< Mwanzo 6 >

1 Ikawa wakati watu walipoanza kuongezeka juu ya uso wa nchi na wana wa kike wakazaliwa kwao,
မြေကြီး မျက်နှာ ပေါ် မှာလူ တို့သည် များပြား ၍ သမီး များကိုလည်း ရ ကြသောအခါ၊
2 wana wa Mungu walipoona kuwa mabinti wa wanadamu ni wenye kuvutia. waliwachukua kuwa wake zao, kila waliye mchagua.
ဘုရား သခင်၏သား တို့သည် လူ သမီး တို့ လှ ကြောင်း ကိုမြင် ၍ ၊ ကိုယ် စိတ် ရှိသည်အတိုင်း စုံဘက် ကြ၏။
3 Yahwe akaema, “roho yangu haitasalia kwa mwanadamu milele, kwa kuwa wao ni nyama. Wataishi miaka 120.”
ထာဝရဘုရား ကလည်း ငါ့ ဝိညာဉ် သည် လူ တို့တွင် အစဉ် မ ဆုံး မရ။ အကြောင်းမူကား လူ တို့သည် အသား ဖြစ်၏။ သူ ၏အသက် တန်းသည် လည်း၊ အနှစ် တရာ နှစ် ဆယ်ဖြစ် စေဟုမိန့် တော်မူ၏။
4 Majitu makubwa yalikuwa juu ya uso wa nchi nyakati hizo, na hata baada ya hapo. Hii ilitokea wakati wana wa Mungu walipowaoa binti za wanadamu, na kupata watoto pamoja nao. Hawa walikuwa watu hodari zamani, watu wenye sifa.
ထို ကာလ ၌ ၊ မြေကြီး ပေါ် မှာ ကိုယ် ကြီးမားသော သူအချို့ရှိ ကြ၏။ ထိုနောက် ၌လည်း ၊ ဘုရား သခင်၏ သား တို့သည်၊ လူ သမီး တို့နှင့် ဆက်ဆံ၍ ရ သောသားတို့သည်၊ အား ကြီးသောသူ၊ ရှေး ကာလမှစ၍ ၊ ကျော်စော သောသူ ဖြစ် ကြ၏။
5 Yahwe akaona kwamba uovu wa watu umezidi katika nchi, na kwamba mawazo ya mioyo yao daima inaelekea tu katika uovu.
မြေကြီး ပေါ် မှာ လူ အပြစ် ကြီး ၍ ၊ သူ ၏ စိတ်နှလုံး အကြံအစည် ရှိသမျှ တို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက် ရှိကြောင်းကို၊ ဘုရား သခင်သိမြင် တော်မူလျှင်၊
6 Yahwe akajuta kuwa amemuumba mwanadamu juu ya nchi, na ikamuhuzunisha moyo wake.
မြေကြီး ပေါ် မှာ လူ ကို ဖန်ဆင်း တော်မူသည်ကို နောင်တရ ၍၊ နှလုံး တော်ပူပန် လျက် ရှိတော်မူ၏။
7 Kwa hiyo Yahwe akasema, “Nitamfutilia mbali mwanadamu ambaye nimemuumba katika uso wa nchi; mwanadamu na wanyama wakubwa, na vitambaavyo na ndege wa angani, kwa kuwa nimehuzunika kuwa nimeviumba.”
ထာဝရဘုရား ကလည်း ၊ ငါဖန်ဆင်း သော လူ ကို၎င်း၊ လူ မှစ၍ သားများ၊ တွား တတ်သော တိရစ္ဆာန် များ၊ မိုဃ်းကောင်းကင် ငှက် များတို့ကို၎င်းမြေကြီး မျက်နှာ မှာ ငါသုတ်သင် ပယ်ရှင်းမည်။ သူ တို့ကို ဖန်ဆင်း သောကြောင့် ငါနောင်တရ သည်ဟု မိန့် တော်မူ၏။
8 Lakini Nuhu akapata neema ya upendeleo machoni pa Yahwe.
နောဧ မူကား ၊ ထာဝရဘုရား စိတ်တော်နှင့် တွေ့ သောသူဖြစ်သတည်း။
9 Kulikuwa na matukio kumuhusu Nuhu. Nuhu alikuwa mtu mwenye haki, na asiye na lawama miongoni mwa watu wa kipindi chake. Nuhu alitembea na Mungu.
