< Mwanzo 4 >
1 Mwanume akalala na Hawa mke wake. Akabeba mimba na akamzaa Kaini. Akasema, “nimezaa mwanaume kwa msaada wa Yahwe.”
၁ထိုနောက်၊ လူ အာဒံသည် မယား ဧဝ နှင့်ဆက်ဆံ သဖြင့် ၊ ဧဝသည် ပဋိသန္ဓေ စွဲယူ၍ ၊ ကာဣန ကို ဘွားမြင် လျှင် ၊ ထာဝရ ဘုရား၏ လူ ကို ငါရ ပြီဟုဆို လေ၏။
2 Kisha akazaa ndugu yake Habili. Sasa Habili akawa mchungaji, lakini Kaini alilima udongo.
၂တဖန် သူ့ ညီ အာဗေလ ကို ဘွားမြင် လေ၏။ အာဗေလ ကား သိုး ထိန်း ဖြစ် ၏။ ကာဣန ကားလယ် လုပ် သောသူဖြစ် ၏။
3 Ikawa kwamba baada ya muda Kaini alileta sehemu ya mazao ya ardhi kama sadaka kwa Yahwe.
၃အချိန် စေ့ သောအခါ ၊ ကာဣန သည် ထာဝရဘုရား ထံ ပူဇော်သက္ကာ ဘို့၊ မြေ အသီး ကို ဆောင် ခဲ့၏။
4 Habili pia, alileta sehemu ya wazao wa kwanza wa wanyama wake na sehemu zilizonona. Yahwe akamkubali Habili pamoja na sadaka yake,
၄အာဗေလ သည်လည်း မိမိ သိုး စုတွင် အဦး ဘွားသော သားအချို့နှင့်၊ သိုး ဆီ ဥကိုဆောင် ခဲ့၏။ ထာဝရဘုရား သည် အာဗေလ နှင့် သူ ၏ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မူ၏။
5 lakini Kaini pamoja na sadaka yake Mungu hakuikubali. Kwa hiyo Kaini alikasirika sana, na uso wake ukakunjamana.
၅ကာဣန နှင့် သူ ၏ ပူဇော်သက္ကာ ကို ပမာဏ ပြုတော်မ မူ၊ ထိုကြောင့် ကာဣန သည် အလွန် စိတ်ဆိုး ၍ မျက်နှာ ပျက် လေ၏။
6 Yahwe akamwambia Kaini, “kwa nini umekasirika na kwa nini uso wako umekunjamana?
၆ထာဝရဘုရား ကလည်း သင် သည် အဘယ်ကြောင့် စိတ်ဆိုး သနည်း။ အဘယ်ကြောင့် မျက်နှာ ပျက် သနည်း။
7 Kama ukifanya vema, je hutapata kibali? lakini kama hutafanya lilio jema, dhambi iko inakuotea mlangoni na inatamani kukutawala, lakini inakupasa uishinde.
၇သင်သည် ကောင်းမွန် စွာ ပြုလုပ်အခွင့် မ ရလော။ ကောင်းမွန် စွာ မ ပြုလျှင် ၊ အပြစ် ဖြေသော ယဇ်ကောင် သည်တံခါး နား မှာ ဝပ် လျက်ရှိ၏။ သူ သည် သင် ၏ အလို သို့လိုက်၍၊ သင် သည် သူ့ ကို အုပ်စိုး ရ၏ဟု ကာဣန ကို မိန့် တော်မူ၏။
8 Kaini akamwambia Habili ndugu yake. Hata wakati walipokuwa shambani, Kaini aliinuka dhidi ya Habili ndugu yake na akamuua. (Katika tafsiri za kale zinasema, Kaini alimwambia Habili ndugu yake, “twende mashambani.” Na wakati walipokuwa shambani, Kaini alimuinukia Habili ndugu yake na kumuua).
၈ကာဣန ကလည်း လယ်သို့ သွားကြကုန်အံ့ဟု ညီ အာဗေလ ကို ခေါ် ၍ ၊ လယ် သို့ ရောက်သောအခါ၊ ညီ အာဗေလ ကိုရန် ဘက်ပြု၍ သတ် လေ၏။
9 Kisha Yahwe akamuuliza Kaini, “Ndugu yako Habili yuko wapi?” Akasema, “sijui. Je mimi ni mlinzi wa ndugu yangu?”
၉ထာဝရဘုရား ကလည်း သင့် ညီ အာဗေလ သည် အဘယ်မှာ ရှိသနည်းဟု ကာဣန ကို မေး တော်မူလျှင် အကျွန်ုပ်မ သိ ပါ။ အကျွန်ုပ် သည် ညီ ကို စောင့် ရသောသူ ဖြစ် ပါသလောဟု လျှောက် ဆို၏။
