< Isaya 10 >
1 Ole wao watimizao sheria zisizo za haki na waandikao sheria zisizo na haki.
၁သင်တို့သည်အမင်္ဂလာရှိကြ၏။ ငါ၏လူမျိုး တော်အားနှိပ်စက်ညှင်းဆဲရန်မတရားသည့် ဥပဒေများကိုထုတ်ကြ၏။-
2 Wanawanyima wahitaji haki yao, wanawaibia watu wangu walio masikini haki zao, wajane mateka wao, na kuwafanya waliofiwa na baba zao mawindo yao!
၂ဤနည်းအားဖြင့်သင်တို့သည်ဆင်းရဲသူတို့ အား မိမိတို့ရပိုင်ခွင့်များကိုမရရှိကြ စေရန်၊ တရားသဖြင့်သင်တို့သည်စီရင် ဆုံးဖြတ်မှုများကိုမခံရကြစေရန်ပြု ကြ၏။ မုဆိုးမများနှင့်မိဘမဲ့သူတို့၏ ဥစ္စာပစ္စည်းများကိုလည်းသိမ်းယူကြ၏။-
3 Hutafanya nini siku ya hukumu pale siku ya uaribifu itakapokuja kutoka mbali, utakimbilia msaada kwa nani? na utauacha utajiri wako wapi?
၃သင်တို့အားဘုရားသခင်အပြစ်ဒဏ်ခတ် တော်မူသောအခါ သင်တို့အဘယ်သို့ပြု ကြပါမည်နည်း။ ကိုယ်တော်သည်သင်တို့အား ရပ်ဝေးဒေသမှဘေးအန္တရာယ်ဆိုးနှင့်တွေ့ ကြုံစေတော်မူသောအခါ၊ သင်တို့အဘယ် သို့ပြုကြပါမည်နည်း။ အကူအညီတောင်း ခံရန်အဘယ်သူထံသို့ပြေးကြပါမည်နည်း။ မိမိတို့၏စည်းစိမ်ဥစ္စာများကိုအဘယ်မှာ သိုဝှက်ထားကြပါမည်နည်း။-
4 Hakuna kitakachobaki, utaota miongoni mwa wafungwa au kuanguka miongoni mwa wauwaji. Katika mambo yote haya, hasira yake haijapungua; badala yake mkono wake ameunjoosha hata sasa.
၄သင်တို့သည်တိုက်ပွဲတွင်ကျဆုံးရကြလိမ့် မည်။ သို့မဟုတ်လျှင်လည်းသုံ့ပန်းများအဖြစ် ဖြင့် ဆွဲသွားခြင်းကိုခံရကြလိမ့်မည်။ သို့နှင့် လည်းထာဝရဘုရားသည်အမျက်တော် မပြေဘဲအပြစ်ဒဏ်ခတ်တော်မူရန် လက် တော်ကိုချိန်ရွယ်လျက်ပင်ထားတော်မူ လိမ့်မည်။
5 Ole kwa watu wa Asiria klabu ya asira yangu, fimbo ya asira yangu!
၅ထာဝရဘုရားက``အို အာရှုရိအမျိုးသား တို့၊ ငါအမျက်ထွက်သောသူတို့အားအာရှုရိ အမျိုးသားတို့ကိုတင်းပုတ်အဖြစ်ဖြင့်ငါ အသုံးပြုမည်။-
6 Nimemtuma juu ya taifa lenye kiburi na juu ya watu waliobeba uwingi wa hasira. Ninaamuru chukua nyara, chukua mawindo, na kuwakanyaga wao kama matope mitaani.
၆ဘုရားမဲ့လူမျိုး၊ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ပေးသည့်လူတို့အားတိုက်ခိုက်ရန်အာ ရှုရိအမျိုးသားတို့ကိုငါစေလွှတ်ခဲ့၏။ သူတို့သည်လုယက်ခိုးဝှက်ကာထိုလူစုကို မြေမှုန့်သဖွယ် လမ်းများပေါ်တွင်ကျော်နင်း ကြစေရန်ငါစေလွှတ်ခဲ့သတည်း'' ဟု မိန့်တော်မူ၏။