နောဧ အတ္ထုပ္ပတ္တိ ဟူမူကား ၊ နောဧ သည် ဖြောင့်မတ် သောသူ ၊ မိမိ အမျိုး ၌ စုံလင် သောသူဖြစ် ၏။ ဘုရား သခင်နှင့်အတူ သွား လာ၏။
10 Nuhu akafanyika baba wa wana watatu wa kiume: Shem, Ham na Yafeti.
၁၀နောဧ သည် ရှေမ ၊ ဟာမ ၊ ယာဖက် တည်း ဟူသော သား သုံး ယောက်ကို မြင် လေ၏။
11 Nchi iliharibika mbele za Mungu, na ikajaa ghasia.
၁၁ထိုအခါ မြေကြီး သည် ဘုရား သခင့်ရှေ့ မှာ ပုပ်စပ် လျက်ရှိ၏။ မြေကြီး သည် အဓမ္မ အမှုနှင့် ပြည့်စုံ လေ၏။
12 Mungu akaiona nchi; tazama, ilikuwa imeharibika, kwa kuwa wote wenye mwili walikuwa wameharibu njia zao juu ya nchi.
၁၂ဘုရား သခင်သည် မြေကြီး ကိုကြည့်ရှု သောအခါ ၊ ပုပ်စပ် လျက်ရှိသည်ကို မြင် တော်မူ၏။ အကြောင်းမူကား မြေကြီး ပေါ် မှာ လူ အပေါင်း တို့သည် ဖေါက်ပြန် ခြင်းသို့ ရောက်ကြပြီ။
13 Mungu akamwambia Nuhu, “Nimeona kuwa sasa niwakati wa mwisho kwa wote wenye mwili, kwa kuwa inchi imejaa ghasia kutokana na wao. Hakika, nitawaharibu wao pamoja na nchi.
၁၃ထိုအခါ ဘုရား သခင်သည်၊ နောဧ အား မိန့် တော်မူသည်ကား၊ သတ္တဝါ အပေါင်း တို့၏ အဆုံး သည် ငါ့ မျက်မှောက် တွင် ပေါ် လာပြီ။ သူ တို့ကြောင့် မြေကြီး သည် အဓမ္မ အမှုနှင့်ပြည့်စုံ လေ၏။ အကယ်စင်စစ်မြေကြီး နှင့်တကွ သူ တို့ကို ငါ ဖျက်ဆီး မည်။
14 Tengeneza safina ya mti wa mvinje kwa ajili yako. Tengeneza vyumba katika safina, na vifunike kwa lami ndani na nje.
၁၄ဂေါဖရ သစ်သား ဖြင့် သင်္ဘော ကို ကိုယ် ဘို့ တည်လုပ် လော့။ အထဲ၌ လည်း အခန်း များကို လုပ် လော့။ အတွင်း ၊ ပြင် ၊ ပတ်လည်ကို ထင်းရူးစေး နှင့် သုတ် လော့။
15 Hivi ndivyo utakavyofanya: urefu wa safina dhiraa miatatu, upana wake dhiraa hamsini, kwenda juu kwake dhiraa thelathini.
၁၅လုပ် ရမည်ပုံ ဟူမူကား၊ သင်္ဘော အလျား အတောင် သုံး ရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိစေရမည်။
16 Tengeneza paa la safina, na ulimalize kwa kipimo cha dhiraa kutoka juu ubavuni. Weka mlango katika ubavu wa safina na utengeneze dari ya chini, ya pili na ya tatu.
