< Yeremia 39 >

1 Katika mwaka wa tisa na mwezi wa kumi wa Sedekia mfalme wa Yuda, Nebukadreza mfalme wa Babeli alikuja pamoja na jeshi lake lote dhidi ya Yerusalem na kuizingira.
ယုဒ ရှင်ဘုရင် ဇေဒကိ မင်းကြီးနန်းစံကိုးနှစ် ဒသမ လ တွင် ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ဗိုလ်ခြေ အပေါင်း တို့နှင့် တကွလာ ၍ ယေရုရှလင် မြို့ကို ဝိုင်း ထားကြ၏။
2 Katika mwaka wa kumi na moja na mwezi wa nne wa Sekeia, siku ya tisa ya mwezi, mji uliharibiwa.
ဇေဒကိ မင်းကြီးနန်းစံဆယ် တ နှစ် ၊ စတုတ္ထ လ ကိုး ရက်နေ့၌ မြို့ ကို ဖြို ဖေါက်၍ ၊
3 Kisha maafisa wote wa mfalme wa Babeli walikuja na kukaa kwenye lango la katikati: Nergali Sharezeri, Samgari Nebo, na Sarsechimu, afisa muhimu. Nerga Sharezeri alikuwa afisa mkuu na wote waliobaki maafisa wa mfalme wa Babeli.
ရွှေထားဝန်နေရဂါလရှရေဇာ ၊ မိန်းမစိုး အုပ်စာသခိမ် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ တည်းဟူသောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အစ ရှိသော မှူးတော် မတ်တော်အပေါင်း တို့သည် မြို့ထဲသို့ဝင်၍၊ အလယ် ချက် တံခါးဝ ၌ ထိုင် ကြ၏။
4 Ilitokea kwamba wakati Sedekia, mfalme wa Yuda, na wanaume wapiganaji wake wote walipowaona, walikimbia. Walitoka nje usiku toka kwenye mji kwa njia ya bustani ya mfalme, kupitia lango la kati la kuta mbili. Mfalme alitoka nje katika mwelekeo wa Arabah.
ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနှင့် စစ်သူရဲ အပေါင်း တို့သည် ထိုလူ များကို မြင် လျှင် ၊ ညဉ့် အခါပြေး ၍ ဥယျာဉ် တော်လမ်း ကို လိုက်လျက်၊ မြို့ရိုး နှစ်ထပ်စပ်ကြား တံခါး ဖြင့် ထွက်ပြီးမှလွင်ပြင် သို့ သွား ကြ၏။
5 Lakini jeshi la Wakaldayo walimfatilia na kumpata Sedekia kwenye tambarare za mto Yordani karibu na Yeriko. Kisha walimshika na kumleta kwa Nebukadreza, mfalme wa Babeli, Riblah kwenye nchi ya Hamath, ambapo Nebukadreza alipitisha sentensi juu yake.
ခါလဒဲ စစ်သူရဲ တို့သည် လိုက် လျက် ၊ ယေရိခေါ လွင်ပြင် ၌ ဇေဒကိ မင်းကိုမှီ ၍ ဘမ်းဆီး ပြီးမှ ၊ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ ရှိရာ ဟာမတ် ပြည် ရိဗလ မြို့သို့ ဆောင်သွား ကြ၏။ ဗာဗုလုန်ရှင်ဘုရင်သည် ဇေဒကိ မင်း၏ အမှု ကို စစ်ကြော စီရင်၍ ၊
6 Mfalme wa Babeli alimchinja binti wa Sedekia mbele ya macho yake huko Ribla. Pia aliwachinja wanaume wote wa heshima wa Yuda.
ရိဗလ မြို့မှာ ဇေဒကိ သား တို့ကို အဘ မျက်မှောက် ၌ သတ် လေ၏။ ယုဒ မှူးမတ် အပေါင်း ကိုလည်း သတ် လေ၏။
7 Kisha alingoa macho ya Sedekia na kumfunga mnyororo wa shaba ili kusudi kumpeleka Babeli.
ဇေဒကိ မျက်စိ ကိုလည်း ဖောက် ပြီးမှ ၊ သူ့ ကိုကြေးဝါ ကြိုးနှင့် ချည်နှောင် လေ၏။
8 Kisha Wakaldayo walichoma nyumba ya mfalme na nyumba za watu. Pia walivunja kuta za Yerusalem.
ခါလဒဲ လူတို့သည်လည်း ၊ နန်းတော် နှင့် ဆင်းရဲသား အိမ် တို့ကို မီးရှို့ ၍ ၊ မြို့ရိုး ကို ဖြိုဖျက် ကြ၏။
9 Nebukadreza, nahodha wa walinzi wa mfalme, waliwachukua katika mateka watu wengine waliobaki katika mji. Hii ilijumuisha watu waliotoka jangwa kwenda Wakaldayo na watu wengine walioachwa katika mji.
ထို အခါ ကိုယ်ရံ တော်မှူး နေဗုဇာရဒန် သည် မြို့ ထဲမှာ ကျန် ကြွင်းသောသူ ၊ ခါလဒဲ လူဘက် သို့ ကူး သွား နှင့်သော သူ၊ ကျန် ကြွင်းသမျှသောသူ တို့ ကိုဗာဗုလုန် မြို့သို့ သိမ်း သွားလေ၏။
10 Lakini Nebukadreza nahodha wa walinzi wa mfalme aliwaruhusu watu maskini ambayo hawakuwa na chochote wao kubaki katika chi ya Yuda. Aliwapa mashamba ya mizabibu na maeneo katika siku ile.
