< Yeremia 3 >

1 Wanaema, 'Mwanamume akimfukuza mke wake, naye akaondoka kwake na kuwa mke wa mwanamume mwingine. Je, anaweza kumrudia tena? Je huyo si najisi kabisa?' Huyo mwanamke ndiyo hii nchi! Mmetenda kama kama Kahaba aliye na wapenzi wengi, na sasa mnapenda kurudi kwangu tena? - asema BWANA wa majeshi.
ယောက်ျား စွန့်ပစ်သော မိန်းမသည် ထွက်သွား ၍၊ အခြားသော သူ၏မယားဖြစ်ပြီးမှ၊ အရင်လင်သည် ထိုမိန်းမကို ပြန်၍ယူသင့်သလော။ ထိုသို့ပြုသော ပြည် သည် ညစ်ညူးသည်မဟုတ်လောဟု ဆိုလေ့ရှိလျက်နှင့်၊ သင်သည်များစွာသော ရည်းစားတို့၌မှီဝဲ၍ မှားယွင်းသော် လည်း၊ ငါ့ထံသို့ ပြန်လာပါဟု ထာဝရဘုရား မိန့်တော် မူ၏။
2 Inua macho yako uvitazame vielele tasa! Je kuna mahali ambapo hukufanya ukahaba? Pembeni mwa barabara ulikaa ukisubiri wapenzi wako, kama vile Mwarabu jangwani. Uneiharibu nchi kwa ukahaba na uovu wako.
မြင့်သောအရပ်များကို မျှော်ကြည့်၍၊ လင်မနေ ဘူးသောအရပ် တစုံတခုကို ရှာလော့။ အာရပ်လူသည် တော၌စောင့်သကဲ့သို့၊ သင်သည် လမ်းတို့၌စောင့်နေ၍၊ မတရားသော မေထုန်အားဖြင့်၎င်း၊ အဓမ္မအမှုအားဖြင့် ၎င်း ပြည်ကို ညစ်ညူးစေပြီ။
3 Kwa hiyo chemichemi za mvua zilizuiliwa na mvua za vuli hazikunyesha. Lakini uso wako una kiburi, kama uso wa mwanamke kahaba. Unakataa kuona aibu.
မိုဃ်းခေါင်၍ နောက်မိုဃ်းတိုင်အောင် မရွာ သော်လည်း၊ သင်သည် ပြည်တန်ဆာနဖူးရှိ၍၊ ရှက်ခြင်း သဘောကိုပယ်ရှားပြီ။
4 Na sasa hutaniita mimi: 'Baba yangu, hata marafiki zangu wa tangu ujanani! Je, atakuwa na hasira dhidi yangu milele?
ယခုမှစ၍ သင်က၊ အကျွန်ုပ်အဘ၊ ကိုယ်တော် သည် အကျွန်ုပ်အသက်ငယ်စဉ်၊ စောင့်မပါပြီဟု ငါ့အား အော်ဟစ်ပါစေသော။
5 Je, utaendelea kuwa na hasira zako?' Tazama! Umesema kuwa utatenda maovu, na kweli umetenda hivyo. kwa hiyo endelea kufanya hivyo!”
ဘုရားသခင်သည် အစဉ်အမျက်ထွက်တော်မူ မည်လော။ အဆုံးတိုင်အောင် အပြစ်ကို မှတ်တော်မူမည် လောဟု ဆိုပါစေသော။ ထိုသို့ဆိုသော်လည်း၊ တတ်နိုင် သမျှအတိုင်း အဓမ္မအမှုကို ပြုပါသည်တကား။
6 Kisha BWANA akanena nami katika siku za mfalme Yosia, “Je, unaona jinsi Israeli alivyoniasi? Yeye anaenda kwenye kila kilima na katika kila mti wenye majani mabichi, na kule anafanya kama mwanamke kahaba.
ယောရှိမင်းကြီးလက်ထက်၊ ထာဝရဘုရားသည် ငါ့အားမိန့်တော်မူသည်ကား၊ ဖောက်ပြန်သော ဣသ ရေလအမျိုးပြုသောအမှုကို သင်မြင်ပြီလော။ မြင့်သော တောင်ရှိသမျှအပေါ်သို့တက်၍၎င်း၊ စိမ်းသောသစ်ပင် ရှိသမျှအောက်၌၎င်း ပြည်တန်ဆာလုပ်လေပြီ။
7 Nikisema, 'Baada ya kuwa amefanya mambo haya yote, atanirudia,' lakini hakurudi. Kisha dada yake Yuda ambaye ni mwasi pia aliona alichokifanya.
