< Isaya 44 >

1 Sasa, sikiliza, Yakobo mtumishi wangu, na Isreli, Niliyekuchagua:
ယခု မူကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ဣသရေလ ၊ နားထောင် လော့။
2 Yahwe asema hivi, yeye aliyekufanya na kukuumba wewe katika tumbo na yeye aliye kusadia wewe: Usiogope, Yakobo mtumishi wangu; na wewe Yeshuruni, niliyekuchagua.
သင့် ကို ဖန်ဆင်း တော်မူသောဘုရား၊ ဘွားစ ကပင် သင့် ကို ပြုပြင် ၍၊ နောင်၌လည်း မစ လတံ့သော ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ့ ကျွန် ယာကုပ် ၊ ငါရွေးကောက် သောသူ ယေရှုရုန် ၊ မ စိုးရိမ် နှင့်။
3 Maana nitashusha mvua kwenye aridhi yenye kiu, na mikondo ya maji kwenye ardhi kavu; Nitashusha roho yangu kwa watoto wako, na baraka zangu kwa watoto wako.
အကြောင်း မူကား၊ ရေ ငတ်သော သူအပေါ် မှာ ရေ ကို ငါသွန်းလောင်း ၍၊ သွေ့ခြောက်သော မြေ ကို ရေလွှမ်းမိုး စေမည်။ သင် ၏ အမျိုး အပေါ် မှာ ငါ့ ဝိညာဉ် ကို၎င်း၊ သင် ၏အနွှယ် အပေါ် မှာ ငါ့ ကောင်းကြီး မင်္ဂလာကို ၎င်း ငါသွန်းလောင်း မည်။
4 Watakuwa miongoni mwa nyasi, kama mti pembeni ya mkondo wa maji.
သူတို့သည်လည်း ရေ မြောင်း အနား မှာ မိုဃ်းမခ ပင်ကဲ့သို့ ၊ မြက်ပင် ထဲ တွင် ပေါက် ကြလိမ့်မည်။
5 Mmoja atasema, 'Mimi ni wa Yahwe; na mwingine ataita jina la Yakobo, na mwingine ataandika kwenye mkono wake 'Mimi ni wa Yahwe, na kujiita mwenyewe kwa jina la Israeli.''
တယောက် က၊ ငါ သည် ထာဝရဘုရား ၏ လူဖြစ် သည်ဟု ဆို လိမ့်မည်။ တယောက် သည်လည်း ၊ ယာကုပ် အမည် ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။ တယောက် သည် လည်း ၊ ထာဝရဘုရား ၏ လူဟူ၍ မိမိ လက် တွင် စာ ထိုး လျက် ၊ ဣသရေလ အမည် သစ်ဖြင့် ကိုယ်ကိုကိုယ်မှည့် လိမ့်မည်။
6 Yahwe asema hivi—Mfalme wa Israeli na Mkombozi wake, Yahwe wa majeshi: ''Mimi ni mwanzo na ni mwisho; na hakuna mungu ila mimi.
ဣသရေလ အမျိုး၏ ရှင် ဘုရင်ထာဝရဘုရား ၊ ဣသရေလ အမျိုးကို ရွေးနှုတ် သော၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား ၊ ငါ သည် အဦး ဆုံးသောသူ၊ နောက် ဆုံးသောသူဖြစ်၏။ ငါမှတပါး အခြားသော ဘုရား သခင်မ ရှိ။
7 Ni nani aliye kama mimi? Na atangaze na anielezee matukio yaliyotokea tangu nilipoanzisha watu wangu wa kale, na waache watangaze matukio yajayo.
ရှေး လူမျိုး ကို ငါ ခန့် ထားသည်မှစ၍ ၊ ငါ ကဲ့သို့ အဘယ်သူ သည် ဤအမှုတို့ကို ငါ့ အဘို့ ခေါ် ၍ ထုတ် ဘော် စီရင် နိုင်မည်နည်း။ ဖြစ် ဆဲသောအမှုနှင့် ဖြစ် လတံ့သော အမှုတို့ကို သူ တို့အား ဘော် ပြကြစေ။
8 Usiogope wala usifadhaike. Je si mimi niliyekutangazia toka zamani, na nikatangaza? ninyi ni mashaidi wangu: Je kuna Mungu mwingine zaidi yangu? Hakuna Mwamba mwingine zaidi yangu; Ninajua hakuna.''
မ စိုးရိမ် ကြနှင့်။ မ ကြောက် ကြနှင့်။ အထက် က ငါဟော ပြောပြသသည်မ ဟုတ်လော။ သင် တို့သည် ငါ ၏ သက်သေ ဖြစ်ကြ၏။ ငါ မှတပါး အခြားသော ဘုရား သခင်ရှိ သလော။ ငါမှတပါး အခြားသော မူလအမြစ်မ ရှိ။ တစုံတဦးကိုမျှငါမ သိ။
9 Mitindo yote ya sanamu si kitu; vitu wanavyo vifurahia ndani havina maana; mashahidi wake hawawezi kuona au kujua chochote, na watapatwa katika aibu.
