< Isaya 37 >

1 Ikawa siku hiyo mfalme Hezekia aliposika taarifa zao, alichana mavazi yake, na kujifunika nguo za magunia, na akaenda kwenye nyumba ya Yahwe.
ထိုစကားကို ဟေဇကိမင်းကြီးသည် ကြားလျှင်၊ မိမိအဝတ်ကို ဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက် ဗိ မာန်တော်သို့ သွားလေ၏။
2 Na alimtuma Eliakimu, ambae ni kiongozi wa kaya na Shebna mwandishi, na wazee wa makuhani, wote walijifunika nguo za magunia, kwa Isaya mtoto wa Amozi, nabii.
လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်း တော်အုပ်ဧလျာကိမ်၊ စာရေးတော်ကြီးရှေ့ဗန၊ အသက် ကြီးသော ယဇ်ပုရောဟိတ်တို့ကို၊ အာမုတ်သားပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။
3 Wakamwambia yeye, Hezekia akasema hivi, 'Siku hii ni siku ya dhiki, kukemewa, na aibu, ni kama mtoto aliye tayari kuzaliwa lakini mama yake hana nguvu za kumsukuma mtoto.
ဟေဇကိမင်းမှာ ထားသော စကားဟူမူကား၊ ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရ သောနေ့ဖြစ်၏။ သားဘွားချိန်ရောက်၍သားကို ဘွားနိုင် အောင်ခွန်အားမရှိ။
4 Itakuwa Yahwe Mungu wenu atasikia maneno ya kamanda mkuu, ambao mfalme wa Asira Bwana wake alimtuma kumpinga Mungu anayeishi, na atakemea maneno ambayo Yahwe Mungu wenu ameyasikia. Sasa inueni maombi yenu juu mabaki yaliyoobakia hapa.''
အသက်ရှင်တော်မူသောဘုရားသခင်ကို ကဲ့ရဲ့ စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခ စကားကို သင်၏ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော။ သင်၏ဘုရားသခင် ထာဝရဘု ရားသည် ကိုယ်တော်တိုင်ကြားသောစကားကို ချေတော် မူပါစေသော။ သင်သည်လည်းကျန်ကြွင်းသော လူတို့အ ဘို့ ဆုတောင်းပဌနာပြုပါဟု ပြောစေခြင်းငှါ၊
5 Sasa watumishi wa mfalme Hezekia walikuja kwa Isaya,
ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေ ရှာယထံသို့ ရောက်လာကြ၏။
6 na Isaya akawambia, ''Mwambieni Bwana wenu: 'Yahwe amesma, ''Msiogope kwa maneno mliyoyasikia, maneno ambayo mfalme wa Asiria amenitusi mimi.
ဟေရှာယကလည်း၊ ထာဝရဘုရားမိန့်တော်မူ သည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကို ကဲ့ရဲ့ ၍၊ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။
7 Tazama nitaiweka roho yangu ndani yake na atasikiliiza taarifa fulani na atarudi kwenye nchi yake mwenyewe. Na nitamfanya anguke kwa upanga katika nchi yake mwenyewe.''
ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်း ပေးမည်။ သူသည် သိတင်းကြား၍ မိမိပြည်သို့ ပြန်သွား လိမ့်မည်။ ထိုပြည်၌ ထားဖြင့် ငါဆုံးစေမည်ဟူသော စ ကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့ဟု ပြောဆို၏။
8 Basi kamanda mkuu alirudi na kumkuta mfalme wa Asira anapigana dhidi ya Libna, Maana aliskia kwamba mfalme amekwenda mbali kutoka Lachishi.
ထိုအခါ အာရှုရိရှင်ဘုရင်သည် လာခိရှမြို့မှ ထွက် သွားကြောင်းကို ရာဗရှာခကြားလျှင်၊ ပြန်သွား၍ လိဗန မြို့ကို ရှင်ဘုရင်တိုက်နေသည်ကို တွေ့လေ၏။
9 Halafu Sennacheribi alisikia kwamba Tirkhaka mfalme wa Ethiopia na Misri wamehamasishana kupigna dhidi yake. Hivyo akamtuma mjumbe mara nyingine kwa Hezekia apeleke ujumbe:
နောက်တဖန် ကုရှမင်းကြီးတိရက္ကသည် စစ်ချီ၍ လာပြီဟု သိတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တ မန်တို့ကို စေလွှတ်ပြန်၍၊
10 ''Mwambie Hezekia, mfalme wa Yuda, 'Usimruhusu Mungu unayemwamini akudanganye, ''Yerusalemu haitatiwa mikononi mwa mfalme wa Asiria.''