သူသည် ထိုအမှုအလုံးစုံတို့ကို ပြုပြီးမှ၊ ငါ့ထံသို့ ပြန်လာပါဟု ငါပြောသော်လည်း၊ သူသည်ပြန်၍မလာ။ ထိုအမှုကို သူ၏ညီမ၊ သစ္စာပျက်သောညီမ ယုဒသည် ကြည့်မြင်လေ၏။
8 Kwa hiyo nami nikaona kuwa kwa sababu amefanya uzinzi huu wote. Huyo Israeli aliyeasi! Nilimfukuza na kumpatia talaka ya ndoa. Lakini dada yake Yuda mwenye hiana hakuwa na hofu, na yeye akaenda kuafanya kama mwanamke kahaba!
ဖောက်ပြန်သော ဣသရေလသည် မတရား သော မေထုန်ကို ပြု၍၊ မှားယွင်းသော အပြစ်များကြောင့်၊ သူနှင့်ငါကွာ၍ ဖြတ်စာကို အပ်သော်လည်း၊ သစ္စာပျက် သောညီမ ယုဒသည်လည်း၊ မကြောက်ဘဲသွား၍၊ ပြည် တန်ဆာလုပ်ကြောင်းကို ငါမြင်ရ၏။
9 Hukusikitika kuwa ameinajisi nchi, kwa hiyo wakatengeneza sanamu za mti na za jiwe.
သူသည် မတရားသော မေထုန်ကိုပြု၍ အလွန် လော်လည်သောအားဖြင့် ပြည်ကို ညစ်ညူးစေ၍၊ ကျောက် နှင့်၎င်း၊ သစ်တုံးနှင့်၎င်း မှားယွင်းလေ၏။
10 Kisha baada ya haya yote, wala Yuda dada yake muasi hakurudi kwangu na moyo wake wote, bali alikuja na uongo! -asema BWANA wa majeshi,”
၁၀ထိုမျှလောက်အပြစ်ရှိသော်လည်း၊ သစ္စာပျက် သော ညီမယုဒသည် ငါ့ထံသို့စိတ်နှလုံးအကြွင်းမဲ့ပြန်၍ မလာ။ ပြန်လာဟန်ဆောင်သည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
11 Kisha BWANA akanena na mimi, “Israeli muasi amekuwa mwenye haki zaidi kuliko Yuda muasi!
၁၁တဖန်ထာဝရဘုရားသည် ငါ့အား မိန့်တော်မူ သည်ကား၊ သစ္စာပျက်သော ယုဒသည် ဖောက်ပြန်သော ဣသရေလထက် အပြစ်ကြီး၏။
12 Nenda ukaseme maneno haya huko kaskazini. Uwaambie, 'Rudi wewe Israeli uliyeasi! - asema BWANA - sitakuwa na hasira dhidi yako. Kwa kuwa mimi ni mwaminifu - asema BWANA - sitakuwa na hasira milele.
၁၂သင်သည် သွား၍ မြောက်မျက်နှာသို့ ဟစ်ကြော် ရမည် စကားဟူမူကား၊ အိုဖောက်ပြန်သော ဣသရေလ၊ ပြန်လာပါဟု ထာဝရဘုရား မိန့်တော်မူ၏။ သင်၌ ငါ သည် မျက်မုန်းကြိုးခြင်းကိုမပြု၊ ကရုဏာစိတ်သဘော ရှိ၏။ အစဉ်အမျက်ထွက်တတ်သည်မဟုတ်ဟု ထာဝရ ဘုရား မိန့်တော်မူ၏။
13 Kiri uovu wako, kwa kuwa umefanya dhambi dhidi ya BWANA, Mungu wako; umemshirikisha njia zako mgeni chini ya kila mti wenye majani mabichi! wala hukuisikiliza sauti yangu! - asema BWANA.