၁၆အပေါ် ၌ လည်းအမိုး ကိုလုပ် ရမည်။ ထိုအမိုး အပေါ်အလယ်ချက်၌၊ ထိပ်အုပ်အနံတတောင် အကျယ် ရှိ စေရမည်။ သင်္ဘော နံ တစ်ဖက်၌ လည်း တံခါး ကို လုပ်ရမည်။ အောက် ဆင့်၊ အလယ် ဆင့်၊ အပေါ်ဆင့်ဟူ၍၊ သုံး ဆင့်ကိုလည်း ရှိ စေရမည်။
17 Sikiliza, nimekaribia kuleta gharika ya maji juu ya nchi, kuharibu wenye mwili wote wakaao ndani ya nchi wenye pumzi ya uhai chini ya mbingu. Kila kitu kilichopo juu ya nchi kitakufa.
၁၇အသက် ရှင် သော သတ္တဝါ အပေါင်း တို့ကို၊ ကောင်းကင် အောက် မှ ငါ့ ကိုယ်တိုင်ပယ်ရှင်း ခြင်းငှါ ၊ မြေကြီး ကို ရေ လွှမ်းမိုး စေသဖြင့် ၊ မြေ ပေါ် မှာ ရှိသမျှ တို့သည် သေ ကြရမည်။
18 Lakini nitalifanya thabiti agano langu na wewe. Utaingia ndani ya safina, wewe, na wana wako wa kiume, na mke wako, pamoja na wake za wanao.
၁၈သင် ၌ မူကား ၊ ငါ့ ပဋိညာဉ် ကို ငါတည် စေမည်။ သင် သည် သား ၊ မယား ၊ ချွေးမ များနှင့်တကွ ၊ သင်္ဘော ထဲ သို့ ဝင် ရမည်။
19 Kwa kila kiumbe hai chenye mwili, viwili vya kila aina utavileta ndani ya safina, ili visalie hai pamoja nawe, vya kike na vya kiume.
၁၉အသက် ရှင်သော တိရစ္ဆာန် အမျိုးမျိုး ထဲက ၊ အထီး အမ ၊ အစုံ တို့ကိုယူ၍၊ သင် နှင့်အတူ အသက် ချမ်းသာစေခြင်းငှါ ၊ သင်္ဘော ထဲ သို့ သွင်း ရမည်။
20 Katika ndege kwa jinsi yake, na wanyama wakubwa kwa jinsi yake, kila kitambaacho ardhini kwa jinsi yake, viwili viwili vya kila aina vitakuja kwako ili viwe salama.
၂၀ငှက် လည်းအမျိုး အလိုက် ၊ သားလည်း အမျိုး အလိုက် ၊ တွား တက်သော တိရစ္ဆာန်အပေါင်း လည်း အမျိုး အလိုက် ၊ အထီးအမ၊ အစုံ တို့သည် အသက် ချမ်းသာစေခြင်းငှါ ၊ သင့် ထံသို့ လာ ကြလိမ့်မည်။
21 Kusanya kila aina ya chakula kinacholiwa kwa ajili yako na ukitunze, ili kwamba viwe chakula chako na chao.”
၂၁ကိုယ် စားစရာအဘို့ ၊ တိရစ္ဆာန် တို့စားစရာ အဘို့ ၊ စား အပ်သော အစာ အမျိုးမျိုး ကို ယူ ၍ သို ထားရမည်ဟု၊ ဘုရားသခင်မှာထားတော်မူ၏။
22 Kwa hiyo Nuhu akafanya hivi. kulingana na yote ambayo Mungu alimuagiza, ndivyo alifanya.
၂၂မှာ ထားတော်မူသည်အတိုင်း လည်း နောဧ ပြု လေ၏။

< Mwanzo 6 >

The World is Destroyed by Water
The World is Destroyed by Water