၁၀သင်တို့သည် ယုဒမင်းကြီးဟေဇကိကို ပြောရ သော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က၊ ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင်လက်သို့ မရောက် ရဟူ၍ သင့်ကို မလှည့်စားပါနှင့်။
11 umesikia kitu ambacho mfalme wa Asiria alichokifanya kwa nchi yote kwa kuiangamiza kabisa. Je utawaokoa?
၁၁အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသောပြည်တို့ ကိုလုပ်ကြံ၍ ရှင်းရှင်းဖျက်ဆီးကြောင်းကို သင်သည်ကြား ရပြီ။ ကိုယ်တိုင်လွတ်လိမ့်မည်လော။
12 Je miungu ya mataifa imewakomboa? taifa ambalo baba yangu aliliangamiza: Gozani, Harani, Rezefi na watu wa Edeni katika Telassari?
၁၂ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသောဧဒင်အမျိုးသားတို့ကို၊သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။
13 Yuko wapi mfalme wa Hamathi, mfalme wa Arpadi, mfalme wa miji ya Sefarvaaimi, wa Hema na Ivva?''
၁၃ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရ ဝိမ်မြို့၊ ဟေနမြို့၊ဣဝါမြို့ကို စိုးစံသောမင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်းဟု မှာလိုက်လေ၏။
14 Hezekia alipokea barua hii kutoka mikononi mwa mjumbe na kisoma. Halafu akaenda juu kwenye nyumba ya Yahwe na kuusoma mbele yake.
၁၄ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင်၊ ဗိမာန်တော်သို့ သွား၍ ထာဝရဘု ရားရှေ့တော်၌ ဖြန့်ထားလေ၏။
15 Hezekia alimuomba Mungu:
၁၅ထိုအခါ ဟေဇတိမင်းသည် ထာဝရဘုရားရှေ့ တော်၌ လျှောက်ဆိုသည်ကား၊
16 Yahwe wa majeshi, Mungu wa Israeli, wewe ambae uko juu ya makerubi, wewe ni Mungu mwenywe juu falme zote za dunia. umezifanya mbingu na nchi.
၁၆ခေရုဗိမ်ပေါ်မှာထိုင်တော်မူသော၊ ဣသရေလ အမျိုး၏ ဘုရားသခင် ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရား၊ ကိုယ်တော်သည် ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်တပါးတည်းသာလျှင်၊ မြေကြီးပေါ်မှာ ရှိသမျှ သောအတိုင်းတိုင်း အပြည်ပြည်တို့၏ဘုရားသခင် ဖြစ် တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။
17 Jeuza masikio yako, Yahwe, na sikiliza. Fungua macho yako, Ee Yahwe na uone, na usikilize maneno ya Sanacheribi, ambayo ameyatuma kumfanyia mzadha Mungu anayeishi.
၁၇အိုထာဝရဘုရား၊ နားတော်ကို လှည့်၍ နား ထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကို ဖွင့် ၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင် တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍၊ ပြောစေသော စ ကားအလုံးစုံတို့ကို မှတ်တော်မူပါ။
18 Ni kweli Yahwe, mfalme wa Asiria ameangamiza mataifa yote na aridhi yao.
၁၈အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင် ဘုရင်တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊
19 Wameiweka miungu yao katika moto, maana haikuwa miungu lakini kazi ya mikono ya wanadamu, ni kuni na jiwe tu.
၁၉သူတို့၏ ဘုရားများကို မီးထဲသို့ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့်လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့်၊ ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။
20 Hivyo Waasira wameawaangamiza wao. hivyo saa Yahwe Mungu wetu, tuokoe kwa nguvu zako, ili falme zote za duniani zijue kwamba wewe ni Yahwe peke yako.''