၁၃သင်သည် ငါ့စကားကို နားမထောင်။ သင်၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှား၍၊ စိမ်းသော သစ်ပင်ရှိသမျှ အောက်၌တွေ့သော ဧည့်သည်တို့နှင့် မှား ယွင်းသော အပြစ်ရှိကြောင်းကို ဝန်ချရုံမျှသာ ပြုလော့ဟု ထာဝရဘုရားမိန့်တော်မူ၏။
14 Rudini, enyi watu waasi! - asema BWANA - kwa kuwa mimi nimekuoa wewe! Nitakurudisha wewe mmoja katika mji, wawili katika ukoo mmoja, na nitawarudisha Sayuni!
၁၄အိုဖောက်ပြန်သော သူငယ်တို့၊ ပြန်လာကြလော့ ဟု ထာဝရဘုရား မိန့်တော်မူ၏။ ငါသည် သင်တို့ကို ရွံရှာဘူးသော်လည်း၊ သင်တို့မြို့များထဲက တမြို့လျှင် လူ တယောက်၊ အမျိုးသားချင်း အစုစုထဲက တစုလျှင် လူနှစ်ယောက်ကို ရွေးယူ၍ ဇိအုန်မြို့သို့ ပို့ဆောင်မည်။
15 Nitawapa wachungaji niwapendao, na watawachunga kwa maarifa na ufahamu.
၁၅ငါသည် နှစ်သက်သောသူတို့ကို သင်းအုပ်အရာ ၌ ခန့်ထား၍၊ သူတို့သည် ဥာဏ်ပညာနှင့် ပြည့်စုံလျက် သင်တို့ကို အုပ်ကြလိမ့်မည်။
16 Ndipo itakapotokea kuwa utaongezeka na kuzaa matunda katika nchi hiyo siku hizo-asema BWANA. Hawataweza kusema kuwa, “Sanduku la agano la BWANA! Jambo hili hawatalikumbuka tena katika mioyo yao, kwa kuwa hawataliwaza tena wala kulijali tena. Usemi huu hawatausema tena.'
၁၆ထိုကာလတွင် သင်တို့သည် ပြည်တော်၌ တိုးပွါး များပြားသောအခါ၊ ထာဝရဘုရား၏ ပဋိညာဉ် သေတ္တာ တော်ဟူ၍ နောက်တဖန် မပြောမဆိုရ။ ထိုသေတ္တာတော် ကို စိတ်မစွဲလမ်း၊ မအောက်မေ့၊ မပြုစုရ။ နောက်တဖန် မလုပ်ရဟု ထာဝရဘုရား မိန့်တော်မူ၏။
17 Katiak wakati huo watasema juu ya Yerusalemu, 'Hii ndiyo enzi ya BWANA,' na mataifa mengine yote yatakusanyika Yerusalemu katika jna la BWANA. Hawataishi katika taabu ya uovu wa mioyo yao.
၁၇ထိုအခါ ယေရုရှလင်မြို့ကို ထာဝရဘုရား၏ ပလ္လင်ဟူ၍ခေါ်ကြလိမ့်မည်။ လူမျိုးအပေါင်းတို့သည် လည်း၊ ထာဝရဘုရား၏နာမတော်ကို အမှီပြု၍၊ ထိုပလ္လင် သို့ စည်းဝေးကြလိမ့်မည်။ နောက်တဖန် မိမိတို့၌ ဆိုး သောစိတ်နှလုံးခိုင်မာခြင်းသဘောသို့ လိုက်၍ မကျင့် ရကြ။
18 Katika siku hizo, nyumba ya Yuda itaishi na nyumba ya Israeli. Watarudi pamoja kutoka katika nchi ya kaskazini katika nchi niliyowapa mababu wao kuwa urithi.
၁၈ထိုကာလ၌ ယုဒအမျိုးသည် ဣသရေလအမျိုး နှင့် ပေါင်းဘော်လျက်၊ မြောက်မျက်နှာအရပ်က တစု တည်းလာ၍၊ သင်တို့ဘိုးဘေးများ အမွေခံဘို့၊ ငါပေးဘူး သော ပြည်သို့ ရောက်ကြလိမ့်မည်။
19 Lakini mimi, Nilisema, 'Jinsi nipendavyo kukuheshimu kama mwanangu na kukupa nchi ipendezayo, kuwa urithi mzuri kuliko ulio katika taifa lolote!' Nami nikasema, ''mtaniita baba yangu''.'Nami nitasema kwamba hamtageuka na kuacha kunifuata.
