကြိမ်ပက် ဖျန်းရမည်။-
52 Ataitakasa nyumba kwa damu ya ndege na maji safi, pamoja na ndege aliyehai, mti wa mwerezi, hisopo, na sufu nyekundu. Lakini atamwachia ndege aliyehai aende nje ya mji mashambani.
၅၂ဤနည်းအားဖြင့်သူသည်ငှက်၏သွေး၊ စမ်း ရေ၊ ငှက်အရှင်၊ သစ်ကတိုးသား၊ ဟုဿုပ်ခက် နှင့်ကြိုးနီစသည်တို့ကိုအသုံးပြု၍အိမ် အတွက်သန့်စင်ခြင်းဝတ်ကိုပြုရမည်။-
53 Kwa njia hii lazima afanye upatanisho kwaajili ya nyumba, na itakuwa safi.
၅၃ထိုနောက်ငှက်အရှင်ကိုမြို့ပြင်ကွင်းပြင် သို့လွှတ်လိုက်ရမည်။ ဤနည်းအားဖြင့်သူသည် အိမ်အတွက်သန့်စင်ခြင်းဝတ်ကိုပြုသဖြင့် အိမ်သည်ဘာသာရေးထုံးနည်းအရသန့်စင် လာလိမ့်မည်။
54 Hii ni sheria kwa aina zote za athari ya ugonjwa wa ngozi na vitu vyote vinavyosababisha ugonjwa kama huo, na kwaajili ya kuwashwa,
၅၄ဤပညတ်သည်ကား ဆိုးရွားသည့်ကိုယ်ရေ ပြားရောဂါများနှင့်ဆိုင်၍လည်းကောင်း၊-
55 na kwa ukungu kwenye mavazi na nyumba,
၅၅ကိုယ်ရေပြားပေါ်တွင်ပေါက်သောအနာ၊ အနာ စိမ်း၊ သို့မဟုတ်ဖူးယောင်နာနှင့်ဆိုင်၍လည်း ကောင်း၊ အဝတ်အထည်နှင့်အိမ်များတွင်ဖားဥ စွဲခြင်းနှင့်ဆိုင်၍လည်းကောင်းပြဋ္ဌာန်းသော ပညတ်များဖြစ်သည်။-
56 kwaajili ya uvimbe, kwaajili ya vipele, madoa,
၅၆
57 kutambua wakati wowote tatizo hili ni najisi au lini limetakaswa. Hii ni sheria kwaajili ya athari za ugonjwa wa ukungu.
၅၇ဤပညတ်များသည်သန့်စင်သည်မသန့်စင် သည်ကို အဆုံးအဖြတ်ပေးသောပညတ်များ ဖြစ်သည်။