< Ayubu 32 >
1 Hivyo hawa watu watatu walikoma kumjibu Ayubu kwasababu alikuwa ni mwenye haki katika macho yake mwenyewe.
၁ထိုသို့ ယောဘ သည် မိမိ ဖြောင့်မတ် သည်ဟု ထင် သောကြောင့် ၊ ထို သူ သုံး ယောက်တို့သည် ပြန် ၍ မပြောဘဲနေကြ၏။
2 Ndipo iliwaka hasira ya Elihu mwana wa Barakeli Mbuzi, wa familia ya Ramu, iliwaka dhidi ya Ayubu kwa kuwa alijihesabia haki mwenyewe kuliko Mungu.
၂ထိုအခါ ဗုဇ အမျိုးအာရ အနွယ် ဖြစ်သော ဗာရခေလ သား ဧလိဟု သည်အမျက် ထွက် ၏။ ယောဘသည် ဘုရား သခင်ထက် မိမိ ဖြောင့်မတ် ကြောင်းကို ပြသောကြောင့် ၊ ယောဘ ကို အမျက် ထွက် ၏။
3 Hasira ya Elihu iliwaka pia kinyume cha marafiki zake watatu kwasababu hawakupata jibu kwa ajili ya Ayubu, na bado walimhukumu Ayubu.
၃ယောဘ၏ အဆွေ ခင်ပွန်းသုံး ယောက်တို့သည် ပြန် ၍မ ပြောနိုင်သော်လည်း ၊ ယောဘ ၌ အပြစ် ရှိသည်ဟု စီရင်ကြသောကြောင့် ၊ သူတို့ကို လည်း အမျက် ထွက် ၏။
4 Sasa Elihu alikuwa amemsubiri Ayubu ili aweze kuzungumza naye kwa kuwa watu wengine walikuwa wakubwa kuliko yeye.
၄ဧလိဟု သည် သူ တို့ထက် အသက်ငယ်သောကြောင့် ၊ ယောဘ ပြောသော စကား မကုန်မှီတိုင်အောင်ဆိုင်းလင့် လျက်နေ၏။
5 Hata hivyo, wakati Elihu alipoona ya kuwa hapakuwa na jibu katika midomo ya watu hawa watatu, hasira yake iliwaka.
၅ထိုသူ သုံး ယောက်တို့သည် ပြန် ၍ ပြောစရာ စကားမ ရှိကြောင်း ကို သိမြင် သောအခါ အမျက် ထွက် လေ ၏။
6 Ndipo Elihu mwana wa Barakeli Mbuzi alinena na kusema, “Mimi ni mdogo, na ninyi ni wazee. Hii ndio sababu nilijizuia na sikuthubutu kuzungumza mawazo yangu mwenyewe.
၆ထိုအခါ ဗုဇ အမျိုးဗာရခေလ သား ဧလိဟု မြွက်ဆို သည်ကား၊ ငါ သည်အသက်ငယ် ပါ၏။ သင် တို့သည် အလွန်အသက် ကြီးပါ၏။ ထိုကြောင့် ငါသည်ကြောက် ၍ ကိုယ် သဘော ကို မ ပြ ဝံ့ဘဲ နေပါပြီ။
7 Nilisema, “Urefu wa siku utazungumza; na wingi wa miaka utatufundisha hekima.
၇နေ့ ရက်ကာလတာရှည်သောသူသည် စကား ပြော အပ်၏။ နှစ် ပေါင်းများ စွာလွန်သောသူသည် ပညာ ကို သွန်သင် အပ်၏။
8 Lakini kuna roho ndani ya mtu; pumzi ya Mwenye nguvu humpa yeye ufahamu.
၈သို့ရာတွင် လူ ထဲ ၌ဝိညာဉ် ရှိ၏။ ဘုရားသခင်အသက် ရှင်စေတော်မူသဖြင့် ဉာဏ် ရှိ၏။
9 Si tu watu wakubwa ndio wenye hekima, wala watu wazee pekee ambao hufahamu haki.
၉လူကြီးတို့သည် အစဉ်ပညာ ရှိသည်မ ဟုတ်။ အသက် ကြီးသော သူအပေါင်းတို့သည် မှန် သောတရားကို နားလည် သည်မဟုတ်။
10 Hivyo basi nakwambia wewe, “Nisikilizeni mimi; Nitakwambia pia uelewa wangu.'
၁၀သို့ဖြစ်၍ ငါ့ စကားကို နားထောင် ကြလော့။ ငါ သည် ကိုယ် သဘော ကိုလည်းပြ ပါမည်။
11 Tazama, niliyasubiria maneno yenu; nilisikiliza hoja zenu wakati mlipokuwa mnafikiri juu ya kile cha kusema.
၁၁သင် တို့စကား ကို ကြားရအံ့သောငှါ ငါဆိုင်းလင့် ပြီ။ သင်တို့သည် ပြောစရာကို ရှာဖွေ ၍ ဆွေးနွေးသောစကား ကို ငါနားထောင် ပြီ။
12 Hakika, niliwajali sana ninyi, lakini, tazama, hakuna hata mmoja wenu aliyeweza kumshawishi Ayubu wala ambaye aliweza kumjibu maneno yake.
