< Waamuzi 2 >

1 Malaika wa Bwana akatoka Gilgali, akaenda Bokimu, akasema, “Nimekuleta kutoka Misri, na nimekuleta katika nchi niliyoapa kuwapa baba zako.
ထာဝရဘုရား ၏ တမန် တော်သည်၊ ဂိလဂါလ မြို့မှ ဗောခိမ် မြို့သို့ လာ ၍ ၊ သင် တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် သို့ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါဆောင် ခဲ့ပြီ။ သင် တို့နှင့် ငါ ဖွဲ့သော ပဋိညာဉ် ကို ငါမ ဖျက် အစဉ်အမြဲ စောင့် မည်။
2 Nikasema, 'Sitakuvunja kamwe agano langu na wewe. Usifanye agano na wale wanaoishi katika nchi hii. Ziangushe madhabahu zao. Lakini hukusikiliza sauti yangu. Je! ni nini hiki ulichokifanya?
သင် တို့သည် ဤ ပြည် သားတို့နှင့် မိဿဟာယ မ ဖွဲ့ ရ။ သူ တို့ ယဇ်ပလ္လင် တို့ကို လှဲ ချရမည်ဟု ငါဆိုသော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။
3 Basi sasa nasema, “Sitawafukuza Wakanaani mbele yenu, nao watakuwa miiba kwenu, na miungu yao itakuwa mtego kwa ajili yenu.”
တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် ၌ မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
4 Malaika wa Bwana alipowaambia maneno hayo kwa watu wote wa Israeli, watu wakapiga kelele na kulia.
ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား ဤ သို့မိန့် တော်မူသောအခါ ၊ လူ များတို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
5 Waliita mahali hapo Bokimu. Hapo wakatoa dhabihu kwa Bwana.
ထို အရပ် ကို ဗောခိမ် အမည် ဖြင့် မှည့် ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြ၏။
6 Yoshua alipowaruhusu watu waende zao, wana wa Israeli kila mmoja akaenda mahali alipopewa, wakiwa na umiliki wa ardhi yao.
အထက်က ယောရှု သည် လူ များတို့ကို လွှတ် လိုက်သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် အသီးအသီး မိမိ တို့အမွေခံ ရာမြေ ကို သိမ်းယူ ခြင်းငှါ သွား ကြ၏။
7 Watu walimtumikia Bwana wakati wa maisha ya Yoshua na wazee walioendelea baada yake, ni wale waliokuwa wameona matendo yote makuu ya Bwana aliyoyafanya kwa Israeli.
ယောရှု လက်ထက် ကာလပတ်လုံး ၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု ကြီး အလုံးစုံ တို့ကို သိမြင် ၍၊ ယောရှု မရှိသောနောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
8 Yoshua mwana wa Nuni, mtumishi wa Bwana, alikufa akiwa na umri wa miaka 110.
ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက်တရာ တဆယ် ရှိသော်အနိစ္စရောက် လေ၏။
9 Wakamzika ndani ya mpaka wa nchi aliyopewa huko Timnath Heresi, katika mlima wa Efraimu, kaskazini mwa Mlima Gaash.
ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေခံ ရာ တိမန မြေ ၌ သင်္ဂြိုဟ် ကြ၏။
10 Kizazi hicho chote kilikusanyika kwa baba zao. Kizazi kingine kilichofuata baada yao ambao hakikumjua Bwana au kile alichokifanya kwa Israeli.
၁၀ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်း တို့သည်လည်း ၊ ဘိုးဘေး တို့ စုဝေး ရာသို့ ရောက်ကြ ၏။ ထာဝရဘုရား ကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု တို့ကို၎င်း မ သိ သော နောင် ကာလ အမျိုးသားတို့သည် ပေါ် လာကြ၏။
11 Watu wa Israeli walifanya yaliyo mabaya machoni pa Bwana, nao wakawatumikia Mabaali.
၁၁ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။
12 Wakaondoka kwa Bwana, Mungu wa baba zao, aliyewatoa kutoka Misri. Wakaifuata miungu mingine, miungu ya watu waliokuwa karibu nao, nao wakaisujudia. Wakamkasirisha BWANA kwa sababu
၁၂အဲဂုတ္တု ပြည် မှ သူ တို့ကို ဆောင် ခဲ့တော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ရှိသောလူမျိုး တို့၏ ဘုရား တပါး တို့နောက် သို့ လိုက် လျက် ဦးညွှတ် သဖြင့် ထာဝရဘုရား အမျက် တော်ကို ထွက်စေကြ၏။
13 waliondoka kwa Bwana na kumwabudu Baal na Maashtoreti.
၁၃ထာဝရဘုရား ကို စွန့် ၍ ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ဝတ်ပြု ကြသောကြောင့်၊
14 Hasira ya Bwana ikawaka juu ya Israeli, naye akawapa washambuliaji walioiba mali zao kutoka kwao. Aliwauza kama watumwa waliofanyika kwa nguvu za maadui zao waliowazunguka, hivyo hawakuweza kujikinga dhidi ya adui zao.