7 Lakini hichi sicho alichomaanisha, wala sivyo afikiriavyo. Maana katika moyo wake ni kuharibu na kuondoa mataifa.
၇သို့ရာတွင်အာရှုရိဘုရင်သည်အကြမ်းဖက် လိုသဖြင့် မိမိကိုယ်ပိုင်အကြံအစည်များ ကိုပြုလုပ်ထားလေသည်။ သူသည်တိုင်းနိုင်ငံ အမြောက်အမြားကိုဖျက်ဆီးပစ်ရန်သန္နိ ဋ္ဌာန်ချကာ၊-
8 Maana amesema, '' wakuu wote sio wafalme?
၈``ငါ၏တပ်မှူးမှန်သမျှတို့သည်ဘုရင် များဖြစ်ကြပါသည်တကား။-
9 Je? kalno si kama Karkemish? Je Hamathi si kama Arpadi? Je Samaria si kama Demeski?
၉ကာလနောမြို့နှင့်ခါခေမိတ်မြို့၊ ဟာမတ်မြို့ နှင့်အာပဒ်မြို့၊ ရှမာရိမြို့နှင့်ဒမာသက်မြို့ တို့ကိုငါနှိမ်နင်းခဲ့၏။-
10 Kama mikono yangu imeshinda falme za ibada ya sanamu, ikiwa sanamu zao za kuchonga ni bora kuliko sanamu za Yerusalemu
၁၀ရုပ်တုကိုးကွယ်သည့်တိုင်းပြည်များကိုအပြစ် ဒဏ်ပေးရန် ငါသွားရောက်ခဲ့၏။ ထိုတိုင်းပြည် တွင် ယေရုရှလင်မြို့နှင့်ဒမာသက်မြို့များ မှာထက် ရုပ်တုဆင်းတုပေါများသည်သာ တည်း။-
11 na Kama nilivyofanya kule Samaria na sanamu zake zisizo na maana, je sitaweza kufanya hivyo Yerusalemu na sanamu zake?''
၁၁ရှမာရိမြို့ကိုရုပ်တုဆင်းတုများနှင့်တကွ ငါ သုတ်သင်ဖျက်ဆီးပြီးလေပြီ။ ယေရုရှလင် မြို့နှင့်ထိုမြို့သားတို့ဝတ်ပြုကိုးကွယ်သည့် ရုပ်တုများကိုလည်း ထိုနည်းတူငါပြုမည်'' ဟုဝါကြွား၏။
12 Pindi ambapo Bwana alipoimaliza kazi kwenye mlima Sayuni na juu ya Yerusalemu, nitayaadhibu maneno ya moyo wenye kiburi ya mfalme wa Asiria na majivuno yake.
၁၂သို့ရာတွင်ထာဝရဘုရားက``ငါသည်ဇိအုန် တောင်နှင့်ယေရုရှလင်မြို့တွင်ဆောင်ရွက်ရန် အမှုပြီးစီးသောအခါ၊ အာရှုရိဘုရင် အား မိမိ၏ဝါကြွားမှုနှင့်မာန်မာနကြီး မှုတို့အတွက်အပြစ်ဒဏ်ခတ်မည်'' ဟုမိန့် တော်မူ၏။
13 Kwa maana amesema, ''Kwa nguvu zangu na kwa hekima yangu niliyoifanya. na Nimeelewa, na nimeondoa mipaka ya watu. nimewaibia akiba yao, ni kama nilioileta chini kwa wenyeji wake.
၁၃အာရှုရိဘုရင်က``ဤအမှုကိုငါကိုယ်တိုင် ပြုခဲ့၏။ ငါသည်ခွန်အားကြီး၏။ ပညာရှိ၍ တတ်သိလိမ္မာ၏။ တိုင်းနိုင်ငံတို့၏နယ်နိမိတ် ကိုဖယ်ရှားပြီးလျှင် သူတို့သိုလှောင်ထားသည့် ရိက္ခာများကိုသိမ်းယူခဲ့၏။ ထိုတိုင်းနိုင်ငံ များတွင်နေထိုင်သူတို့အား ငါသည်နွား နင်းသကဲ့သို့နင်းချေပစ်ခဲ့၏။-
14 Na mkono wangu umezitoa mali za mataifa kama vile mtu ayakusanyavyo mayai, kama nilivyokusanya dunia yote. Hakuna atakayeperusha mabawa yake au kufungua midomo yake au kulia.''
