< Yeremia 8 >
1 Wakati huo - BWANA asema - wataleta kutoka makaburini mifupa ya wafalme wa Yuda na wakuu wake, mifupa ya makuhani na ya manabii na mifupa ya wakazi wa Yerusalemu.
၁``ထိုအချိန်ကာလ၌လူတို့သည် ယုဒ ဘုရင်များနှင့်မှူးမတ်များ၊ ယဇ်ပုရောဟိတ် များ၊ ပရောဖက်များနှင့်အခြားယေရုရှလင် မြို့သားများ၏အရိုးတို့ကို သက်ဆိုင်ရာ သင်္ချိုင်းတွင်းများမှတူးဖော်ကြလိမ့်မည်။-
2 Kisha wataitandaza nje mchana kweupe na mbalamwezi na nyota zote za angani; hivi vitu katika anga vimenifuata na kunitumikia, na kwamba vimetembea na kutafuta, na kwamba vimeniabudu. Mifupa haitakusanywa na kuzikwa tena. Itakuwa kama mavi juu ya uso wa dunia.
၂သူတို့သည်မိမိတို့နှစ်သက်ကြည်ညို၊ ဝတ် ပြုရှိခိုး၊ နှီးနှောတိုင်ပင်ခဲ့ကြသည့်နေ၊ လ၊ ကြယ်များအောက်တွင်ထိုအရိုးတို့ကိုဖြန့် ကြဲထားလိမ့်မည်။ ယင်းတို့ကိုစုသိမ်းသင်္ဂြိုဟ် မည့်အစားမြေသြဇာသဖွယ်မြေပေါ်မှာ ခင်းကြလိမ့်မည်။-
3 Na katika kila eneo lililobaki ambalo nimewafukuza, Watachagua mauti badala ya uzima kwa ajili yao, wote ambao watasalia kutokana na taifa hili ovu - asema BWANA wa majeshi.
၃ငါကွဲလွင့်စေရာအရပ်များတွင်အသက် မသေဘဲကျန်ရှိသူ၊ ဤဆိုးညစ်သည့်ခေတ် မှလူတို့သည် မိမိတို့ဆက်လက်အသက်ရှင် ရန်ထက်သေရန်ပိုမိုလိုလားတောင့်တကြ လိမ့်မည်။ ဤကားအနန္တတန်ခိုးရှင်ငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု မိန့်တော်မူ၏။
4 Kwa hiyo uwaambie, 'BWANA asema hivi: Je, kuna mtu anyeanguka na hasimami? Je, kuna mtu anayepotea na hawezi kujaribu kurudi?
၄လူတို့အားဆင့်ဆိုရန် ထာဝရဘုရားမိန့် တော်မူသည်မှာ``အဘယ်သူသည်လဲကျပြီး နောက်ပြန်မထဘဲနေသနည်း။ အဘယ်သူ သည်လမ်းမှားသွားပြီးနောက်ပြန်မလှည့် ဘဲနေသနည်း။-
5 Kwa nini hawa watu, Yerusalemu, wamegeukia uasi daima? Wanashikilia uongo na wanakataa kutubu.
၅ယေရုရှလင်မြို့၊ သင်တို့သည်အဘယ်ကြောင့် ငါ့ထံမှထွက်ခွာသွား၍ အဘယ်ကြောင့်ပြန် လှည့်မလာကြသနည်း။ သင်တို့သည်လှည့် ဖြားမှုများကိုစွဲလန်းလျက်နေသဖြင့် ငါ့ ထံသို့ပြန်လာရန်ငြင်းဆန်ကြသည်။-
6 Nilikaa kwa uangalifu na nikasikiliza, lakini hawakuongea kilicho sahihi; hakuna aliyetubia uovu wake, hakuna asemaye, “Nimefanya nini?” Kila mmoja wao huenda kule anakotaka, kama farasi aendaye kasi vitani.
၆ငါသည်စေ့စေ့နားထောင်သော်လည်းသင်တို့ သည်သစ္စာစကားကိုမပြောကြ။ သင်တို့တွင် အဘယ်သူမျှမိမိတို့ယုတ်မာမှုများအတွက် ဝမ်းမနည်းကြ။ `ငါသည်အဘယ်မကောင်းမှု ကိုပြုမိပါသနည်း' ဟုအဘယ်သူမျှမမေး ကြ။ တိုက်ပွဲသို့အပြင်းပြေးသည့်မြင်းကဲ့ သို့လူတိုင်းမိမိတို့ပြုလိုရာကို ပြုလျက် နေကြ၏။-
7 Hata koikoi angani hujua wakati sahihi; na njiwa, na mbayuayu, n a korongo. Huhama kwa wakati sahihi, lakini watu wangu hawayajui maagizo ya BWANA.