၂၀အိုအကျွန်ုပ်တို့ ဘုရားသခင်ထာဝရဘုရား၊ကိုယ် တော် ထာဝရဘုရား တပါးသာ၊ ဘုရားသခင်ဖြစ်တော် မူသည်ကို မြေကြီးပေါ်မှာရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခု ကယ်ယူတော်မူပါ၊ အကျွန်ုပ်တောင်းပန်ပါသည်ဟု ပဋ္ဌနာ ပြုလေ၏။
21 Basi Isaya mtoto wa Amozi alituma ujumbe kwa Hezekia, na kusema, Yahwe Mungu wa Israeli amesema, Kwa sababu umeomba kwangu kuhusu Sannacheribi mfalme wa Asiria,
၂၁ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိ မင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိ ရှင်ဘုရင်သနာခရိပ် အကြောင်းကြောင့်၊ ငါ့ရှေ့မှာ ပဌနာ ပြုသည် ဖြစ်၍၊
22 Haya ndiyo maneno ambayo Yahwe amezungumza kuhusu yeye, ''Binti bikira wa Sayuni wanakudharau na kukucheka kwa dharau; mabinti wa Yerusalemu wanatingisha vichwa vyao kwa ajili yako.
၂၂ထိုမင်း၏အမှုမှာ ထာဝရဘုရားမိန့်တော်မူ သော စကားဟူမူကား၊ ဇိအုန်သတို့သမီးကညာသည် သင့် ကို မထီမဲ့မြင် ပြု၍ ပြက်ယယ်၏။ ယေရုရှလင်သတို့သမီး သည် သင့်နောက်၌ ခေါင်းညှိတ်၏။
23 Ni nani unayempinga na kumtusi? na dhidi ya nani unayenyanyua sauti yako na kunyanyua macho yako kwa kiburi? dhidi ya mtakatifu wa Israeli.
၂၃သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေး သနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလအမျိုး၏ သန့်ရှင်းသောဘုရားကိုပင် ပြုပါ သည်တကား။
24 Kwa kupitia watumishi wako umempinga Bwana na amesema, 'Kwa wingi wa gari nimepanda juu kwenye kilele cha milima, katika kilele cha mwuinuko wa Lebanoni. Nitaikata mierezi yake na kuchagua miti ya miseprasi pale, ni msitu uzao sana.
၂၄သင်သည် ကျွန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြားသဖြင့် တောင်ထိပ်သို့ ၎င်း၊ လေဗနုန်တောင်အထွဋ်သို့၎င်း တက်လာပြီ။ အရပ် မြင့်သောအာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရူးပင် တို့ကို ငါခုတ်လှဲပြီ။ အမြင့်ဆုံးသောအရပ်၊ အသီးများ သောတောထဲသို့ ငါဝင်ပြီ။
25 Nimechimba kisima na kunywa maji; nimechimba mito yote ya Misri chini ya nyayo za miguu yangu.'
၂၅ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ ခြေဘဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
26 Je haujasikia jinsi nilivyoamua toka siku nyingi na nimelifanyia kazi toka kipindi cha kale? ninayaleta sasa ili yaweze kutimia. Mko hapa kuhiaribu miji imara na yenye ulinzi wa kutosha na kuwa chungu cha uharibifu.
၂၆ငါသည်အထက်က ဤအမှုကို စီရင်ကြောင်းနှင့်၊ ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည်မကြားသ လော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သောမြို့တို့ကို ဖျက် ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူဖြစ်မည် အကြောင်း ငါစီရင် ခန့်ထားလေပြီ။
27 Wakazi wake, waliowadhaifu, waliokata tamaa na wenye aibu. Wanaotesha shambani, majani mabichi, majani juu paa au kwenye shamba kabla ya upepo wa mashariki.