၁၉ငါသည်သင့်ကို သားတို့တွင် အဘယ်သို့ ထားရ အံ့နည်း။ သာယာသောပြည်၊ တိုင်းနိုင်ငံအပေါင်းတို့၏ အထွဋ်၊ ဘုန်းကြီးသော အမွေခံရာ ပြည်ကိုသင့်အား အဘယ်သို့ပေးရအံ့နည်းဟု ငါမေးသောအခါ၊ သင်သည် ငါ့ကို အကျွန်ုပ်အဘဟူ၍ ခေါ်ရလိမ့်မည်။ ငါ့ထံမှလွှဲ၍ မသွားရဟု ငါပြန်ပြော၏။
20 Lakini kama mwanamke aliyemwasi mume wake, mmenisaliti, enyi nyumba ya Israeli - asema BWANA.”
၂၀အိုဣသရေလအမျိုး၊ မယားသည် မိမိခင်ပွန်း၌ သစ္စာဖျက်သကဲ့သို့၊ အကယ်စင်စစ် သင်တို့သည်ငါ၌ သစ္စာဖျက်ကြပြီဟု ထာဝရဘုရားမိန့်တော်မူ၏။
21 Sauti ilisikika juu ya nyanda, kilio na kusihi kwa watu wa Israeli! kwa kuwa wamezibadili njia; wamemsahau BWANA, Mungu wao.
၂၁ဣသရေလ အမျိုးသားတို့သည် မြင့်သောအရပ်တို့၌ ငိုကြွေး၍ တောင်းပန်သောအသံကို ငါကြားရပြီ။ အကြောင်းမူကား၊ သူတို့သည် လမ်းလွှဲ၍၊ မိမိတို့ဘုရား သခင် ထာဝရဘုရားကို မေ့လျော့ကြပြီ။
22 “Rudini enyi watu mlioasi! Nami nitawaponya na uasi wenu!” “Tazama! tutakuja kwako, kwa kuwa wewe ni BWANA, Mungu wetu!
၂၂အိုဖောက်ပြန်သော သူငယ်၊ သင်တို့ပြန်လာ ကြလော့။ ဖောက်ပြန်ရာများကို ငါပြုပြင်မည်။ သူတို့ ကလည်း၊ အကျွန်ုပ်တို့သည် ကိုယ်တော်ထံသို့ လာကြ ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်တော်မူ၏။
23 Uongo hutoka kwenye vilima, kutoka kwenye milima mingi. Kwa hakika wokovu wa Israeli unapatikana kwa BWANA, Mungu wetu.
၂၃အကယ်စင်စစ် ကုန်းများနှင့် တောင်ရိုးများတို့သည် အချည်းနှီးသက်သက် ဖြစ်ကြ၏။ အကယ်စင်စစ် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားသည် ဣသရေလအမျိုးကို ကယ်တင်ရာ အကြောင်း ဖြစ်တော်မူ၏။
24 Lakini miungu ya aibu imeramba kazi ambayo mababu zetu waliifanya - makundi yao ya kondoo na ng'ombe, wana wao na binti zao!
၂၄ရှက်ဘွယ်သော အရာသည် အကျွန်ုပ်တို့၏ ဘိုးဘေးဥစ္စာတည်းဟူသော သူတို့ သိုး နွား၊ သားသမီး များကို အကျွန်ုပ်တို့ ငယ်သောအရွယ်ကပင် စား၍ ကုန်ပါပြီ။
25 Na tulale chini kwa aibu. Aibu yetu na itufunike, kwa kuwa tumefanya dhambi dhidi ya BWANA, Mungu wetu! Sisi wenyewe na mababu zetu, kutoka wakati wa ujana wetu hadi leo, hatujaisikiliza sauti ya BWANA, Mungu wetu!”
၂၅အကျွန်ုပ်တို့သည် ရှက်ကြောက်လျက် အိပ်ရ ကြ၏။ အသရေပျက်ခြင်း၌ နစ်မွန်းကြ၏။ အကြောင်း မူကား၊ အကျွန်ုပ်တို့သည် ငယ်သော အရွယ်မှစ၍ ယခု တိုင်အောင် ဘိုးဘေးနှင့်တကွ အကျွန်ုပ်တို့၏ ဘုရား သခင် ထာဝရဘုရား၏ စကားတော်ကို နားမထောင် အကျွန်ုပ်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားပါ ပြီဟု ဆိုကြ၏။

< Yeremia 3 >