၇မိုးကောင်းကင်၌ပျံဝဲလျက်ရှိသောငှက် ကျားပင်လျှင် မိမိပြန်ရမည့်အချိန်သိ၏။ ချိုး၊ ပျံလွှားနှင့်ကြိုးကြာတို့သည်လည်း မိမိ တို့ကျက်စားရာအရပ်၊ ပြောင်းရွှေ့ချိန်ကိုသိ ကြ၏။ သို့ရာတွင်ငါ၏လူမျိုးတော်၊ သင် တို့သည်မိမိတို့အတွက်ထာဝရဘုရား ပြဋ္ဌာန်းထားသည့်တရားတော်ကိုမသိ ကြ။-
8 Kwa nini mnasema, “Sisi tuna hekima! na sheria ya BWANA tunayoi?” Hakika, Tazama! Kalamu yenye uongo ya mwandishi imefanya uongo.
၈ငါ၏တရားတော်ကိုသိရှိ၍သင်တို့သည် ပညာရှိကြ၏ဟုအဘယ်သို့လျှင်သင် တို့ဆိုနိုင်ကြမည်နည်း။ ကြည့်ရှုကြလော့၊ မရိုးမဖြောင့်သည့်ကျမ်းကူးဆရာတို့က တရားတော်ကိုပြောင်းလဲစေကြလေပြီ။-
9 Wenye hekima wataaibishwa. Wameyeyuka na na kunaswa. Tazama! wanakataa neno la BWANA, kwa hiyo hekima yao ni kwa ajili ya matumizi gani?
၉သင်တို့၏ပညာရှိများသည်အရှက်ကွဲ ကြ၏။ သူတို့သည်စိတ်ရှုပ်ထွေးလျက်ထောင် ချောက်တွင်မိကြလေပြီ။ သူတို့သည်ငါ၏ နှုတ်ကပတ်တော်ကိုပစ်ပယ်လိုက်ကြပြီ ဖြစ်၍ယခုအခါ၌သူတို့တွင်အဘယ် သို့သောပညာဉာဏ်ရှိတော့မည်နည်း။-
10 Kwa wake zao nitawapa wengine, na mashamba yao kwa wale watakaowamiliki, kwa kuwa kuanzia kijana hadi mkuu, kwa pamoja ni wachoyo! Kuanzia nabii hadi kuhani, wote wanasema uongo.
၁၀သို့ဖြစ်၍သူတို့လယ်ယာများကိုပိုင်ရှင် သစ်များသို့လည်းကောင်း၊ သူတို့ဇနီးများ ကိုအခြားသူတို့ထံသို့လည်းကောင်းငါ ပေးအပ်မည်။ ကြီးငယ်မဟူလူအပေါင်း တို့သည်မတရားစီးပွားရှာကြ၏။ ပရော ဖက်များနှင့်ယဇ်ပုရောဟိတ်များပင်လျှင် လူတို့ကိုလိမ်လည်ကြ၏။-
11 Kwa kuwa wametibu jeraha ya binti za watu wangu kwa juu juu. Walijisemea, “Amani, Amani,” na kumbe hapakuwa na amani.
၁၁သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။-
12 Je, waliona aibu walipofanya machukizo? Hawakuaibika. Hawakuwa na utu. Kwa hiyo wataanguka wakati wa adhabu, pamoja na wale walioanguka. Watatupwa chini, asema BWANA.
၁၂ငါ၏လူမျိုးတော်သည်ငါစက်ဆုတ်သည့် အမှုအရာတို့ကိုပြုကျင့်သည့်အတွက်ရှက် ကြောက်ကြသလော။ သင်တို့အလျှင်းမရှက် မကြောက်ကြ။ သင်တို့သည်ရှက်သွေးပင်မသန်း တတ်ကြ။ သို့ဖြစ်၍သင်တို့သည်အခြားသူ များနည်းတူပြိုလဲရကြလိမ့်မည်။ ငါအပြစ် ဒဏ်ခတ်သောအခါသင်တို့နာလန်ထူနိုင် ကြတော့မည်မဟုတ်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။
13 Nitawaondoa kabisa - asema BWANA - hapatakuwa na zabibu kwenye mizabibu yao, wala tini katika mitini yao. kwa kuwa jani litanyauka, na kile nilichowapatia kitaisha.
၁၃``လူသည်မိမိသီးနှံကိုရိတ်သိမ်းသကဲ့သို့ ငါထာဝရဘုရားသည်မိမိလူမျိုးတော် အားရိတ်သိမ်းလိုသည်။ သို့သော်သူတို့သည် အရွက်များပင်ညှိုးနွမ်းလျက် အသီးမရှိ သည့်စပျစ်ပင်များ၊ အသီးမသီးသောသင်္ဘော သဖန်းပင်များနှင့်တူကြ၏။ ထိုကြောင့်ငါ ပေးသောပြည်တော်ကိုတစ်ပါးသူတို့၏ လက်ထဲသို့ရောက်စေတော်မူလေပြီ။
14 Kwa nini tunakaa hapa? Njoni pamoja; twendeni kwenye hiyo miji yenye maboma, na tutakaa kimya kule katika kifo. Kwa kuwa BWANA, Mungu wetu atatunyamazisha. Atatufanya tunywe sumu, kwa kuwa tumemtenda dhambi.
