< Yoshua 3 >

1 Yoshua aliamka asubuhi na mapema, nao walisafiri kutoka Shitimu. Walifika Yordani, yeye na watu wote wa Israeli, na wakapiga kambi hapo kabla hawajavuka ng'ambo.
ယောရှု သည် နံနက် စောစောထ၍ ဣသရေလ အမျိုးသား အပေါင်း တို့နှင့်တကွ ရှိတ္တိမ် မြို့မှ ပြောင်း ၍ ယော်ဒန် မြစ်ကို မ ကူး မှီ မြစ်နားတွင် စားခန်းချ ကြ၏။
2 Baada ya siku tatu, maafisa walienda katika kambi, wakawaagiza watu,
သုံး ရက် စေ့ သောအခါ၊ တပ်မှူး တို့သည် တပ် တရှောက်လုံး သို့သွား ၍၊
3 “Mtakapoona sanduku la agano la Yahweh Mungu wenu, na makuhani kutoka miongoni mwa Walawi wamelibeba, ni lazima muondoke sehemu hii na kulifuata.
သင် တို့ဘုရား သခင်ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို၎င်း ၊ သေတ္တာထမ်း သော ယဇ်ပုရောဟိတ် လေဝိ သားတို့ကို၎င်းမြင် လျှင် ၊ သင် တို့သည် နေရာ ပြောင်း၍ လိုက် ရကြမည်။
4 Lazima kuwe na umbali wa dhiraa elfu moja kati yenu na sanduku. Msilisogelee karibu, ili muweze kuiona njia ya kupitia, kwakuwa hamjawahi kupita njia hii kabla.
သေတ္တာတော်နှင့် သင် တို့စပ်ကြား ကို အတောင် နှစ်ထောင် ခြား ၍ ခရီးကွာ စေ ရမည်။ လိုက် ရသောလမ်း ကို သိ မည်အကြောင်း ၊ သေတ္တာ တော်အနီးသို့ မ ချဉ်း ဘဲ လိုက်ရမည်။ ဤလမ်းသို့ သင်တို့သည် တခါမျှမ လိုက် ကြ သေးဟု လူ အပေါင်းတို့အား မှာ ထားကြ၏။
5 Yoshua akawaambia watu, “Jitakaseni ninyi wenyewe keso, kwa kuwa Yahweh atafanya maajabu miongoni mwenu.”
ယောရှု ကလည်း ၊ သင်တို့သည် ကိုယ်ကိုကိုယ်သန့်ရှင်း စေကြလော့။ အကြောင်းမူကား ၊ နက်ဖြန် နေ့၌ ထာဝရဘုရား သည် အံ့ဘွယ် သောအမှုတို့ကို သင် တို့တွင် ပြု တော်မူမည်ဟု လူ များတို့အား မှာ ထားလေ၏။
6 Kisha Yoshua akawaambia makuhani, “Chukueni sanduku la agano, na kulipitisha mbele za watu.” Hivyo, wakalichukua sanduku la agano na wakaenda mbele za watu.
တဖန် ယဇ်ပုရောဟိတ် တို့ကို ခေါ်၍ သင်တို့သည် ပဋိညာဉ် သေတ္တာ တော်ကို ထမ်း လျက်၊ လူ များရှေ့ သို့ကူး သွားကြလော့ဟု ယောရှု ဆို သည့်အတိုင်း သူတို့သည် ပဋိညာဉ် သေတ္တာ တော် ကိုထမ်း ၍ လူ များရှေ့ သို့ သွား ကြ၏။
7 Yahweh akamwambia Yoshua, “Siku hii nitakufanya kuwa mtu mkubwa katika macho ya Waisraeli wote. Watajua kuwa kama nilivyokuwa na Musa ndivyo nitakavyokuwa pamoja na wewe.
ထာဝရဘုရား ကလည်း ၊ ယောရှု ကို ခေါ်၍ ငါသည် မောရှေ နှင့်အတူ ရှိ သကဲ့သို့ သင် နှင့်အတူ ရှိ သည် ကို ဣသရေလ အမျိုးသားအပေါင်း တို့သည် သိ ကြမည် အကြောင်း ၊ သူတို့မျက်မှောက် ၌ သင့် ကို ယနေ့ ငါချီးမြှင့် စ ပြုမည်။
8 Utawaamuru makuhani ambao hulibeba sanduku la agano, 'Mtakapofika katika ukingo wa maji ya Yordani, ni lazima msimame katika Mto Yordani.'”
ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ ယော်ဒန် မြစ်ရေ နားသို့ ရောက် သောအခါ ၊ ယော်ဒန် မြစ်၌ ရပ် နေရမည်အကြောင်းကို ဆင့်ဆို လော့ဟု မိန့်တော်မူ၏။
9 Kisha Yoshu akawaambia watu wa Israeli, “Njooni hapa na msikilize maneno ya Yahweh Mungu wenu.
ယောရှု ကလည်း ၊ လာ ကြလော့။ သင် တို့ဘုရား သခင် ထာဝရဘုရား ၏ စကား တော်ကို နားထောင် ကြလော့ ဟု ဣသရေလ အမျိုးသား အပေါင်းတို့ကို ခေါ်လျက်၊
10 Kwa hili mtajua kwamba Mungu aliye hai yuko miongoni mwenu na kwamba atawaondosha mbele yenu Wakanaani, Wahiti, Wahivi, Waperizi, Wagrigashi, Waamori na Wayebusi.