ရုပ်တု ဆင်းတုကို လုပ် သောသူအပေါင်း တို့သည် အချည်းနှီး သက်သက်ဖြစ်ကြ၏။ သူ တို့နှမြော သောအရာ တို့သည် အကျိုး ကို မ ပေးနိုင်ကြ။ ငါတို့သည် မ မြင် တတ်၊ နား မလည်တတ်ဟု ရှက် စရာအကြောင်းကို ကိုယ်တိုင် သက်သေခံ ကြ၏။
10 Ni nani atengenezae miungu au sanamu zisizo na maana?
၁၀ဘုရား ကို လုပ် သောသူ၊ အကျိုး မ ပေးနိုင်သော ရုပ်တု ဆင်းတုကို သွန်း သောသူကား အဘယ်သူ နည်း။
11 Tazama, washirika wote watapatwa na aibu; mafundi ni watu tu. waache washikilie msimamao wao kwa pamoja; wataogopa na kuhaibishwa.
၁၁ထိုသူ ၏အပေါင်း အဘော်ရှိသမျှ တို့သည် ရှက် ကြလိမ့်မည်။ လုပ် သောသူတို့သည် လူ သက်သက် ဖြစ် ကြ၏။ ရှိသမျှ တို့သည် စုဝေး ၍ ထ ကြစေ။ တပြိုင်နက် ထိတ်လန့် ရှက် ကြောက်ကြလိမ့်မည်။
12 Mhunzi anafanya kazi kwa vyombo vyake, kutengeneza, kufanya kazi kwenye makaa ya mawe. Hurekebisha kwa kutumia nyundo na hufanya kazi kwa mkono wake wenye nguvu. Hupata njaa, na nguvu zake humuishia; Hajanywa maji na huzimia.
၁၂ပန်းပဲ သမားသည် ပုဆိန် ကိုလုပ် ခြင်းငှါမီးခဲ ၌ ဖုတ်၍ ၊ လက်ရုံး အား ထုတ်လျက် သံ တူနှင့် ထု တတ်၏။ အကယ်၍ မွတ်သိပ် သောအခါ အား လျော့ တတ်၏။ ရေ မ သောက် ရသောအခါ မော တတ်၏။
13 Seremala hupima mbao kwa kamba na kuiweka alama kwa kitu kikali. Huichonga kwa vyombo vyake na kuweka alama kwa kutumia dira. Huichonga baada ya sanamu ya mtu, kama mtu anyevutia, ili iweze kukaa ndani ya nyumba.
၁၃လက်သမား သည် မျဉ်း ချ လျက် စူး နှင့် မှတ်သား ၍၊ လက်သမား တန်ဆာနှင့် လုပ် ပြီးလျှင်၊ အိမ်၌နေစေ ခြင်းငှါကွန်ပါ နှင့် ရေးသား ၍ ၊ လူ အသရေ ပါ အောင် လူ ပုံ သဏ္ဌာန်နှင့်အညီ ထု လုပ်တတ်၏။
14 Huikata chini mierezi, huchagua miti ya miseprasi au miti ya mialoni. Huchukua mti yeye mwenyewe katika msitu. huotesha mvinje na mvua huifanya ikue.
၁၄ကိုယ် အဘို့ အလိုငှါ အာရဇ် ပင်တို့ကို ခုတ် ၍ ကုပရု ပင်၊ သပိတ် ပင်တို့ကို ရွေး ယူသဖြင့် ၊ တော ပင် အမျိုးမျိုး တို့ကို ဆည်းဖူး တတ်၏။ အာရဇ် ပင်ကိုစိုက် ၍ မိုဃ်းရေ လည်း မွေး တတ်၏။
15 Basi mtu hutumia kwa moto na kujipatia joto. Ndio, huwasha moto kuwooka mkate. Halafu hutengeneza miungu ili ausujudie;
၁၅လူ သုံးရန် ထင်းဖြစ် ၏။ လူလည်း ယူ ၍ မီးလှုံ တတ်၏။ တဖန် မီးမွှေး ၍ မုန့် ကို ပေါင်း တတ်၏။ တဖန် ဘုရား ကိုလုပ် ၍ ကိုးကွယ် တတ်၏။ ရုပ်တု ကို ထုလုပ် ၍ ရုပ်တု ရှေ့မှာ ပြပ်ဝပ် တတ်၏။
16 Huchoma sehemu ya kuni kwa moto, na huchoma nyama yake juu yake. hula na kushiba. huota moto na kusema, ''Ah, Nimepata joto, nimeouna moto.''