၁၄ကမ္ဘာပေါ်ရှိတိုင်းနိုင်ငံတို့သည်ငှက်သိုက်နှင့် တူ၍ ငါသည်ထိုနိုင်ငံတို့၏စည်းစိမ်ဥစ္စာကို ငှက်ဥများသဖွယ်လွယ်ကူစွာသိမ်းယူခဲ့ လေပြီ။ အဘယ်သူမျှအတောင်ကိုမခတ်၊ ပါးစပ်ကိုမဟရဲကြဟုဝါကြွားလေ သည်။
15 Je shoka lijisifu lenyewe juu ya mtu anayelitumia? Je litajisifia lenyewe zaidi ya yule anaelitumia kukatia? Au fimbo imuinuae yeye ambaye si mti.
၁၅သို့ရာတွင်ထာဝရဘုရားက``ပုဆိန်သည် မိမိကိုအသုံးပြုသူထက်ကြီးမြတ်သည် ဟုဆိုနိုင်ပါမည်လော။ လွှသည်လည်းမိမိ ကိုကိုင်၍တိုက်သူထက်အရေးပါအရာ ရောက်သည်ဟုဆိုနိုင်ပါမည်လော။ တင်းပုတ် ကလူကိုကိုင်သည်မဟုတ်၊ လူကတင်းပုတ် ကိုကိုင်သတည်း'' ဟုမိန့်တော်မူ၏။
16 Hivyo basi Yahwe wa majeshi atatuma wadhaifu miongoni mwa wasomi wa kijeshi; na chini ya utukufu na kuteketea kama kuteketea kwa moto.
၁၆အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ယခု အခါဝလင်စွာစားရကြသူတို့အားအပြစ် ဒဏ်ခတ်ရန် အနာရောဂါကပ်ရောက်စေတော် မူလိမ့်မည်။ သူတို့၏ကိုယ်ခန္ဓာအတွင်းပိုင်း သည်မီးကဲ့သို့အဆက်မပြတ်ပူလောင်၍ နေလိမ့်မည်။-
17 Mwanga wa Isreli utakuwa moto, na Mtakatifu wake atakuwa ni moto unaoteketeza na kula mbigiri siku moja.
၁၇ဣသရေလအမျိုးသားတို့၏အလင်းဖြစ် တော်မူ၍ သန့်ရှင်းမြင့်မြတ်တော်မူသောဘုရားသခင်သည်ဆူးပင်အမျိုးမျိုးပါမကျန် ခပ်သိမ်းသောအရာတို့ကို တစ်နေ့ချင်း၌ ကျွမ်းလောင်စေတတ်သောမီးကဲ့သို့ဖြစ် လိမ့်မည်။-
18 Yahwe atauteketeza utukufu wa msitu wake na shamba lake linalostawi, vyote nafsi na mwili; itakuwa kama vile mgonjwa apotezae maisha yake.
၁၈သေစေတတ်သောအနာရောဂါကြောင့်လူ သည်ဆုံးပါးပျက်စီးသွားရသည်နည်းတူ စိမ်းလန်းစိုပြေသောသစ်တောများနှင့်လယ် ယာများသည်လုံးဝပျက်ပြုန်း၍သွားရ ကြလိမ့်မည်။-
19 Mabaka ya miti ya misitu itakuwa michache sana, ambayo mtoto anaweza kuyahesabu.
၁၉သစ်ပင်များအနည်းငယ်မျှသာကျန်ရှိ တော့မည်ဖြစ်၍ ယင်းတို့ကိုကလေးသူငယ် ပင်လျှင်ရေတွက်၍ကြည့်နိုင်လိမ့်မည်။
20 Siku hiyo, mabaki ya Israeli, familia ya Yakobo ambayo imekimbia, hawatategemea kushindwa, lakini watamtegemea Yahwe, Mtakatifu wa Israeli.