10 Yahwe akasema, “umefanya nini? damu ya ndugu yako inaniita mimi kutokea ardhini.
၁၀ဘုရားသခင်ကလည်း၊ သင်သည် အဘယ်သို့ ပြု ပြီးသနည်း။ သင် ညီ အသွေး ၏အသံ သည် မြေ ထဲက ငါ့ ကို အော်ဟစ် လျက်ရှိသည်တကား။
11 Na sasa umelaaniwa wewe kutoka ardhi ambayo imefungua kinywa chake kupokea damu ya ndugu yako kutoka mikononi mwako.
၁၁သို့ဖြစ်၍ သင့် ညီ ၏ အသွေး ကိုခံယူ ခြင်းငှါ ၊ မိမိ ပစပ် ကိုဖွင့် သော မြေကြီး ၏ ကျိန် ခြင်းကို သင် သည် ခံရသောကြောင့်၊
12 Utakapo ilima ardhi, kuanzia sasa na kuendelea haita kuzalia wewe nguvu yake. Utakuwa mkimbizi na mtu asiye na makao duniani.”
၁၂ယခုမှစ၍မြေ ၌လုပ် သောအခါ ပကတိ အတိုင်း အသီးအနှံ ကို မ ရရ။ မြေကြီး ပေါ် မှ ပြေးရသောသူ၊ အရပ်ရပ်လည် ရသောသူဖြစ် ရလိမ့်မည်ဟု မိန့် တော်မူ၏။
13 Kaini akamwambia Yahwe, “Adhabu yangu ni kubwa kuliko uwezo wangu wa kustahimili.
၁၃ကာဣန ကလည်း အကျွန်ုပ် အပြစ် သည် မဖြေ နိုင်အောင် ကြီး ပါသလော။
14 Kwa hakika umenifukuza siku hii ya leo kutoka kwenye ardhi hii, na sitaonekana mbele ya uso wako. Nitakuwa mkimbizi na mtu nisiye na makao katika dunia, na yeyote atakaye niona ataniua.”
၁၄အကျွန်ုပ် ကို မြေကြီး ပြင် မှယနေ့ နှင်ထုတ် တော်မူပြီ၊ မျက်နှာ တော်ကိုလည်း မမြင် ရ။ မြေကြီး ပေါ် မှာ ပြေးရသောသူ၊ အရပ်ရပ်လည်ရသောသူဖြစ် ပါရမည်။ တွေ့ သမျှ သောသူတို့ သည် အကျွန်ုပ် ကိုသတ် ပါလိမ့်မည် ဟု ထာဝရဘုရား ကို လျှောက် ဆို၏။
15 Yahwe akamwambia, “ikiwa mtuyeyote atamuua Kaini, kisasi kitakuwa juu yake mara saba.” Kisha Yahwe akaweka alama juu ya Kaini, ili kwamba kama mtu awayeyote akimuona, mtu huyo asimshambulie.
၁၅ထာဝရဘုရား ကလည်း သို့ဖြစ်၍ ကာဣန ကို သတ် သောသူမည်သည်ကား၊ ခုနစ် ဆသောအပြစ် ဒဏ်ကိုခံ ရလိမ့်မည်ဟု မိန့် တော်မူပြီးလျှင်၊ ကာဣန ကိုတွေ့ သောသူ တစုံတယောက် မျှ မ သတ် စေခြင်းငှါ၊ ထာဝရဘုရား သည် သူ ၌ အမှတ် ပေး တော်မူ၏။
16 Kwa hiyo Kaini akatoka mbele ya uwepo wa Yahwe na akaishi katika nchi ya Nodi, mashariki mwa Edeni.
၁၆ကာဣန သည် ထာဝရဘုရား ထံ တော်မှ ထွက်သွား ၍ ၊ ဧဒင် ပြည် အရှေ့ ၊ နောဒ ပြည် တွင် နေ လေ၏။
17 Kaini akamjua mke wake na akapata mimba. Akamzaa Henoko. Akajenga mji na akauita kwa jina la mwanae Henoko.
၁၇ထိုအခါ ကာဣန သည် မိမိ မယား နှင့် ဆက်ဆံ သဖြင့်၊ သူ သည် ပဋိသန္ဓေစွဲယူ၍ ၊ သားဧနောက် ကို ဘွားမြင် လေ၏။ ကာဣန သည်လည်း မြို့ ကိုတည် ၍ မိမိ သား ၏ အမည် အလိုက် ၊ ထိုမြို့ ကို ဧနောက် မြို့ဟု သမုတ် လေ၏။