၁၀သို့ရာတွင် ၊ ဥစ္စာအလျှင်းမရှိသော ဆင်းရဲသား အချို့တို့ကို ယုဒ ပြည် ၌ ထား ခဲ့၍ ၊ စပျစ် ဥယျာဉ်နှင့် လယ်ယာ တို့ကိုပေး လေ၏။
11 Nebukadreza mfalme wa Babeli alikuwa ametoa amri kuhusu Yeremia kwa Nebuzaradani nahodha wa walinzi wa mfalme. Alikuwa amesema,
၁၁ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် ယေရမိ အမှု၌၊ ကိုယ်ရံတော် မှူးနေဗုဇာရဒန် ကို မှာ ထားနှင့် သည်ကား၊
12 “Mchukue na umjali. Usimdhuru. Fanya kwa ajili yake chochote anachokuambia.”
၁၂ယေရမိ ကိုယူ ၍ ကောင်းမွန်စွာ ကြည့်ရှု လော့။ မ ညှဉ်းဆဲ နှင့်။ သူပြော သည်အတိုင်း သူ့ ကိုပြု လော့ဟု မှာ ထားတော်မူသည်နှင့်အညီ၊
13 Basi Nebuzaradani nahodha wa walinzi wa mfalme, Nebushazbani mkuu wa matoashi, Nergali Sharezeri afisa mkuu, na wote maafisa wa muhimu wa mfalme wa Babeli walituma watu nje.
၁၃ကိုယ်ရံတော် မှူးနေဗုဇာရဒန် ၊ မိန်းမစိုး အုပ် နေဗုရှာဇဗန် ၊ မာဂု ပညာရှိအုပ်နေရဂါလရှရေဇာ အစရှိ သောဗာဗုလုန် ရှင်ဘုရင် ၏မှူးမတ် အပေါင်း တို့သည် လူကိုစေလွှတ် ၍ ၊
14 Watu wao walimchukua Yeremia kutoka uwanja wa mlinzi na kumkabidhi kwa Gedalia mwana wa Ahikami mwana wa Shafani, kumchua nyumbani, basi Yeremia alibaki miongoni mwa watu.
၁၄ယေရမိ ကိုထောင် ဝင်း ထဲက နှုတ်ယူ ပြီး လျှင်၊ သူ၏နေရာ သို့ ပို့ဆောင် စေခြင်းငှါ ၊ ရှာဖန် သား ဖြစ်သော အဟိကံ ၏သား ဂေဒလိ ၌ အပ် ကြ၏။ သို့ ဖြစ်၍၊ ယေရမိ သည် ပြည်သား များနှင့် အတူနေ ရလေ၏။
15 Sasa neno la Yahwe lilikuwa limekuja kwa Yeremia wakati alipokuwa chini ya kifungo kwenye uwanja wa mlinzi, na alisema,
၁၅ယေရမိ သည်ထောင် ဝင်း ထဲမှာ အချုပ် ခံရသောအခါ ၊ ထာဝရဘုရား ၏ နှုတ်ကပတ် တော်ရောက် ၍၊
16 “Zungumza kwa Ebedi Meleki Mkushi na sema, 'Yahwe wa majeshi, Mungu wa Israel, asema hivi: Ona, Nimekaribia kubeba maneno yangu dhidi ya mji huu kwa ajili ya janga na si kwa uzuri. Kwa kuwa yatakuwa kweli mbele yako katika siku hiyo.
၁၆သင်သည် ကုရှ အမျိုးသားဧဗဒမေလက် ကို ဆင့်ဆို ရမည်မှာ၊ ဣသရေလ အမျိုး၏ဘုရား သခင်၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူ သည်ကား ၊ ဤ မြို့ ၏အကျိုး ကိုမပြုစု၊ ဖျက်ဆီးခြင်းငှါငါ့စကားကို ငါတည်စေမည်။ ကာလ အချိန်ရောက်လျှင်၊ သင့် ရှေ့ ၌ ငါ့ စကား ပြည့်စုံ လိမ့်မည်။
17 Lakini nitakuokoa katika siku hiyo - hili ni tamko la Yahwe - na hautatiwa katika mkono wa wanaume ambayo unawaogopa.
၁၇သို့ သော်လည်း၊ ထို ကာလ ၌ သင့် ကို ငါကယ်နှုတ် မည်။ သင်ကြောက် သော သူ တို့ လက် သို့ သင်မ ရောက် ရ။
18 Kwa kuwa nitakuokoa hakika. Hautaanguka kwa upanga. Utatoroka pamoja na maisha yako, kwani unanitumaini - hili lilikuwa tamko la Yahwe.”
၁၈ငါသည် သင့် ကို စင်စစ် ကယ်နှုတ် မည်။ သင်သည် ထား ဖြင့် မ ဆုံး ရ။ လက် ရဥစ္စာကဲ့သို့ ကိုယ် အသက် ကို ရ လိမ့်မည်။ အကြောင်းမူကား၊ သင်သည် ငါ့ ကို ကိုးစား သောကြောင့် တည်းဟု ထာဝရဘုရား မိန့် တော်မူ၏။

< Yeremia 39 >