၁၆ထိုသစ်သား တပိုင်း နှင့် မီးမွေး တတ်၏။ တပိုင်း နှင့် အမဲသား ကိုချက် ၍ စား တတ်၏။ ဖုတ်ကင်ပြီးမှဝ စွာ စား တတ်၏။ တဖန် မီးလှုံ ၍ အယ် ၊ ငါနွေး ပြီ။ မီး ကို တွေ့ ပြီဟု ဆို တတ်၏။
17 Kwa kutumia mbao hutengeneza miungu, sanamu yake; huisujudu na kuhieshimu, huipa sifa na kusema, ''Niokoe mimi, maana wewe ni mungu wangu.''
၁၇ကျန် သောအပိုင်းကိုလည်း ယူ၍ ရုပ်တု တည်း ဟူသောဘုရား ကို လုပ် တတ်၏။ ထိုရုပ်တု ရှေ့ မှာ ပြပ်ဝပ် ၍ ကိုးကွယ် တတ်၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား ဖြစ်တော်မူ၏။ အကျွန်ုပ် ကို ကယ်တင် တော်မူပါ ဟူ၍ဆုတောင်း တတ်၏။
18 Hawajui, wala hawaelewi, maana macho yao yamepofuka na hawaoni, na mioyo yao haiwezi kufahamu.
၁၈ထိုသို့သောသူသည်ပညာ မ ရှိ။ ဉာဏ် မ ရှိ။ မမြင် နိုင်အောင် မျက်စိ ကို၎င်း၊ နား မလည်နိုင်အောင် စိတ် နှလုံးကို၎င်းပိတ် ၏။
19 Hakuna anayefikiria, wala kuelewa na kusema, ''Nimechoma sehemu ya mbao kwenye moto; na pia nimewooka mkate kwa kutumia makaa yake. Nimechoma nyama kwa makaa yake nikala. Sasa Je ninaweza kutengeneza kitu kinachochukiza kwa ajili ya kuabudia kwa sehemu ya mbao iliyobakia? Je ninaweza kusujudia sanamu ya mbao?''
၁၉ငါသည် တပိုင်း နှင့် မီး မွေးပြီး။ မုန့် ကိုလည်း ထိုမီးခဲ ပေါ် မှာ ဖုတ် လေပြီ။ အမဲသား ကိုလည်း ကင် ၍ စား လေပြီ။ ကြွင်း သော အပိုင်းကို စက်ဆုပ် ရွံ့ရှာဘွယ် ဖြစ် စေရမည်လော။ သစ်သား ရှေ့ မှာ ငါပြပ်ဝပ် ရမည် လောဟု စိတ် နှလုံးထဲမှာ အောက်မေ့ ဆင်ခြင်နိုင်သော ဉာဏ် ပညာ အလျှင်းမ ရှိပါတကား။
20 Ni kama anayejilisha majivu; moyo wke mdanganyifu unampoteza yeye. Huwezi kujiokoa mwenyewe, wala hawezi kusema, ''Hiki kitu katika mkono wangu wa kulia sio mungu wa kweli.''
၂၀သူသည် မီးဖိုပြာ ကို ကျက်စား တတ်၏။ မိုက် သောစိတ် နှင့်လမ်းလွဲ ပြီ။ ထို့ကြောင့်၊ ကိုယ် ဝိညာဉ် ကို ကိုယ်မ ချွတ် နိုင်။ မိမိ လက်ျာ လက်၌ မိစ္ဆာဒိဌိ ပါသလောဟု မ အောက်မေ့ နိုင်ပါတကား။
21 Fikiria kuhusu vitu hivi, Yakobo na Israeli, maana wewe ni mtumishi wangu: Nimekuumba wewe; wewe ni mtumishi wangu:
၂၁အိုယာကုပ် အမျိုး၊ ဤ အရာတို့ကို ဆင်ခြင် လော့။ အိုဣသရေလ အမျိုး၊ သင် သည် ငါ့ ကျွန် ဖြစ်၏။ သင့် ကို ငါဖန်ဆင်း သည်ဖြစ်၍၊ သင် သည် ငါ့ ကျွန် ဖြစ် ၏။ အိုဣသရေလ အမျိုး၊ သင့်ကို ငါ မ မေ့ မလျော့။
22 Nimeyafuta makosa yako, kama wingu zito, matendo yako mabaya, na wingu, ni kama dhambi zako; maana nimekukomboa wewe.
၂၂သင် ၏ဒုစရိုက် တို့ကို တိမ် တိုက်ကဲ့သို့ ၎င်း၊ သင် ၏ အပြစ် တို့ကို တိမ် လွှာကဲ့သို့ ၎င်း ငါချေ ပြီ။ ငါ့ ထံသို့ ပြန်လာ လော့။ သင့် ကိုငါ ရွေးနှုတ် ပြီ။
23 Imba, enyi mbingu, maana Yahwe ameyafanya haya; piga kelele enyi mkaao katika nchi. Pazeni sauti enyi mlima milima, enyi misitu yenye miti ndani yake, ewe mlima, ewe msitu wenye kila aina ya mti ndani yak; Maana Yahwe amemkomboa Yakobo, na nitakuonyesha utukufu wake katika Israeli.
