< Ayubu 15 >
1 Ndipo Elifazi Mtemani alijibu na kusema,
၁တဖန် တေမန် အမျိုးသားဧလိဖတ် မြွက်ဆို သည် ကား၊
2 Mtu mwenye hekima anapaswa kujibu kwa maarifa yasiyofaa na kujijaza mwenyewe na upepo wa mashariki?
၂ပညာရှိ သောသူသည် လေ နှင့်တူသော အချည်းနှီး စကားကို ပြော သင့်သလော။ မိမိ ဝမ်း ကို အရှေ့ လေ နှင့်ပြည့် စေသင့်သလော။
3 Anapaswa kuhojiana na mazungumzo yasiyo na faida au na hotuba ambazo kwa hizo yeye hawezi kufanya mema?
၃အကျိုးမဲ့သောစကား ၊ ကျေးဇူး မ ပြုနိုင်သော စကား နှင့် ဆွေးနွေး သင့်သလော။
4 Dhahiri, wewe wafifisha heshima ya Mungu; Wewe wazuia heshima kwa yeye,
၄သင် သည် ဘုရား သခင်ကို ကြောက်ရွံ့ ခြင်းအကျင့်၌ အကျိုး မရှိဟု ဆိုလို၏။ ဆုတောင်း ပဌနာပြုရာ ဝတ်ကို ဆီးတား တတ်၏။
5 kwa maana uovu wako hufundisha midomo yako; Wewe wachagua kuwa na ulimi wa mtu mwenye hila.
၅သင်သည်ကိုယ် နှုတ် ဖြင့် ကိုယ် အပြစ် ကို ဘော်ပြ ၏။ ပရိယာယ် ပြုသောသူ ၏စကား ကို သုံး တတ်၏။
6 Mdomo wako mwenyewe hukukukumu wewe, siyo wangu; hakika, midomo yako mwenyewe hushuhudia dhidi yako wewe.
၆ငါ သည် သင့်ကိုအပြစ်မ တင်၊ သင့် နှုတ် သည် သင့် ကိုအပြစ် တင်၏။ သင့် နှုတ်ခမ်း တို့သည် သင့် တစ်ဘက် ၌ သက်သေခံ ၏။
7 Je, wewe ni mwanadamu wa kwanza ambaye aliyezaliwa? Wewe ulikuwepo kabla ya vilima kuwepo?
၇သင်သည် အဦး ဆုံးဘွား သောလူ ဖြစ်သလော။ တောင် များကို မဖန်ဆင်းမှီ သင့်ကိုဖန်ဆင်း သလော။
8 Wewe Umewahi kusikia maarifa ya siri ya Mungu? Je, wewe wajihesabia mwenye hekima wewe mwenyewe?
၈ဘုရား သခင်နှင့် တိတ်ဆိတ်စွာတိုင်ပင် ဘူး သလော ။ ပညာ ကို ကိုယ် ၌ အကုန်အစင်သိမ်းထားပြီ လော။
9 Ni kitu gani unachokifahamu wewe ambacho sisi hatukijui? Ni kitu gani unachokifahamu wewe ambacho hakiko katika sisi?
၉ငါတို့မ သိ ၊ သင်သိ သောအရာမည်မျှ ရှိသနည်း။ ငါ တို့၌ မ ပါ၊ သင်နားလည် သောအရာမည်မျှရှိသနည်း။
10 Pamoja nasi wapo pia wenye mvi na watu wazee sana ambao ni wazee zaidi kuliko baba yako.
၁၀သင့် အဘ ထက် အသက် ကြီးသောသူ၊ ဆံပင် ဖြူ သောသူတို့သည် ငါ တို့တွင် ရှိကြ၏။
11 Je, faraja ya Mungu ni ndogo sana kwako, maneno ambayo ni ya upole dhidi yako wewe?
၁၁သင် ၌ ဘုရား သခင်ပေးတော်မူသောသက်သာ ခြင်းအကြောင်းနည်း သလော။ သင် ၌ ဝှက် ထားသောအမှု တစုံတခုရှိသလော။
12 Kwa nini moyo wako wewe unakupeleka mbali? Kwa nini macho yako yananga'ra,
၁၂ကိုယ် အလိုသို့လိုက်၍ အဘယ်ကြောင့် လွှဲ သွားသနည်း။ အဘယ်ကြောင့် မျက် စောင်းထိုးသနည်း။
13 ili ya kwamba kuirejesha roho yako kwa Mungu na kuyatoa maneno hayo kutoka katika mdomo wako?