18 Kwa Henoko akazaliwa Iradi. Iradi akamzaa Mehuyaeli. Mehuyaeli akamzaa Methushaeli. Methushaeli akamzaa Lameki.
၁၈ဧနောက် သားကား၊ ဣရဒ် ၊ ဣရဒ် သားကား၊ မဟုယေလ ၊ မဟုယေလ သားကား၊ မသုရှလ ၊ မသုရှလ သားကား၊ လာမက် တည်း။
19 Lameki akajitwalia wake wawili: jinala mmoja alikuwa Ada, na jina la yule mwingine alikuwa Sila.
၁၉လာမက် သည်၊ အာဒ နှင့် ဇိလ အမည် ရှိသောမိန်းမ နှစ် ယောက်နှင့် အိမ်ထောင် ဘက်ပြု၍၊
20 Ada akamzaa Yabali. Huyu ndiye alikuwa baba yao na wale walioishi hemani ambao wanafuga wanyama.
၂၀အာဒံ သည် သားယာဗလ ကိုဘွား မြင်လေ၏။ ထိုသားကား၊ တဲ ၌နေ သောသူ ၊ သိုး နွားစသည်တို့ကို မွေးသောသူတို့ ၏ အဘ ဆရာ ဖြစ် လေသတည်း။
21 Ndugu yake aliitwa Yubali. Huyu alikuwa baba yao na wale wapigao kinubi na filimbi.
၂၁ယုဗလ အမည် ရှိသောညီ မူကား၊ စောင်း မျိုး၊ နှဲခရာ မျိုးတို့ကို တီးမှုတ် တတ်သောသူ အပေါင်း တို့၏ အဘ ဆရာဖြစ် လေသတည်း။
22 Sila naye akamzaa Tubal Kaini, mfua vyombo vya shaba na chuma. Dada yake na Tubal Kaini alikuwa Naama.
၂၂ဇိလ သည်လည်း ၊ သားတုဗလကာဣန ကို ဘွားမြင် လေ၏။ သူသည် ပန်းတဉ်း သမား၊ ပန်းပဲ သမား အပေါင်း တို့၏ဆရာ ဖြစ်လေ၏။ တုဗလကာဣန ၏နှမ ကား၊ နေမ အမည်ရှိ၏။
23 Lameki akawaambia wake zake, Ada na Sila, sikieni sauti yangu; ninyi wake wa Lameki, sikilizeni nisemacho. Kwa kuwa nimemuua mtu kwa kunijeruhi, kijana kwa kunichubua.
၂၃လာမက် ကလည်း အာဒံ နှင့် ဇိလ ၊ ငါ ပြော သံကို မှတ် ကြလော့။ လာမက် မယား တို့၊ ငါ့ စကား ကို နားထောင် ကြလော့။ ငါ့ ကိုထိခိုက် သော လူ တယောက်တည်းဟူသော ၊ ငါ့ ကိုညှဉ်းဆဲ သောလူပျို တယောက်ကို ငါသတ် ခဲ့ပြီ။
24 Ikiwa Kaini atalipiwa kisasi mara saba, ndipo Lameki atalipiwa kisasi mara sabini na saba.”
၂၄ကာဣန သည် ခုနစ် ဆသောတရား ကိုရလျှင်၊ အကယ်၍ လာမက် သည်၊ အဆခုနှစ် ဆယ် ခုနစ် ဆသော တရားကို ရလိမ့်မည်ဟု မိမိမယားတို့ကိုပြောဆို၏။
25 Adam akamjua mke wake tena, na akazaa mtoto mwanaume. Akamuita jina lake Sethi na akasema, “Mungu amenipatia mtoto mwingine wa kiume kwa nafasi ya Habili, kwa kuwa Kaini alimuuwa.”
၂၅အာဒံ သည်လည်း မိမိ မယား နှင့် တဖန် ဆက်ဆံ ပြန်လျှင်၊ မယားသည် သား ကို ဘွားမြင် ၍ ရှေသ ဟူသောအမည် ဖြင့် မှည့် လေ၏။ အကြောင်းမူကား ၊ ကာဣန သတ် သော အာဗေလ ကိုယ်စား တပါး သောအနွယ် ကို အကျွန်ုပ် အဘို့ ဘုရား သခင်၌ ခန့်ထားတော်မူပြီဟု ဆိုသတည်း။
26 Mtoto wa kiume alizaliwa kwa Sethi na akamuita jina lake Enoshi. Wakati huo watu walianza kuliitia jina la Yahwe.
၂၆ရှေသ သည်လည်း သား ကိုရ ၍ ဧနုတ် ဟူသောအမည် ဖြင့် မှည့် လေ၏။ ထိုကာလ၌ ထာဝရဘုရား ၏ နာမတော် ကို အမှီပြု၍ ကိုးကွယ်စ ပြုကြလေ၏၊