၁၄ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ လုယူ သောသူတို့ လက် သို့ အပ် ၍ ၊ ပတ်ဝန်းကျင် သော ရန်သူ တို့၌ ရောင်း တော်မူသဖြင့်၊ ရန်သူ တို့ ရှေ့ မှာ သူတို့သည် တဖန် မ ရပ် နိုင် ကြ။
15 Israeli walipokwenda kupigana, mkono wa Bwana ulikuwa dhidi yao kuwashinda, kama alivyowaapia. Na walikuwa katika shida kali.
၁၅သူတို့သည် ထွက် သွားလေရာရာ၌ ထာဝရဘုရား မိန့် မြွက်ကျိန်ဆို တော်မူသည်အတိုင်း ၊ လက် တော် အဆီးအတားနှင့် တွေ့၍ အလွန် ဆင်းရဲခြင်းသို့ ရောက်ကြ၏။
16 Ndipo Bwana akawainua waamuzi, waliowaokoa katika mikono ya wale waliokuwa wakiba mali zao.
၁၆သို့ရာတွင် လုယူ သောသူတို့ လက် မှ ကယ်လွှတ် သော တရားသူကြီး တို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
17 Hata hivyo hawakuwasikiliza waamuzi wao. Hawakuwa waaminifu kwa Bwana na wakajitoa wenyewe kama makahaba kwa miungu mingine na kuabudu. Waligeuka upesi na kuiacha njia waliyoishi baba zao-wale waliotii amri za Bwana-lakini wao wenyewe hawakufanya hivyo.
၁၇ထိုတရားသူကြီး တို့ စကားကိုလည်း သူတို့သည် နား မ ထောင်၊ အခြား တပါးသော ဘုရား တို့နှင့် မှားယွင်း ၍ ဦးညွှတ် ကြ၏။ ဘိုးဘေး တို့သည် ထာဝရ ဘုရား၏ ပညတ် တော်တို့ကို ကျင့် ၍ လိုက် သော လမ်း မှ သူတို့သည် အလျင်အမြန် လွဲ သွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မ ကျင့် ကြ။
18 Bwana aliinua waamuzi kwa ajili yao, Bwana akawasaidia waamuzi na kuwakomboa kutoka kwa mikono ya adui zao siku zote muamuzi aliishi. Bwana aliwahurumia walipougua kwa sababu ya wale waliowadhulumu na kuwasumbua.
၁၈ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ ၍ ၊ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား ၊ သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။
19 Lakini mwamuzi alipokufa, waligeuka na kufanya mambo ambayo yalikuwa mabaya zaidi kuliko baba zao walivyofanya. Wakaenda kuifuata miungu mingine kuitumikia na kuiabudu. Walikataa kuacha matendo yao yote mabaya au njia zao za ukaidi.
၁၉တရားသူကြီး သေ သောနောက်၊ သူတို့သည် တဖန် ဘိုးဘေး ထက် သာ၍ဆိုး သဖြင့်၊ အခြား တပါးသော ဘုရား တို့နောက် သို့ လိုက် လျက် ဝတ်ပြု ၍ ဦးညွှတ် ကြ၏။ မိမိ တို့ အကျင့် ဓလေ့နှင့် ကြမ်းတမ်း သော လမ်း ကို မ စွန့် မပယ်ကြ။
20 Hasira ya Bwana iliwaka juu ya Israeli; akasema, Kwa sababu taifa hili limevunja masharti ya agano langu ambalo nililiweka kwa ajili ya baba zao-kwa sababu hawakuisikiliza sauti yangu.
၂၀ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ ဤ လူ တို့သည် ငါ့ စကား ကို နား မ ထောင်။ သူ တို့ ဘိုးဘေး တို့နှင့် ငါဖွဲ့ သော ပဋိညာဉ် ကို ဖျက် သောကြောင့်၊
21 Tangu sasa sitaliondoa mbele yao taifa lolote aliloliacha Yoshua baada ya kufa.
၂၁ယောရှု သေ သောနောက် ကျန် ကြွင်းရစ်သော လူမျိုး တစုံတမျိုးကို သူ တို့ရှေ့ မှ နောက်တဖန် ငါ မ နှင်ထုတ်။
22 Nitafanya hivi ili kuwajaribu Israeli, ikiwa watafuata njia ya Bwana au sivyo, kama vile baba zao walivyoifuata.
၂၂သူ တို့ ဘိုးဘေး တို့သည် ထာဝရဘုရား ၏လမ်း တော်သို့ လိုက် ခြင်းငှါစောင့်ရှောက် သကဲ့သို့ သူတို့သည် စောင့်ရှောက် မည်လော၊ မ စောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့်ဣသရေလ အမျိုးကို ငါစုံစမ်း မည်ဟု မိန့် တော်မူသည်နှင့်အညီ၊
23 Ndiyo sababu Bwana aliwaacha mataifa hayo, wala hakuwafukuza haraka na kuwatia mikononi mwa Yoshua.
၂၃ထို လူမျိုး ကို ယောရှု လက် ၌ မ အပ် အလျင်အမြန် မ နှင်ထုတ် ဘဲ နေ တော်မူ၏။

< Waamuzi 2 >