၂၇ထိုကြောင့်၊ မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက်ရှိကြ၏။ တောမြက်ပင်နှင့် စိမ်း သောစပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မြက် ပင်နှင့်၊ မကြီးမှီ ညှိုးနွမ်းသောစပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။
28 Lakini najua kukaa kwenu chini, kutoka kwenu nje, mnapoingia ndani, na mnapokuwa wakali dhidi yangu.
၂၈သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက် ဟုန်းခြင်းတို့ကို ငါသိ၏။
29 Kwa sababu mnakuwa wakali dhidi yangu, maana kiburi chenu kimeyafikia masikio yangu, Nitaweka ndoano katika pua zenu, na sauti katika midomo yenu; Nitawageuza nyuma kwenye njia mliyokuja nayo.
၂၉ငါ၌ သင်၏အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီး မှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
30 Hii itakuwa wimbo kwenu: mwaka huu mtakula kinachoota porini na mwaka pili mtakula kinachoota hapo hapo. Lakini mwaka wa tatu lazima mpande na mvune, pandeni mizabibu na mle matunda yake.
၃၀သင်မှတ်ရသော နိမိတ်လက္ခဏာဟူမူကား၊ ယ ခုနှစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယ နှစ်တွင် ထိုအတူ ပေါက်သောအရာများကို၎င်း သင်တို့ သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကို ရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။
31 Mabaki ya nyumba ya Yuda ambao wanaishi watachukua mzizi tena na kuzalisha matunda.
၃၁ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသား တို့သည် တဖန်အောက်မှာ အမြစ်စွဲ၍၊ အထက်မှာ အသီး သီးကြလိမ့်မည်။
32 Maana katika Yerusalemu waliobaki watatoka; Kutoka kwenye mlima Sayuni waliobaki watakuja. Bidii ya Yahwe wa majeshi itafanikisha hili.''
၃၂ကျန်ကြွင်းသောသူတို့သည် ယေရုရှလင်မြို့ထဲ က၎င်း၊ ဘေးလွတ်သောသူတို့သည် ဇိအုန်တောင်ပေါ်က ၎င်းပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရ ဘုရားသည် အလိုတော်အားကြီး၍၊ ထိုအမှုကို စီရင်တော် မူလိမ့်မည်။
33 Hivyo basi Yahwe asema hivi kuhusu Asiria: ''Atakuja katika miji, wala kurusha mkuki hapa. Wala atakuja hapa mbele kwa ngao au kujenga uzio njia panda dhidi yao.
၃၃သို့ဖြစ်၍၊ ထာဝရဘုရားသည် အာရှုရိ ရှင်ဘုရင် ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့ မဝင်ရ။ မြို့ထဲသို့ မြှားကို မပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကို မဖို့ရ။
34 Njia atakayojia itakuwa njia hiyo hiyo atakayorudia; ataingia katika mji huu. Hili ni Tamko ya Yahwe.
၃၄လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။
35 Maana nitaulinda huu mji na kuuokoa, kwa niaba yangu mimi mwenyewe na kwa niaba Daudi mtumishi wangu.''
၃၅ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း ထောက်၍၊ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
36 Halafu malaika wa Yahwe alienda nje na kuvamia kambi ya Waasiria, na kuwauwa askari 185, 000. Watu walipoamka asubuhi na mapema, miili iliyokufa imelala kila mahali.
၃၆ထိုအခါ ထာဝရဘုရား၏ ကောင်းကင်တမန် သည် ထွက်၍၊ အာရှုရိတပ်တွင် လူတသိန်း ရှစ်သောင်း ငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန် ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။
37 Hivyo Sennacheribi mfalme wa Asiria aliiacha Israeli na kwenda nyumbani na akakaa Ninewi.
၃၇အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း၊ ထို အရပ်မှထွက်၍ ပြန်သွားပြီးလျှင်၊ နိနေဝေမြို့၌ နေလေ ၏။
38 Baadaye, na alipokuwa anabudu katika nyumba ya Nisrochi mungu wake, mtoto wake Adramaleki na Shareza alimuua kwa upanga. Halafu wakakimbilia kwenye nchi ya Ararati. Halafu Esarhadoni mtoto wake akatawala katika sehemu ya baba yake.
၃၈နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက်နှင့် ရှရေဇာသည် ခမည်းတော်ကို ထားနှင့် သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန် သည်လည်း၊ ခမည်းတော်အရာ၌ နန်းထိုင်၏။

< Isaya 37 >