၂၃အိုမိုဃ်းကောင်းကင် တို့၊ သီချင်းဆို ကြလော့။ ထာဝရဘုရား ပြု တော်မူပြီ။ မြေကြီး အောက် အရပ်တို့၊ ကြွေးကြော် ကြလော့။ တောင် များ၊ တော နှင့်တကွသစ်ပင် များတို့၊ ကျူးဧ သောအသံကိုပေး ကြလော့။ ထာဝရဘုရား သည် ယာကုပ် ကို ရွေးနှုတ် တော်မူပြီ။ ဣသရေလ အားဖြင့် ဘုန်း ထင်ရှားတော်မူပြီ။
24 Yahwe asema hivi, Mkombozi wako, yeye aliyekuumba wewe kutoka tumboni: ''Mimi ni Yahwe, niliyefanya kila kitu, mimi mwenyewe nizinyooshae mbigu, mimi peke niitngenezae nchi.
၂၄သင့် ကို ရွေးနှုတ် တော်မူ၍၊ ဘွားစကပင် သင့် ကို ပြုပြင် တော်မူသောထာဝရဘုရား မိန့် တော်မူသည်ကား ၊ မိုဃ်းကောင်းကင် ကို ငါ တပါး တည်း ကြက် လျက်၊ မြေကြီး ကို အဘော်မရှိဘဲ ခင်း လျက်၊ ခပ်သိမ်း သော အရာတို့ကို ဖန်ဆင်း သော ထာဝရဘုရား ဖြစ်၏။
25 Mimi niliyezikata dalili za waongo na kuwaabisha wanaosoma dalili zake; Mimi niliyezigeuza busara za wenye hekima na kujeuza ushauri wao kuwa ujinga.
၂၅ငါ သည် မိစ္ဆာ ဆရာတို့၏ ပုပ္ပ နိမိတ်များကို ပယ် ဖျောက်တတ်၏။ ဗေဒင် သမားတို့ကို ရူးသွပ် စေတတ် ၏။ ပညာရှိ တို့ကို လှန် ၍ သူ တို့၏ပညာ ကို မိုက် စေတတ် ၏။
26 Mimi, Yahwe, niliyethibitisha maneno ya mtumishi wake na kuutimiza utabiri wa mjumbe wake. Aliyezungumza kuhusu Yerusalemu, 'Atakuwa mwenyeji; na katika mji wa Yuda, 'Watatengeneza tena, na nitapatengeneza palipoharibika;
၂၆ငါသည် ငါ့ ကျွန် ၏ စကား ကို တည် စေ၍ ၊ ငါ့ တမန် တို့ ဟော ပြောသည်အတိုင်း ပြု တတ်၏။ ယေရုရှလင် မြို့ကို သင်သည် လူ နေရာဖြစ်လိမ့်မည်ဟူ၍၎င်း၊ ယုဒ မြို့ တို့ကို သင်တို့သည် တည်ဆောက် လျက်ရှိကြလိမ့်မည်။ ပြို ပျက်ရာများကို ငါပြုပြင် မည်ဟူ၍၎င်း ဆို ၏။
27 awezae kusema kwa bahari kubwa, 'Kauka,' na yanakauka mda huo.'
၂၇ပင်လယ် ကိုလည်း ရေ ကုန်စေ။ သင် ၏ မြစ် အပေါင်းကို ငါခန်း ခြောက်စေမည်ဟူ၍၎င်း၊
28 Yahwe ndiye amwambiye Koreshi, 'Ni mchungaji wangu, atafanya kila nilitakalo; atatoa amri kuhusu Yerusalemu, 'Utajengwa kwa upya, 'na kuhusu Hekalu, 'Basi na msingi wake uanzwe kuwekwa.''
၂၈ကုရုမင်း ကိုလည်း၊ သင်သည် ငါ့ သိုးထိန်း ဖြစ်၏။ ငါ့ အလို ရှိသမျှ ကို ပြည့်စုံ စေလျက် ၊ ယေရုရှလင် မြို့ တည်ဆောက် စေ၊ ဗိမာန် တော်တိုက်မြစ် ကျစေဟု စီရင် လိမ့်မည်ဟူ၍၎င်း ငါဆို ၏။

< Isaya 44 >