၁၃သင် ၏စိတ် သဘောသည် ဘုရား သခင်နှင့် ဆန့်ကျင် ဘက်ဖြစ်၍ ၊ နှုတ် နှင့် ပြစ်မှား ပေ၏။
14 Je, mwanadamu yeye ni nini kwamba yeye anapaswa kuwa safi? Yeye mwanadamu aliyezaliwa na mwanamke ni nini kwamba yeye anapaswa awe mwenye haki?
၁၄လူ သည်အဘယ် သို့သောသူဖြစ်၍ သန့်ရှင်း နိုင်သနည်း။ မိန်းမ ဘွား သောသူသည် အဘယ်သို့သောသူဖြစ်၍ ဖြောင့်မတ် နိုင်သနည်း။
15 Tazama, Mungu haweki tumaini lake hata kwa mmoja wake aliye mtakatifu; Hakika, mbingu haziko safi machoni pake yeye;
၁၅ဘုရားသခင်သည် မိမိ သန့်ရှင်း သူတို့ကိုပင် ယုံ တော်မ မူ။ ကောင်းကင် ဘုံသော်လည်း ရှေ့ တော်၌ မ စင်ကြယ်။
16 jinsi gani asivyo safi ni mmoja aliye mbaya na mla rushwa, mtu ambaye hunywa uovu kama maji!
၁၆သို့ဖြစ်လျှင် ၊ ရေ ကိုသောက်သကဲ့သို့ ဒုစရိုက် အပြစ်ကို သောက် လျက်၊ ဆိုးညစ် ရွံ့ရှာ ဘွယ်သော လူ သတ္တဝါ၌ အဘယ် ဆိုဘွယ် ရှိသနည်း။
17 Mimi nitakuonyesha wewe; Nisikilize mimi; Mimi nitakutangazia wewe vitu ambavyo nimeviona,
၁၇
18 vitu ambavyo watu wenye hekima wamepita chini yake kutoka kwa baba zao, vile vitu ambavyo mababu zao hawakuvificha.
၁၈
19 Hawa walikuwa mababu zao, ambao kwao pekee nchi walipewa, na miongoni mwao hakuna mgeni aliyepita.
၁၉ငါ့ စကားကို နားထောင် လော့။ တပါး အမျိုးသားနှင့် မ ရောနှော ၊ ကိုယ်အမျိုးတမျိုးတည်းလျှင် မြေ ကို ပိုင်သော ပညာရှိ တို့သည်၊ ဘိုးဘေး လက်ထက်မှစ၍ မ ထိမ် မဝှက်၊ ပြော ဘူးသော အရာ၊ ငါ့ကိုယ်တိုင်မြင် သော အရာကို ငါပြသ မည်။
20 Mtu mwovu hupitia katika maumivu siku zake zote, idadi ya miaka iliyowekwa juu kwa mtesaji kuteseka.
၂၀ဆိုး သောသူသည် တသက်လုံး ဒုက္ခ ဆင်းရဲကို ခံရ၏။ ညှဉ်းဆဲ တတ်သောသူသည် မိမိအသက် အပိုင်း အခြားကို မသိရ။
21 Sauti ya vitisho katika masikio yake; pindi yeye yuko katika kufanikiwa, mharibu atakuja juu yake yeye.
၂၁သူသည် ကြောက်မက် ဘွယ်သောအသံ ကို ကြား လျက်နေရ၏။ စည်းစိမ်ကို ခံစားစဉ် တွင်၊ ဖျက်ဆီး သောသူသည် လာတတ်၏။
22 Yeye hafikiri kwamba yeye atarudi kutoka katika giza; Upanga humngojea yeye.
၂၂မှောင်မိုက် ထဲ မှာ ဘေးလွတ် မည်ဟု မြော်လင့် စရာမ ရှိ။ ထား သည်သူ့ကို ချောင်းမြောင်း လျက်ရှိ၏။
23 Yeye huenda sehemu mbali mbali kwa ajili ya mkate, akisema, 'Kiko wapi? ' Yeye anatambua kuwa siku ya giza iko mkononi.
၂၃စားစရာ ကို ရှာ၍လှည့်လည် ရ၏။ မိမိအဘို့ မှောင်မိုက် ကာလ သည် အသင့် ရှိသည်ကို သိ ၏။
24 Dhiki na mateso makali humfanya aogope; wao hushinda dhidi yake yeye, kama mfalme tayari kwa vita.
၂၄ဆင်းရဲ ခြင်းဒုက္ခနှင့် နာကြဉ်း ခြင်းဝေဒနာတို့သည် ထိုသူ ကို ချောက် တတ်၏။ စစ်တိုက် ခြင်းငှါ အသင့် နေသောရှင်ဘုရင် ကဲ့သို့ သူ့ ကို နိုင် တတ်၏။
25 Kwa sababu yeye ameunyosha mkono wake dhidi ya Mungu na ameishi kwa kiburi dhidi ya aliye mkuu,
၂၅အကြောင်း မူကား၊ ထိုသူသည် ဘုရား သခင်၏ အာဏာ တော်ကို ဆန် လျက်၊ အနန္တ တန်ခိုးရှင်တစ်ဘက် ကနေ၍ ကိုယ်ကိုခိုင်ခံ့ စေ၏။
26 huyu mtu mwovu hukimbia kwa Mungu na shingo ngumu, kwa vifundo vikubwa vya ngao.