၂၀အသက်မသေဘဲကျန်ရှိနေကြသည့်ဣသ ရေလပြည်သူတို့သည် မိမိတို့အားလုံးနည်း ပါးသုတ်သင်ဖျက်ဆီးခဲ့သည့်လူမျိုးကို အား မကိုးတော့မည့်အချိန်ကာလကျရောက်လာ လိမ့်မည်။ သူတို့သည်ဣသရေလအမျိုးသား တို့၏သန့်ရှင်းမြင့်မြတ်တော်မူသော ဘုရားသခင်ထာဝရဘုရားကိုအမှန်တကယ် ယုံကြည်ကိုးစားကြလိမ့်မည်။-
21 Mabaki ya Yakobo yatarudi kwa Mungu mwenye nguvu.
၂၁ဣသရေလပြည်သူအချို့တို့သည်လည်း မိမိတို့၏တန်ခိုးတော်ရှင်ဘုရားသခင် ၏အထံတော်သို့ပြန်လာကြလိမ့်မည်။-
22 Kwa kupitia watu wako, Israeli ni kama mchanga kama pwani ya bahari, Mabaki yao tu ndio yatakayorudi. Uaribifu wa amri, na mahitaji ya wingi wa haki.
၂၂ယခုအခါ၌ဣသရေလအမျိုးသားတို့ သည် သမုဒ္ဒရာသဲလုံးနှင့်အမျှများသော် လည်း အချို့သာလျှင်အထံတော်သို့ပြန် လာကြလိမ့်မည်။ ဘုရားသခင်သည်သူတို့ အားသုတ်သင်ဖျက်ဆီးပစ်ရန် စီမံထားပြီး ဖြစ်ပေသည်။ သူတို့သည်လည်းယင်းသို့သုတ် သင်ဖျက်ဆီးခြင်းကိုလုံးဝခံထိုက်ကြ သတည်း။-
23 Maana Bwana wa majeshi, anakaribia kuleta uharibifu utachukua nafasi kubwa kitika nchi.
၂၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်မိမိ မိန့်တော်မူခဲ့သည့်အတိုင်း တစ်ပြည်လုံးကို အမှန်ပင်သုတ်သင်ဖျက်ဆီးပစ်တော်မူ လိမ့်မည်။
24 Hivyo basi Bwana Yahwe wa majeshi anasema, ''watu wangu mhishio Sayuni, msiwaogope watu wa Asiria. Atawangamiza nyie kwa fimbo na atawanyua wafanyakazi juu yenu, kama ilivyotokea kwa Wamisri.
၂၄အနန္တတန်ခိုးရှင်ထာဝရဘုရားသည်ဇိအုန် မြို့တွင်နေထိုင်ကြသူ မိမိတို့၏လူမျိုးတော် အား``အာရှုရိအမျိုးသားတို့သည်အီဂျစ် အမျိုးသားတို့နည်းတူ သင်တို့အားဖိနှိပ် ကြသော်လည်း သင်တို့သည်သူတို့ကိုမ ကြောက်ကြနှင့်။-
25 Msimuogope, kwa mda mfupi hasira yangu itakwisha juu yenu, na hasira yangu italeta uharibifu.''
၂၅သင်တို့အားအပြစ်ဒဏ်ခတ်ပြီးနောက် မကြာမီပင်ငါသည်သူတို့အားသုတ် သင်ပယ်ရှင်းမည်။-
26 Hivyo Yahwe wa majeshi atapiga mjeledi juu yenu kama vile alivyoishinda Midiani karibu na mwamba Orebu. Na atanyanyua fimbo yake juu ya bahari kama alivyofanya kule Misri.
၂၆အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် သြရဘကျောက်အနီးတွင် မိဒျန်အမျိုးသား တို့အားငါ၏နှင်တံနှင့်ရိုက်ဆုံးမခဲ့သည် နည်းတူသူတို့ကိုလည်းရိုက်ဆုံးမမည်။ ငါ သည်အီဂျစ်အမျိုးသားတို့အားဆင်းရဲ ဒုက္ခရောက်စေခဲ့သည့်နည်းတူ သူတို့ကို လည်းဆင်းရဲဒုက္ခရောက်စေမည်။-
27 Siku hiyo mzigo wake utanyanyuliwa kwenye mabeba yako na nira katika shingo yako, nayo nira itaharibiwa kwa sababu ya unene.