၁၄ဘုရားသခင်၏လူမျိုးတော်က``ငါတို့သည် အဘယ်ကြောင့်မလှုပ်မယှက်ထိုင်နေကြပါ သနည်း။ လာကြ၊ ခံတပ်မြို့များသို့ပြေး၍ ငါတို့သေကြကုန်အံ့။ ငါတို့ဘုရားသခင် ထာဝရဘုရားသည် ငါတို့အားသေဒဏ် စီရင်တော်မူပြီ။ ငါတို့သည်ကိုယ်တော်ကို ပြစ်မှားသည်ဖြစ်၍ ကိုယ်တော်သည်ငါတို့ သောက်ရန်အဆိပ်ပါသောရေကိုတိုက်တော် မူပြီ။-
15 Tunatumainia amani, lakini hakutakuwa na jema. Tunatumainia wakati wa uponyaji, lakini tazama kutakuwa na hofu.
၁၅ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
16 Mkoromo wa farasi wake umesikika kutoka Dani. Dunia nzima inatikisika kwa sababu ya sauti ya kukaribia kwa farasi wake wenye nguvu. Kwa kuwa watakuja kuiangamiza nchi na utajiri wake, mji na wote wakaao nadani yake.
၁၆ရန်သူများသည်မြောက်ဘက်ရှိဒန်မြို့သို့ တိုင်အောင်ရောက်ရှိလာကြရာ သူတို့၏မြင်း များနှာမှုတ်သံကိုငါတို့ကြားရကြ၏။ သူတို့၏မြင်းများဟီလိုက်သောအခါ၌ တစ်တိုင်းတစ်ပြည်လုံးတုန်လှုပ်၍သွား၏။ သူတို့သည်ငါတို့ပြည်နှင့်တကွ ငါတို့ ပြည်တွင်ရှိသမျှသောအရာများ၊ ငါတို့ မြို့နှင့်မြို့သူမြို့သားများအားသုတ်သင် ဖျက်ဆီးရန်လာရောက်ကြလေပြီ'' ဟုဆို ကြ၏။
17 Hebu tazama, ninawatuma nyoka kati yenu, fira ambao hawawezi kuzuiliwa kwa uganga. Watawauma - asema BWANA,”
၁၇ထာဝရဘုရားက``သတိဝိရိယနှင့်နေ ကြလော့။ ငါသည်သင်တို့အထဲသို့မြွေများ၊ အလမ္ပာယ်ဆရာမနိုင်သည့်မြွေဆိုးများကို စေလွှတ်မည်။ ထိုမြွေတို့သည်သင်တို့ကို ကိုက်ကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
18 Huzuni yangu haina ukomo, na moyo wangu unaugua.
၁၈ငါ၏ဝမ်းနည်းမှုကိုကုစား၍မရနိုင်။ ငါ၏စိတ်နှလုံးသည်ပူဆွေးလျက်ရှိ၏။
19 Tazama! sauti ya maumivu ya binti wa watu wangu kutoka mbali! Je, BWANA hayumo Sayuni? Je, mfalme wake hayumo ndani yake? Kwa nini sasa wananichukiza kwa vitu vya kuchongwa na sanamu za kigeni zilizo batili?
၁၉နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
20 Mavuno yamepita, wakati wa hari umekwisha. Lakini sisi hatujaokoka.
၂၀လူတို့ကလည်း``နွေရာသီကုန်ဆုံး၍အသီး အနှံ ရိတ်သိမ်းချိန်ကုန်လွန်ပြီဖြစ်သော်လည်း၊ ငါတို့သည်ကယ်တင်ခြင်းမခံရကြသေးပါ'' ဟုဟစ်အော်ကြ၏။
21 Nimeumia kwa sababu ya maumivu ya binti wa watu wangu. Ninaomboleza kwa sababu ya mambo ya kushangaza ambayo yametokea kwake; Nimeyeyuka.
၂၁ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
22 Je, kule Gileadi hakuan dawa? Je, huko hayuko mponyaji? Kwa nini uponyaji wa binti wa watu wangu hautokei?
၂၂ဂိလဒ်ပြည် ၌ဆေးဝါးမရှိတော့ပြီလော။ ဆေးသမားလည်းမရှိတော့ပြီလော။ အဘယ်ကြောင့်ငါ့အမျိုးသားများ၏ အနာရောဂါကို ပျောက်ကင်းအောင်မကုသကြပါသနည်း။