၂၆လည်ပင်း ကို ဆန့်လျက်၊ ထူ သောဒိုင်း ပုနှင့် ဆီးကာလျက်၊ ဘုရား သခင်ကို တိုက်အံ့သောငှါပြေး ၏။
27 Hii ni kweli, hata ingawa yeye amefunika uso wake kwa mafuta yake na amekusanya mafuta juu ya viuno vyake,
၂၇မိမိ မျက်နှာ ကို ဆူဖြိုး ခြင်းနှင့် ဖုံးအုပ် ၍၊ ဝမ်းပျဉ်း အသားသည်လည်း ဆူဖြိုးလျက် အတွန့်တွန့်နေ၏။
28 na ameishi katika miji yenye ukiwa; katika nyumba ambazo hakuna mwanadamu anayeishi humo sasa na ambazo zilikuwa tayari kuwa magofu.
၂၈သို့သော်လည်း လူဆိတ်ညံ သောမြို့ ၊ အဘယ်သူမျှမ နေ။ လဲလုသော အိမ်တို့၌ သူသည်နေ ရ၏။
29 Yeye hatakuwa tajiri; utajiri wake yeye hautadumu; hata kivuli chake hakitadumu katika nchi.
၂၉ငွေ မ ရတတ်ရ၊ သူ ၏စည်းစိမ် မ တည် ရ။ သူ ၏ ဥစ္စာ ပစ္စည်းသည် မြေကြီး ပေါ် မှာ မ ပြန့်ပွါး ရ။
30 Yeye hatatoka nje ya giza; mwali wa moto utakausha matawi yake; katika pumzi ya kinywa cha Mungu yeye ataenda zake.
၃၀သူသည် မှောင်မိုက် ဘေးနှင့် မ လွတ် ရ။ မီးလျှံ သည်သူ ၏အခက် အလက်တို့ကို လောင်လိမ့်မည်။ ဘုရား သခင်၏ နှုတ် တော်အသက် အားဖြင့် သုတ်သင် ပယ်ရှင်းခြင်းကို ခံရ၏။
31 Mwacheni yeye asitumaini katika vitu visivyofanya kazi, akijidanganya yeye mwenyewe; maana upuuzi utakuwa mshahara wake yeye.
၃၁အဘယ်သူမျှလှည့်စား ခြင်းကိုခံ၍ အနတ္တ ကို မ ခိုလှုံ စေနှင့်။ သို့မဟုတ်အနတ္တ အကျိုးကိုခံရ လိမ့်မည်။
32 Itatokea kabla ya wakati wake yeye atapaswa kufa; tawi lake halitakuwa kijani.
၃၂အချိန် မ စေ့မှီဆုံး ခြင်းသို့ ရောက်လိမ့်မည်။ သူ ၏ အခက် အလက်သည် မ စိမ်း ရာ။
33 Yeye atazipukutisha zabibu zake zisizovunwa kama mzabibu; yeye atayaondoa maua yake kama mti wa mzeituni.
၃၃စပျစ် နွယ်ပင်ကဲ့သို့ မိမိ ၌ မ မှည့်သော အသီးကို၎င်း၊ သံလွင် ပင်ကဲ့သို့ မိမိ အပွင့် ကို၎င်းချွေ ရလိမ့်မည်။
34 Kwa maana msaada wa watu wasiomcha Mungu utakuwa tasa; moto utateketeza hema za rushwa.
၃၄အဓမ္မ လူ၏အသင်း သည် ဆိတ်ညံ လိမ့်မည်။ တံစိုး စားသောသူတို့၏နေရာ သည် မီး လောင် လိမ့်မည်။
35 Wao wanabeba mimba yenye ubaya na kuzaa uovu; tumbo lao hutunga mimba ya udanganifu.
၃၅ထိုသူတို့သည်မကောင်း သောအကြံကို ပဋိသန္ဓေ ယူ၍ အနတ္တ ကိုဘွား တတ်ကြ၏။ သူ တို့ဝမ်း ထဲ၌မုသာ ကို ကိုယ်ဝန်ဆောင်တတ်သည်ဟု မြွက်ဆို၏။