၁၀အသက် ရှင်တော်မူသောဘုရား သခင်သည် သင် တို့တွင် ရှိ၍ ၊ သင် တို့ရှေ့ မှ ခါနနိ လူ၊ ဟိတ္တိ လူ၊ ဟိဝိ လူ၊ ဖေရဇိ လူ၊ ဂိရဂါရှိ လူ၊ အာမောရိ လူ၊ ယေဗုသိ လူတို့ကို စင်စစ်နှင်ထုတ် တော်မူမည် အကြောင်း ကို အဘယ်သို့သိ ရမည်နည်းဟူမူကား၊
11 Tazama! Sanduku la agano la Bwana wa nchi yote litavuka mbele yenu katika Yordani.
၁၁မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ သည် သင် တို့ရှေ့ မှာ၊ ယော်ဒန် မြစ်ထဲ သို့ကူး သွားလိမ့်မည်။
12 Sasa chagueni wanaume kumi na wawili kutoka katika makabila ya Israeli, mmoja katika kila kabila.
၁၂သို့ဖြစ်၍ ဣသရေလ အမျိုးများထဲက တမျိုး တယောက် စီ၊ လူ တဆယ် နှစ် ယောက်တို့ကို ရွေးကောက် ကြလော့။
13 Wakati nyayo za miguu ya makuhani walichukualo sanduku la Yahweh, Bwana wa nchi yote, zitakapogusa maji ya Yordani, maji ya Yordani yatatindika, na hata maji yatiririkayo kutoka juu yatakoma kutiririka nayo yatasimama kama chuguu.
၁၃မြေကြီး တပြင်လုံး ကို အစိုးရတော်မူသောအရှင် ထာဝရဘုရား ၏ သေတ္တာ တော်ကိုထမ်း သော ယဇ်ပုရောဟိတ် ခြေဘဝါး တို့သည်၊ ယော်ဒန် မြစ်ရေ ကို နင်း သော ခဏခြင်းတွင်၊ မြစ်ညာရေ သည် ပြတ် ၍ ပုံ့ပုံ့ ကြွ လျက် နေလိမ့်မည်ဟု ဆို လေ၏။
14 Hivyo wakati watu walipotoka ili kuvuka Yordani, makuhani waliobeba sanduku la agano waende mbele ya watu.
၁၄လူ များတို့သည် ယော်ဒန် မြစ်ကို ကူး အံ့သောငှါ ၊ တဲ တို့မှ ပြောင်း ၍ ပဋိညာဉ် သေတ္တာ ကို ထမ်း သောယဇ်ပုရောဟိတ် တို့သည် လူ များရှေ့ မှာသွားလျက်၊
15 Mara tu wale walichukuao sanduku wakiisha kufika Yordani, na miguu ya watu wale waliobeba sanduku itakapotiwa katika ukingo wa maji (maana sasa Yordani hujaa hadi katika kingo zake zote katika kipindi chote cha mavuno),
၁၅ယော်ဒန် မြစ်နားသို့ရောက် ၍ ခြေဘဝါး တို့သည် လျှံသောရေ ကို နင်း သောအခါ ၊ စပါး ရိတ်ရာကာလ ၌ ထိုမြစ်ရေသည် ကမ်း တရှောက်လုံး ကို လျှံ လေ့ရှိသော်လည်း၊
16 maji yote yaliyotiririka kutoka juu yalisimama katika chuguu kimoja. Maji yakakoma kutiririka kutoka katika umbali mrefu. Maji yaliacha kutiririka kutoka Adam, mji ulio karibu na Zarethani, hadi bahari ya Negevu, Bahari ya Chumvi. Na watu walivuka ng'ambo karibu na Yeriko.
၁၆မြစ်ညာ က စီး လာသောရေ သည် တန့် ရပ်၍ ဝေး သောအရပ်၊ ဇာရတန် မြို့နား မှာ ရှိသော အာဒံ မြို့ တိုင်အောင် ပုံ့ပုံ့ ကြွ လျက်နေ၏။ လွင်ပြင် အိုင် တည်းဟူသောသောဒုံ အိုင် သို့ စီး သွားသောရေသည်လည်း အကုန်အစင် ပြတ် ၍၊ လူ များတို့သည် ယေရိခေါ မြို့သို့ ရှေ့ရှု ကူး ကြ၏။
17 Makuhani waliolibeba sanduku la agano la Yahweh walisimama katika nchi kavu katikati ya Yordani mpaka watu wote wa Israeli walipokwisha kuvuka katika nchi kavu.
၁၇လူ များအပေါင်း တို့သည် ယော်ဒန် မြစ်တဘက် သို့ မရောက်မှီတိုင်အောင် ထာဝရဘုရား ၏ ပဋိညာဉ် သေတ္တာ ကို ထမ်း သော ယဇ်ပုရောဟိတ် တို့သည်၊ မြစ် အလယ် တွင် မြေ ပေါ်၌ မြဲမြံ စွာနင်း ၍ ၊ ဣသရေလ အမျိုးသားအပေါင်း တို့သည် မြေ ပေါ်၌ ရှောက် သွားရကြ၏။

< Yoshua 3 >