၁၂စေ့စေ့ နားထောင်စဉ် တွင်၊ ယောဘ ကို အဘယ် သူမျှမနိုင်။ သူ ၏စကား ကို အဘယ်သူမျှမချေ။
13 Iweni waangalifu msije mkasema, 'Tumepata hekima!' Mungu atakuwa amemshinda Ayubu; mtu wa kawaida hawezi akafanya hivyo.
၁၃သို့ဖြစ်၍ငါတို့သည် ပညာ ကိုရှာ ၍ တွေ့ပြီဟု သင်တို့ဆို စရာမ ရှိ။ ယောဘကို နှိမ့်ချသောသူကား လူ မ ဟုတ်၊ ဘုရား သခင်ပေတည်း။
14 Kwa kuwa Ayubu hajasema mojamoja maneno yake juu yangu, basi sitamjibu kwa maneno yenu.
၁၄ယောဘသည် ငါ့ ကို ရည်ဆောင် ၍ ပြောပြီ မ ဟုတ်။ သင် တို့ပြန်ပြော သည်အတိုင်း ငါပြန် ပြောမည် မ ဟုတ်။
15 Hawa watu watatu wamep igwa bumbuwazi; hawawezi kuendelea kumjibu Ayubu; hawana neno zaidi la kusema.
၁၅ဤသူတို့သည် မိန်းမော တွေဝေလျက်ပြန် ၍ မ ပြောဘဲ တိတ်ဆိတ်စွာ နေကြ၏။
16 Je ninapaswa kusubiria kwasababu hawazungumzi, kwa kuwa wamesimama pale kimya na wala hawajibu zaidi?
၁၆ငါဆိုင်းလင့် သည်တွင်သူတို့သည် နှုတ်မ မြွက် ၊ ပြန် ၍မ ပြောဘဲ ငြိမ်ငြိမ်နေ ကြ၏။
17 La, nitajibu pia upande wangu; Nitawaambia pia ufahamu wangu.
၁၇သို့ဖြစ်၍ ငါ သည်ကိုယ် အတွက် ပြန် ပြောမည်။ ကိုယ် သဘော ကို ပြ မည်။
18 Kwa kuwa nimejawa na maneno mengi, roho ndani yangu inanisukuma.
၁၈ငါသည် ပြောစရာစကား နှင့် ပြည့်ဝ ၏။ အတွင်း ဝိညာဉ် နှိုးဆော် ခြင်းကို ခံရ၏။
19 Tazama, kifua changu ni kama divai yenye chachu ambayo haina tundu; kama viriba vipya, kiko tayari kupasuka.
၁၉ငါ့ ဝမ်း သည် ပိတ်ဆို့ သောစပျစ်ရည် နှင့်တူ ၏။ အသစ် သော သားရေဘူး ကွဲ လုသကဲ့သို့ ဖြစ်၏။
20 Nitazungumza ili kwamba niweze kuburudishwa; nitafungua kimya changu na kusema.
၂၀ငါသည် သက်သာ ခြင်းငှါမြွက်ဆို ရမည်။ နှုတ် ကို ဖွင့် ၍ ပြန် ပြောရမည်။
21 Sitaonesha upendeleo; wala sitatoa sifa za majina kwa mtu yeyote.
၂၁အဘယ်သူ ၏မျက်နှာ ကိုမျှမ ထောက် ၊ အဘယ် သူကိုမျှ ချီးမွမ်း သော စကားနှင့်မ ချော့မော့။
22 Kwa kuwa sijui namna ya kutoa sifa; kama nitafanya hivyo, Muumba wangu atanikatilia mimi mbali.
၂၂သူတပါးကို ချီးမွမ်း သောစကားနှင့် မ ချော့မော့တတ်။ ထိုသို့ပြုလျှင်၊ ငါ့ ကိုဖန်ဆင်း တော်မူသောဘုရား သည် ငါ့ ကို ချက်ခြင်း ပယ်ရှား တော်မူမည်။