၂၇ထိုအချိန်ကာလကျရောက်လာသောအခါ ငါသည်သင်တို့အားအာရှုရိအမျိုးသား တို့၏လက်မှလွတ်မြောက်စေမည်။ သင်တို့ ၏ပခုံးပေါ်တွင်ဝန်ထုပ်ဝန်ပိုးဖြစ်တော့ မည်မဟုတ်။ သင်တို့သည်အလွန်ဝဖြိုး လာသောကြောင့် သင်တို့၏ထမ်းပိုးများ ကျိုးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
28 Adui amekuja Aiathi na amepitia Migroni; katika Michmashi ameyahifadhi mahitaji yake.
၂၈ရန်သူများသည်အာရပ်မြို့သို့ရောက်ရှိနေ ကြ၏။ သူတို့သည်မိဂရုန်မြို့ကိုဖြတ်သန်း ၍လာခဲ့ကြ၏။ မိမိတို့၏စားနပ်ရိက္ခာများ ကိုမိတ်မတ်မြို့တွင်ထားခဲ့ကြလေသည်။-
29 Wamevuka juu ya njia na wamepunzika huko Geba. Rama inatetemeka na Gibea ya Sauli imekimbia.
၂၉သူတို့သည်တောင်ကြားလမ်းကိုဖြတ်ပြီး လျှင် ဂေဗမြို့တွင်စခန်းချလျက်နေကြ၏။ ထိုအခါရာမမြို့သားတို့သည်ကြောက် လန့်ကြကုန်လျက် ရှောလုမင်း၏ဌာနေဖြစ် သောဂိဗာမြို့မှလူတို့သည်လည်းထွက် ပြေးကြကုန်၏။-
30 Lia kwa sauti, ewe binti wa Galimu! sikiliza, Laishashi! Maskini Anathothi!
၃၀အို ဂလ္လိမ်မြို့သူမြို့သားတို့၊ ကြွေးကြော်ကြ လော့။ အို လဲရှမြို့၊ ထိုကြွေးကြော်သံကိုနား ထောင်ကြလော့။ အာနသုတ်မြို့သူမြို့သား တို့၊ တုံ့ပြန်ပြောကြားကြလော့။-
31 Madmena ni mkimbizi na mkazi wa Gebuni wamejikusanya wanakimbia kutafuta msada.
၃၁မာဒမေနမြို့သူမြို့သားနှင့်ဂေဗိမ်မြို့သူ မြို့သားတို့သည် မိမိတို့အသက်ဘေးမှ လွတ်မြောက်ရန်ထွက်ပြေးကြလေပြီ။-
32 Siku hizi za leo atasimulia huko Nobi na atatingisha mlima wa binti Sayuni, mlima wa Yerusalemu.
၃၂ရန်သူတို့သည်ယနေ့နောဘမြို့တွင်ရှိကြ ၏။ သူတို့သည်ထိုမြို့မှနေ၍ဇိအုန်တောင် နှင့် ယေရုရှလင်မြို့အားလက်သီးဆုပ်၍ ပြကြ၏။
33 Tazama, Bwana Yahwe wa majeshi atapunguza matawi kwa nguvu za kutisha; miti mirefu itakatwa chini, wanaojivuna wataangushwa.
၃၃အနန္တတန်ခိုးရှင်ထာဝရဘုရားသည်သစ် ပင်မှခုတ်ဖြတ်ချလိုက်သည့်သစ်ကိုင်းများ သဖွယ် သူတို့အားပြိုလဲပျက်စီးစေတော်မူ လိမ့်မည်။ သူတို့တွင်မာန်မာနထောင်လွှားဆုံး၊ အကြီးမြတ်ဆုံးသောသူတို့ကိုခုတ်လှဲ ရှုတ်ချတော်မူလိမ့်မည်။-
34 Atang'oa vichaka vya msitu kwa shoka, Lebanoni na utukufu wake utaanguka.
၃၄တောနက်အတွင်းမှသစ်ပင်တို့သည်ပုဆိန် ဒဏ်ဖြင့်လဲကျရသကဲ့သို့၊ လေဗနုန်တော မှအဖိုးအတန်ဆုံးသောသစ်ပင်များလဲ ကျကြသကဲ့သို့သူတို့အားထာဝရ ဘုရားသည်ပြိုလဲစေတော်မူလိမ့်မည်။